part 4

56.3K 6.1K 740
                                    

"ကောင်လေးတွေ...ဟေ့ ကောင်လေးတွေ.."

ပခုံးကိုလှုပ်နှိုးနေသော အသံကြောင့် စစ်နိုင်း မျက်ဝန်းတို့ ပွင့်ဟလာရတော့ မျက်နှာနားမှာ ဦးလေးကြီး တစ်ယောက်၏ မျက်နှာကို အနီးကပ်တွေ့လိုက် ရတော့သည်။ဒေါနကတော့ ပေါင်ပေါ်မှာ ကွေးကွေးလေး အိပ်မောကျလျှက်သား။ညတုန်းက အဖြစ်အပျက်တွေကို စက္ကန့် အနည်းငယ်အတွင်း memoryပြန်ခေါ် လိုက်ရပြီးမှ ဦးနှောက်က ကောင်းကောင်း အလုပ်လုပ်တော့သည်။ညက နှစ်ယောက်စလုံး မူးမူးနဲ့ ကားနောက်ဖုံးကြီး ဖွင့်ပြီး ဒီအတိုင်း အိပ်ပျော်သွားခဲ့တာပဲ။

"ဘာဖြစ်လို့လဲ ကားပျက်သွားတာလား ကောင်လေး"

စစ်နိုင်းက ဒေါန မနိုးသေးတာကြောင့် ဒီအတိုင်း ထိုင်နေသည့်ဟန်ကို မပြောင်းသေးဘဲ...

"ဟို ညက ကျွန်တော်တို့ အရမ်းမူးသွားလို့ ကားဆက်မမောင်းတော့ပဲ ဒီနားမှာ အမူးပြေအောင် နားရင်း အိပ်ပျော်သွားတာ ခင်ဗျ.."

စစ်နိုင်း ယဉ်ယဉ်ကျေးကျေး ပြန်ပြောတော့မှ ဦးလေးကြီးက ခေါင်တဆတ်ဆတ် ငြိမ့်ရင်းဖြင့်...

"လမ်းဘေးကြီးမှာ အိပ်ရတယ်လို့ မင်းတို့ ခေတ်လူငယ်တွေလည်း ခက်ပါတယ် မတော် ကားတွေဘာတွေ ဝင်တိုက်မိရင် ဒုက္ခ..."

ဦးလေးကြီးက ငြီးငြီးငြူငြူ ပြောဆိုပြီးမှ ပေါင်ပေါ်မှာ အိပ်ပျော်နေသော ဒေါနအား တချက်ဝေ့ကြည့်ပြီး မေးငေါ့ကာ....

"နှိုးလိုက်ပါဦး ပြီးရင်တော့ ဒီနေရာက ကားဖယ်ပေးမှ ရမယ် လမ်းပြင်ရမှာမလို့.."

ဦးလေးကြီး ပြောမှပဲ စစ်နိုင်း ပတ်ဝန်းကျင်ကို သေချာစူးစမ်းပြီးတော့ သူတို့ကားရပ်ထားမိတဲ့ နေရာက လမ်းလုပ်ငန်း ဆောင်ရွက်နေတဲ့ နေရာကြီး။ဦးလေးကြီးက လမ်းလုပ်သားကြီး ဖြစ်ပုံရလေသည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့..."

စစ်နိုင်း ခေါင်းငြိမ့်ကာ ပြောလိုက်တော့မှ ဦးလေးကြီးက ပြန်လှည့်ထွက်သွားလေတော့သည်။

"ဒေါန...ဒေါန..ထ ထတော့ မိုးလင်းနေပြီ..."

"ဟင်...အွင်း..."

ပါးကို ခပ်ဆတ်ဆတ် ရိုက်ပုတ်နှိုးလေတော့ ဟင်ကနဲ ထူးပြီးမှ အင်းလည်းမဟုတ် အွန်းလည်းမဟုတ်သော အသံကိုပြုလျှက် မျက်တောင်တွေ တဖျတ်ဖျတ်ခတ်ရင်း နိုးလာလေတော့သည်။ဒေါန ပေါင်ပေါ်က ထသွားတာတောင်မှ စစ်နိုင်း ချက်ချင်းထမရ။ခြေထောက်တစ်ချောင်းလုံး ကျဉ်ခဲနေတာကြောင့် ခဏ ထိုင်နေလိုက်ရသေးသည်။ပြီးမှ ကားထဲမှ ရေသန့်ဘူးကို ဆွဲယူကာ မျက်နှာသစ် ပလုတ်ကျင်းလိုက်ပြီး ကားအရှေ့ခန်းသို့ လှမ်းခဲ့လိုက်တော့ ဒေါနက lover seatမှာ ခေါင်းမှီပြီး မျက်လုံးမပွင့်သေး။

Green Eye(complete)Where stories live. Discover now