"ဖုန်းက ကိုယ့်ထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေလို့လားကွာ"
ကုတင်ပေါ်မှာ ကျောမှီထိုင်ကာ အပေါ်ပိုင်း ဗလာကျင်းဖြင့် ဖုန်းသုံးနေသော ဒေါန၏ ပခုံးအားခေါင်းမှီကာ စစ်နိုင်းက ချွဲနွဲ့ချင်သော လေသံမျိုးဖြင့် ပြောသည်။
"ဖုန်းသုံးတာက ဘာဖြစ်နေလို့လဲ..."
ဒေါနက မပွင့်တပွင့် ပြောတော့ စစ်နိုင်းက ခေါင်းထောင်လာကာဖြင့် ဒေါန၏ ဖုန်းအား အသဲအသန် တိုးကြည့်ပြီးတော့မှ မျက်မှောင်ကြုတ်သွားရကာ...
"ကိုမြတ်နဲ့ စာပို့နေပြန်တာလား"
"ဘယ်ရောက်နေလဲ မေးနေလို့လေ..."
ဒေါနပြောတော့ စစ်နိုင်းက ပခုံးပေါ်ကို ပြန်မှီချပြီးတော့မှ...
"ဘယ်ရောက်ရောက်ပေါ့ သူကဘာလုပ်မလို့လဲ..."
မကျေမလည် ပွစိပွစိ ရေရွတ်နေပြန်လေသည်။ဟိုတစ်ပတ်က ပြေလည်ကျေလည် သွားကြတော့ စစ်နိုင်းက ဒီတစ်ပတ်မှာတော့ သူ့ကတိကို မပျက်ကွက်စေပဲ သောကြာနေ့ နေ့လည်ခင်းထဲက အပန်းဖြေအိမ်ယာသို့ ခေါ်ချလာတာဖြစ်လေသည်။ရောက်ရောက်ချင်း အရူးအမူး ချစ်ရည်လူးအပြီး နှစ်ယောက်သား ကုတင်ပေါ်မှာ လှဲနေကြတုန်း ကိုမြတ်ဆီမှ စာပို့လာတာမလို့ ဒေါနက ပြန်ပို့နေတာကို စစ်နိုင်းတို့ မကြည်မလင် ဖြစ်နေတာ ဖြစ်လေသည်။
"အော် ဒီလိုပဲ မေးနေကြပဲလေ..."
"သူငယ်ချင်းက အဲ့ဒီလို နေရာတကာ လိုက်မေးနေစရာလား.."
ပြောရင်းဖြင့် စစ်နိုင်းက ခေါင်းထောင်ထလာပြီး ဒေါန၏ ပခုံးပေါ်သို့ လက်တင်လိုက်ကာ မေးဖျားလေးအား ဆွဲမော့ယူ၍...
"မင်းတို့ အရမ်းရင်းနှီးကြတယ်.."
"အင်း သူတို့သားအမိက ကျွန်တော့်အတွက်တော့ မိသားစုပဲလေ"
"အဲ့ဒီလောက်ပဲ ဆိုတာ သေချာရဲ့လား အဲ့ဒီ့ထက်ပိုချင်တာတွေတော့ မရှိဘူးမဟုတ်လား.."
မျက်ခုံးတွေ တွန့်ရင်းပြောနေသော စစ်နိုင်းကြောင့် ဒေါန ပြုံးယောင်ယောင်လေး ဖြစ်သွားပြီးမှ မျက်နှာကို တစ်ဖက်သို့ ပြန်လွှဲကာဖြင့်
YOU ARE READING
Green Eye(complete)
General Fiction!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အမှန်တော့ မင်းက က်ိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ...! ...