Chapter 227:သူမရဲ့ အဖြေကို စောင့်နေလေသည်.

855 119 6
                                    

ဒါပေမယ့်လည်း အရသာမရှိလှတဲ့ ငါးကင်တစ်မျိုးတည်းကိုသာ Gu Xijiuက ပြုလုပ်ခဲ့တာမို့ Long Siyeက သူမကို ဆက်မလုပ်ဖို့ပြောပိး သူမအစား သူကိုယ်တိုင် ပြင်ဆင်လေသည်။

Gu Xijiuလုံးဝ အံ့ဩသွားသည်။အရင်ဘဝတုန်းက သူက ငါးဖမ်းရာမှာ ဆရာကျပေမယ့် လည်း ချက်ပြုတ်ဖို့တော့ ဘယ်တုန်းကမှ မိးဖိုချောင်ကို မဝင်ခဲ့‌ဘူး။သူမကသာ ချက်ပြုတ်ခဲ့ရသည်။အခုတော့ သူက ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာကို ကောင်းကောင်းသိနေသလို သူမချက်ပြုတ်ခဲ့သလိုမျိုး တစ်ပုံစံတည်းချက်ပြုတ်နေလေသည်။ထည့်ရသည့် ပစ္စည်းများ စဉ်ထားပုံကအစ တူနေသည်။

အရင်တုန်းက ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ သူ မသင်ခဲ့ပေမယ့်လည်း  သူမရဲ့လှုပ်ရှားပုံကို ကြည့်ပိး သင်ယူခဲ့တဲ့ပုံရသည်။
သူမရှေ့ကို တူ တစ်စုံရောက်လာတဲ့ချိန်ထိ သူမစိတ်တွေ ပျံ့လွင့်နေခဲ့သည်,"လာ ကိုယ်ချက်ထားတာ စားကြည့်ပိး၊မင်းအကြိုက်နဲ့ကိုက်ရဲ့လားဆိုတာ ကြည့်ကြည့်ပါအုန်း".

Gu Xijiu အနည်းငယ်စားပိးနောက် သူမချက်ခဲ့တဲ့ အရသာနဲ့ တော်တော်တူနေမှန်း သတိထားမိခဲ့သည်။ဘာလို့လဲဆိုတော့ ထည့်ခဲ့တဲ့ ဟင်းအမယ်တွေက တူနေခဲ့မယ်ဆိုရင်တောင် ချက်တဲ့သူ မတူရင် အရသာက ကွားခြားသွားမည် ဖြစ်သောကြောင့်ဖြစ်သည်။

အချိန်ကြာကြာနဲ့ခဏခဏစမ်းသပ်ခဲ့မှသာ ဟင်းပွဲရဲ့အရသာက တူလိမ့်မည်။ဒိလိုတူ‌နေတာကိုကြည့်ချင်းအားဖြင့် အရှင်သခင်Long အတော်ကြိုးစားအားထုတ်ခဲ့တဲ့ပုံပဲ။ဒါက အနည်းငယ်တော့ သူမကို ပျော်ရွှင်စေပေမယ့်လည်း သူမနှလုံးသားမှာတော့ အပ်တွေနဲ့အထိုးခံနေရသလို နာကျင်စေသည်....

"အရသာ ဘယ်လိုလဲ?"Long Siyeသည် ဘာအတိုက်အခံစကားကိုမှ မပြောပဲ သူမရဲ့ တုံ့ပြန်မှု ကိုစောင့်နေသည်။

"မဆိုးပါဘူး".Gu Xijiuက စကားနှစ်လုံးကို သာ ပြောခဲ့သည်။

သူမ ထိုစကားကိုပြောခဲ့ပိးမှ သူမဘာသာ လန့်သွားသည်။သူမ ပထမဆုံးဟင်းချက်ခဲ့တဲ့အချိန်ကို သတိရသွားသည်၊သူမက Long Siyeကို ငါးကင်ပေးခဲ့တုန်းက သူကလည်း အလားတူ အပြုအမူကိုသာ ပြုလုပ်ခဲ့လေသည်။လက်ရှိအချိန်မှာတော့  အခြေအနေက ပြောင်းပြန်ဖြစ်နေခဲ့သည်။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now