Chapter 220:ဒိအချိန်ကြိးကျမှ အပြင်သွားရမှာလား?!

807 105 6
                                    


Di Fuyiသည် မှတ်သားထားသည်များကို အကုန်လိုက်ကြည့်သည်။သူမက သူ့ကိုယ်သူ သက်သာရာရဖို့အတွက် ဘယ်လောက်ကြာကြာ အချိန်ယူခဲ့တယ်ဆိုတာအထိပါ အသေးစိတ် မှတ်တမ်းတင်ထား‌လေသည်။

သူ ပြုံးရယ်လျှက် ခေါင်းကိုတစ်ငြိမ့်ငြိမ့်လုပ်ရင်း လမ်းလျောက်ပိးထွက်သွားလေသည်။

နောက်မှာကျန်ခဲ့သော သူ၏တပည့်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်၊သူက အဲ့ဝတုတ်ကို အရမ်းစိုးရိမ်နေခဲ့တာမို့  သူတို့ရဲ့စိတ်ထဲမှာ သခင်ဟာအခြောက်အဖြစ်ကို တကယ်ကြိးပြောင်းသွားခဲ့ပိလို့ ယူဆမိကြမှန်း သူတို့ချင်းကြည့်ရင်း အတည်ပြုလိုက်ကြလေသည်....

သူတို့သခင်ပြန်လာပိမို့ သူတို့အားလုံးသက်သာရာရသွားကြလေသည်။သူတို့အားလုံး စပြိးဟာသတွေလုပ်လိုက်၊ စကားစမြည်ပြောလိုက်နဲ့  ပျော်ရွှင်နေကြချိန်မှာ လူတစ်ယောက်က ဝင်ပေါက်ဆိကို အပြေးထွက်လာလေသည်,"မြန်မြန် တံခါးဖွင့်,ဗိမာန်သခင်က တာဝန်တစ်ခုအတွက် အပြင်သွားခိုင်းလိုက်တယ်!".

အစောင့်သည် ထိုလူကို သေချာကြည့်လိုက်ပိး သူမဟာMo Yuyanမှန်းသတိထားမိသွားသည်။ သူမ ဘယ်လောက်အလျင်လိုနေလဲဆိုရင် လရောင်အောက်မှာတောင် သူမမျက်နှာဟာ နီရဲနေလေသည်။

သူမကို ဗိမာန်သခင်က လွတ်လိုက်တယ်
ဆိုကတည်းက အစောင့်ခေါင်းဆောင်ဟာ တစ်ချက်တုံ့ဆိုင်းချင်းမရှိ ဂိတ်တံခါးကိုဖွင့်ပေးလိုက်လေသည်,"ဘာတွေအလျင်လိုနေတာလဲ? ဒိအချိန်ကြိးကျမှ သွားရမှာလား?"

"ရာရာစစ ဗိမာန်သခင်ရဲ့ ကိစ္စကို မေးရဲတယ်ပေါ့?"Mo Yuyanသည်အလျင်အမြန်သွားရင်းက အေး‌ဆက်စွာခွန်းတုံ့ပြန်ရင်း အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

အစောင့်များသည် ဘာမှမတက်နိုင်ပဲ ခေါင်းကိုသာခါရမ်းလိုက်ကြသည်။သူတို့ရဲ့ သခင်သည် အလွန်လျို့ဝှက်စွာလုပ်ကိုင်တက်သည်။တခါတရံဆို  သူကတစ်စုံတစ်ယောက်ကို ‌သူ့အတွက်တစ်ခုခုလုပ်ပေးဖို့ စေလွတ်တက်ပိး အဲ့လူဟာလည်း အစောင့်တွေကို ဘာတစ်ခုမှ ရှင်းပြပြောဆိုချင်းမရှိပေ။သူတို့က ဒိတစ်ခါလည်း အဲ့လိုပဲလို့ ထင်မိလိုက်ကြသည်။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now