Chapter 225:အချိန်မကျသေးတဲ့အသီးကို မှည့်အောင်လုပ်ထားလည်း ချိုမှာမဟုတ်ဘူး!

827 116 1
                                    

ပြိးတော့ သူမလုပ်ခဲ့သမျှအရာအားလုံးသည် Long Xiရဲ့အကြိုက်တွေပေါ်မှာသာအခြေခံခဲ့သည်, သူမရဲ့ခံစားချက်တွေကိုတော့ တမင် မျိုသိပ်ထားခဲ့သည်။

တကယ်တော့ သူမဟာ ဖျော်ဖြေရေးတွေ အများကြီးရှိရင်တောင်မှ မြို့ကြီးပြကြီးတွေရဲ့နေထိုင်မှုဘဝကို နှစ်သက်ခဲ့သည် အနည်းဆုံးတော့ အသက်ဝင်ပြီး လူကြိုက်များတာပေါ့။

သူမ တကယ်တမ်း ကြောက်ခဲ့တာက တစ်ယောက်တည်း အထီးကျန်နေမှာကိုပဲ။
ကခုန်ကြတာတွေ၊ကာရာအိုကေ ဆိုတာတွေ၊အွန်လိုင်း ဂိမ်းဆော့တာတွေ..... စသဖြင့် လူငယ်တွေအချိန်ပြည့်လုပ်နေကြတဲ့ ဒိလိုအရာတွေအားလုံးကို သူမနှစ်သက်သည်; ရေနွေးကြမ်းသောက်ရမှာထက် အရက်သာသောက်ချင်သည်၊သို့သော်ရေငတ်ပြေအောင်ဆိုရင်တော့ ရေ ဒါမှမဟုတ် ‌အသီးဖျော်ရည်တစ်ခုခုကိုအာသာပြေ သောက်လိုက်ချင်သည်.....

အမှန်တကယ်တော့ သူတို့နှစ်ယောက်ရဲ့ဝါသနာနဲ့အကြိုက်တွေကို  သိပ်မပြောခဲ့ကြဘူး,ဒါပေမယ့်  သူ့အကြိုက်ဖြစ်အောင်
အဲ့ချိန်က သူလုပ်သမျှကိစ္စတော်တော်များများကို နှစ်သက်ပေးခဲ့သည်။

အခြားတစ်ဘက်တွင်‌တော့ Long Xi သည်စိတ်တူကိုယ်တူ မျှဝေခံစားသည်ဟု ထင်နေခဲ့သည်......

ပြောရမယ်ဆိုရင် ,သူမအကြိုက်က သူနဲ့
မတူခဲ့ပေ - အချိန်မတန်ခင်မှည့်တဲ့အသီးဟာ တကယ်တော့ မချိုမြိန်လှဘူး......

သူမထင်ခဲ့တာက သူသာအနားမှာရှိရင် လုံလောက်ပိ,သူမဘယ်နေရာရောက်ရောက် ဂရုမစိုက်ဘူး။ဒါ့ကြောင့် သူမက - "ရှင်ဘယ်နေရာမှာပဲရှိရှိ ကျွန်မနှလုံးသာဟာ ရှင့်ဆီမှာပဲ" ဆိုတဲ့ဟာသမျိုးကို ပြောခဲ့မိခြင်းဖြစ်သည်။

သူမဒါကိုပြောပီးတော့ ,ရင်တွေအရမ်းခုန်နေခဲ့သည်။တစ်ချိန်တည်းမှာတော့သူမဆံနွယ်တွေကို ပွတ်သပ်ပေးနေခဲ့တဲ့သူဟာ
ပြုံးသာပြုံးနေခဲ့ပိး ဘာမှပြန်မပြောခဲ့ဘူး။

သူမအဲ့တုန်းက ထင်တာက သူကအနေအေးပိး အမူအရာလုပ်ပြတာမတော်ဘူးလို့ပေါ့။ဒါပေမယ့် သူမပြန်စဉ်းစားကြည့်လိုက်တော့,သူက သူမပြောတာကို ပြန်မ‌ချေပ
တာပဲရှိတယ် သူ့စိတ်ထဲ‌မှာတော့အထင်အမြင်သေးနေခဲ့တာပဲ။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now