Chapter 223:တစ်လုံးမှ ခွန်းတုံ့မပြန်ခဲ့ဘူး!

843 110 4
                                    

အဲ့တာက သူမပထမဆုံး လေယာဉ်မောင်းခဲ့တဲ့အချိန်ဖြစ်ပိးတော့ သူမညာဘက်ဘေးမှာ သူကသင်ပြပေးရင်း ရှိနေခဲ့တယ်။သူမက ထက်မြတ်တဲ့သူမို့ မြန်မြန်ဆန်ဆန်သင်ယူနိုင်ခဲ့တယ်။အစမှာတည်းက သူမက လေယာဉ်ကို ‌တိမ်းစောင်းပိးမောင်းခဲ့သော်လည်း ပုံမှန်အတိုင်း မောင်းနှင်းနိုင်ခဲ့လေသည်။

အဲ့ချိန်တုန်းက သူကသူမကို အခြားလူတွေနဲ့ မတူပဲ ထူးခြားတဲ့မိန်းကလေးဆိုပိး ချိးမွမ်းခဲ့သည်.....

အမှန်အကန်ကြိး ချိးမွမ်းနေတယ်လို့ သူမထင်ခဲ့တာမို့ မျက်လုံးများအထက်သို့ကွေးညွတ်သွားသည်အထိ သူမပျော်ခဲ့‌သည်။

Long Xiက လူသတ်သမားများကိုမွေးထုတ်ပေးတဲ့စခန်းရဲ့နည်းပြဖြစ်ပြိး အေးစက်စွာပြုမူနေထိုင်သူဖြစ်သည်။သင်တန်းသားများကို ချိးမွမ်းပြောဆိုဖို့ နေနေသာသာ အမြဲဆူပူကြိမ်းမောင်းနေခဲ့သည်။ဒါ့ကြောင့် သူ့ကို ကြောက်လည်းကြောက်သလို လေးလည်းလေးစားကြသည်။ရှားရှားပါးပါး တစ်စုံတစ်ယောက်ကို ချိးမွမ်းခဲ့ပိဆိုရင်လည်း ကျန်လူများက မနာလိုဖြစ်ကြသည် ပြိးတော့ရက်အတော်ကြာသည်အထိ သူတို့ကပျော်နေတက်ကြသည်။

မိန်းကလေးအများစုကလည်း နည်းပြLong အပေါ် ကြိုက်ကြွေ‌နေခဲ့ကြသည်-သူ့ရဲ့အာရုံစိုက်မှုကို ရခြင်ကြသည်။

Gu Xijiuကတော့ မတူတဲ့လူတစ်မျိုးဖြစ်ခဲ့သည်။သူမက လွယ်လွယ်နဲ့ မချစ်တက်ခဲ့‌ပေမယ့် ဒိနည်းပြတစ်ယောက်တည်းကိုသာစိတ်ဝင်စားမိခဲ့သည်။

ပထမဆုံး သူ့ကိုစကြိုက်မိခဲ့တဲ့ချိန်က သူမအသက်၁၇ပဲရှိသေးသည်။လေယာဉ်ပေါ်မှာ သူမကို ချိးမွမ်းခဲ့တဲ့ချိန်မှာ ပထမဆုံးအနေနဲ့ သူမရင်ခုန်မိခဲ့သည်........

သူမ အရမ်းပျော်မြူးပိး လေယာဉ်ကို ပုံစံမျိုးစုံပျံသန်းကြည့်ခဲ့သည်၊ လေယာဉ်အတောင်ပံတွေက တိမ်တွေကိုဖြတ်သန်းသွားတာကို သူမကြည့်ရင်း ငှက်ပေါ်မှာစိးကြည့်ချင်လိုက်တာလို့ပြောခဲ့သည်.......

သူမ အဲ့လိုစိးပိး ကောင်ကင်မှာပျံသန်းဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်မှန်း သိပိးသားမို့ ဟာသတစ်ခုအနေနဲ့သာပြောခဲ့ခြင်းဖြစ်သည်။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now