Chapter 216;အဲ့အပင်က ဘာမှအဓိပ္ပါယ်မရှိဘူး

910 122 7
                                    

Mo Yuyanသည် Gu Xijiuသံသယဖြစ်နေတာကို သတိထားမိသောကြောင့်....
သူမက ရယ်ရင်း"ဗိမာန်သခင်က စာအုပ်တွေကိုအမှတ်အသားလုပ်ထားပါတယ်".ဒါ့ကြောင့် ဘယ်သူ ယူဖတ်ဖတ်  ခြေရာလက်ရာတော့ကျန်ခဲ့တာပဲ ဗိမာန်သခင်လက်က ဘယ်သူမှမလွတ်နိုင်ဘူး".

သူက ဘယ်လိုအမှတ်အသားမျိုးလုပ်ထားတာလဲ???..ဘာလဲ... ဖတ်တဲ့သူရဲ့ လက်ဗွေရာကို မှန်ဘလူးနဲ့ရှာတာလား?😂

Gu Xijiuသည် သူဖတ်မယ့် စာအုပ်ကိုထုတ်မယူခင် စာအုပ်စင်ပေါ်ကစာအုပ်များရဲ့ အပေါ်ယံစာများကိုလိုက်ဖတ်ကြည့်နေလေသည်။

Mo Yuyanသည် သူမကို ရပ်တန့်ချင်ပေမယ့်
လည်း မည်သည့်စကားမှပြောမထွက်နိုင်သောကြောင့် ဘာမှမပြောပဲ ခဏကြာနူတ်ဆိတ်နေလိုက်သည်။

ဗိမာန်သခင်က ဒိလူကို သေချာစောင့်ကြည့်ဖို့ အမိန့်ပေးထားတယ် ပြီးတော့ သူသွားချင်ရာကို လွပ်လပ်စွာသွားစေဖို့လည်းပြောထားတယ်။ဒါ့ကြောင့် ဒိရှဉ့်လိုGuမျိုးရိုးကို ဒိထဲကစာအုပ်အချို့ကိုပါ ဖတ်ခွင့်ပြုတယ်လို့ မဆိုလိုဘူး။

Gu Xijiuသည် အဂ္ဂိရတ်ပညာနဲ့ဆိုင်တဲ့ စာအုပ်တစ်အုပ်ကိုထုတ်ယူပြီး စာရွက်အနည်းငယ်ကို လှန်ဖတ်လိုက်သည်။ပြီးနောက် အောက်ကိုပစ်ချလိုက်လေသည်။

ဒိအဂ္ဂိရတ်ပညာရပ်က ရိုးလွန်းတယ်။ပိုလန်း ပိုမိုက်တဲ့ စာအုပ်တွေကို ကောင်းကင်ကျောက်တုံးက သူမကို ပြခဲ့ပြီးပြိလေ။

သူမသည် ဒိလိုအလားတူ‌စာအုပ်မျိုးရယ်၊ အခြား သူမဖတ်ချင်လောက်မယ့် စာအုပ်အချို့ကိုပါထုတ်လိုက်လေသည်။သို့သော်လည်း သူမသည် စာရွက်အနည်းငယ်ကို လှန်လှောဖတ်ပြိးနောက် ပစ်ချထားလိုက်ပြန်သည်။သူမသည် ဒိစာအုပ်တွေကို လုံးဝစိတ်တိုင်းမကျပေ။

Mo Yuyanသည် ဘေးမှကြည့်ရင်း လက်များပင် ချွေးဇောပြန်လာသည်....

ဒိဝတုတ်ကောင်က တကယ့်မဟာအခွင့်အရေး‌‌တွေကို လက်လွှတ်‌ပစ်နေတာလား!!!ဒါတွေက တန်ဖိုးရှိတဲ့စာအုပ်တွေလေ ဒါပေမယ့် သူက ထိရုံပဲထိကြည့်ခဲ့တယ်......

"တကယ်တော့လည်း သူစုထားတဲ့စာအုပ်တွေက ဘာမှလည်း သိပ်မဆန်းပါလား!!!Gu Xijiuသည် ကောင်းကင်ကျောက်တုံးကိုပြောလိုက်လေသည်။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now