မင်းက လှတယ်(မင်းက လှတယ်)

3.8K 657 21
                                    

"အင့်..ဒါကို လွယ်ထား"

ကျောလွယ်ခြင်းလေးတစ်လုံးကို ရိပေါ်ကမ်းပေး
လာသည့်အခါ ရှောင်းကျန့်က အူတူတူဖြင့်
လှမ်းယူသည်။သည်အရာကို ဘာလုပ်ရမယ်မှန်း
မသိ။ခဏခဏရိပေါ်မေးနေရတာ သိက္ခာ
ကျသလိုခံစားရတာမို့ မမေးပဲနေတော့
ရိပေါ်ကပဲ အလိုက်သိစွာ သူ့ကိုခြင်းလွယ်ဖို့
ကူညီပေးလာသည်။ရှောင်းကျန့်အား
ခြင်းလွယ်ပေးလို့ ပြီးချိန်မှာတော့ ဆေးမြစ်တွေ
အတွက် သူတို့တောထဲ ဝင်ခဲ့ကြသည်။

တုတ်တစ်ချောင်းနှင့် ရိပေါ်က မြွေပါးကင်းပါး
ကြည့်ရသေးသလို အနောက်မှာလိုက်လာသည့်
ရှောင်းကျန့်ကိုပါ ဂရုစိုက်ရသေးသည်။
ထိုလူက ဟိုငေးဒီငေး လုပ်နေပြီး ခဏခဏ
ကျန်ရစ်နေခဲ့တာမို့ ရိပေါ်မှာ ထင်သလောက်
ခရီးမရောက်တော့။

"တောအုပ်ကို တစ်ခါမှမမြင်ဖူးဘူးလား။"

မနေနိုင်စွာ ထုတ်မေးမိတော့ ရှောင်းကျန့်က
မာဆတ်ဆတ်နှင့် မေးငေါ့ပြသည်။တကယ့်ကို
ကိုင်ပေါက်ချင်စရာလူ....

"ဒီတိုင်းဆို ရှေ့ရောက်တော့မှာမဟုတ်ဘူး"

ပြောရင်း ရိပေါ်က ရှောင်းကျန့်ရှိရာဆီ
ပြန်လျှောက်လာသည်။ထို့နောက် ရှောင်းကျန့်
လက်ဖဝါးတစ်ဖက်ကို သူ့လက်နှင့် လှမ်းဆုပ်ကိုင်ပြီး လက်ချောင်းအချင်းချင်း ယှက်သွယ်လိုက်
တာမို့ ရှောင်းကျန့်က သဘောမကျစွာ ရုန်းပြန်သည်။

"အဲ့တာဆို ခင်ဗျားဒီမှာပဲ ကျန်နေခဲ့တော့မလို့လား"

ချန်ခဲ့မှာတော့ ကြောက်ရှာသည်။မကြည်သလို
တစ်ချက်မျှသာကြည့်ပြီး ဘာမှဆက်မပြောတော့ပဲ ရိပေါ်ဆွဲခေါ်ရာနောက်သာ အသာလေး
ကပ်ပါလာတော့သည်။

တောနက်ထဲရောက်သည်နှင့် ရိပေါ်က
လိုအပ်သမျှဆေးရွက်တွေ၊ဆေးဥတွေကို
ချွေးပြိုက်ပြိုက်ကျအောင် တူးရသည်။
ရှောင်းကျန့်ကတော့ သူလုပ်သမျှအား
ထိုင်ကြည့်နေရုံမှလွဲပြီး အသုံးမဝင်ခဲ့။ဘာပဲဖြစ်ဖြစ် ရသမျှဆေးရွက်တွေကို ရှောင်းကျန့်
တောင်းထဲထည့်နိုင်တာမို့ ဒီတစ်ခေါက်
ဆေးလာရှာတာ အတော်လေးရသွားသည်။

Venus(Completed)Where stories live. Discover now