သူ ျပန္လာတာလား(သူ ပြန်လာတာလား)

3.6K 602 38
                                    

enus၏ မြင့်မားသော နန်းတော် တစ်နေရာ၏
အဆောင်တော်ထဲ၌ လူတစ်ဦး ငေးငိုင်စွာ
ရပ်လို့နေသည်။ဦးတည်ရာမဲ့သော သူ့မျက်ဝန်းတို့မှာ ပြတင်းပေါက်မှ ကျော်လွန်၍ အဝေးမှ
မီးတောင်များဆီသို့.....

အခန်းတွင်းသို့ လျှောက်လာသည် ခြေသံတစ်ချို့ကို မကြားဟန်ပြုရင်း ထိုနေရာမှာတင် ဆက်ရပ်
နေမိတော့ သက်ပြင်းချသံတစ်ချို့ကို ကြားလိုက်
ရသည်။ထိုသက်ပြင်းတွေက စိတ်မကောင်းလို့လား၊စိတ်ပျက်လို့လားဆိုတာ ထိုလူကိုယ်တိုင်ပင်
အသိဆုံး ဖြစ်ချေမည်။

"ရှောင်းကျန့်.."

သူ့အလိုကျ ပုံသွင်းလိုသည့်အခါတိုင်း အနူးညံ့
ဆုံးသော အသံဖြင့် ခေါ်တတ်လေ့ရှိသည်။
သို့ပေမဲ့ ထိုညင်သာမှုတွေက လိုချင်တာရှိလို့
ဖြစ်တည်လာတာမျိုးဆိုတော့ ဘယ်သူက
လိုချင်နေတော့မှာလဲ။

"တစ်နှစ်တောင် ပြည့်တော့မယ်။ခမည်းတော်ကို
အခုထိ စိတ်ဆိုး မပြေသေးဘူးလား။ထီးနန်းလည်း မဆက်ခံဘူး၊လက်ထပ်ပါဆိုတော့လည်း
မဟုတ်ဘူး။ခမည်းတော် အခုဖြေရှင်းနေရတဲ့
ပြဿနာတွေကိုလည်း ဝင်မကူဘူး။
မင်းက Venusရဲ့အိမ်ရှေ့စံဆိုတာ မေ့နေတာလား"

ပန်းနုရောင်လွှမ်းသော နှုတ်ခမ်းလှလှတို့က
အနည်းငယ် ကော့တက်သွားသည်။အပြုံး
တစ်ခု၏ အသက်ဖြစ်သော မျက်ဝန်းတို့မှာတော့
နာကြည်းရိပ်တို့ အပြည့်။

သူကျောပေးထားသည့် ထိုလူအား ရှောင်းကျန့်
လှည့်ကြည့်ရင်း မျက်ခုံးတစ်ဖက်ပင့်ပြမိသည်။
အမြဲတမ်း ရှောင်းဝုအတွက်ဆို ရိုကျိုးနေတတ်သည့် ရှောင်းကျန့်သည် ရှောင်းဝုကိုယ်တိုင်
သတ်လိုက်သော လူသားနှစ်ယောက်နှင့်အတူ
သေဆုံးသွားခဲ့ပြီ။

"တစ်နှစ်ဆိုတဲ့အချိန်က ကျွန်တော်ခံစားရတာတွေ ဖြေသာဖို့ သိပ်လုံလောက်တယ် ထင်နေ
တာလား။"

"ခံစားချက်ကို ထည့်မတွက်ပဲ ဂြိုဟ်နဲ့ မျိုးနွယ် အတွက် တွေးနေရမှာ မင်းတာဝန်!
ဒါတွေအထိ ငါလိုက်ထိန်းကျောင်းနေရမှာလား
ရှောင်းကျန့်။"

"အဲ့မျိုးနွယ်အတွက် ကျွန်တော့်ခံစားချက်တွေကို
မျိုသိပ်ထားခဲ့တယ်၊ဂြိုဟ်အတွက် ကျွန်တော်
အရာရာကို ဥပေက္ခာပြုခဲ့တယ်။ဒါပေမဲ့
ပြန်ရလိုက်တာက ဘာလဲ?ကျွန်တော် ကာကွယ်ချင်တဲ့ လူလေးနှစ်ယောက်ကိုတောင် မကာကွယ်
နိုင်ခဲ့ဘူးလေ။"

Venus(Completed)Where stories live. Discover now