ကလေးအဖေ ဖြစ်ပြီ(ကလေးအဖေ ဖြစ်ပြီ)

4K 706 35
                                    

"မင်း...မင်းငါ့ကို...!!"

"ရှောင်း။စိတ်အေးအေး ထားပြီးပြောရအောင်ပါ"

"ငါ့နားတိုးမလာနဲ့!!!!"

ရှောင်းကျန့်၏ အော်သံစူးစူးက ပတ်ဝန်းကျင်ထဲ
ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ဖရိုဖရဲ
အဝတ်အစားတွေနှင့် မတ်တပ်တောင်
ကောင်းကောင်း မရပ်နိုင်သေးပေမဲ့ သူ့ဒေါသ
တွေကို ရိပေါ်ကောင်းကောင်းကြီး ခံစားမိသည်။

မနက်အာရုံမတက်ခင် ရိပေါ်နိုးချိန်မှာ
သူ ရှောင်းကို အခန်းထဲ ခေါ်လာကာ သန့်ရှင်းရေး
ဘာညာ အကုန် လုပ်ပေးပြီး နွေးနွေးထွေးထွေး
ဖက်အိပ်မိခဲ့သည်။သူကိုယ်တိုင် အိပ်ပျော် တစ်ဝက်၊ နိုးတစ်ဝက်ဖြစ်နေချိန်မှာ ရှောင်းကျန့်က ဒေါသအပြည့်ဖြင့် ရိပေါ်ကို ရန်တွေ့နေပြီ။

လက်ညိုးတထိုးထိုးနှင့် ဒယိမ်းဒယိုင်ဖြင့်
အခန်းထောင့်ကို ပြေးသွားပြီး ရိပေါ်အား
ကြောက်လန့်တကြား ကြည့်နေတာ မြင်ရတော့
ရင်ဘတ်ထဲ တဆစ်ဆစ်။သူဘယ်လို ဖျောင်းဖျ
ပါစေ ရှောင်းက သူ့အနားလုံးဝအကပ်မခံခဲ့ပါ။

"မင်း...မင်းငါ့ကို ဘာ..လုပ်လိုက်တာလဲ!"

"ရှောင်း.."

"ငါမေးတာဖြေစမ်း အောက်တန်းစားကောင်။
မင်း ငါ့ကို အသိစိတ်လွတ်အောင် ဘာတွေ
လုပ်ခဲ့တာလဲ!"

"ကျွန်တော် ဘာမှမလုပ်ခဲ့ဘူး။ရှောင်း ကသာ...
မဟုတ်ဘူး။ကျွန်တော်တို့ နှစ်ဉီးနှစ်ဖက်
စိတ်ပါခဲ့လို့ ဖြစ်ခဲ့ကြတာလေ"

"စောက် စကားကို ကြည့်ပြော။ငါက ဘာလို့
စိတ်ပါ..."

ရှောင်းကျန့်တစ်ယောက် ဆက်မပြောနိုင်တော့ဘဲ
တွေးဆဆ ဖြစ်သွားသည်။မျက်လွှာလေး
အောက်အနည်းငယ်ချရင်း တစ်ခုခုကို
မှတ်မိသွားသည့် အခါမှာတော့...

"ဟို..ဟိုဆေးက ဘာဆေးလဲ"

"ဘယ်ဆေးလဲ?"

"မင်း မနေ့ကတည်ထားတဲ့ စောက်ဆေးအိုးကို
ပြောနေတာ"

ရုတ်တရက်ကြီး ကျယ်လောင်စွာ ထအော်
လိုက်တာမို့ ရိပေါ်မှာ တွန့်ခနဲ။ဒီအလှလေး
စိတ်ဆိုးချိန်က အရင်ကလို မုန်းစရာမကောင်းပဲ
ကြောက်ဖို့သာ ကောင်းနေတော့သည်။

Venus(Completed)Tempat cerita menjadi hidup. Temukan sekarang