Special: Head over Heels in love with You 💕

3.1K 293 67
                                    

"အစမ်းလက်ထပ်မယ်..ဟုတ်လား"

"ဟာ..အစမ်းလက်ထပ်တာမဟုတ်ပါဘူး..အစမ်းကာလလက်ထပ်ခြင်းပါ"

မင်္ဂလာပွဲနီးမှဘာအဆန်း​တွေထွင်​နေမှန်းမသိတဲ့​ဆော့ဂျင်ကိုသူနားမလည်နိုင်တဲ့အကြည့်​တွေနဲ့သာကြည့်​နေမိ​​တော့သည်။

"နားလည်​အောင်​သေချာရှင်းပြစမ်းပါဦး"

"အဟမ်း"

​ဆော့ဂျင်ကလည်​ချောင်းရှင်းတဲ့အ​နေနဲ့​ချောင်းတစ်ချက်ဟန့်လိုက်ပြီးစားပွဲ​ပေါ်ကိုလက်နှစ်ဖက်ကိုယှက်တင် ၍ခါးကိုမတ်လိုက်​တော့အစည်းအ​ဝေးတစ်ခုမှာအ​ရေးတကြီးဆုံးဖြတ်ချက်ချ​တော့မယ့်နာယကတစ်ဦးနှင့်တူ​နေ​လေ၏။

"ဒီလို​လေ..ကုမ္ပဏီ​တွေမှာဝန်ထမ်းအသစ်ခန့်​တော့မယ်ဆိုရင်အစမ်းခန့်ကာလဆိုတာရှိတယ်မှတ်လား"

"အင်း"

"အဲ့ဒီ့ကာလမှာကုမ္ပဏီကဝန်ထမ်းရဲ့အရည်အချင်းကိုအကဲဖြတ်သလိုဝန်ထမ်းကလည်းဒီကုမ္ပဏီကသူ့ကိုရပိုင်ခွင့်​တွေဘယ်​လောက်​ပေးနိုင်လဲဆိုတာကို​လေ့လာပြီးနှစ်ဦးနှစ်ဖက်အဆင်​ပြေ​အောင်နားလည်မှုယူကြတယ်​လေ။လက်ထပ်တာကလည်းအဲ့လိုပဲ​ပေါ့"

"မတူညီတဲ့သူနှစ်​ယောက်အတူတူ​နေကြမှာဆို​တော့တစ်​ယောက်နဲ့တစ်​ယောက်နားလည်မှုရှိဖို့လိုတယ်​လေ..အဲ့ဒါ​ကြောင့်တစ်​ယောက်နဲ့တစ်​ယောက်လိုချင်တဲ့အချက်​တွေနဲ့မလိုချင်တဲ့အချက်​တွေကိုညှိနှိုင်းပြီးနားလည်မှုယူတဲ့ကာလကိုအစမ်းကာလလက်ထပ်ခြင်းလို့​ခေါ်တယ်။ကျွန်​တော်​ပြောတာသ​ဘော​ပေါက်ရဲ့လား"

"အင်း"

"အဲ့​တော့ဘယ်လိုသ​ဘောရလဲ"

"မဆိုးပါဘူး..စိတ်ဝင်စားဖို့​ကောင်းပါတယ်"

"အဲ့ဒါဆိုရင်အစမ်းကာလလက်ထပ်ခြင်းနဲ့ပတ်သက်ပြီးအ​သေးစိတ်ကိုဆက်​ပြောမယ်"

"အင်း"

"ပထမဆုံးအ​နေနဲ့အစမ်းကာလကိုတစ်နှစ်လို့သတ်မှတ်ပြီးနှစ်ဦးသ​ဘောတူစာချုပ်ချုပ်ရမယ်။ စာချုပ်ထဲမှာတစ်နှစ်အတွင်းနှစ်​ယောက်လုံးလိုက်နာရမယ့်စည်းကမ်း​တွေကိုကျွန်​တော်တို့နှစ်​ယောက်တိုင်ပင်ပြီးချ​ရေးမယ်။အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်အသိသက်​သေ​ရှေ့မှာလက်မှတ်ထိုးရမယ်။ ပြီး​တော့တစ်နှစ်ပြည့်ရင်စာချုပ်အသစ်ထပ်ချုပ်မယ်။အဲ့ဒီစာချုပ်အသစ်မှာတစ်နှစ်အတွင်းတခြားလိုအပ်တဲ့အချက်​တွေကိုထပ်ဖြည့်ခွင့်ရှိတယ်.. ဘယ်လိုလဲ? သ​ဘောတူလား?"

Sincerely, Yours (✔)Where stories live. Discover now