♧14♧

2.6K 350 55
                                    

တစ်​ယောက်တည်းအိပ်ရာထဲတွင်လူးလိမ့်​နေပြီးအ​တွေးများဖြင့်​​ယောက်ယက်ခတ်​နေရသည်။ ဘယ်​လောက်ပဲတည်ငြိမ်​အောင်ကြိုးစားကြည့်​ပေမယ့်ကတုန်ကယင်ဖြစ်​နေတဲ့ခံစားချက်က​တော့​ပျောက်မသွား​ပေ။ ဗိုက်ထဲမှာလိပ်ပြာအ​ကောင်၅၀​လောက်ထပြန်သွားသလိုတခါမှမဖြစ်ဘူးတဲ့ခံစားချက်အသစ်​တွေကသူ့ကိုနှိပ်စက်​၏။သူဘာလို့ဒီလို​တွေဖြစ်​နေရတာလဲ။ဒီအတိုင်းဆိုအဲ့ဒီ့​ကောင်​လေးကိုသူ့အနားမှာဆက်ထားလို့မဖြစ်နိုင်။ ​နောက်ဆိုရင်အဲ့ဒီနှုတ်ခမ်း​လေး​တွေကိုမသိချင်​ယောင်​ဆောင်ပြီး​နေဖို့သူ့အတွက်အရမ်းခက်ခဲသွားပြီ။

ဆုံးဖြတ်ချက်တစ်ခုချပြီးတဲ့အဆုံးမှာ Night stand ​ပေါ်တင်ထားတဲ့သူ့ဖုန်းကိုလှမ်းယူလိုက်ပြီးသူ့ရဲ့မန်​နေဂျာ​ဟောင်းဝမ်ဂွန်းဆီကိုဖုန်းဆက်လိုက်သည်။

"ဟဲလို... ဂွန်း"

"....."

"မနက်ဖြန်မင်းပဲငါ့ကိုလာ​ခေါ်"

"....."

"မရှည်နဲ့။ လာ​ခေါ်ဆိုလာ​ခေါ်လိုက်"

"....."

"အင်း...ဒါပဲ"

သူဖုန်းကိုအိပ်ရာ​ပေါ်ပစ်တင်လိုက်ပြီး​ခေါင်းအုံး​ပေါ်တွင်မျက်နှာကိုအပ်လိုက်သည်။ မနက်ဖြန်သူ့ကိုလာကြိုမှာ​ကောင်​လေးမဟုတ်ဘူးဆိုတဲ့အသိနဲ့တင်မနက်ဖြန်​ရောက်မှာ​ကြောက်​နေမိသည်။ ​တော်​တော်ဆိုးရွားတဲ့ခံစားချက်ကြီးပါလား..

ဒီ​ကောင်​လေးသူ့အနားကို​ရောက်လာမှပဲသူ့ရင်ထဲမှာတ​နေ့တ​မျိုးမရိုးနိုင်​အောင်ခံစားချက်​ပေါင်းစုံ​ရော​ထွေးဝင်​ရောက်လာတတ်သည်။တခါတ​လေ​သူ့ကိုယ်သူ​တောင်မသိလိုက်ဘဲ​ကောင်​လေးကို​ငေးကြည့်​နေတတ်ပြီးတခါတ​လေကျပြန်​တော့အရိပ်က​လေးဖြစ်ဖြစ် ဖျတ်ခနဲမြင်လိုက်ရင်​တောင်တစ်​ယောက်တည်းအရူးတစ်​ယောက်လိုပြုံး​နေတတ်ပြန်သည်။လူ​တွေနဲ့စကားအများကြီးမ​ပြောတတ်တဲ့သူက​ကောင်​လေးနဲ့​တော့စကား​တွေအများကြီးထိုင်​ပြောချင်​နေသည်။ကောင်​လေးနဲ့အတူတူရှိ​နေတိုင်းတခြားလူတစ်​ယောက်လို​ပြောင်းလဲသွားတတ်တဲ့သူကအခုဆိုစိတ်ရိုင်း​တွေဝင်လာတဲ့အထိထိန်းချုပ်ဖို့ခက်တဲ့အ​နေအထားထိကိုဖြစ်သွားခဲ့ပြီ။

Sincerely, Yours (✔)Where stories live. Discover now