♧21♧

3.1K 350 57
                                    

"ဒီ​နေ့ကစပြီး Day 1 ​ပေါ့"

ကုတင်​ပေါ်မှာ​မှောက်လိုက်လှန်လိုက်ဖြင့်ပထမဆုံးရည်းစားစထားဖူးတဲ့ဆယ်​ကျော်သက်အရွယ်​လေးလိုစိတ်ကူး​တွေယဥ်လိုက်ပြုံးလိုက်ဖြင့်တစ်​ယောက်တည်း ဇာတ်ညွှန်းမပါဘဲရုပ်ရှင်ရိုက်​နေ​လေသည်။ တ​နေကုန်ပါးစပ်မစိနိုင်​အောင်ပြုံးရလွန်းလို့ ပါးမှာ​ရေ​နွေးအိတ်​တောင်ကပ်ထားရတဲ့သူ့အဖြစ်...

"Day 1 ​တော့ဘယ်ဟုတ်မလဲ..ငါ့ဘက်ကမှဖွင့်မ​ပြောရ​သေးတာ"

"ဟုတ်တယ်..​ဖွင့်​ပြောရမယ်"

"ဘယ်လိုဖွင့်​ပြောရင်​ကောင်းမလဲ..ရုပ်ရှင်ထဲမှာဘယ်လိုဖွင့်​ပြောကြပါလိမ့်.."

ရုပ်ရှင်ထဲကdialogueတွေကိုပြန်စဥ်းစားကြည့်​တော့လည်းတစ်ခုမှမမှတ်မိ။သူကိုယ်တိုင်ကromanceထက် actionပိုင်းမှာပိုအားသာခဲ့တာကို..

"​အပြင်အဆင်​ကောင်းတဲ့ဆိုင်တစ်ဆိုင်မှာဖွင့်​ပြောရင်​ကောင်းမလား"

"မဖြစ်ဘူး..မဖြစ်ဘူး..တခြားသူ​တွေသတိထားမိသွားလိမ့်မယ်။ အဲ့ဒါဆိုရင်..."

"အာ..ငါ့အိမ်ကို​ခေါ်သွားရင်ရတာပဲ။ဒါ​ပေမယ့်အဲ့အိမ်မှာမ​နေတာကြာပြီဆို​တော့သန့်ရှင်း​ရေးလုပ်ဖို့လိုတယ်"

"ရှုပ်ပါတယ်..အခုပဲသွားလုပ်လိုက်မယ်"

​ဂျောင်ကုအိပ်ရာ​ပေါ်က​နေဆတ်ခနဲထထိုင်လိုက်ပြီး..

​"ဒါနဲ့..ဘာ​တွေပြင်ဆင်ဖို့လိုဦးမလဲမသိဘူး"

"ရုပ်ရှင်​တွေထဲမှာ​တော့ဖ​ယောင်းတိုင်​တွေထွန်းပြီးပူ​​ဖောင်း​တွေနဲ့ propose လုပ်ကြတာပဲ"

"​နောက်ပြီး​တော့..နှင်းဆီပန်း"

"အဲ့ဒါ​တော့မဖြစ်ဘူး။တော်ကြာပန်းထက်လှတဲ့​ကောင်​လေး​ရောက်လာရင်သူတို့​မျက်နှာငယ်ကုန်လိမ့်မယ်"

စဥ်းစားရင်းနဲ့အ​တွေးထဲမှာ​ဆော့ဂျင်ရဲ့ မျက်နှာလေးက​ပေါ်လာ​ပြန်တော့ကြည်နူးခြင်းများစွာဖြင့်​ခေါင်းအုံးကို​ဆော့ဂျင်အမှတ်နှင့်ဖျစ်ညှစ်ပစ်လိုက်သည်။​ခေါင်းအုံးမို့လို့​တော်​သေးသည်..ဒီ​နေရာမှာလူသာဆိုအရိုး​တွေကျိုး​​​ကြေကုန်​လောက်သည်။

Sincerely, Yours (✔)Where stories live. Discover now