♧2♧

3.2K 348 18
                                    

~တီ~တီ~တီ~တီ~

ဒါဟာတတိယအကြိမ်​မြောက်မြည်​သောနှိုးစက်သံဖြစ် သည်။ သူ​ခေါင်းအုံး​အောက်ကဖုန်းကိုထုတ်ယူလိုက်ပြီးနှိုးစက်ကိုပိတ်ရင်းအချိန်ကိုကြည့်လိုက်​တော့​​ထဖို့စောနေ​သေးဟုယူဆလို့ရသည့်အတွက် snooze လုပ်ပြီးဖုန်းကို​ခေါင်းအုံး​အောက်ထဲပြန်ထိုးထည့်လိုက်သည်။​

ထိုစဥ်....

"ယွန်...ဂီ...ချီ......ယွန်...ဂီ...ချီ......ယွန်...ဂီ...ချီ"

အခန်းအပြင်ကလာတဲ့မီးသတ်ကားဥဩဆွဲသံလိုကျယ်​လောင်တဲ့အသံစာစာ​လေး​ကြောင့်အိပ်ရာထဲက​နေမထချင်ထချင်ဖြင့်လူးလဲထရသည်။ အဘယ်​ကြောင့်ဆို​သော်ထိုအသံကနှိုးစက်လိုပိတ်ချင်တိုင်းပိတ်လို့မရတာသူသိ​နေ​သောကြောင့်ဖြစ်သည်။

"ကိုယ့်ဦး​လေးကိုယွန်ဂီချီလို့မ​ခေါ်ပါနဲ့ဆိုမှဘယ်လိုသင်သင်မရပါလား။ငယ်ငယ်တုန်းကစကားနား​ထောင်တဲ့
က​လေးကကြီးမှဆိုးချင်လာပြီ​​နော်...ဆော့ဂျင်နီ"

အခန်းထဲအထိ​သွားနှိုးဆိုတာကိုမနှိုးဘဲအပြင်က​နေခုနှစ်အိမ်ကြားရှစ်အိမ်ကြားကုန်း​အော်​နေတဲ့သားဖြစ်သူရဲ့အသံ​ကြောင့်ဟင်းရည်အိုးကိုချကာမီးဖိုခန်းထဲကထွက်လာပြီး​မာန်မဲ​နေရသည်။

"ဦး​လေးလို့မ​ခေါ်ခိုင်းပါနဲ့ မမကြီးကလဲ....ဝါး"

အခန်းထဲက​နေသမ်း​ဝေရင်းအ​ညောင်းဆန့်ပြီးထွက်လာတဲ့ယွန်ဂီရဲ့စကား​ကြောင့်​အဆူခံလိုက်ရလို့နှုတ်ခမ်းစူချင်​နေတဲ့​ဆော့ဂျင်​ကအားကိုးရသွားဟန်ဖြင့်ပြုံးလိုက်ပြီး..

"ကြည့်ပါလား..​မေ​မေ့​မောင်ကသူ့ကိုဦး​လေးလို့​ခေါ်တာမကြိုက်ပါဘူးဆိုမှ"

"​အေ့​လေ...အသက်လည်းသိပ်မှမကွာတာ"

တူအရီးဆို​ပေမယ့်အသက်ရှစ်နှစ်သာကွာသည့်အတွက်ဦး​လေးဆိုသည့်အသုံးအနှုံးကိုယွန်ဂီမနှစ်သက်ပါ။ ငယ်ငယ်ကတည်းကကစား​ဖော်ကစားဖက်​တွေဖြစ်လို့အခုအချိန်အထိသူငယ်ချင်းလိုမျိုးလည်ပင်းဖက်​ပေါင်း​နေရတာကိုပဲသူသ​ဘောကျပါသည်။ တူအရီးဆိုပြီးစည်းမခြားထားချင်ပါ။

Sincerely, Yours (✔)Where stories live. Discover now