♧5♧

2.5K 348 35
                                    

ရုံးခန်းတစ်ခုလုံးမှာရှိသမျှအပင်​တွေအားလုံးကိုနှစ်ကြိမ်တိတိ​ရေ​လောင်းပြီး​​နောက်သူ့အလုပ်စားပွဲကို ၇ ကြိမ်တိတိသန့်ရှင်း​ရေးလုပ်ပြီးသည့်အချိန်အထိဝမ်ဂွန်းဆိုသည့်လူ​ပေါ်မလာ​သေး​ပေ။ ရုံးခန်းထဲကလူ​တွေအကုန်အလုပ်ကိုယ်စီဖြင့်ဗျာများ​နေကြ​ပေမယ့်သူတစ်​ယောက်ထဲဘာအလုပ်မှမရှိသည့်အတွက်တစ်ရုံးလုံးကလူ​တွေကိုအား​နာ​နေမိသည်။ ဒါ​ပေမယ့်မတတ်နိုင်။ သူကအလုပ်လုပ်ချင်​ပေမယ့်အလုပ်ကသူ့ဆီကိုမှ​ရောက်မလာတာ။
ဝမ်ဂွန်းကို​မျှော်​နေရင်းပျင်းပျင်းရှိတာနဲ့သူ့မှတ်စုစာအုပ်​လေးထဲမှာဒီရုံးခန်းကလူ​တွေရဲ့ပုံပန်းသဏ္ဍာန်ကိုချ​ရေး​နေလိုက်သည်။

"မန်​နေဂျာ ဝမ်ဂွန်းက ယွန်ဂီချီလိုလူ​ကောင်ခပ်​သေး​သေးပဲဆို​တော့အရပ်က 173 cm ​လောက်​တော့ရှိမယ်ထင်တယ်။ ဆံပင်စတိုင်က...အခုမှစစ်မှုထမ်းပြီးထွက်လာတဲ့​ကေမျိုးပဲ။ ပြီး​တော့..."

သူ့​ဘောပင်​လေးကို​မေးဖျား​လေးမှာ​​ထောက်ပြီးဝမ်ဂွန်းနဲ့​တွေ့တုန်းကသတိထားမိခဲ့တာ​တွေကိုပြန်​တွေး​နေ၏။

"satoriသုံးတယ်ဆို​တော့နယ်ကလာတာပဲဖြစ်ရမယ်။ အဲ့ဒီ​လေသံမျိုးကဘယ်​ဒေသကပါလိမ့်...စဥ်းစားစမ်း"

"ဟုတ်ပြီ! အဲ့ဒါဂျယ်ဂျူဒို​လေသံပဲ"

​ဆော့ဂျင်လည်းသူစဥ်းစားလို့ရသမျှ​တွေကိုမှတ်စုစာအုပ်​လေးထဲမှာချ​ရေး​နေတုန်း...

"Intern"

"ဗျာ"

သူထိုင်​နေရာက​နေဆတ်ခနဲထရပ်လိုက်ရင်းသူ့စားပွဲနားကိုချဥ်းကပ်လာတဲ့လူကိုအကဲခတ်​​နေ၏။ ဆံပင်​စတိုင်နဲ့အရပ်အ​မောင်းအရတော့ဒီလူကမန်​နေဂျာဝမ်ဂွန်းပဲဖြစ်ရမည်။ 

"လူကိုဘာလို့ပြူးကြည့်​နေတာလဲ"

အသံပါကြားလိုက်ရ၍ပို​သေချာသွားခဲ့ပြီ။

"စီနီယာ ဝမ်ဂွန်း?"

"ဘာလို့မမြင်ဖူးတဲ့လူလိုကြည့်​နေတာလဲ"

"ဟိုဟာ..ကျွန်​တော်က အ​ဝေး​မှုန်​နေလို့ပါ။အဲ့ဒါလူမှားမှာစိုးလို့​သေချာ​အောင်ကြည့်​နေတာ"

Sincerely, Yours (✔)Where stories live. Discover now