Ep-23(Unicode)

12.3K 815 46
                                    

နှောင်းဧည့်ခန်းထဲမှာထိုင်ပြီးတွေးနေမိတယ်။နှောင်းကိုဟိုလူကြီးရည်းစားစကားပြောပြီးကတည်းကအပြင်မထွက်တာနှစ်ရက်လောက်ရှိပြီး။အကယ်၍အပြင်ထွက်ရင်အဲ့လူကြီးကိုတွေ့မှာကိုကြောက်လွန်းလို့။အကြောက်ဆုံးကတော့သူ့မျက်လုံးကြီး။လူကိုသတ်တော့မဲ့အတိုင်းဘဲစိုက်ကြည့်နေတာ။နှောင်းအတွေးလွန်နေတဲ့အချိန်....

"ငယ်လေးးး''

"အကိုခတ်''

"ဘာတွေစဉ်းစားနေတာလဲ''

"ဟင့်အင်းးဘာမှမစဉ်းစားပါဘူး''

"အင်းးးအပြင်မထွက်တာကြာပြီးနော်ငယ်လေး''

"ဟုတ်တယ်နှောင်းအပြင်သိပ်မထွက်ချင်လို့''

"ဟုတ်ပါပြီး''

"ဘယ်သွားဖို့လဲအက်ိုခတ်က''

"ဒါလင်နဲ့သွားလည်မလို့လေ''

"သွားပါသွားပါ''

"ဟီးဟီးးးသွားပြီးနော်''

နှောင်းအကိုခတ်နောက်ကျောကိုကြည့်ပြီး

"ရည်းစားရှိတဲ့သူတွေများတစ်ချိန်လုံးသွားနေရော၊ငါ့လိုမျိုးလိမ်လိမ်မာမာနေတာမဟုတ်ဘူး''

နှောင်းကြာတော့အိမ်ထဲမှာဘဲနေရတာပျင်းလာတော့မုန့်သွားမယ်ဆိုပြီးအပြင်ထွက်လာခဲ့လိုက်တယ်။ဆိုင်ရောက်တော့ထောက်ဆုံးဝိုင်းမှာထိုင်ပြီးစားချင်တာတွေမှာလိုက်တယ်။နှောင်းစားနေတုန်းမှာဘဲ

"နှောင်းလွန်းငယ်''

ဟန်နီပီဇာစားချင်လို့ဆိုင်ကိုလာတာ။ရုတ်တရက်ထောင့်နားမှာထိုင်နေတဲ့နှောင်းလွန်းငယ်ကိုတွေ့တော့သူဆီက်ိုလျှောက်သွားလ်ိုက်တယ်။

နှောင်းနာမည်ခေါ်သံကြားလို့မော့ကြည့်လိုက်တော့တကယ်ဘဲစားနေတဲ့ပီဇာတောင်ချီးနံ့ နံ့သွားတယ်။

"တို့ထိုင်မယ်နော်''

"ဟင်းးးခင်ဗျားကကျွန်တော့်နာမည်တော်တော်ကြိုက်တယ်ထင်တယ်။ခင်ဗျားကျွန်တော့်နာမည်ကိုအဲ့လောက်တောင်ကြိုက်နေရင်လည်းခင်ဗျားလင်နဲ့ရတဲ့ကလေးကိုနှောင်းလွန်းငယ်ဆိုပြီးနာမည်ပေးလိုက်။ပြီးရင်တစ်နေကုန်ခင်ဗျားသားကို​ကြည့်​ပြီးသားနှောင်းလွန်းငယ်ရေ...နှောင်းလွန်းငယ်ရေဆိုပြီးတစ်ချိန်လုံးခေါ်နေလိုက်''

Toxic Love(Complete)(Season 1)Where stories live. Discover now