Ep-11(Unicode)

13.4K 778 81
                                    

လရောင်စင်ပေါ်မှာသီချင်းဆိုနေတဲ့နှောင်းကိုသေချာကြည့်နေမိတယ်။သူ့သူငယ်ချင်းကအရမ်းပြောင်းလဲသွားတယ်။လရောင်ကြည့်နေတုန်းမှာဘဲနှောင်းကစင်ပေါ်ကဆင်းလာပြီးတော့..

"ဟေးးးးးချစ်သူငယ်ချင်းလေးHappy Birthdayပါနော်''

"အီးဟီးးးးသူတောင်းစားအခုမှလာတယ်။ငါ့ကိုဘာလို့မဆက်သွယ်တာလဲမအေဘေးလေးးးရဲ့''

"ဟားဟားးးးသူငယ်ချင်းကအခုမှပြန်လာတာအဆဲလေးနဲ့ကြိုဆိုတယ်ကွာ''

နှောင်းငိုနေတဲ့လရောင်ကိုဖက်ထားလိုက်တယ်။

"မငိုနဲ့တော့လရောင်ငါပြန်ရောက်လာပြီးးး''

"အင်းးးး''

နှောင်းလရောင်နဲ့စကားပြောနေတုန်းဘေးနားကိုကြည့်လိုက်တော့နှောင်းကိုကြည့်နေတဲ့ဉီးမျက်ဝန်းတွေနဲ့ဆုံသွားတယ်။ဉီးဘေးနားမှာသူ့ရဲ့သတို့သမီးလောင်းလည်းပါတယ်။ကြည့်ရတာအခုထိအဆင်ပြေနေတဲ့ပုံဘဲ။အေးပေါ့သူချစ်တယ်ဆိုတော့အဆင်ပြေမှာပေါ့။

"နှောင်းးလာငါနဲ့လိုက်ခဲ့ဟိုနားမှာသွားထိုင်မယ်''

"အင်းးးး''

နှောင်းတို့သွားထိုင်မဲ့ဝိုင်းကဉီးတို့ဘေးနားကနေဖြတ်သွားရတယ်။နှောင်းဉီးတို့ဘေးကနေဖြတ်ပြီးဝိုင်းမှာထိုင်တော့မဲ့အချိန်နှောင်းကိုတစ်ယောက်ယောက်ကလှမ်းခေါ်‌
တော့လှည့်ကြည့်လ်ိုက်သောဟန်နီဖြစ်နေတယ်လေ။

"နှောင်းလွန်းးးငယ်''

"အော်ဘယ်သူများလဲလို့''

"မင်းကတို့က်ိုမှတ်မိတယ်ပေါ့''

"ဒါပေါ့''

"မင်းတို့က်ိုမှတ်မိတယ်ဆိုတော့တို့ဝိုင်းမှာလာထိုင်လေ''

နှောင်းပြောတော့မဲ့အချိန်မှာလရောင်ကနေပြီးတော့

"ကျေးဇူးပါခင်ဗျားတို့နဲ့ကျွန်တော့်သူငယ်ချင်းကမထိုင်ချင်ဘူးး''

"ဟုတ်လားနှောင်းလွန်းငယ်။ဘာလဲအဆင်မပြေလို့လား''

"ဟန်နီမင်းဘာဖြစ်နေတာလဲအေးဆေးနေ''

"ကိုကိုကလဲဟန်နီကမိတ်ဆွေဟောင်းကိုခေါ်တာလေကွာ''

"မင်းးးး''

Toxic Love(Complete)(Season 1)Nơi câu chuyện tồn tại. Hãy khám phá bây giờ