Ep-1(Unicode)

31.9K 1.2K 16
                                    

ကြီးမားကျယ်ပြန့်တဲ့နှစ်ယောက်အိပ်ကုတင်လေးပေါ်မှာမိန်းကလေးတွေထက်ချောလှတဲ့ကောင်လေးတစ်ယောက်အိပ်စက်‌နေသည်။ထိုကောင်လေးရဲ့မျက်နှာဟာအလွန်ကြည်ဖွေးအုနေပြီးထိုကြည်လင်နေတဲ့မျက်နှာလေးဟာမကြာခင်မှာဘဲမျက်ခွံလေးတွေလှုပ်လာပြီးစိတ်ရှုပ်သလိုနဲ့ကျစ်လို့တစ်ချက်အော်ပြီးပြန်အိပ်သွား‌တော့သည်။ထိုအချိန်မှာဘဲ...

တီ..တီ..တီ..တီ..တီ

"အားးးးးးငါအိပ်နေတာဘယ်သူတောင်းစားကနှိုးစက်ပေးထားတာလဲ''

ထိုအော်သံကတော့ကုတင်ပေါ်ကကောင်လေးဆီကပါ။ထိုကောင်လေးရဲ့နာမည်ကနှောင်းလွန်းငယ်။နှောင်းအသက်ဟာ19နှစ်ရှိပြီး။နှောင်းကယောကျာ်းလေးတစ်ယောက်ဖြစ်ပေမဲ့မိန်းကလေးတွေထက်လှတယ်။နှောင်းရဲ့အသားအရည်ကလည်းပြောစရာမလိုလောက်အောင်ကြည်လင်နေရော။နှာခမ်းကလည်းဖူးဖူးလေးနဲ့စတော်ဘယ်ရီရောင်လေးသန်းနေသည်။။နှောင်းတက္ကသိုလ်မှာဒုတိယနှစ်စိတ်ပညာဘာသာရပ်ကိုသင်ကြားနေတယ်။နှောင်းရဲ့အရပ်က5'3''ရှိပြီးပိန်ပိန်သေးသေးခန္တာကိုယ်နဲ့လိုက်ဖက်စွာအချိုးကျသည်။။

နှောင်းညတုန်းကgameဆော့တာများပြီးမနက်သုံးနာရီမှအိပ်ဖြစ်သည်။အိပ်ပြီးမကြာသေးဘူးနှိုးစက်သံမြည်တော့စိတ်တိုပြီးအော်လိုက်မိတယ်။‌သေချာပြန်စဉ်းစားကြည့်တော့နှိုးစက်ကိုနှောင်းဘဲပေးထားတာ။ဘယ်သူတောင်းစားမှမဟုတ်ဘူး။နှိုးစက်ဆိုမှသတိရတယ်။ကျောင်းသွားဖို့ဒီနေ့အရေးကြီးတဲ့အချိန်ရှိတယ်။ဆရာမနောက်မကျဖို့ပြောထားတယ်။နှောင်းကမန်းကတန်းထကာ.....

"အောင်မလေးးးသေပါပြီး။ငါတော့နောက်ကျပြီး။စောက်gameငါမဆော့ချင်ပါဘူးဆိုနေမှမော်ဒယ်လိုငါရှေ့မှာလာလာနေတော့ငါဆော့မိပြီးပေါ့။''

နှောင်းမျက်နှာအမြန်သစ်ပြီးတာနဲ့အကျီ်အမြန်ဝတ်ကာကားသော့ဆွဲ ပြီးပြေးတော့တယ်။

"တောက်စောက်မီးပွိုင့်ကလည်းအရေးထဲမှလာနီနေတယ်။''

ring....ring...ring..

နှောင်းဖုန်းလာတော့ကြည့်လိုက်တော့ချစ်သူငယ်ချင်းလေးလရောင်။ပွားတော့မှာဘဲနောက်ကျလို့ဆိုပြီး။နှောင်းဖုန်းကိုင်ပြီးတာနဲ့ဖုန်းက်ိုနားနဲ့ဝေးဝေးထားးလိုက်တယ်။ကိုယ့်သူငယ်ချင်းအကြောင်းကိုယ်သိတယ်လေ။

Toxic Love(Complete)(Season 1)Where stories live. Discover now