Ep-14(Unicode)

13K 748 22
                                    

ထွဋ်ဒီနေ့projectတစ်ခုကြောင့်စားသောက်ဆိုင်တစ်ဆိုင်မှာရှယ်ယာရှင်တွေနဲ့ဆွေးနွေးနေရတယ်။

"ကျွန်တော်တို့ကိုဒီprojectအတွက်အခွင့်အရေးပေးလို့ကျေးဇူးတင်ပါတယ်CEOထွဋ်''

"ရပါတယ်။တစ်ခုဘဲကျွန်တော်လိုချင်တဲ့အတိုင်းအတာတစ်ခုထိရရမယ်။မဟုတ်ရင်ဒီprojectကိုဖျက်သိမ်းပစ်မယ်။''

"စိတ်ချပါCEOလိုချင်တဲ့အတိုင်းဖြစ်စေရပါမယ်''

"Ok ဒါဆိုသွားတော့မယ်''

"ဟုတ်ကဲ့''

ထွဋ်projectကိစ္စပြောပြီးတာနဲ့အပြင်ထွက်လာခဲ့တယ်။ရုတ်တရက်ဆိုင်ရဲ့ထောင့်လေးနားမှာရင်းနှီးနေတဲ့အရိပ်လေးကိုတွေ့လိုက်ရတယ်။ဟုတ်တယ်သူ့babyလေး။မျက်မှန်လေးတပ်ထားပြီးဖုန်းကြည့်နေတယ်။ချစ်ဖို့ကောင်းလိုက်တာကွာ။ထွဋ်ဒီနေ့တော့babyနဲ့စကားသွားပြောရမယ်။မဟုတ်ရင်လုံးဝစကားမပြောရဘဲနေလိမ့်မယ်။ထွဋ်babyရှိတဲ့နေရာကိုသွားပြီးbabyအရှေ့မှာရပ်ပြီးမေးလိုက်တယ်။

"ကိုယ်ထိုင်လို့ရလားbaby''

ထွဋ်ပြောလိုက်တော့မော့ကြည့်လာတဲ့မျက်နှာလေးကအရမ်းချစ်ဖို့ကောင်းလွန်းတယ်။သူဘာကြောင့်အရင်ကစောက်ရူးထမိလဲမသိ။

နှောင်းဒီနေ့အကိုခတ်ကကိုကြီးနဲ့အပြင်လိုက်သွားတော့တစ်ယောက်ထဲပျင်းလို့ဆိုင်တစ်ဆိုင်ဝင်ပြီးထောင့်နားလေးမှာဖုန်းပွတ်နေလိုက်တယ်။ရုတ်တရာက်သူဖုန်းဆော့နေတုန်းထိုင်လို့ရလားမေးတဲ့အသံကိုကြားလိုက်ရတယ်။သေချာတယ်ဒီအသံကသူတစ်သက်လုံးမေ့မနိုင်တဲ့အသံ။မော့ကြည့်လိုက်တော့နှောင်းကိုပြုံးပြနေတယ်။

"ဒီဆိုင်က ကျွန်တော်အပိုင်မဟုတ်တော့ခင်ဗျားမေးနေစရာမလိုဘူးထင်တယ်''

"ကိုယ်ထိုင်ပြီးနော်''

ထွဋ်babyနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လ်ိုက်တယ်။ထိုင်နေရင်းbabyမျက်နှာလေးကိုကြည့်မိတော့အရမ်းလှတာဘဲ။သူအရမ်းချစ်တယ်။သူကိုbabyပြန်လက်ခံဖို့ဘာလုပ်ရလုပ်ရသူလုပ်မယ်။သူပြန်ပိုင်ဆိုင်ချင်တယ်babyကို။

"နေကောင်းလားbaby''

"နေကောင်းလို့ထိုင်နေတာခင်ဗျားမျက်လုံးကမမြင်ရဘူးလား''

Toxic Love(Complete)(Season 1)Where stories live. Discover now