Ep-8(Unicode)

12.8K 702 44
                                    

လရောင်အခန်းထဲမှာရှိနေတဲ့နှောင်းကိုကြည့်ပြီးသနားမိတယ်။နှောင်းအခန်းထဲကမထွက်တာငါးရက်ရှိနေပြီး။လွန်ခဲ့တဲ့တစ်ပတ်ကလည်းသူ့လက်ကောက်ဝတ်ကိုလှီးလို့ဆေးရုံရောက်သွားခဲ့တယ်။တော်သေးသေးတာပေါ့အရောက်မြန်တာမလို့မဟုတ်ရင်နှောင်းကိုဆုံးရှုံးရမလားတောင်မသိဘူး။

ထွဋ်တစ်ယောက်babyကိုလမ်းခွဲလ်ိုက်ပြီးကတည်းကစိတ်တွေရှင်းသွားတယ်။Babyကိုတော့အားနာပါတယ်။သူချစ်မိသွားလို့မှားသွားတာ။

"ကိုက်ိုဘာတွေစဉ်းစားနေတာလဲဟင်''

"ဘာမှမစဉ်းစားပါဘူးဟန်နီလေးရဲ့''

ထွဋ်သူ့အရှေ့သူ့နှလုံးသားလေးရဲ့မေးစိကိုကြည့်ပြီးပြောလိုက်တယ်။

"ဟီးဟီးးးးချစ်လိုက်တာကိုကို့ကို''

"ဟားးးးးးပြောတတ်တယ်ကွာကိုယ့်ချစ်သူက''

မှောင်းမဲပီးတိတ်ဆိတ်နေတဲ့အခန်းလေးထဲမှာဘယ်ဖက်လက်ကောက်ဝတ်မှာပတ်တီးစည်းထားတဲ့ကောင်လေးကတိတ်ဆိတ်စွာထိုင်နေတယ်။ခနအကြာမှာတော့....

ကျွီ.......

"နှောင်းတစ်ခုခုစားပါဉီးကွာ''

"နှောင်းရယ်မင်းနဲ့ဒီပုံစံကမလိုက်ဘူးကွာ။မေ့လိုက်ပါကွာနှောင်းရာ''

"မင်းသိလား။ငါ့ကိုပါးချိုင့်လေးပေါ်အောင်ပြုံးပြ​​နေတဲ့သူ့အ​ပြုံး​​​လေးက်ိုငါချစ်တယ်။သူ့လက်ဖဝါးကြီးကြီးထဲမှာငါ့လက်လေးမြုပ်နေတာလေးကိုသဘောကျတယ်။သူ့ရင်ခွင်မှာနေပြီးသူကိုယ်သင်းရနံ့လေးကိုခိုးရှုရတာကိုသဘောကျတယ်။သူ့ပါးလေးကိုနမ်းရတာသဘောကျတယ်။သူငါ့ဆီလျှောက်လာတဲ့သူ့ခြေလှမ်းတိုင်းကိုငါချစ်တယ်။သူ့ရဲ့အရာအားလုံးကိုချစ်နေတဲ့ငါကဘယ်လိုလုပ်သူ့ကိုမေ့လ်ို့ရမလဲ''

"နှောင်းးးးရာ''

လရောင်သူ့အရှေ့ကဉီးထွဋ်ကိုဘယ်လောက်ချစ်နေလဲပြောတဲ့နှောင်းကိုကြည့်ပြီးအရမ်းသနားတာဘဲ။သူနာကျင်နေတာက်ိုဘယ်လ်ိုလုပ်ပေးရမလဲတောင်မသိတော့ဘူး။သူ့နာကျင်မှုတွေကပျောက်ပါ့တော့မလား။

"နှောင်းသူ့အချစ်ကမင်းကိုသေစေနိုင်တဲ့အဆိပ်တွေဘဲ''

"ဟင်းးဟင်းးးငါကိုယ်တိုင်ကိုကအဲ့အဆိပ်တွေက်ိုမြတ်နိုးစွာသောက်နေတာလေ''

Toxic Love(Complete)(Season 1)Where stories live. Discover now