Ep_ 9

734 37 2
                                    

{Zawgi}

"ဟယ် လို ...

" ဟယ်လို ... ^

တစ်ဖက် မှ ပြန် မဖြေ ဘဲ အကြာကြီး တိတ်ဆိတ် နေသည့်
အတွက် သူ မ ဖုန်း ချ ပစ် လိုက် သည်။

[ ဘာ လဲ ဟာ ....]

နောက် တစ်ကြိမ် ဖုန်း ပြန်ဝင် လာသည်။

[ လာ ပြန်ပြီ ..]

" ဟယ် လို "

"ဟယ်လို .. "

တစ်ဖက်ကနေ ရုတ်တရက် ဆန်စွာ ထွက် လာသည့် စကားကြောင် သူမ သတိလက်လွတ် ဖြစ် သွား ရ သည်။

" ကိုယ် မင်း ကို လွမ်း လို့ ..."

တဲ့။

" ခွမ်း ! "

ရနံ့ လက်ထဲ ကိုင်ထား သည့် လက်ဖက်ပန်းကန်က
ကြမ်းပေါ် အရှိန်ပြင်းပြင်း ပြုတ်ကျ သွား ခဲ့ သည်။ သူမ
တစ်ချိန် လုံး လွမ်းနေ ခဲ့ ရသည့် လူ...။သူမ ရင် ထဲ ဘယ်
လောက်တောင် ခံစား ချက်တွေမြိုသိပ် သိမ်းဆည်း ထား ရမှန်း မသိဘူး။မျက်ရည် များ က အတားအဆီး မဲ့ စွာ စီးကျ လာ သည်။

" သမီး ငယ် "

" ဘာ ဖြစ် တာ လဲ "

အသံကြောင့် ဖေဖေ ရော မေမေပါ အပေါ်ထပ် တက် လာ
သည်။ သူမ မျက်ရည် တွေကို ကမန်းကတန်း သုတ်ပစ်
လိုက် သည်။မျက်ရည် တွေ မြင် ရင် ဖေဖေ နဲ့ မေမေ ရဲ့
မေးခွန်း ပေါင်းများစွာ က သူမ ဖြေ ရတော့ မှာ ဖြစ် သည်။
လောလော ဆယ် သူမ မှာ အဲ့မေးခွန်းတွေ ကို ပြန်ဖြေ နိုင်
စွမ်း ရှိမှာ မဟုတ်ဘူး။

" ဘာ မဖြစ် ဘူး မေမေ
သမီး လက် ချော် ကျ သွား လို့
အ ဟီး ..."

" အေး အေး ဘာ မဖြစ်ဘူး ဆို လည်း
ပြီး တာ ပါ ပဲ "

ဖေဖေ နဲ့ မေမေ က သူမ စကား ယုံ သွား ပုံ ရသည်။
ဒီအတိုင်း ပြန်ဆင်း သွား ကြသည်။
သူ ကျကွဲ သံကြား လိုက် ရသည်။ နောက် တစ်ဆက်တည်း
စကား ပြော သံ တွေ ပါ ကြား နေ ရသည်။

"ဟယ်လို
ရနံ့ မင်း အဆင်ပြေ လား
ဘာတွေ ဖြစ် နေတာ လဲ "

"ဟယ်လို..
ရနံ့ ..

"ဟယ်လို..
ရနံ့ ..."

" ဟယ် လို ...
..
..
...
..
သူမ လက်ဖက် ပန်းကန်ကို အမှိုက်ပုံး ထဲ ထည့် ပြီး
အိပ်ခန်း ထဲ ဒူးနှစ်လုံး ပိုက်ကာ ထိုင်နေမိသည်။
သူမ ရှေ့မှ ဖုန်း screen က နေ စက္ကန့်တွေ
တစ်ခု ပြီး တစ်ခု counting လုပ်နေပေမယ့် သူမ
ကိုင်ဖို့ စိတ်ကူး မရှိဘူး။ ( ဖုန်း ကိုင်ပြီး ဒီအတိုင်း နား မထောင် ဘဲ ထိုင်ကြည့် နေတာ )
ထို့နောက် မိနစ် အနည်း ငယ်
ကြာသည့် အခါ ဖုန်းချ လိုက် သည်။ မှောင်မည်းနေသည့်
screen တွင် နောက်ထပ် ခေါ်ဆို သည့် ဖုန်း call
တွေ တစ်ခု ပြီး တစ်ခု ဝင် နေ ခဲ့ ပေမယ့် သူမ မကိုင်ပေ။

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Where stories live. Discover now