Ep_ 4

991 48 0
                                    

{Zawgi}

ဒီနေ့    မနက် ကနေ ညနေ အထိ မိုး အဆက်မပြတ်ရွာနေ
ခဲ့ သည်။မန္တလေး ရဲ့ ရာသီဥတု နဲ့ ကချင် ရဲ့ ရာသီ ဥတု
က အတော်လေး ကွာ သည်။ လုံးဝ ဆန့်ကျင်ဘက် နီးပါး
ကွာ သည်။မိုးရာသီတစ်လျှောက် မန်းလေး က မိုးကျ တတ်
ပေမယ့် ကချင် ရဲ့ မိုးကျ နှုန်း ကို ဘယ်လို မှ မမီ ပေ။
ဒီမှာ တစ်ပတ်ကို ၅ ရက်နှုန်း မိုးရွာ တတ်သည်။ မိုးဖွဲ ရာ က
နေ လမ်းတွေ ရေမြှုပ် တဲ့ အထိ များ တတ် သည်။
ဒီနေ့ ကျောင်း ပိတ် ရက် ဖြစ် သည့် အားလျော်စွာ သူမ နဲ့
နန္ဒာ နှစ်ယောက် လုံး  မနက်စာ စား ပြီး ကော်ဖီ တစ်ခွက်စီ
ဖျော်ကာ အိမ်ရှေ့ဝရံတာ ထွက်ကာ တောင်ငေး မြောက်ငေး
နေကြ သည်။

" အား !
ကော်ဖီ တစ်ခွက်
ဝတ္ထု တစ်အုပ် နဲ့ နှပ်နေရတဲ့
အရသာ က လုံးဝ လောကစည်းစိမ်
ပဲ "

" ဟုတ်တယ် နော် ရနံ့
ဒီနေ့ သာ ကျောင်းဖွင့် ရက် ဖြစ်နေရင်
ငါတို့ အတွက် နှမြောစရာ ပဲ "

"အွန်း
ဒီနေ့တော့ ဒေါ်သင်းရနံ့တို့
အပျင်းတစ် ရချည်သေး ရဲ့ "

နန္ဒာနှင့် သူမ က ရွာက ဆရာမ များ အတွက် ဆောက်ပေး
ထား သည့် အိမ်မှာ နေကြတာ ဖြစ် သည်။ သွပ်မိုး ၊ ထရံကာ
ခြေတံသိပ်မရှည် သည့် တစ်ထပ် အိမ် လေး ဖြစ် သည်။
အရမ်း မကြီးကျယ် ပေမယ့် အတော်လေး မျက်စိအေးစေ
သည့် အိမ် လေး ဖြစ် သည်။အစကနန္ဒာ တစ်ယောက်တည်း
ဖြစ် ပေမယ့် အခု သူမ ပါ ရောက်လာ သည့် အတွက် အိမ်
ေ လး မှာ ပိုပြီး အသက် ဝင် လာ လေ သည်။
မနက် မိုးလင်းကတည်း က တစ်သုတ်ပြီး
တစ်သုတ် ရွာ နေ သည့် မိုး က ညနေ နေ ကျ ခါနီး မှပင်
တိတ် တော့ သည်။ မိုးရွာပြီး စ မို့ ထင်ပါသည်။ ထွက်လာ
သည့် နေရောင်က စူးရဲ လွန်း သည်။
ရုတ်တရက် ကြည်လင် သွား သည့် ကောင်းကင် ပြာပြာ
နောက်ခံ ပြီး သူမ ပါးစပ် ဟ သွား ရသည့် အထိ အရမ်း
လှ သည့် မြင်ကွင်း ကို မြင် လိုက် ရသည်။
၅ ထစ် ၆ထစ် သာ ရှိမည့် သစ်သား လှေကား ပေါ် က နေ
သူမ ပြေး ဆင်း လာ မိ သည်။

" လှ လိုက် တာ "

တောင်တန်း ညို့ညို့ ကြီးကို အပေါ် မှာ သက်တန့်
ရောင်စုံ နှစ်စင်း လှလှပပ ပေါ် နေ ခဲ့ သည်။
တောင်ခြေ တစ်လျှောက် လယ်ကွင်း များ က စိမ်းစိုကာ ကတ္တီပါကောဇောခင်းထား သည့် အလား မှတ် ရသည်။လယ်ကွက် တွေ ပတ်ချာ ဝိုင်းနေသည့် အင်းရေပြင်မှာ လည်း နေရောင် အောက် မှာ ငွေရောင် တောက် ကာ ပုံမှန် ထက် ပိုပြီး အလှသွေး ကြွယ် နေခဲ့ သည်။ နေ့စဉ် မြင်တွေ့ နေကျ ဖြစ် ပေမယ့် ဒီနေ့ မြင် ရသည့် မြင်ကွင်းက တကယ်
အရမ်းလက်ရာ မြောက်သည့် အနုပညာ လက်ရာ တစ်ခု နှယ်။ လုံးဝ ပြီးပြည့် စုံ လွန်း သည်။
သူမ ခြံစည်းရိုး ကို ကိုင်ကာ ငေးမော နေမိ သည်။
မန်းလေး မှာ သက်တန့် မရှိတာ မဟုတ် ပါဘူး။ ရှိပါသည်။
ဒါပေမယ့် အစမှတ်ကနေ အဆုံး မှတ် ထိ ရှည်လျား လှပ
သည့် သက်တန့် ကို သူမ တကယ် မမြင်ဖူး ခဲ့ ပေ။

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Where stories live. Discover now