Ep_ 2

1.5K 65 0
                                    

{Zawgi}

" အစ်ကို  ခြင်ကိုက်ရင် လိမ်းလို့ ရတဲ့ cream ရှိ လား "

"cream က ကုန်နေတယ် ညီမ
spray တော့ ရှိတယ်
ယူမလား "

"အွန်း ယူမယ်
ဘယ်လောက် လဲ "

"၁၈၀၀ ညီမ "

" ဒါနဲ့ spray က တစ်ခါ မှ မသုံးဖူး တော့
ဘယ်လို သုံး ရလဲ "

" လွယ်ပါတယ်
လက်ဖဝါးထဲ ထည့် ပြီး မျက်နှာတို့ လည်ပင်းတို့ကို
ပွတ်ပေးရုံ ပဲ
မျက်နှာနဲ့နား ကို တိုက်ရိုက် ဖျန်းတာမျိုးတော့
မလုပ် ရဘူး "

"ဟုတ် အ စ်ကို ကျေးဇူး နော် "

လိုအပ်သည့် ပစ္စည်းတွေ ဝယ်ခြမ်း ပြီးသည့် အခါ သူမ
စိတ်ကျေနပ်စွာ ပြန်လာခဲ့ သည်။ပူပြင်းခြောက်သွေ့ သည့်
မန္တလေးလို အရပ်မှာ ကြီး လာသည့် သူမ အဖို့ ကချင်မြေ
က အေးစိမ့် လွန်း သည်။ နေရောင်ပျောက် သွား ပြီဆို
တာ နဲ့ ခြင်အကောင်ကြီးကြီး တွေ ကို တွေ့ ရတော့ မှာ
ဖြစ် သည်။ ဒါက သူမ အတွက် မသက် မသာ ဖြစ်စေ သည်။

"အား !!
ကြက်သီးဖျန်း တယ်
ကြောက်စရာကြီး "

သူမ ခြင်ကျား အကြီးကြီးတွေကို တွေ့ပြီးသည့် နောက်
မနက်မှာ ပင် ခြင်ဆေးဝယ်ဖို့ သူငယ်ချင်း ဖြစ်သူ နန္ဒာကို
ပူဆာ ရတော့ သည်။ တကယ် ဒီခြင်တွေ သာ သူမ ကို
နေ့တိုင်း ကိုက်ခဲ နေရင် သူမ ခြေလက်အကုန် အဖု အပိတ်
တွေ ထ ကုန်တော့မည်။ဒီ ကုန်စုံ ဆိုင် က .........
သူမ လိုချင်သည့် ပစ္စည်း အတော်များများ အလွယ်တကူ
ရသည့် အတွက် မကြာ ခဏ ဆိုသလို အဲ့ကုန်စုံ ဆိုင်ကို
သူမ သွား ဖြစ် သည်။သူမ သွား လွန်း သည့် အတွက်
နန္ဒာ က တစ်ခါ တစ်လေ မထိ တထိ စ တတ် ပါ သည်။

"ယောင်းမ နော်
ဟို ကုန်စုံ ဆိုင် ကို အ ရမ်း သွားနေ သလို ပဲ နော်
တော်ကြာ ဆိုင်ရှင် အစ်ကိုကြီး ကို ကြိုက်သွားရင်
ကျွန်မမောင် ကျန်ရစ် ဖြစ် နေတော့မယ် "

" နန္ဒာ က လုပ်ပြီ
ဒီအတိုင်း လို ချင်တဲ့ ပစ္စည်းလေးတွေ စုံ
လို့ သွား တာ ပါ ရှင် "

" မသိ ပါဘူး
ဆိုင်ရှင် အစ်ကို ကြီး ကို ကြိုက်လို့
များ ခဏ ခဏ သွားနေတာလား
လို့ ပါ "

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Where stories live. Discover now