Extra

1.6K 69 8
                                    


{Zawgi}

" ဝေါ့ !

" ရနံ့  ဘာ နံ့ကြီး လဲ "

"အာ အစ်ကိုကြိုက်တဲ့ ငါးခူချက်ထား
တာ လေ နံနံပင် ပါ အုပ်ထား တော့
မွှေး နေတာ ပဲ "

မီးဖို ထဲ ဝင်ကာ နှာခေါင်း ရှုံ့ နေသည့် မင်းသုတ
ကြောင့် ရနံ့ မှာ ဘဝင်မကျ ချင်။အစ်ကို က ဘာ ဖြစ်
နေတာ လဲ ။

" မှန်စမ်း  အစ်ကို က နေမကောင်း ဖြစ်နေတာလား "

ရနံ့ အစ်ကို့ နဖူးကို လှမ်းစမ်းပေမယ့် ကိုယ်ပူ ချိန် လည်း
အတော်ပါ ပဲ။

" ကိုယ် လည်း မပူ ပါ ဘူး
အစ်ကို ဘာ ဖြစ် နေတာ လဲ "

" မသိဘူး ရနံ့ရာ
နိုး လာ ကတည်းက ခေါင်းက
နောက်နေ တာ "

" ဟုတ်ပြီ ဟုတ်ပြီ
အိပ်ရာ ထဲ ပဲ သွား လဲ နေ
ချည် ရနံ့ အစ်ကို့ အတွက်
ဆန်ပြုတ် ပြုတ်ပေးမယ် "

အမှန်တော့ ရနံ့ သံပုရာ တိုက်ချင် သည်။ ဒါပေမယ့်
တစ်နေ့တာ ရဲ့ ပထမဆုံး အစာ က အချဉ်ဆို အစ်ကို
ပိုပြီး မအီမသာ ဖြစ် သွား နိုင်သည်။ ထို့ကြောင့်
ခနော တစ်ထုပ်ဖောက်ကာ ဆန်ပြုတ် တစ်ခွက် ကြိုရသည်။
ကြည့် ရတာ ဒီနေ့ အစ်ကို ဆိုင်ထိုင်နိုင်မည် မထင် ပေ။
သို့နှင့်..

" မအိ ရေ
ဒီနေ့ အစ်ကို ကနေမကောင်း
ဖြစ် နေတာ ဆိုင်ထိုင်နိုင်မယ်
မထင် ဘူး
အာ့ ကြောင့် ပစ္စည်းတွေ ရောက်ရင်
ကျွန်မ ကို ပြောပါ ဦး "

" အာ
ဟုတ် ဆရာမ
ပစ္စည်းတွေ ရောက် ရင်
ကျွန်မ လာ ပြော ပါ့မယ် "

ဒီနေ့ ကျောင်းပိတ်ရက် ဖြစ်လို့ တော်သေး သည်။
နို့မို့ ဆို ရနံ့ က အစ်ကို့ ကို စိတ်ပူ နေ ရတော့မည်။
မင်းသုတ ဆန်ပြုတ် သောက်ပြီးသည့် အချိန် နည်းနည်း
သက်သာ လာ သည်။လူ လည်း သိပ်မမူး တော့ သည့် အတွက် ကုတင်ခေါင်းရင်း မှီ ရင်း မနေ့က
လက်စ မသတ်ရသေး သည့် စာရင်း များ စစ် နေ လိုက် သည်။
ရနံ့ထမင်းဟင်း ချက်ပြီးသည့် အချိန် အစ်ကို က
စားရင်စာ အုပ် နဲ့ အလုပ် ရှုပ် နေတာ တွေ့ ရလေ သည်။

" ဟွန်း!
အစ်ကို ရယ် နေမကောင်းနေတဲ့ ကိစ္စ
ဘာလို့ အာရုံစိုက်စရာ တွေ လုပ် နေရ
တာ လဲ "

အိမ်ပြန်ချိန် / အိမ်ပြန်ချိန် [ Completed ]Where stories live. Discover now