Unicode
ဂျောင်ကုတယောက် သူ့အမေနဲ့ ပြောစရာရှိတာတွေပြောပြီးတဲ့အချိန်မှာ သူနဲ့ဂျီမင်ရဲ့ အခန်းထဲကို ဝင်လာတယ် ပြီးတော့ ဂျီမင်ရဲ့မျက်နှာလေးကို စိုက်ကြည့်ပြီးတော့ တီးတိုးစွာ ရေရွတ်နေမိတယ်
"ဘာမှမဆိုးထားပဲနဲ့တောင် နီရဲနေတတ်တဲ့နှုတ်ခမ်းကလေးက အခုတော့ ကိုယ့်ကြောင့် ဖြူဖတ်ဖြူလျော်ဖြစ်နေရပြီ အကုန်ကိုယ့်အမှားတွေပါ ကလေးရယ် ကိုယ်မှားခဲ့တာ ကိုယ်အထင်တွေလွဲပြီး ကလေးကို နှိပ်စက်ခဲ့တာ ကိုယ်သာ အခုလိုမလုပ်ခဲ့ရင် ကလေးအခုလိုဖြစ်ရမှာ မဟုတ်ဘူး ကိုယ်မှားတာပါ ကလေးရယ်"
"မောင်"
"ဟင် ကလေးနိုးလာပြီလား ခေါင်းရော ကိုက်နေသေးလား နေရတာ ဘယ်လိုနေသေးလဲ"
"ဖြေးဖြေးမေးပါ မောင်ရယ် မင်ဘာမှမဖြစ်ဘူး"
"မောင့်ကြောင့်ပါ မင်အခုလိုဖြစ်ရတာ"
"မောင့်ကြောင့်မဟုတ်ပါဘူး မောင့်ကိုမောင်အပြစ်မတင်ပါနဲ့နော်"
"အင်းပါ မင်ရယ်"
"မောင်အခုငိုနေတာလား မောင်ကလည်းကလေးလေးကျနေတာပဲ"
"မင်ကလည်း"
"တကယ်ကလေးလေးလိုဖြစ်နေလို့ပြောတာလေ"
"မင့်ကို မောင်တောင်းပန်ပါတယ်နော် မင့်ကိုစိတ်ဆင်းရဲအောင်လုပ်ခဲ့မိလို့"
"ဟင့်အင်း အရင်ကအကြောင်းတွေပြန်မပြောရအောင် မောင်ဘယ်လိုတွေပဲလုပ်ခဲ့လုပ်ခဲ့ မင်ကမောင့်ကိုဘယ်လိုဖြစ်ဖြစ် ချစ်နေမှာ အဲ့တာကြောင့် စိတ်မဆင်းရဲတော့နော် မောင်"
"အင်း အခုကစပြီး မောင်က မင့်ကို ပိုတိုးပြီးချစ်ပေးမှာ"
"မင်ကလည်း မောင့်ကိုအများကြီးချစ်တယ်"
နှစ်ယောက်သား အပြန်အလှန်စကားတွေပြောပြီးတော့ တယောက်ကိုတယောက် တင်းနေအောင်အပြန်အလှန်ထွေးဖက်ထားကြတယ်
မင့်ကို အခုလိုကြင်ကြင်နာနာပြန်ဆက်ဆံပေးတဲ့အတွက် မောင့်ကို မင်ကျေးဇူးအများကြီးတင်ပါတယ် မင့်ကိုထွေးပွေ့ပေးထားတဲ့ မောင့်ရဲ့လက်တစုံ မောင့်ရဲ့ရင်ခွင်ကျယ်ကြီးက မင့်အတွက်တော့ နွေးထွေးတယ် မင့်တဘဝလုံးစာအတွက် မောင့်ကို ရွေးချယ်မိတာ မင်အရမ်းမှန်တယ် အရမ်းချစ်တယ် မောင်
YOU ARE READING
မောင်
FanfictionJIKOOK 🐥🐰 စာရေးဆရာမလမင်းမိုမို၏ 'မောင်'ဝတ္ထုအား မှီငြမ်းရေးသားထားခြင်းဖြစ်ပါသည်