𝑃𝑎𝑟𝑡-5🌷

2.2K 216 0
                                    

Unicode

လာရင်းနဲ့ လမ်းတဝက်လောက်ရောက်တော့ သူကကျွန်တော့်ကိုမေးလာတယ်

"မင် အဲ့တာ မင့်ကိုကြိုက်နေတဲ့စီနီယာအကိုကြီးဆိုတာလား"

"ဟုတ်တယ် ဂျွန် အဲ့တယောက်"

"မင်ကရော သူ့ဘက်ကိုစိတ်ပါနေတာလား"

"မဟုတ်ပါဘူး"

"မသိပါဘူး မင်ကပြုံးဖြီးနေလို့လေ"

"မင်ချစ်တာ သူမဟုတ်ဘူး မင်ချစ်တာ တခြားတယောက်"

"မင့်မှာချစ်ရတဲ့သူရှိတယ်ပေါ့"

"ရှိတာပေါ့"

"ဘယ်သူလဲ သူက"

"ပြောပြရမှာလား"

"ပြောပြ ဟာ တော်ပြီ တော်ပြီ မပြောနဲ့တော့"

"ဒီကပြောပြချင်လို့ပါဆို"

"ကဲ ပြော"

"သူက မင့်ထက်အသက်ကြီးတယ်တဲ့ ပြီးတော့ လျှို့ဝှက်တတ်တယ်တဲ့ ဘာမှမသိတဲ့ လူရိုးကြီးတယောက် သူနေတဲ့နေရာကိုလည်းမပြောဘူး သူကသဝန်ခနခနတိုတတ်တာ ပုံစံကြီးကBad boy typeကြီးနဲ့"

"မင် အဲ့တာဘယ်သူကြီးလဲ"

"ဪ ဒီလောက်ထိအရိပ်အမြွက်ပြောနေတာတောင်သူမသိဘူး အဲ့တာ ဂျွန်ဆိုတဲ့ခင်ဗျားကြီး"

"တကယ် အဲ့တာဆို ဒါ ကလေးကိုယ့်ကို အဖြေပေးတာပေါ့နော်"

"ဟုတ်တာပေါ့ လူဆိုးကြီးရဲ့ သူ့ကို အဖြေပေးနေလို့ပေးနေမှန်းလည်းမသိဘူး လဒူကြီး"

"မသိဘူးလေ မင်က ဘယ်သူ့ကိုပြောနေမှန်းမသိတော့ ကိုယ်ကစဉ်းစားနေတာပေါ့လို့ မင် သိလား ကိုယ်ဒီနေ့အပျော်ဆုံးပဲ"

"ဟင်း အပိုတွေ အရင်ကရည်းစားတွေထားခဲ့ဖူးမှာပဲများ"

"ဒီက ချစ်သူအသစ်စက်စက်လေး မင်ကိုတော့ ကိုယ်က တဘဝလုံးနဲ့ရင်းပြီးချစ်တာ စိတ်ချ"

"ပြောတာပဲ လာ အိမ်ပြန်မယ်"

"မင့်စိတ်တိုင်းကျပါပဲခင်ဗျ"

ညနေခင်းလေးက ဒီနေ့ကျမှပိုပြီးလှနေသလိုလို ကျွန်တော်တို့နှစ်ယောက်ရဲ့လက်တွေကိုလည်း အချင်းချင်းလွတ်ထွက်သွားမှာစိုးလို့ ဆုပ်ကိုင်ထားကြတာ အားရပါးရ ဒီနေ့လိုပဲ အမြဲတမ်းပျော်နေချင်တော့တယ်

မောင်Onde as histórias ganham vida. Descobre agora