𝑃𝑎𝑟𝑡 1🌷

4.6K 292 0
                                    

Unicode

ကျွန်တော့်နာမည်က Jimin
ကျွန်တော်ဟာ မွေးကတည်းက မိဘတွေဆုံးပါးသွားတဲ့အတွက် အဒေါ်နဲ့သာ နေထိုင်ခဲ့တယ် အခု ကွန်ပျူတာတက္ကသိုလ်ကိုတက်နေတဲ့ကျောင်းသားတယောက်
ကျွန်တော်တို့အိမ်စီးပွားရေးက အရမ်းကြီးချမ်းသာတာမျိုးမဟုတ်ဘူး စားဝတ်နေရေးပြေလည်ရုံလောက်လေးသာ
အဒေါ်က အအေးဆိုင်ဖွင့်ထားတယ် အဒေါ်ရဲ့ ဆိုင်ဘေးလေးမှာ ကျွန်တော်က စာအုပ်ငှားတဲ့ဆိုင်လေးဖွင့်ထားတယ်
ကျွန်တော်က မနက်ပိုင်းဆို ကျောင်းသွားတယ် ညနေပိုင်းပြန်လာတဲ့အချိန်လေးမှာ ခဏတဖြုတ်လောက်စာအုပ်ဆိုင်ဖွင့်တယ် ည‌နေစောင်းတဲ့အခါ အဒေါ်နဲ့တူတူဆိုင်ပိတ်ပြီး အိမ်ပြန်တယ် ဒါကကျွန်တော့်ရဲ့ နေ့စဉ်ဖြတ်သန်းမိတဲ့ ဘဝလေး

အတော်အသင့်သာယာနေတဲ့ ကျွန်တော့်ရဲ့ဘဝထဲကို ကျွန်တော်ဖိတ်ခေါ်ခြင်းအလျဉ်းမရှိခဲ့ပါပဲ ဝင်ရောက်လာခဲ့ပြီး ကျွန်တော့်နှလုံးသားကို သူ့ကို တွေ့တိုင်းရင်ခုန်ဖို့အတွက် သူအလုပ်ပေးခဲ့တယ် ပြီးတော့ ကျွန်တော့်ဘက်က နှင်ထုတ်ခြင်းမရှိခဲ့ပါဘဲ သူဟာ နောက်လှည့်ကျောခိုင်းပြီးထွက်ခွာသွားခဲ့တယ်

*မောင် မောင်နဲ့ မင်က နေရာစုံကို အတူတူလျှောက်မလည်ခဲ့ကြဖူးဘူးနော် ဒါပေမယ့်လေ မင်ဘယ်နေရာကိုသွားသွား နေရာတိုင်းမှာ မောင့်ကိုပဲမြင်ယောင်နေမိတာ ဘာဖြစ်လို့ပါလိမ့် မောင်ဟာ မင့်ဘဝကို အပိုင်စိုးထားသူ အခုဆို မောင် မင့်ဘဝထဲက အကြောင်းအရင်းမရှိပဲ ထွက်ခွာခဲ့တာ အခုဆို ရက်ပေါင်း250ရှိခဲ့ပြီ မောင့်ကို အဖြေပြန်ပေးလိုက်တဲ့နေ့တုန်းကဆို မင့်သူငယ်ချင်းတွေက မောင့်လိုလူကို အဖြေပြန်ပေးရကောင်းလားဆိုပြီး မင့်ကို ဝိုင်းပြီးပြောကြတယ် ဒါပေမယ့် မင်တွေဝေတာ လုံးဝမရှိခဲ့ဘူး ဘာလို့လဲဆိုတော့ မင်ဟာ မောင့်ကိုရွေးခဲ့တာ မင့်ဘဝအတွက် အမှားမရှိဘူးဆိုတာ မင်လုံးဝယုံကြည်တယ် မင် မောင့်လက်ကိုပဲ အမြဲတမ်းတွဲထားမှာ မောင်နဲ့သာရှိရင် မင်ပျော်ပါတယ် မောင်ရယ် မောင်သာ မင့်ဘေးကို ပြန်လာခဲ့ပေးပါ*

မောင်ပြောနေကျစကားလေးတခွန်းရှိတယ်

"ဘယ်လိုအခြေအနေတွေမှာပဲဖြစ်နေပါစေ မောင် မင့်ကို ဘယ်တော့မှထားမသွားဘူးတဲ့"

မောင်Where stories live. Discover now