𝑃𝑎𝑟𝑡 3

2.4K 223 0
                                    

Unicode

မောင့်ကို မင်နဲ့ပတ်သတ်ပြီး အကုန်ပြောပြခဲ့ပေမယ့် မောင်ကတော့ မောင့်အကြောင်းကို တလုံးမှမပြောခဲ့ဘူး ဒါပေမယ့် မောင့်ကို မင်အပြစ်မဆိုချင်
                                _မောင်_

ဒီလိုနဲ့ မင်တို့တက္ကသိုလ်တွေပြန်ဖွင့်ပြီ အရင်လိုမောင့်ကို တရက်လုံးမတွေ့ရတော့ဘူး နေ့တဝက်ပဲတွေ့ရတော့တယ် ကျောင်းမှာ မောင့်ကိုလွမ်းနေမိတယ်ဆိုတာ ပြောရင် မင်အပိုလုပ်တယ်ကျမလား

မင် မင့်သူငယ်ချင်းတွေကို မောင့်အကြောင်းပြောပြမိတယ် သူတို့ကလေ မောင့်ကိုပြောတယ် မောင်က အရမ်းလျှို့ဝှက်တတ်တယ်တဲ့ ဘာလို့သူ့‌လိပ်စာတွေရော နာမည်တွေရောကို မပြောပြတာလဲတဲ့ မောင့်ကိုစွဲလမ်းနေမိသူအဖို့ မင် မောင့်ကို အပြစ်မတင်ရက်ပါဘူး

(မင့်ရဲ့သူငယ်ချင်းနှစ်ယောက်-Taehyung & Hoseok)
(မင့်ကိုကြိုက်နေတဲ့ ကျောင်းကစီနီယာအကိုကြီး-Yoongi)

Tae
"ဂျီမင် မင်းပြောပြောနေတဲ့ Jeonဆိုတဲ့တယောက်နဲ့ ငါတို့ကိုမိတ်ဆက်ပေးဦး‌လေကွာ ငါတို့လည်း သူငယ်ချင်းတိုးတာပေါ့"

Hoseok
"အေးလေ မင်းကလည်း ငါတို့ကိုကျ မမိတ်ဆက်ပေးဘူး ဘာလဲ မင်းကလျှိုချင်တာလား"

Jimin
"မဟုတ်ပါဘူးကွ မိတ်ဆက်ပေးပါ့မယ် ညနေကျ သူငါ့ကိုလာကြိုမယ်ပြောတယ်"

Tae
"Wow မင်းတို့က အဲ့လိုကျောင်းလာကြိုတဲ့အဆင့်ထိတောင်ရောက်ကုန်ကြပြီလား"

Jimin
"ဟာ မင်းတို့ကလည်း"

ကျွန်တော်လည်းရှက်ရှက်နဲ့ သူတို့ဘေးကနေ ထွက်လာခဲ့တယ် အင်းပေါ့ ကျွန်တော်က ဒီလောက်ဖြစ်ပျက်နေတာ သူတို့လည်း နားလည်လောက်ရောပေါ့

ညနေကျောင်းဆင်းတော့ ကျွန်တော် သူ့ကိုမျှော်နေမိတယ် သူတော်တော်နဲ့ပေါ်မလာဘူး ကျွန်တော့်စိတ်ထဲကလွမ်းမိတယ်လို့ဆိုရမလား

Tae
"ဟေ့ကောင် မင်းလူကြီးက ရောက်မလာသေးပါလား"

Jimin
"သူလည်းမအားလို့နေမှာပါကွာ လာ ပြန်ကြရအောင်"

Vope
"အေး အေး"

ကျွန်တော်တို့အိမ်ပြန်လို့ လမ်းတဝက်လောက်ရောက်ခါနီးမှ သူဟာ ကျွန်တော့်မျက်စိရှေ့ကို ဘွားခနဲပေါ်လာတယ်

မောင်Where stories live. Discover now