Part.8

2.3K 131 5
                                    


အဖြူရောင်လိုက်ကာလေးကို ဖြတ်ကျော်ကာ ဝင်ရောက်လာသော နေရောင်ခြည်သည် မျက်နှာပေါ်သို့ ခပ်နွေးနွေးကျရောက်နေခဲ့သည် ။
ခပ်စူးစူးကျရောက်နေသော အလင်းရောင်ကြောင့် မျက်လုံးများကို ဖွင့်လိုက်စဉ် အဖြူရောင်များဖြင့်သာ ဖန်တီးထားသော အခန်းလေးဟာ တိတ်ဆိတ်စွာဘဲ ကြိုဆိုနေသည် ။
တိတ်ဆိတ်ခြင်းနဲ့သာ နေသားကျခဲ့သည့်တိုင်အောင် နံနက်ခင်းကျေးငှက်လေးတို့ကပါ ကျနော့်အတွက် တီးတိုးအော်မြည်ပေးခြင်းမရှိခဲ့ပေ ။
ဘဝဟာ ခြောက်ကပ်လွန်းတာထက် ပို၍ခြောက်ကပ်လှသည် ။

ကျနော့်ရဲ့တစ်နေ့ဝာာဟာ သာမာန်လူတစ်ယောက်ရဲ့ တစ်နေ့တာနဲ့ ပုံစံတူသော်လည်း
သတ်မှတ်ထားတဲ့ဘောင်တစ်ခုထဲမှာသာ ...
လစဉ်လတိုင်း နေ့စဉ်နေ့တိုင်း ဖြတ်သန်းခဲ့ရတဲ့အချိန်တွေဟာ ပုံစံတူ ၊ နေရာတူ ၊ အခြေအနေအတူတူချည်းသာ ..
ဘာတစ်ခုမှ ချော်ထွက်လွဲသွားခဲ့ခြင်း မရှိခဲ့ပေ ။

ဘေစင်မှတစ်ဆင့် မြင်နေရသော မျက်နှာကို အလိုမကျစွာ စိုက်ကြည့်နေမိသည် ။
လူသားတစ်ဦးဖြစ်သည့်တိုင်အောင် ရယ်ခြင်း ပြုံးခြင်း ပျော်ရွှင်ခြင်းမရှိသော ဒီလူဟာ ဘာကြောင့်များ ရှင်သန်နေရတာလဲ ..
ဘာအတွက်ကြောင့်နဲ့များ မွေးဖွားလာရတာလဲ ။
ကိုယ့်မျက်နှာကိုယ် ပြန်မကြည့်ချင်တော့လောက်အောင် သက်ပြင်းအရှည်ကြီးချကာ မျက်နှာသစ်ခြင်းအမှုကိုသာ အာရုံစိုက်လိုက်တော့သည် ။

လှေကားများကို နင်းဖြတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်ပြီး Dining roomထဲသို့ ဦးတည်လျှောက်လှမ်းနေသော ခြေလှမ်းများဟာ အပေါက်ဝမှာတင် ရပ်တန့်သွားခဲ့ရသည် ။

အေးဆေးစွာ နံနက်စာစားနေသော မကို မြင်လိုက်ရချိန် တပြိုင်တည်း ကျနော့်စိတ်ထဲတွင် စိုးရိမ်မှုတွေစိုးမိုးသွားခဲ့သည် ။
ကျနော့်ကြောင့် နံနက်စာအစားပျက်သွားမှာ
ကျနော့်ကြောင့် နံနက်စောစောမှာ မ စိတ်ရှုပ်သွားမှာစိုးတဲ့ စိတ်နဲ့ ခြေလှမ်းများကို နောက်ပြန်ဆုတ်ရန်သာ ပြင်လိုက်သည် ။

" အဲ့တာဘယ်လဲ .. နံနက်စာစားဖို့ ဆင်းလာတာမဟုတ်ဘူးလား "

နောက်ကျောဘက်မှ ထွက်ပေါ်လာသော တည်ငြိမ်ပြတ်သားတဲ့ မရဲ့လေသံကြောင့် ဟန်ပြင်နေတဲ့ ခြေလှမ်းတွေပါ တွန့်ဆုတ်သွားခဲ့ရသည် ။

ကျနော်ချစ်သော ထိုအမျိုးသမီးWhere stories live. Discover now