kyalpan
တစ်ခါတစ်လေ ရောဂါဖြစ်နေတဲ့သူလို ဆေးရုံကုတင်မှာ အကြာကြီး လှဲချင်မိတယ်။ 
          	ဒါဆို ငါ့မိဘတွေကလည်း ဂရုစိုက်မယ်။
          	အိမ်အလုပ်တွေ တလွဲတချော်လုပ်မိရင်လည်း
          	အဆူအပြော မခံရတော့ဘူး။ 
          	ငါ့ကို ပယ်ထားတဲ့ သူတွေလည်း ဟန်ဆောင်ပြီးတော့ပဲ ဖြစ်ဖြစ် ငါ့ဆီ လာကြလိမ့်မယ် ။
          	ငါ ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေသလို ခံစားရတယ်
          	ယုံကြည်မှုလည်းမရှိ ပန်းတိုင်မရှိ ဖြစ်ချင်တာတွေရှိပေမယ့် ဖြစ်သင့်တာတွေကို ရွေးချယ်နေရတယ်။
          	အလိမ္မာဆုံး အတော်ဆုံးဖြစ်အောင် ကြိုးစားခဲ့ပေမယ့် ငါပြန်ရလိုက်တာက စိတ်မပါတဲ့ နေရာကြီးမှာ ထွက်လမ်းမဲ့နေတာကိုပဲ ။
          	မိန်းကလေး ပီပီ လှချင်တာ အပြစ်လို့ ယူဆတဲ့ မိသားစုအသိုင်းအ၀ိုင်းမှာ ငါနေသလို မပြင်မဆင်နေတိုင်း အရှက်မဲ့တဲ့သူလို ၀ိုင်းပြောကြတဲ့ အခြေအနေမှာ ငါကြီးပြင်းခဲ့ရတယ်။ 
          	တိုင်ပင်ရင်ဖွင့်စရာ မရှိလို့ တစ်ယောက်တည်း ဖြတ်ကျော်ခဲ့ရတဲ့ ညတွေဟာ ရှည်လျားလွန်းခဲ့ပြီး နိုးထခဲ့တဲ့ မနက်တွေဟာလည်း ပန်းတိုင်ရေရေရာရာမရှိခဲ့ပြန်ဘူး။
          	ငါဘာလုပ်ချင်လဲဆိုတာ ရှာဖွေချင်ပေမယ့် င်္ဒီအနှောင်အဖွဲ့တွေက ရုန်းထွက်မရနိုင်သလို ကျေးဇူးတရားနဲ့ အကြောက်တရားနှစ်ခုက ရောထွေးလွန်းနေခဲ့တယ်။ 
          	ငါတကယ်ကို တန်ဖိုးထားရတဲ့ ယုံကြည်အားကိုးရတဲ့ သူငယ်ချင်းတစ်ယောက်က ငါ့စာတွေကို အဖက်မလုပ်ဘဲ နေခဲ့တယ်။ 
          	ပျော်ရွှင်ရတယ်လို့ ငါတွေးခဲ့တဲ့ သူငယ်ချင်းအုပ်စုဟာလည်း ဟန်ဆောင်မှုတွေ အတိပြီးတယ်။
          	အခု ကြုံဆုံနေရတဲ့ လူတွေဟာလည်း ချိန်ကိုက်ဗုံးတစ်ခုလို အချိန်ကာလတစ်ခုမှာ ပျောက်ကွယ်သွားနိုင်လို့ အရာရာ ဂရုစိုက်နေရပြန်သေးတယ်။
          	အချစ်လား ။ သူ့ကို  ကြိုက်တာလား ချစ်တာလားလည်း မသဲကွဲသလို နောက်လူတွေကိုလည်း မကြိုက်နိုင်ခဲ့ဘူး ။
          	သေချာတာကတော့ငါ့အဖြေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ပက်သတ်မှုက ဘယ်လိုမှ ပြောင်းလဲသွားမှာမှ မဟုတ်တာ။
          	မိတ်ဆွေတစ်ယောက်ပေါ့လေ။ အပြန်အလှန် ပြုံးရွှင်ရယ်မောရတဲ့ သူငယ်ချင်းအဆင့်တောင် မဟုတ်ခဲ့ဘူး ။
          	ငါ လူသစ်တွေနဲ့ ထပ်မတွေ့ချင်သလို လူဟောင်းတွေနဲ့လည်း ဆက်ဆံရေး ကောင်းအောင် ပြန်မလုပ်ချင်ဘူး။ 
          	ဒီတိုင်း တစ်ယောက်တည်းနေချင်စိတ်တွေ ကြီးစိုးနေတယ်။ 
          	လူတိုင်းကို အစစ်အမှန်တွေပေးခဲ့တဲ့ငါ့အတွက် ဘာလို့ အတုအယောင်တွေပဲ ရခဲ့ရတာလဲ ။
          	ငါ အခု တကယ် ဘာလုပ်ရမယ်မှန်းလည်း မသိဘူး။ ငါလုပ်နေတာ မှန်ရဲ့လားဆိုတာလည်း မသိဘူး။ ဘယ်သူ့ကို တိုင်ပင်ရမယ်မှန်းလည်း မသိဘူး။ 
          	အဆိုးဆုံးကတော့ ကိုယ့်ကိုယ်ကို ဘယ်လို ပျော်အောင်နေရမလဲ မသိဘူး။ ....
koKo58363
ျကယ္လေးနဲ့ကိုမာန္ညှားလို့ပေ်ာ္တယ္။ဇြဲကျုတော့စိတ္မကေညင္းဘူး။သျူကာလေးကိျုမန္ျမန္မေ့ပစ္ျပီးသူ့ကိုအရမ္းခ်စ္တဲ့ကောင္မလေးနဲ့ညှားပီးဇြဲကိုပေ်ာ္ရြင္စေခ်င္ပါတယ္။
Neumyebilies
Kyal ly yay
          Kyalေလးဖန္တီးထားတဲ့ ဇြဲဆိုတဲ့သူကို
          အမဘယ်တော့မှမေ့မှာမဟုတ်ဘူး
          အမဖတ်တာအနည်းဆုံး ဆယ့်ငါးခါလောက်ရှိပြီ
          ဖတ်လေလေ ဇွဲဆိုတဲ့လူသားကို
          ပိုသဘောကျလေလေပဲကွယ်
          နောက်ထပ်ဇွဲလိုလူသားလေးတွေကိုဖန်တီးပေးပါဦးနော်
kyalpan
@myeneumobiles ကျေးဇူးအများကြီးတင်မိပါတယ်။ ဇွဲဆိုတဲ့ အထီးကျန်လူသားလေးကို ချစ်ပေးလို့ရော။ နောက်ထပ် အသစ်လေးတွေကို မျှော်နေပေးလို့ရောပေါ့။ အခု အသစ်လေးတွေရဲ့ character လေးတွေက ဇွဲလိုမဟုတ်တောင် တစ်ခုခုတော့ ခံစားမိစေမယ်လို့ Kyal မျှော်လင့်ပါတယ်။ နောက်ပြီး Kyal အခုတလော စိတ်လေနေခဲ့ပြီး update မလုပ်မိတာတွေပါ ရောပြီး တောင်းပန်ပါရစေ။ Kyal နောက်ပိုင်းတွေမှာ မှန်မှန်လေး up ရင်း ပြန်အကြွေးဆပ်ပါရစေနော်။ အခုလို သတိတရလာပြောပေးလို့ တကယ်ကျေးဇူးတင်ပါတယ်။ Kyal က မေ့သွားကြပြီထင်နေတာ တတယ် ။
Odpowiedz
HanKyarNyoHtet
ကိုယ်​​လေ ကြာပန်း​လေးကိုနှစ်​သက်​လာတယ်​.....။
          Kyalpan လို့ဘဲ​ခေါ်မယ်​​နော်
          Kyalpan ​ဖန်းတီးထားတဲ့ ဇာတ်​​ကောင်​​တွေ​နေရာ
          ဝင်​ခံစားမိတာ ကြာပြီ......
          မအားလို့မ​ပြောဖြစ်​တာခုမှ​ပြောကံကြုံတယ်​၊
          တစ်​​ယောက်​မှ...မရှိ​တော့တဲ့ခံစားချက်​မျိုး။
          အ​ရေးအသား​လေးကလည်း တစ်​ခုချင်း​လေးနက်​မှုခံစားရပါတယ်​။
          ကိုယ်​ခံစားလိုက်​ရတယ်​...။
          [ဒါ​ပေမဲ့ ​ရှိတဲ့သူကိုမမြင်​မိတဲ့ခံစားချက်​၊
          မိဘရဲ့လျစ်​လျူရှူ​ပေမယ့်​ မိဘ​မေတ္တာကရှိ​သေး​ကြောင်းရယ်
          ခံစားရမိ။]
          အဲတာ​ကြောင့်​မို့ Update​လေးလည်းလိုချင်​၊
          ဇာတ်​လမ်းကိုလည်း Kgalpan ဘယ်​လိုမျိုးသွားမလည်းသိချင်
          အို...ကုန်​ကုန်​​ပြောရ အခုမဟာတရား​တွေ​ကြွေ​နေတယ်​​ပေါ့
          ပြီး​တော့...Kyalpan Fighting pr
          ဇာတ်​သိမ်းထိ​ခေါ်​ဆောင်​သွားပါ​နော်​။
          ဟန်​​ရေးတဲ့စာ​တွေက သိပ်​အဓိပ္ပါယ်​မရှိ​ပေမယ့်​..
          Kyalpan ကို အကူအညီပိစိ​လေးဖြစ်​မယ်​ထင်​ပါတယ်​။
HanKyarNyoHtet
@kyalpan ဟုတ်​ ဟန်​လည်းအတူတူရှိပါ့မယ်​စာ​မေးပွဲ​ဖြေရင်​​တော့ခဏ​ပျောက်​ရတာ​ပေါ့...ᕙ(`▽´)
            အဆုံးထိအတူတူရှိချင်​တယ်​...​ကျောင်းကိုလွမ်းလာတယ်
            ဖတ်​ရင်း...အထင်​လွဲမှုကြားငိုချင်​တယ်​ ကဲဟာ​ရော့အင့်​ဆိုပြီး
            ဝင်​ပြီးပါချင်​မိတဲ့အထိ..အဟဲ... Kyalpan လည်း
            Updateမှန်​​နေတာဟန်​က​လောဘနည်းနည်း​လေးတက်​မိတာပါလို့ Fighting Kyalpanမခုန်​နဲ့အုံးနံရံနဲ့တိုက်​မိကုန်​လို့ အာလူး​တွေရကုန်​မယ်​ ❤◦.¸¸. ◦✿
Odpowiedz
kyalpan
@HanKyarNyoHtet မဟုတ်တာ အခုလို တကူးတက လာရေးပေးတာကို Kyal ကအတိုင်းမသိကိုကျေးဇူးတင်နေမိတာပါ ။ Kyal နဲ့အတူတူ ဇာတ်ကောင်တွေကို ဝင်ခံစားပေးတဲ့ စာဖတ်သူမျိုးကို Kyal အမြဲတမ်း အလိုရှိနေခဲ့တာပါ။ အတူတူခံစားပေးပြီး အတူတူငိုတော့ Kyal လည်းအရမ်းဝမ်းသာတာပေါ့ရှင်။ နောက်ပြီး update ကတစ်ပတ်တစ်ခါပဲ တင်ပေးနိုင်လို့ ခွင့်လွှတ်ပေးစေချင်မိတယ် :'( ။ဇာတ်လမ်းကို ဘယ်လိုသွားမလဲဆိုတာတော့ Kyal နဲ့အတူတူ ပန်းတိုင်ထိ အတူတူစီးမြောကြည့်ကြတာပေါ့နော်။ နောက်ပြီး အကူအညီ ပိစိလေးမဟုတ်ပါဘူနော်။ Kyal အရမ်းကို motivated ဖြစ်မိပါတယ်။ ဒါကြောင့်နောက်လည်း မကြာမကြာဝေဖန်ပေးပြီး အတူတူရှိနေပေးပါဦးလို့ပဲ တိုက်တွန်းပါရစေ ။ ဟီး ။နောက်ဆုံးအနေနဲ့ Kyal အခု ထခုန်မိမတတ် ပျော်နေမိတဲ့အကြောင်းပါ ထပ်ဆောင်းပြောပါရစေရှင် :P ။ <3
Odpowiedz
HanKyarNyoHtet
@HanKyarNyoHtet အမှားပါရင်​လည်း ခွင့်​လွတ်​ပါလို့​နော်
Odpowiedz