NoonaK04

Hi ! My followers 
          	
          	စာသဝဏ်လွှာလေး ရောက်လာပါတယ်
          	
          	ဒီစာကို ရေးဖို့ အတော်လေး တွေဝေခဲ့ပါတယ် 
          	ကတိမတည်တဲ့စာရေးသူ အလေးအနက်မထားတဲ့ 
          	စာရေးသူအဖြစ် ထင်မှတ်မှာ ကြောက်တဲ့စိတ်ကြောင့်
          	သေချာလေးစဉ်းစားပြီးမှ ရေးဖို့စဉ်းစားခဲ့တာပါ
          	
          	ဘာအကြောင်းအရာလေးလဲလို့ ဆိုရရင်
          	အခုလက်ရှိ မပြီးပြတ်သေးတဲ့ စာရေးသူ ကျွန်မ
          	NoonaK ရဲ့ Don't Go & Repackage အကြောင်းပါ
          	
          	မင်းတို့လည်း သိတဲ့အတိုင်း ဒီ fanfic 2 ခုဟာ
          	အချိန်အားဖြင့် အတော်ကိုကြာမြင့်နေပြီး အခုထိ
          	လက်စမပြတ်သေးတဲ့ ဝတ္ထုတွေဖြစ်ပါတယ်
          	လက်စသတ်ဖို့အတွက် အကြိမ်ပေါင်းများစွာ
          	ကြိုးစားအချိန်ပေးစီစဉ်ခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး ဘာကြောင့်လဲဆိုတော့ အချိန်ကွာဟမှုကြောင့်
          	ဒီဇာတ်လမ်းထဲမှာ စီးမျောခံစားရတဲ့ စာရေးသူရဲ့
          	ခံစားချက်ကို ပြန်ရှာဖို့ အတော်ကွာဟနေခဲ့လို့ပါ
          	အလွယ်ပြောရရင်တော့ ဇာတ်လမ်းရဲ့အနှစ်သာရကို
          	ပြန်မဖမ်းဆုပ်နိုင်ဖြစ်နေတာပါ ဇာတ်လမ်းကို အစအဆုံး သေချာ အခေါက်ခေါက်အခါခါ ပြန်ဖတ်ပြီး
          	အပိုင်းသစ်ကို ရေးနေလည်းပဲ မထိမိ 
          	စိတ်တိုင်းမကျနေပါဘူး ဒီလိုနဲ့ ငါ စာတောင်ပြန်ရေးနိုင်ပါတော့မလား စိတ်ဓါတ်ကျနေခဲ့ရတယ် 
          	
          	ဒါပေမဲ့ အခု ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်
          	ပြန်ဖမ်းဆုပ်ဖို့ခဲယဉ်းနေတဲ့ ဒီဇာတ်လမ်းနှစ်ခုကို
          	ဒီတိုင်းလေးပဲ ခေတ္တ သိမ်းထားလိုက်ဖို့ပါ
          	
          	ဒီဇာတ်လမ်းနှစ်ခုဟာ ကျွန်မအတွက် 
          	သိပ်အဖိုးတန်တာကြောင့် စာတွေဆက်ရေးနေမဲ့ တစ်ချိန်ချိန်မှာတော့ ပြန်လည်ရေးသားနိုင်မှာပါလို့ ကျွန်မ ယူဆပါတယ်
          	
          	အခုတော့ ရှေ့မဆက်နိုင်ဖြစ်နေတဲ့ ကျွန်မရဲ့
          	အဖိုးတန်လေးနှစ်ခုကို ခဏသိမ်းဆည်းပြီး
          	အသစ်အသစ်သော ဖန်တီးမှုတွေနဲ့ 
          	ပြန်လာပါတော့မယ် 
          	
          	ချစ်ပါတယ်
          	NoonaK

Hello !  Announce !!
          
          အရမ်းပျောက်နေလို့ စိတ်ဆိုးနေကြမယ်ဆိုရင်
          တောင်းပန်ပါတယ်နော် တင်ပေးစရာ အကြွေးတွေ
          ရှိနေတာကိုလည်း သိပါတယ် တစ်ဦးချင်းစီ
          Reply မပြန်တော့ပဲ ဒီကနေပဲ ထပ်ပြီး
          တောင်းပန်လိုက်ပါတယ်နော် အားတာနဲ့
          အားသလိုလေး လုပ်ပေးပါ့မယ် 
          အခု အထူးကြေငြာချက်လေးလုပ်ချင်လို့ပါ
          
          Toxic Ink နဲ့ CaSaNoVa ကို စာအုပ်လေးအဖြစ်
          ဖန်တီးဖို့ confirm ဖြစ်သွားပါပြီနော် 
          ဒီနေ့မှ ဆုံးဖြတ်ချက် ထွက်လာတာမို့
          အော်ဒါ ဘာညာ ဘာမှ မလုပ်သေးပါဘူးရှင့်
          အေးဆေး မုန့်ဖိုးစုချိန်ရပါတယ် 
          တစ်ဆင့်ချင်းစီ ချပြပေးသွားမှာမို့ အားလုံးက
          စောင့်ကြည့်ပေးကြပါဦးနော် 
          
          ချစ်ပါတယ်
          
          NoonaK

Me_inViolet

@NoonaK04 Toxic Ink လေး လိုချင်နေခဲ့တာ .။ကိုယ်နောက်ကျသွားပြီပေါ့ 
Reply

thandarsupyae

Don't goလေးနဲ့ဝေူနေရတာ၁နှစ်တောင်ကြာပြီသာသာရေupပါအုံးဒီလိုတန်းလန်းကြီးမထားခဲ့ပါနဲ့အူဝါးးး