KoZenstoryteller
Black Dessert ကို အကြောင်းအမျိုးမျိုးကြောင့် ဆက်မရေးနိုင်ပဲ ပစ်ထားခဲ့တာ အတော်လေး ကြာသွားတယ်။ အခု ပြန်ရေးတော့ ကိုယ်တိုင် အစကနေ ပြန်ဖတ်ရတယ်။ frame ချပြီးသားဆိုပေမယ့် ongoing ဖြစ်နေတော့ အချိတ်ဆက် ပြန်မိအောင် ဂရုစိုက် ရေးနေပါတယ်။ BD မှာ Timeline က အဓိကပါ။ သေချာဖတ်တဲ့သူတွေ သတိထားမိမှာပါ။ ဟိုရောက် ဒီရောက် ဖြစ်နေတဲ့ အချိန်တွေက BD ရဲ့ အသက်ပါပဲ။ ကျနော် ကိုယ်တိုင်လဲ Timeline မချော်အောင် ဂရုစိုက်နေရတယ်။ အခုလို မရေးတာကြာသွားတော့ ပိုဆိုးရော။ ဖတ်တဲ့ သူတွေလဲ ရှေ့အခန်းတွေ ပြန်နွှေးပြီးမှ ဖတ်ကြပါလို့ .. ဟီး။ ဖတ်နေရင်း နားလည်မှု လွှဲနေတာမျိုး မရှင်းတာမျိုး ရှိရင် ကျနော့်ကို ပြန်ပြောပေးကြပါ။ ကျနော်ရေးတာ အမှားပါနေတာမျိုးလဲ ဖြစ်နိုင်လို့ပါ။ အားလုံး ကျေးဇူးပါ။
KoZenstoryteller
@Himiko2022 Thank you for your patience.
Reply
Himiko2022
@KoZenstoryteller Welcome back. I have been waiting for your authentic writing. And Thanks for your effort.
Reply
KoZenstoryteller
Black Dessert ကို အကြောင်းအမျိုးမျိုးကြောင့် ဆက်မရေးနိုင်ပဲ ပစ်ထားခဲ့တာ အတော်လေး ကြာသွားတယ်။ အခု ပြန်ရေးတော့ ကိုယ်တိုင် အစကနေ ပြန်ဖတ်ရတယ်။ frame ချပြီးသားဆိုပေမယ့် ongoing ဖြစ်နေတော့ အချိတ်ဆက် ပြန်မိအောင် ဂရုစိုက် ရေးနေပါတယ်။ BD မှာ Timeline က အဓိကပါ။ သေချာဖတ်တဲ့သူတွေ သတိထားမိမှာပါ။ ဟိုရောက် ဒီရောက် ဖြစ်နေတဲ့ အချိန်တွေက BD ရဲ့ အသက်ပါပဲ။ ကျနော် ကိုယ်တိုင်လဲ Timeline မချော်အောင် ဂရုစိုက်နေရတယ်။ အခုလို မရေးတာကြာသွားတော့ ပိုဆိုးရော။ ဖတ်တဲ့ သူတွေလဲ ရှေ့အခန်းတွေ ပြန်နွှေးပြီးမှ ဖတ်ကြပါလို့ .. ဟီး။ ဖတ်နေရင်း နားလည်မှု လွှဲနေတာမျိုး မရှင်းတာမျိုး ရှိရင် ကျနော့်ကို ပြန်ပြောပေးကြပါ။ ကျနော်ရေးတာ အမှားပါနေတာမျိုးလဲ ဖြစ်နိုင်လို့ပါ။ အားလုံး ကျေးဇူးပါ။
KoZenstoryteller
@Himiko2022 Thank you for your patience.
Reply
Himiko2022
@KoZenstoryteller Welcome back. I have been waiting for your authentic writing. And Thanks for your effort.
Reply
KoZenstoryteller
Black Dessert အပိုင်းဆက် မျှော်နေကြသူများကို အရမ်းပဲ အားနာမိပါတယ်ခင်ဗျ။ ကျွန်တော် စာမရေးဖြစ်တာ ၃လ လောက် ကြာသွားတယ်။ အခု ပြန်ရေးနေပါတယ်။ အနည်းဆုံး Chapter (၃)ခုလောက် ဆက်တိုက် တင်နိုင်အောင် ရေးနေပါတယ်။ BD ကို အပြီးထိ ရေးနိုင်အောင် ကြိုးစားသွားပါမယ်။ 
          စိတ်ကူးထဲမှာ ရေးချင်တာတွေက အများကြီးပါ။ ကျွန်တော် စာရေးနေကြ မြကျွန်းညိုမှာ BSN(ဘုံစံနန်း) ကို Sequel ထပ်ရေးဖို့ တောင်းဆိုသူတွေ အများကြီး တွေ့ရပါတယ်။ ရေးဖို့လဲ စိတ်ကူးရှိပါတယ်။ နောက်ထပ် သျှီနာ လိုမျိုး အချစ်ချိုချိုလေး ထပ်ရေးချင်သေးတယ်။ အများကြီးပါ .. လူက အလုပ်များပြီး စာရေးတဲ့ဘက်ကို လုံး၀ လှည့်လို့မရဘူးဖြစ်နေတယ်။ ရာသီဥတု အရမ်းပူ အလုပ်က ပင်ပန်းတော့ စာရေးချင်စိတ်လဲ ပျောက်နေရောဗျာ။ အခု BD ကို ပစ်ထားမိတာကြာလို့ အဆက်လေး ရေးနေပါကြောင်း။
          စောင့်မျှော်နေသူများကို ကျေးဇူးတင်လျက် -
          KZ
KoKoLuSoe
@KoZenstoryteller မျှော်နေပါတယ် ကွီးရေ
Reply
KoZenstoryteller
@KoKoLuSoe .. ၃ခန်း ရေးပြီးပါပြီ။ မတင်ဖြစ်နေတာ bro .. ဒီရက်ပိုင်း ခရီး ခဏခဏ ထွက်နေရလို့ စာရေးတဲ့ဘက် မလှည့်နိုင်ဖြစ်နေလို့ပါ။ ကျွန်းထဲတောင် မရောက်ဖြစ်တာ အတော်ကြာနေပြီ .. ကျွန်းထဲက စောင့်နေသူတွေ ဆဲချင်နေလောက်ရောပေါ့ .. :D
Reply
KoKoLuSoe
@KoZenstoryteller မျှော်နေပါတယ် အကိဇန်ရေ
Reply
KoZenstoryteller
fb acc လေး ဖွင့်ထားပါတယ်။ ကျနော့်စာတွေနဲ့ ပတ်သက်ပြီး ပြောချင်တာ ဆွေးနွေးချင်တာရှိရင် welcome ပါဗျ။ ဖွင့်ထားတာ မကြာသေးလို့ add ပေးကြပါဦး။
          ညပိုင်းမှပဲ ကျနော် fb သုံးပါတယ်။ ည ၁၀ နာရီ နောက်ပိုင်း ကျနော် ရှိပါမယ်။
          https://www.facebook.com/ko.zen.14224
MayLamin583
Ko Zen ရေ ဘုံစံနန်းကို ဖတ်ပြီး အရမ်းသဘောကျသွားတယ် လုံးဝကိုဇာတ်ရှိန်မပြတ်သွားတာရယ် နောက်ဆုံးအပိုင်းထိတွေးစရာလေးထည့်ရေးပေးသွားတာလေးကအစ အရမ်းအရသာရှိနေရောပဲ
          ဇာတ်လမ်းတခုလုံးမှာ အချစ်ဆိုတာကိုအမျိုးမျိုးဖွဲ့နွှဲ့ပြသွားတာကိုလည်းအရမ်းသဘောကျတယ် တဦးတယောက်ခြင်းမှာခံယူထားတဲ့ချစ်ခြင်းတရားတွေကိုတွေ့ရသလို တဦးတယောက်တည်းကပဲ အချစ်ကိုအမျိုးမျိုးခွဲဝေချစ်ပြသွားတဲ့မတူညီတဲ့ချစ်ခြင်းတရားမျိုးတွေကိုလည်းတွေ့ရတယ်။ တကယ်ပါအစပိုင်းလေးဖတ်ပြီးစိတ်မလေပဲ ဆက်ဖတ်လိုက်မိလို့သာပေါ့ နို့မဟုတ်ရင် နောင်တတွေရနေမလားပဲ။ ကျေးဇူးပါ Ko Zen နောင်လည်းဘုံစံနန်းလိုရသမျိုးလေးတွေပေးစွမ်းပါဦးလို့ 
          အစဥ်အားပေးလျှက်ပါ။
MayLamin583
@KoZenstoryteller အို့...... ဘုံစံနန်းကိုဖတ်မဝဖြစ်ခဲ့ရတယ် ဇာတ်လမ်းလေးပြီးသွားတော့ တွေတွေကြီးကျန်ခဲ့ရတယ် ​ဇာတ်လမ်းလေးကိုပြီးတောင်မပြီးစေချင်ခဲ့ဘူး။
            ဘုံစံနန်းလိုမျိုးထပ်​ဖတ်ချင်ရင် Ko Zen ကိုတောင်အခန်းထဲပိတ်ထားရမလိုဖြစ်နေပြီ
            စတာပါနော်...... ကျန်းမာရေးဂရုစိုက်နော် နောက်ထပ်လာမည့်ficလေးတွေကိုစောင့်မျှော်နေပါတယ်
            အစဥ်အားပေးလျှက်ပါ။
Reply
KoZenstoryteller
@MayLamin583 စာအရှည်ကြီးရေးပြီး အားပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။ ဘုံစံနန်းက ကျွန်တော် ရေးတဲ့အထဲမှာ အားအရဆုံးပါပဲ။ (၆)လ ကြာအောင် ရေးခဲ့ရပါတယ်။ မှတ်မှတ်ရရ ကျွန်တော် ကိုဗစ် အကြီးကျယ်ဖြစ်နေတဲ့အချိန်မှာ စိတ်ကျ မသွားအောင် ဘုံစံနန်း က အများကြီး ကူညီခဲ့ပါတယ်။ အခန်းထဲ တစ်ယောက်တည်း ပိတ်လှောင်ရင်း ဘုံစံနန်းကိုပဲ ရေးနေခဲ့တာပါ။ ဒါကြောင့် ဘုံစံနန်း တစ်ချို့အခန်းတွေက အထီးကျန်နေပြီး ခြောက်ကပ်သွားတယ် .. :D 
            အားပေးတဲ့အတွက် ကျေးဇူးနော် မေလမင်း ..
            KZ
Reply
KoZenstoryteller
new fic တင်ပေးထားပါတယ်။ ongoing ရေးနေတာမို့ အားတဲ့အချိန် ရေးပေးပါ့မယ်ဗျ။ ဒီတစ်ခါ ကျွန်တော် မရေးဖူးတဲ့ ပုံစံတွေ အများကြီး ပါတယ်ဗျ .. Adult စာပေနဲ့ပက်သက်ရင် အစုံရေးဖူးချင်တာကြောင့် မှောင်ပြီးရင်း မှောင်လိုက်ပါတော့တယ်။ နှစ်သက်သူ တစ်ချို့တော့ ရှိမယ် ထင်ပါရဲ့ .. :D
          ခင်ဗျားတို့ အားပေးနေလို့ ကျွန်တော် ဆက်ရေးဖြစ်နေတာပါ။
          အခုလဲ ဆက်လက်အားပေး ဝေဖန် လေကန်ပေးကြပါဦး။
          ချစ်ခင်လျှက် - 
          ကိုဇန်
KoZenstoryteller
ကျေးဇူးပါခင်ဗျ။
Reply
CherryTin0
@KoZenstoryteller အားပေးနေပါတယ်
Reply
KoZenstoryteller
ဇာတ်လမ်းအသစ် စောင့်မျှော်နေသူများ ရှိကြလားမသိဘူး။ စာမရေးဖြစ်တာ နည်းနည်းကြာသွားပြီ။ ရေးချင်စိတ်က ရှိပေမယ့် အခြေနေက မပေးဘူးဖြစ်နေတယ်။ စောင့်မျှော်နေသူများရင်တော့ ကြိုးစားပြီး ရေးကြည့်မလားလို့ .. :) 
          WP ကို ဝင်မကြည့်ဖြစ်တာ ၃လလောက် ရှိပြီ .. followers တွေတောင် တိုးနေပါလား .. ပျော်တာပေါ့ဗျာ .. 
          ကျနော့်စာဖတ်ပရိသတ်ကို အမြဲ ကျေးဇူးတင်လျက် ...
          ကိုဇန်
KoZenstoryteller
@Januaryjj91 အိုကေပါဗျာ .. အားတာနဲ့ ရေးပါ့မယ် .. ကျေးဇူးပါ။
Reply
Januaryjj91
ရှိပါတယ်
Reply
KoZenstoryteller
@ILARIA_ria ရေးပေးပါမယ်ဗျ .. အလုပ်များနေလို့ စာရေးတဲ့ဘက် မလှည့်ဖြစ်နေတာ .. မကြာခင် အသစ်ရေးပေးပါမယ်။
Reply
KoZenstoryteller
          တိုးတိုးလေးဖတ်ပြီး တိတ်တိတ်လေး ထွက်သွားကြတယ်။ ဘာမွလဲ မရေးခဲ့ကြဘူး  ရှေ့ဆက်ရေးနိုင်ဖို့က ယူတို့ အားပေးမှနော်  သိဖို့  မကြာခင် ဘုံစံနန်း ဇာတ်သိမ်းတော့မယ်...  R u ready for final fight? 
          စောင့်မျှော်ဖတ်ရှုသူများကို ကျေးဇူးတင်ပါတယ်
          Ko Zen.
emeraldgrace1
@KoZenstoryteller zawgyi versionနဲ့ မရှိဘူးလားဟင် 
Reply
Veilvan
@KoZenstoryteller မမမေချိုသေသွားတာကိုနှမြောမိတယ်
Reply
KoZenstoryteller
@Veilvan ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
Reply
Deviltears7890
zawgyi နဲ့တင်ပေးပါ့လား
RoyalRose724
@SheinGyi14 ညီမ တို့ကZawgyiနက်မှဖတ်လို့အဆင်ပြေတာမို့ပါနော် Please 
Reply
KoZenstoryteller
@SheinGyi14  အချိန်ရတဲ့အခါ zawgyi version ပြန်လုပ်ပေးပါမယ်
Reply