Jjs_Bee

ပိုပြီးမေ့ချင်လေလေ မေ့ပျောက်ရခက်လေပါပဲ..
          	ဖမ်းဆုပ်ရခက်တဲ့ အဲ့ဒီလူသားလေးကိုမှ
          	လောဘတက်မိလေခြင်း

Jjs_Bee

ပိုပြီးမေ့ချင်လေလေ မေ့ပျောက်ရခက်လေပါပဲ..
          ဖမ်းဆုပ်ရခက်တဲ့ အဲ့ဒီလူသားလေးကိုမှ
          လောဘတက်မိလေခြင်း

Jjs_Bee

တကယ်တမ်း မလွဲချော်ခဲ့ကြရင်
          ဒီနေ့က တစ်လပြည့်တဲ့နေ့ပေါ့
          နေနိုင်သလိုရှိနေပေမယ့်လည်း
          တစ်ခါတစ်ခါ သတိရမိတာကအခက်သား
          Activeမဖြစ်နိုင်တော့မယ့် albumတစ်ခုကိုလည်း
          အခုထိ မဖျက်ရက်သေးဘူး
          ဒါပေမယ့် ဒီနေ့ပြီးသွားရင်တော့ 
          အကုန် စွန့်လွှတ်လိုက်တော့မယ်
          နောက်ဆုံးမှာတော့ အကုန်လုံးက
          မက်ခဲ့ဖူးတဲ့ အိပ်မက်တစ်ခုသာသာပါပဲ
          အရမ်းလှခဲ့တဲ့အိပ်မက်လေးပေါ့
          
          2023年6月23日

Jjs_Bee

ကိုယ်သဘောကျရတဲ့သူက
          ကိုယ့်ကို ပြန်သဘောကျလာတာလောက်
          ကောင်းတဲ့အရာ မရှိတော့ဘူး။
          အဲ့ဒါတောင်
          ဘာလို့များ လက်လွှတ်မိခဲ့ရတာပါလိမ့်။
          ကြည်နူးရတဲ့အချိန်ခဏတာ‌
          အမှတ်တရတွေက လွယ်လွယ်နဲ့
          မေ့ဖျောက်လို့ ရနိုင်ပါဦးမလား။
          သံသယကြီးတတ်တဲ့ ငါ့စိတ်နဲ့
          ဖြေရှင်းတာမတော်တဲ့ သူ့စရိုက်နဲ့...
          မျဉ်းပြိုင်နှစ်ကြောင်းက
          ဆုံဖို့ဆိုတာ စိတ်ကူးယဉ်ဆန်နေသလိုပဲ။
          ကလေးရေ
          အရိုးသားဆုံး ဝန်ခံရရင်
          မ'ဘက်က မင်းကို တကယ်ပဲ
          တွယ်ငြိသွားခဲ့မိပါတယ်။
          ဒါပေမယ့်
          အတူမရှိနိုင်တော့တာ သေချာပြီမို့
          လုံးဝမေ့လိုက်ဖို့ပဲ ကြိုးစားခဲ့တယ်။
          မင်းပြောဖူးသလိုပဲ
          မ'က အတ္တကြီးတဲ့သူ မဟုတ်လား....

Jjs_Bee

မနှစ်က Septemberမှာ 
          Cosmosပန်းလေးတစ်ပွင့် ‌
          ကောက်ရခဲ့တယ်။
          မျက်လုံးမှေးမှေးနဲ့ 
          အရယ်အပြုံးနည်းတဲ့
          Cosmosပန်းလေး....