Aeri-1485

 #တွေဝေမှုလေးများ
          	
          	ရွေးချယ်ရမှာတွေရှိလာတဲ့အခါ ဘာကိုရွေးချယ်သင့်လဲ ကျွန်တော် တွေဝေရတယ်။
          	အနည်းငယ်အခက်တွေ့တာလေးတစ်ခုက ဝါသနာရယ်လို့ မည်မည်ရရ မရှိတာပဲ!
          	ဘာမဆို သူများထက် နှာတစ်ဖျားသာနေချင်တဲ့စိတ်လေးကလည်း  တွေဝေမှုကို အားပေးပါတယ်
          	
          	တကယ်တမ်းကျတော့လေ ကိုယ်ဖြစ်ချင်နေမှန်းမသိတာက တအား ဆိုးပါတယ်။ 
          	
          	ဟိုသင်တန်းက ကိုယ်နဲ့သင့်တော်တယ်လို့ထင်ရင်တက်လိုက်
          	ဒီသင်တန်းက ကိုယ်တက်ထားသင့်တယ်ဆိုပြီး တက်လိုက်နဲ့
          	certificateသုံးလေးခုတော့ လက်ထဲရှိပါပေါ့လား …
          	အလုပ်ရယ်လို့ တစ်ခုမှမလုပ်ဖူးသလို အရမ်းကြီး အခြေခံကနေစဖို့ရာကျတော့လည်း အိမ်က သဘောတူမှာ မဟုတ်တဲ့အပြင် ကိုယ်လည်းriskလုပ်ဖို့ရာ မရဲဘူး ပြီးတော့ မတန်ဘူးလို့လည်းထင်နေတယ်။
          	
          	အမတစ်ယောက်က သူနဲ့အတူ အလုပ်တူတူလိုက်လုပ်ဖို့ခေါ်တော့
          	ကိုယ်မငြင်းနိုင်ဘူး ဖြစ်သွားတယ်။ အဲ့မှာ တစ်လကို တရုတ်ငွေ သုံးထောင်နီးပါးလောက် (မြန်မာငွေခြောက်သိန်းလောက်) ရတယ်တဲ့  နဂိုတည်းက Chinaက ကိုယ့်dreamland ပါဆို
          	အရမ်းကြီးကို အိပ်မက်ဆန်လွန်းတော့ တွေဝေမှုတွေများလာတယ်။
          	သူကပြောတယ် တရုတ်မှာ အခြေအနေတွေ ( COVID 19 ) ငြိမ်သွားရင် ပြန်မှာတဲ့ အဲ့ကျ လိုက်ချင်ရင် ခေါ်သွားပေးမယ်ပေါ့ 
          	
          	အဲ့မှာ ကိုယ်တွေးမိတယ် အစက ကိုယ့်မြို့လေးမှာပဲ tour guideလေးလုပ်ပြီး မိဘနဲ့နေမယ်ပေါ့နော်… သင်တန်းက တက်နေဆဲပဲ တစ်ပြားမှ မရှာနိုင်သေးဘူး တက်ပြီးရင်လည်း အလုပ်က ဘယ်လိုလာမလဲ မသိဘူး ( မိုးကုတ်က ဧည့်ပိတ်ထားတယ် လောလောဆယ်) အဲ့တော့ လိုက်သွားရရင် ကောင်းမလား တွေးမိတယ် 
          	
          	ငါလိုချင်တာ ဝင်ငွေလား အတတ်ပညာတစ်ခုခုလား စဉ်းစားမရဘူး
          	
          	ခုနေ လိုက်သွားရင် ( ကံကောင်းရင်) အလုပ်ရမယ် ပိုက်ဆံရမယ်
          	သင်တန်းကတော့ တက်ပြီးတော့ certificateရလာတာပဲ ရှိမှာ
          	
          	မလိုက်သွားပဲ စိတ်ရှည်ရှည်နဲ့ အလုပ်ရတဲ့ထိစောင့်ပြီး ဒီမှာပဲ ကိုယ်တတ်တာလေးကို ကျွမ်းကျင်လာအောင် လုပ်ယူရင်တော့
          	အတတ်ပညာ တစ်ခုရလာမယ်ပေါ့ 
          	
          	နှစ်ခုစလုံးကတော့ ကိုယ့်အတွက်လွယ်ကူမနေခဲ့ပါဘူး
          	social interactionကောင်းကောင်းမရတဲ့ ကိုယ့်အတွက် challengeတွေချည်းပါပဲ
          	လုပ်မယ့်လုပ်တော့ အကောင်းဆုံးဖြစ်အောင်ပဲ လုပ်ချင်တယ်
          	နောင်တရရမယ့်ဟာမျိုးလည်း မလုပ်မိချင်ဘူး…
          	ပိုဆိုးတာက မိဘနှစ်ပါးက ကျန်းမာရေးတော့ အလတ်ကြီးရှိပေမယ့်
          	ဒေါင်ဒေါင်မြည်ကျန်းမာတာမျိုးမဟုတ်တော့ စိတ်မချဘူးရယ်…
          	
ဒီနေ့က ကိုယ့်အမြတ်နိုးရဆုံးသောလူသားငယ်လေးရဲ့ marriageကို သူကိုယ်တိုင်ဖွင့်ပြောလာခဲ့တဲ့နေ့လေးပေါ့ ဒီလိုpublicချပြဖို့ သူဘယ်လောက်တောင် စိတ်လှုပ်ရှားခဲ့ရလိမ့်မလဲ…!? သူ ကြောက်ရွံ့နေခဲ့မှာပဲ!
          
           မြတ်နိုးရတဲ့ လူသားငယ်လေးရေ…  ခင်ဗျား ပင်ပန်းသွားခဲ့ပြီ! ခုကစပြီး မိသားစုဘဝလေးကို ဦးဆောင်နိုင်ဖို့ ကြိုးစားရတော့မယ်နော် ဘာကိုမှ မပြောတတ်တော့ပါဘူးကွယ် အကောင်းဆုံးတွေဖြစ်လာဖို့ပဲ ဆုတောင်းပေးပါတယ် ပြီးတော့ ခင်ဗျားကို လေးစားပါတယ်နော် 
          
1485Moon

@Aeri-1485 လက်ခံဖို့တကယ်ခက်ခဲတယ် ဒါပေမဲ့သူပျော်မယ်ဆိုအဆင်ပြေတာမို့လက်ခံခဲ့တယ် ပျော်ရွင် တဲ့မိသားစုဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ
Reply

Solo11126

@Aeri-1485 ညီမသူငယ်ချင်းဆိုတအားငိုနေတာမနဲ့ချော့ထားရတာ
Reply

Aeri-1485

Happy Birthday to My Zhan ge :') 
          အများကြီးတွေမပြောတတ်ပေမယ့် အများကြီးတွေ ချစ်ပေးပါ့မယ်

RHe372

@Aeri-1485 
            အင်​ ကိုယ့်​အတွက်​က​တော့ dî di ​လေး  ထပ်​တူဖြစ်​​နေတာမို့ အပိုမ​ပြော​တော့ဘူး ဒီထက်​မက ​အောင်​မြင်​ပါ​စေ ဆု​တောင်း​ပေး​နေပါ​ကြောင်း
Reply

Aeri-1485

ကျွန်တော့်ဆန္ဒငယ်က ခင်ဗျားရဲ့ပျော်ရွှင်မှုပါဆို
          ကျွန်တော် လောဘသိပ်ကြီးလေမလား…
          ကင်မရာတွေရှေ့က မျက်ဝန်းသေဟန်ဆောင်ပြုံးတွေ မဟုတ်ဘဲ မျက်ဝန်းငယ်တွေမှိတ်သွားတဲ့ထိ အားပါးတရပြုံးတတ်တဲ့ ခင်ဗျားပုံစံလေးကိုပဲ မြင်နေချင်ပါတယ် ။ ။ ။
          
          လူတွေအများကြီးက လေးစားအားကျရတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးမဟုတ်ဘဲ လူတွေထဲကလူသားတစ်ဦးပဲဖြစ်တဲ့ ခင်ဗျားရဲ့ပုံစံအမှန်ကို သိချင်စမ်းပါရဲ့…
          
          ခင်ဗျားက ဂျစ်ကန်ကန်ပေစုတ်စုတ်လေးနေမယ် … 
          ချစ်ဖို့ကောင်းတဲ့ ဖြူလုံးလေးပေါ့ …
          
Aeri-1485

တဖြည်းဖြည်းချင်း တစ်ဆင့်ချင်း တရွေ့ရွေ့ပေါ့…
          ကျွန်တော့်ခြေလှမ်းတွေက နှေးတယ်… 
          ဒါပေမယ့် ကျွန်တော် မလောပါဘူး။
          ကျွန်တော့်ဦးတည်ရာက ခင်ဗျားပဲလေ!
          
7_Crystal_m

ချစ်ရတဲ့ကလေးလေးတွေနဲ့ မွေးလတူတဲ့ Li Li ရေ...Happy Birthday ပါ❤

Aeri-1485

@7_Crystal_m ကျေးဇူးပါ
Reply

7_Crystal_m

❤❤❤မမေ့ပါဘူး♡♡♡
Reply