ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလှတဲ့ မှော်သစ်တောအုပ်ကြီးမှာ အလွန်ဆိုးသွမ်းရက်စက်လှတဲ့ နတ်ဆိုးညီအကို ၄ ယောက် ရှိသတဲ့......... အကိုကြီးဖြစ်သူ Alaric Han မှာ အမျိုးအမည် မဖော်ပြနိုင်တဲ့ သတ္တဝါတစ်ကောင်ကို ပိုင်ဆိုင်ထားလေတယ်။ အကိုလတ်ဖြစ်သူ Artemis Zan သူကတော့ အပင်ချစ်သူလေးဖြစ်ပါတယ်။ အကိုလေးဖြစ်သူ Arkilas Kan ကတော့ .. အငယ်ဆုံးလေးကို ဂရုစိုက်တာကလွဲလို့ ကျန်တာ ဘာမှစိတ်ဝင်စားသူမဟုတ်ပါဘူး။ အငယ်ဆုံးလေး Liam Esmeray အကိုတွေ ကတော့ Lia လေးလို့ ခေါ်ကြတယ်။မိသားစုရဲ့ရတနာလေးပေါ့ ။ သူတို့ရဲ့ရင်နှစ်သည်းချာလေးတွေကတော့ အခြားလောကတစ်ခုကပေါ့ ။ သာမာန်ကမ္ဘာကြီးမှာ မွေးဖွားလာတဲ့ သာမာန်လူသားလေးတွေပါပဲ ။ မွေးကတည်းက သူငယ်ချင်းဖြစ်လာတယ်လို့ပြောလို့ရတဲ့ သူငယ်ချင်း ၄ ယောက် တစ်ယောက်ကို မတူညီတဲ့ အကျင့်စရိုက် မတူညီတဲ့ ဝါသနာတွေနဲ့ မတူညီတဲ့ ရပ
7 parts