...- သဘာဝကိုလွန်ဆန်ပြီး လုပ်သမျှအရာအားလုံးမှာ ကောင်းသောအကျိုးဆက်မရှိလေခြင်း...။ ငယ် သဘာဝကိုလွန်ဆန်ပြီး 'မ'ကိုချစ်ခဲ့တယ်။ အဲ့အတွက် ငယ်ပေးဆပ်လိုက်ရတဲ့အရာက ငယ့်နှလုံးသားတစ်စုံဘဲ။ ဒီတစ်ခါ ငယ်'မ'နဲ့မှထပ်ပြီးလွဲခဲ့ရင် ငယ်လေ... 'ချစ်တယ်'ဆိုတဲ့ စကားကို ဘယ်သူ့ကိုမှ... ထပ်မပြောချင်တော့ပါဘူး 'မ'ရယ်...။ . . . ...- 'အချစ်' ဆိုတဲ့အရာကို ငါမယုံကြည်ဘူး။ အထူးသဖြင့် လိင်တူနှစ်ယောက်ရဲ့အချစ်ကိုပေါ့။ ဒါပင်မဲ့ မည်သူကများ ကံကြာမ္မာစီမံရာ ကိုကြိုသိ သိနိုင်မလဲ ကွာ...။ တစ်ချိန်လုံးငါ့နှလုံးသားထဲမှာ နေရာယူထားတဲ့သူက အမျိုးသမီးလေးတစ်ဦး ဆိုတာကိုပေါ့...။