Unicode❣️
[A/N - ဒီအပိုင်းကစလို့နောက်ကြောင်းပြန်ပါပြီ]
°•° °•° °•° °•° °•° °•° °•° °•° °•° °•° °•° °•° °•°
မိုးတွေအရမ်းရွာနေတဲ့နေ့တစ်နေ့မှာလော်
ယွင်ရှီးတစ်ယောက်ထီးလေးဆောင်းကာအလုပ်မှအိမ်သို့ပြန်လာခဲ့သည်။Busဂိတ်ကနေသူ့အိမ်သို့၁၀မိနစ်လောက်လမ်းလျှောက်ရသည်။
လမ်းထိပ်ရောက်တော့တရုတ်စကားပင်ကြီးအောက်ကခုံတန်းနားလေးမှာသွေးတွေနဲ့လဲနေတဲ့လူတစ်ယောက်...လော်ယွင်ရှီးလည်းရုတ်တရက်မို့လန့်သွားသည်။
အနားတွင်လည်းလူတစ်ယောက်မှမရှိ၊ထိုလူကလည်းလူဆိုးလားလူကောင်းလားမသိဘဲမကူညီရဲ။
"သေနေပြီလားမသိဘူး"
ကြောက်ကြောက်လန့်လန့်ဖြင့်ထိုလူအားခြေထောက်နှင့်ထိကြည့်လိုက်သည်။ထိုလူကအနည်းငယ်လှုပ်လာသည်။
"သေတော့မသေသေးဘူးပဲ ဒါပေမဲ့ဒီအတိုင်းဆက်ထားလိုက်ရင်သေသွားလိမ့်မယ် ဒီနားကလူလဲပြတ်တယ် မသိတော့ဘူးကွာ နောင်ခါလာနောင်ခါစျေးပဲ အရင်ကယ်လိုက်မယ် ကယ်ထားတဲ့သူကိုတော့ဒုက္ခမပေးလောက်ပါဘူး"
အနီးအနားတွင်ဆေးရုံဆေးခန်းဟူ၍လည်းမရှိ၊မှောင်ကလည်းမှောင်၊မိုးကလည်းသည်းနေသည်မို့မတတ်သာတဲ့အဆုံးအိမ်သို့သာခေါ်လာခဲ့လိုက်သည်။လူကောင်အကြီးကြီးကိုလော်ယွင်ရှီး၏ခန္ဓာကိုယ်သေးသေးလေးဖြင့်မနည်းတွဲပြီးအိမ်ကိုခေါ်လာရသည်။ထီးလဲဆောင်းမရတော့သူ့တစ်ကိုယ်လုံးလဲကြွက်စုတ်ရေနစ်သလိုဖြစ်နေပြီ။
အိမ်ရောက်တော့အိပ်ယာပေါ်တင်လိုက်ပြီးဘေးအိမ်ကမားကိုသွားခေါ်ရသည်။မားကအရင်တုန်းကသူနာပြုလုပ်ခဲ့တော့တော်သေးသည်။နို့မို့ဆိုသူတစ်ယောက်တည်းဒီကောင်လေးနဲ့ဘယ်လိုလုပ်ရမှန်းသိမှာမဟုတ်ဘူး။
"မား အိပ်နေပြီလား"
"မအိပ်သေးဘူး ရှီးအာ ဝင်ခဲ့လေ"
"မား သားနဲ့ခဏလိုက်ခဲ့ပါအုံး လူနာရှိတယ် "
"ဟေ ဘယ်ကလူနာလဲ"
"လမ်းမှာလဲကျနေတာတွေ့လို့သားခေါ်လာတာ အဲ့တာမားလိုက်ကြည့်ပေးပါအုံး"
"မားလိုတာတွေယူပြီးလိုက်ခဲ့မယ်"
"ဟုတ်ကဲ့"
ခဏနေတော့မားရောက်လာပြီးကောင်လေးဒဏ်ရာတွေကိုကြည့်ပေးသည်။
"ခေါင်းကွဲသွားတာပဲ သုံးချက်တောင်ချုပ်လိုက်ရတယ် ညာလက်လည်းကျိုးသွားတယ် တစ်ကိုယ်လုံးလဲအညိုမဲတွေပွန်းပဲ့ရာတွေနဲ့ ဘယ်လိုတွေများဖြစ်လာခဲ့တာပါလိ်မ့် အသက်ကငယ်ငယ်လေးပဲရှိသေးတာကို မိဘတွေသိရင်တော့ရင်ကျိုးတော့မှာပဲ"
သွေးတွေရွှံ့တွေနဲ့ပေကျံနေသောမျက်နှာကို
သန့်ရှင်းပေးလိုက်တော့မျက်နှာချောချောလေးကပေါ်လာသည်။ဒီကောင်လေးတော်တော်ချောတာပဲ။အဝတ်အစားများလဲပေးဖို့လုပ်တော့လော်ယွင်ရှီးရဲ့အဝတ်အစားတွေနဲ့တစ်ခုမှမတော်...နောက်ဆုံးမားကသူ့ခင်ပွန်းအဝတ်တွေယူလာပေးမှအဆင်ပြေတော့သည်။
"လူကောင်ကလည်းထွားလိုက်တာ"
"အမလေး ဒီလူငယ်လေးကထူးပြီးထွားနေတာမဟုတ်ဘူး မားရဲ့သားကသေးသေးလေးဖြစ်နေတာ"
မားကရယ်ပြီးစတော့..
"သားခန္ဓာကိုယ်ကမသေးပါဘူး သူကကြီးနေတာ သားအရပ်နဲ့သားကိုယ်လုံးကအလောတော်ပဲ"
"ဟုတ်ပါပြီရှင် မားပြန်တော့မယ် တကယ်လို့သူသတိရလာရင်ဆန်ပြုတ်လေးပဲတိုက်ထားနော် မနက်ကျမှဆေးရုံသွားဖို့လုပ်ကြတာပေါ့ ဆေးရုံမှာဆိုတော့ပိုစိတ်ချရတယ်လေ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်မား မားကိုဒုက္ခပေးသလိုဖြစ်နေပြီ"
"ရပါတယ် မားသွားပြီနော် တံခါးသေချာပိတ် "
"ဟုတ်ကဲ့"
မားကိုပြန်လိုက်ပို့ပေးပြီးတံခါးပိတ်ကာအိမ်ထဲပြန်လာခဲ့သည်။ကိုယ်တော်ချောကတော့ကုတင်ပေါ်မှာခုထိနိုးမလာသေး။မားပြောခဲ့အတိုင်းကြက်သားဆန်ပြုတ်ပြုတ်ထားလိုက်ပြီးရေချိုးဖို့ပြင်ရသည်။
လော်ယွင်ရှီးလည်းရေချိုးပြီးအဝတ်အစားလဲကာညစာအတွက်ချက်ရပြုတ်ရတော့သည်။သူညစာစားပြီးသည်အထိနိုးမလာတဲ့ကောင်လေးနားသွားပြီးဘာရယ်မဟုတ်ထိုင်ကြည့်နေမိသည်။လုပ်စရာမှမရှိတာ... ဒီလိုမျက်နှာချောချောလေးကြည့်လို့ရတုန်းကြည့်ထားရမယ်။ချောတဲ့သူတွေကိုကြည့်ရင်ဥာဏ်ကောင်းတယ်တဲ့။
တစ်နေ့လုံးအချိန်ပိုင်းအလုပ်တွေမနားတမ်းလုပ်ခဲ့ရပြီးနောက်ပင်ပန်းနေကာအိပ်ချင်လာပြီဖြစ်သည်။ဒါပေမဲ့...သူ့အိမ်မှာအိပ်ခန်းဆိုလို့တစ်ခန်းထဲ ကုတင်ကလည်းနှစ်ယောက်အိပ်ဖို့အတွက်သေးနေသည်။အဲ့တော့လော်
ယွင်ရှီးတစ်ယောက်ဒီညအိပ်စရာဘုံပျောက်ပြီဖြစ်သည်။
"ဟူးး ဘယ်တတ်နိုင်မလဲလေ ဧည့်ခန်းကဆိုဖာမှာသွားအိပ်ရုံပဲပေါ့"
ညလယ်လောက်ရောက်တော့ညည်းသံကြားတာကြောင့်လော်ယွင်ရှီးနိုးလာခဲ့သည်။အခန်းထဲဝင်ပြီးကောင်လေးအနားသွားလိုက်ကာနဖူးစမ်းကြည့်တော့ကိုယ်တွေပူနေသည်။အဖျားတက်နေပြီထင်တယ်။
လော်ယွင်ရှီးလည်းမလုပ်တတ်လုပ်တတ်ဖြင့်ရေပတ်တိုက်ပေးနေသည်။နည်းနည်းသက်
သာသွား၍အောက်ဆင်းရန်ပြင်နေသည့်
သူ့လက်တစ်ဖက်ကိုဆွဲထားသောကောင်လေးလက်ဟာအေးစက်နေခဲ့သည်။သူလည်းကောင်လေးဘေးတွေငြိမ်ငြိမ်လေးထိုင်လိုက်ကာကောင်လေးရဲ့လက်ကိုဆုပ်ကိုင်ပေးလိုက်သည်။ထိုတစ်ညလုံးကောင်လေးကသူ့လက်ကိုလွှတ်မပေးဘဲကိုင်ထားခဲ့သည်။
တစ်ညလုံးသတိမေ့နေခဲ့သောကောင်လေးဟာနောက်နေ့မနက်မှာသတိရလာခဲ့သည်။လော်ယွင်ရှီးမျက်နှာသစ်ပြီးထွက်လာတော့ကုတင်ပေါ်မှာငုတ်တုပ်ထိုင်ဖို့အတင်းကြိုးစားနေတဲ့ကောင်လေးကြောင့်အမြန်သွားထူပေးလိုက်ရသည်။
ကောင်လေးကစိမ်းနေသောပတ်ဝန်းကျင်ကြောင့်ဟိုကြည့်ဒီကြည့်လုပ်နေပြီးလော်ယွင်ရှီးကိုမြင်တော့စိုက်ကြည့်နေသည်။ကောင်လေး၏အကြည့်ကြောင့်လော်ယွင်ရှီးအနည်းငယ်နေရခက်လာရပြီး..
"ဟိုလေ ခေါင်းတွေဘာတွေကိုက်သေးလား ဆေးရုံရောသွားပြမလား ညကမိုးတွေအရမ်းရွာနေပြီးဒီနဲ့ဆေးရုံကလည်းလှမ်းတော့အဆင်မပြေလို့"
လော်ယွင်ရှီးပြောတာတောင်ကြားလားမသိ...အကြည့်ကမခွါသေး..ဒုက္ခပါပဲ ခေါင်းထိပြီးရူးသွားပြီထင်တယ်။
စကားပြန်မရတာကြောင့်လော်ယွင်ရှီးဆက်ပြီးပြောလိုက်သည်။
"အစ်ကို့နာမည်ကလော်ယွင်ရှီးပါ မင်းက
ကိုယ့်ထက်ငယ်မယ်ထင်တယ် ဒီအိမ်က
ကိုယ့်အိမ်လေ ကိုယ်တစ်ယောက်တည်းနေတာ မင်းဒီမှာအေးအေးဆေးဆေး
သက်တောင့်သက်သာနေနိုင်ပါတယ် နေရထိုင်ရတာရောအဆင်ပြေရဲ့လား မင်းနာမည်ကရောဘယ်လိုခေါ်လဲမှတ်မိလား"
"လှတယ်"
"ဟမ်!"
သူ့မှာတော့ပြောလိုက်ရတာ...ကောင်လေးဆီကထွက်လာတဲ့စကားကနှစ်လုံးထဲ..ပြီးတော့လှတယ်တဲ့ မဆီမဆိုင်စကားကြီး...သေချာပါပြီ ဒီကောင်လေးခေါင်းထိသွားပြီ။
လော်ယွင်ရှီးတော့ဒီကောင်လေးကိုစိတ်ကျန်းမာရေးဆရာဝန်နဲ့ပြပေးရတော့မှာလားဟုပင်စိတ်ထဲတွေးမိသွားသည်။
"ဘာကိုလှတာလဲဟင် ကိုယ်မေးတာက.."
"ခင်ဗျားမျက်လုံးတွေကလှတယ်"
"ဟမ်...အဟမ်း..ကျေးဇူး..ကိုယ်မေးတာဖြေ..."
လော်ယွင်ရှီးမချိပြုံးလေးပြုံးလိုက်ပြီးဆက်မေးမလို့ရှိသေးတယ်..ပြီးအောင်မမေးလိုက်ရ..
"ခင်ဗျားနှုတ်ခမ်းလဲလှတယ် အကုန်ခြုံပြောရရင်ခင်ဗျားတော်တော်လှတယ်"
ခုအြေခအနေကြီးကဘယ်လိုကြီးတုန်း!!!
"ယောက်ျားလေးတစ်ယောက်ကိုလှတယ်လို့သုံးတာတော့နည်းနည်း...ထားပါ..အခုငါမေးတာဖြေလို့ရပြီလား"
"ပြန်မေးပါလား ခုဏကခင်ဗျားမေးတာတွေကအများကြီးပဲ"
'စိတ်လျှော့ စိတ်လျှော့ သူကနေမကောင်းတဲ့သူ'
လော်ယွင်ရှီးတစ်ယောက်စိတ်ရှည်ရှည်ထားပြီးတစ်ခုချင်းပြန်မေးရသည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ"
"ချန်ဖေးယွီ"
"အသက်ဘယ်လောက်လဲ"
"၁၈"
"ဒါနဲ့ဘာလို့ခုတွေလိုဖြစ်ခဲ့တာလဲ မင်းကိုဘယ်သူတွေလုပ်လိုက်တာလဲ"
"ပြောရရင်တော့ရှည်တယ် ကျွန်တော့်ကိုမကျေနပ်တဲ့သူကခိုင်းလို့လုပ်ကြတာ အလကားပါ သတ္တိမရှိဘဲမိန်းမလိုမိန်းမရလုပ်တာ.. ဒါနဲ့ခင်ဗျားအကြောင်းလဲပြောပြပါလား"
"ကိုယ့်နာမည်ကလော်ယွင်ရှီး ကိုယ့်မှာမိဘတွေမရှိကြတော့ဘူး အစ်ကိုတစ်ယောက်တော့ရှိတယ် ကိုယ့်အသက်က၂၄
ဒီအိမ်မှာကိုယ်တစ်ယောက်တည်းပဲနေတာ "
"ဪ..."
"ဒါနဲ့မင်းဒဏ်ရာတွေသက်သာရဲ့လား"
"နည်းနည်းတော့နာသေးတယ် ဒါပေမဲ့ကျွန်တော်ဒဏ်ရာတွေနဲ့အသားကျနေပါပြီ ယောက်ျားလေးပဲ ဒီလောက်ကတော့အပျော့ပါ"
"ဟုတ်ပါပြီ ကြည့်ရတာမင်းကလူဆိုးလေးပဲဖြစ်ရမယ်.."
"ကျွန်တော်ကလူဆိုးမဟုတ်ပါဘူးနော် ကျွန်တော့်ဘာသာအေးဆေးနေတာ သူတို့ကလာလာရှုပ်တာ အဲ့တော့ကျွန်တော်ကငြိမ်ခံနေရမလား"
"အဲ့တော့ခုလိုဒဏ်ရာတွေရပြီပေါ့ "
"ခင်ဗျားမသိပါဘူးဗျာ"
"ဟုတ်ပါတယ် ကိုယ်မသိပါဘူး ဒါနဲ့မင်းအိမ်ကဘယ်မှာလဲ ကိုယ်ပြန်ပို့ပေးမယ်လေ"
"တကယ်တော့လေ...ကျွန်တော်အိမ်ပေါ်ကဆင်းလာတာ"
"ဘာလို့လဲ"
"ပါးပါးကနှင်ချလိုက်တာ ကျွန်တော်ကမလိမ္မာလို့တဲ့"
မျက်နှာငယ်လေးနဲ့ပြောလာသောကောင်လေးကိုကြည့်ပြီးလော်ယွင်ရှီးစိတ်မကောင်းဖြစ်မိသည်။
"မင်းအဆင်ပြေရင်ကိုယ့်အိမ်မှာနေလို့ရပါတယ် ကိုယ်ကတစ်ယောက်တည်းနေတာ မင်းရဲ့ပါးပါးနဲ့အဆင်ပြေတော့မှပြန်သွားပေါ့ ဒါပေမဲ့မင်းပါးပါးနဲ့ပြန်အဆင်ပြေအောင်တော့လုပ်ရမယ်နော် ကိုယ်မင်းကိုတစ်သက်လုံးခေါ်မထားနိုင်ဘူး"
"ခင်ဗျားကမရမကအတင်းနေခိုင်းရင်တောင်ကျွန်တော်ကမနေပါဘူးနော်..ပါးနဲ့လည်း
မကြာခင်ပြန်အဆင်ပြေသွားမှာပါ"
"ဟုတ်ပါပြီ ကိုယ်မင်းကိုကိုယ်လက်သန့်စင်ပေးမယ် ပြီးရင်ဆန်ပြုတ်သောက်ပြီးဆေးသောက်ရမယ်"
"ဆန်ပြုတ်ကြီးသောက်ရမှာလား"
"အင်းလေ "
ကောင်လေးကဆန်ပြုတ်သောက်ရမည်ဆိုတော့မျက်နှာကြီးရှုံ့တွသွားသည်။ကလေးစိတ်မကုန်သေးသောလူကြီးလေးကိုကြည့်ပြီးလော်ယွင်ရှီးပြုံးမိသည်။
ဖေးယွီအတွက်ဆန်ပြုတ်ပြန်ကြိုပေးနေတုန်းမားရောက်လာသည်။
"သား ဟိုကောင်လေးသတိရလာပြီလား"
"ဟုတ် ခုမနက်မှသတိရလာတာ မားထပ်
ကြည့်ပေးပါအုံး ဆေးရုံသွားပြဖို့လိုသေးလားလို့ သားဆန်ပြုတ်ယူပြီးလိုက်လာခဲ့မယ်"
"မားသွားကြည့်လိုက်အုံးမယ်"
မားသွားပြီနောက်နွှေးပြီးသောဆန်ပြုတ်ကိုပန်းကန်ထဲထည့်ကာအခန်းထဲသို့ဝင်လာလိုက်သည်။အခန်းထဲတွင်တော့မားနဲ့စကားကျနေသောကောင်လေး...
"မား သူ့ကိုဆေးရုံသွားပြစရာလိုသေးလား"
"သွားပြလိုက်ပါ ပိုပြီးစိတ်ချသွားရတာပေါ့ "
"ကျွန်တော်အဆင်ပြေပါတယ် ဆေးရုံမသွားလဲ"
ကောင်လေးကအားနာသလိုပြောတော့
လော်ယွင်ရှီးလည်း
"အဲ့လိုတော့ဘယ်ဟုတ်ပါ့မလဲ ငြင်းမနေနဲ့ဆန်ပြုတ်သောက်ပြီးသွားရမယ်"
"ဟုတ်ကဲ့"
မားကတော့ကလေးနှစ်ယောက်ကိုကြည့်ပြီးပြုံးနေလေသည်။
ဖေးယွီကိုဆန်ပြုတ်တိုက်ပြီးဆေးရုံသွားဖို့မစီးတာကြာလို့ဖုန်တက်နေသောကားကိုဆီသွားဖြည့်ပြီးဖုန်တွေသုတ်ရသေးသည်။ဒီကားလေးကပါးပါးစီးခဲ့တဲ့ကားလေးမို့သူ့အတွက်အဖိုးတန်ပစ္စည်းဖြစ်တာကြောင့်အထိခိုက်မခံနိုင်ပဲသိမ်းထားခဲ့တာ...ဒီအိမ်လေးနဲ့ကားကိုတော့သူအရမ်းတန်ဖိုးထားသည်။ဒါတောင်ထိုကောင်လေးက
"ခင်ဗျားမောင်းတတ်တာသေချာပါတယ်နော် တော်ကြာဒီဒဏ်ရာတွေကြောင့်မသေဘဲကားမှောက်လို့မာလကီးယားနေအုံးမယ်"
စေတနာနဲ့တော်တော်ကိုတန်ပါသောကောင်လေး..
"မောင်းတတ်ပါတယ် စိုးရိမ်မနေနဲ့"
ဒီလိုနှင့်ဆေးရုံသွားပြီးဆရာဝန်နှင့်သေချာပြကာလိုအပ်သောဆေးများယူပြီးပြန်လာခဲ့ကြသည်။
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
[A/N-ကျွန်မရဲ့Fanficလေးကိုဖတ်ပေးကြတဲ့ဒါဒါလေးတွေကိုကျေးဇူးတင်ပါတယ်❤️
ဒီFicထဲမှာယွင်ရှီးအသက်ကိုငယ်ထားပါတယ်Ficသဘောအရမို့နားလည်ပေးကြပါ😊]
23.12.2020💛
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
Zawgyi code❣️
[A/N - ဒီအပိုင္းကစလို႔ေနာက္ေၾကာင္းျပန္ပါၿပီ]
°•° °•° °•° °•° °•° °•° °•° °•° °•° °•° °•° °•° °•°
မိုးေတြအရမ္းရြာေနတဲ့ေန့တစ္ေန့မွာေလာ္
ယြင္ရွီးတစ္ေယာက္ထီးေလးေဆာင္းကာအလုပ္မွအိမ္သို႔ျပန္လာခဲ့သည္။Busဂိတ္ကေနသူ႔အိမ္သို႔၁၀မိနစ္ေလာက္လမ္းေလ်ွာက္ရသည္။
လမ္းထိပ္ေရာက္ေတာ့တရုတ္စကားပင္ႀကီးေအာက္ကခံုတန္းနားေလးမွာေသြးေတြနဲ႔လဲေနတဲ့လူတစ္ေယာက္...ေလာ္ယြင္ရွီးလည္းရုတ္တရက္မို႔လန္႔သြားသည္။
အနားတြင္လည္းလူတစ္ေယာက္မွမရိွ၊ထိုလူကလည္းလူဆိုးလားလူေကာင္းလားမသိဘဲမကူညီရဲ။
"ေသေနၿပီလားမသိဘူး"
ေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ထိုလူအားေျခေထာက္ႏွင့္ထိၾကည့္လိုက္သည္။ထိုလူကအနည္းငယ္လႈပ္လာသည္။
"ေသေတာ့မေသေသးဘူးပဲ ဒါေပမဲ့ဒီအတိုင္းဆက္ထားလိုက္ရင္ေသသြားလိမ့္မယ္ ဒီနားကလူလဲျပတ္တယ္ မသိေတာ့ဘူးကြာ ေနာင္ခါလာေနာင္ခါေစ်းပဲ အရင္ကယ္လိုက္မယ္ ကယ္ထားတဲ့သူကိုေတာ့ဒုကၡမေပးေလာက္ပါဘူး"
အနီးအနားတြင္ေဆးရံုေဆးခန္းဟူ၍လည္းမရိွ၊ေမွာင္ကလည္းေမွာင္၊မိုးကလည္းသည္းေနသည္မို႔မတတ္သာတဲ့အဆံုးအိမ္သို႔သာေခၚလာခဲ့လိုက္သည္။လူေကာင္အႀကီးႀကီးကိုေလာ္ယြင္ရွီး၏ခႏၶာကိုယ္ေသးေသးေလးျဖင့္မနည္းတြဲၿပီးအိမ္ကိုေခၚလာရသည္။ထီးလဲေဆာင္းမရေတာ့သူ႔တစ္ကိုယ္လံုးလဲႂကြက္စုတ္ေရနစ္သလိုျဖစ္ေနၿပီ။
အိမ္ေရာက္ေတာ့အိပ္ယာေပၚတင္လိုက္ၿပီးေဘးအိမ္ကမားကိုသြားေခၚရသည္။မားကအရင္တုန္းကသူနာျပဳလုပ္ခဲ့ေတာ့ေတာ္ေသးသည္။ႏို႔မို႔ဆိုသူတစ္ေယာက္တည္းဒီေကာင္ေလးနဲ႔ဘယ္လိုလုပ္ရမွန္းသိမွာမဟုတ္ဘူး။
"မား အိပ္ေနၿပီလား"
"မအိပ္ေသးဘူး ရွီးအာ ဝင္ခဲ့ေလ"
"မား သားနဲ႔ခဏလိုက္ခဲ့ပါအံုး လူနာရိွတယ္ "
"ေဟ ဘယ္ကလူနာလဲ"
"လမ္းမွာလဲက်ေနတာေတြ့လို႔သားေခၚလာတာ အဲ့တာမားလိုက္ၾကည့္ေပးပါအံုး"
"မားလိုတာေတြယူၿပီးလိုက္ခဲ့မယ္"
"ဟုတ္ကဲ့"
ခဏေနေတာ့မားေရာက္လာၿပီးေကာင္ေလးဒဏ္ရာေတြကိုၾကည့္ေပးသည္။
"ေခါင္းကြဲသြားတာပဲ သံုးခ်က္ေတာင္ခ်ဳပ္လိုက္ရတယ္ ညာလက္လည္းက်ိဳးသြားတယ္ တစ္ကိုယ္လံုးလဲအညိုမဲေတြပြန္းပဲ့ရာေတြနဲ႔ ဘယ္လိုေတြမ်ားျဖစ္လာခဲ့တာပါလိ္မ့္ အသက္ကငယ္ငယ္ေလးပဲရိွေသးတာကို မိဘေတြသိရင္ေတာ့ရင္က်ိဳးေတာ့မွာပဲ"
ေသြးေတြရႊံ႔ေတြနဲ႔ေပက်ံေနေသာမ်က္ႏွာကို
သန္႔ရွင္းေပးလိုက္ေတာ့မ်က္ႏွာေခ်ာေခ်ာေလးကေပၚလာသည္။ဒီေကာင္ေလးေတာ္ေတာ္ေခ်ာတာပဲ။အဝတ္အစားမ်ားလဲေပးဖို႔လုပ္ေတာ့ေလာ္ယြင္ရွီးရဲ့အဝတ္အစားေတြနဲ႔တစ္ခုမွမေတာ္...ေနာက္ဆံုးမားကသူ႔ခင္ပြန္းအဝတ္ေတြယူလာေပးမွအဆင္ေျပေတာ့သည္။
"လူေကာင္ကလည္းထြားလိုက္တာ"
"အမေလး ဒီလူငယ္ေလးကထူးၿပီးထြားေနတာမဟုတ္ဘူး မားရဲ့သားကေသးေသးေလးျဖစ္ေနတာ"
မားကရယ္ၿပီးစေတာ့..
"သားခႏၶာကိုယ္ကမေသးပါဘူး သူကႀကီးေနတာ သားအရပ္နဲ႔သားကိုယ္လံုးကအေလာေတာ္ပဲ"
"ဟုတ္ပါၿပီရွင္ မားျပန္ေတာ့မယ္ တကယ္လို႔သူသတိရလာရင္ဆန္ျပဳတ္ေလးပဲတိုက္ထားေနာ္ မနက္က်မွေဆးရံုသြားဖို႔လုပ္ၾကတာေပါ့ ေဆးရံုမွာဆိုေတာ့ပိုစိတ္ခ်ရတယ္ေလ"
"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္မား မားကိုဒုကၡေပးသလိုျဖစ္ေနၿပီ"
"ရပါတယ္ မားသြားၿပီေနာ္ တံခါးေသခ်ာပိတ္ "
"ဟုတ္ကဲ့"
မားကိုျပန္လိုက္ပို႔ေပးၿပီးတံခါးပိတ္ကာအိမ္ထဲျပန္လာခဲ့သည္။ကိုယ္ေတာ္ေခ်ာကေတာ့ကုတင္ေပၚမွာခုထိႏိုးမလာေသး။မားေျပာခဲ့အတိုင္းၾကက္သားဆန္ျပဳတ္ျပဳတ္ထားလိုက္ၿပီးေရခ်ိဳးဖို႔ျပင္ရသည္။
ေလာ္ယြင္ရွီးလည္းေရခ်ိဳးၿပီးအဝတ္အစားလဲကာညစာအတြက္ခ်က္ရျပဳတ္ရေတာ့သည္။သူညစာစားၿပီးသည္အထိႏိုးမလာတဲ့ေကာင္ေလးနားသြားၿပီးဘာရယ္မဟုတ္ထိုင္ၾကည့္ေနမိသည္။လုပ္စရာမွမရိွတာ... ဒီလိုမ်က္ႏွာေခ်ာေခ်ာေလးၾကည့္လို႔ရတုန္းၾကည့္ထားရမယ္။ေခ်ာတဲ့သူေတြကိုၾကည့္ရင္ဥာဏ္ေကာင္းတယ္တဲ့။
တစ္ေန့လံုးအခ်ိန္ပိုင္းအလုပ္ေတြမနားတမ္းလုပ္ခဲ့ရၿပီးေနာက္ပင္ပန္းေနကာအိပ္ခ်င္လာၿပီျဖစ္သည္။ဒါေပမဲ့...သူ႔အိမ္မွာအိပ္ခန္းဆိုလို႔တစ္ခန္းထဲ ကုတင္ကလည္းႏွစ္ေယာက္အိပ္ဖို႔အတြက္ေသးေနသည္။အဲ့ေတာ့ေလာ္
ယြင္ရွီးတစ္ေယာက္ဒီညအိပ္စရာဘံုေပ်ာက္ၿပီျဖစ္သည္။
"ဟူးး ဘယ္တတ္ႏိုင္မလဲေလ ဧည့္ခန္းကဆိုဖာမွာသြားအိပ္ရံုပဲေပါ့"
ညလယ္ေလာက္ေရာက္ေတာ့ညည္းသံၾကားတာေၾကာင့္ေလာ္ယြင္ရွီးႏိုးလာခဲ့သည္။အခန္းထဲဝင္ၿပီးေကာင္ေလးအနားသြားလိုက္ကာနဖူးစမ္းၾကည့္ေတာ့ကိုယ္ေတြပူေနသည္။အဖ်ားတက္ေနၿပီထင္တယ္။
ေလာ္ယြင္ရွီးလည္းမလုပ္တတ္လုပ္တတ္ျဖင့္ေရပတ္တိုက္ေပးေနသည္။နည္းနည္းသက္
သာသြား၍ေအာက္ဆင္းရန္ျပင္ေနသည့္
သူ႔လက္တစ္ဖက္ကိုဆြဲထားေသာေကာင္ေလးလက္ဟာေအးစက္ေနခဲ့သည္။သူလည္းေကာင္ေလးေဘးေတြၿငိမ္ၿငိမ္ေလးထိုင္လိုက္ကာေကာင္ေလးရဲ့လက္ကိုဆုပ္ကိုင္ေပးလိုက္သည္။ထိုတစ္ညလံုးေကာင္ေလးကသူ႔လက္ကိုလႊတ္မေပးဘဲကိုင္ထားခဲ့သည္။
တစ္ညလံုးသတိေမ့ေနခဲ့ေသာေကာင္ေလးဟာေနာက္ေန့မနက္မွာသတိရလာခဲ့သည္။ေလာ္ယြင္ရွီးမ်က္ႏွာသစ္ၿပီးထြက္လာေတာ့ကုတင္ေပၚမွာငုတ္တုပ္ထိုင္ဖို႔အတင္းႀကိဳးစားေနတဲ့ေကာင္ေလးေၾကာင့္အျမန္သြားထူေပးလိုက္ရသည္။
ေကာင္ေလးကစိမ္းေနေသာပတ္ဝန္းက်င္ေၾကာင့္ဟိုၾကည့္ဒီၾကည့္လုပ္ေနၿပီးေလာ္ယြင္ရွီးကိုျမင္ေတာ့စိုက္ၾကည့္ေနသည္။ေကာင္ေလး၏အၾကည့္ေၾကာင့္ေလာ္ယြင္ရွီးအနည္းငယ္ေနရခက္လာရၿပီး..
"ဟိုေလ ေခါင္းေတြဘာေတြကိုက္ေသးလား ေဆးရံုေရာသြားျပမလား ညကမိုးေတြအရမ္းရြာေနၿပီးဒီနဲ႔ေဆးရံုကလည္းလွမ္းေတာ့အဆင္မေျပလို႔"
ေလာ္ယြင္ရွီးေျပာတာေတာင္ၾကားလားမသိ...အၾကည့္ကမခြါေသး..ဒုကၡပါပဲ ေခါင္းထိၿပီးရူးသြားၿပီထင္တယ္။
စကားျပန္မရတာေၾကာင့္ေလာ္ယြင္ရွီးဆက္ၿပီးေျပာလိုက္သည္။
"အစ္ကို႔နာမည္ကေလာ္ယြင္ရွီးပါ မင္းက
ကိုယ့္ထက္ငယ္မယ္ထင္တယ္ ဒီအိမ္က
ကိုယ့္အိမ္ေလ ကိုယ္တစ္ေယာက္တည္းေနတာ မင္းဒီမွာေအးေအးေဆးေဆး
သက္ေတာင့္သက္သာေနႏိုင္ပါတယ္ ေနရထိုင္ရတာေရာအဆင္ေျပရဲ့လား မင္းနာမည္ကေရာဘယ္လိုေခၚလဲမွတ္မိလား"
"လွတယ္"
"ဟမ္!"
သူ႔မွာေတာ့ေျပာလိုက္ရတာ...ေကာင္ေလးဆီကထြက္လာတဲ့စကားကႏွစ္လံုးထဲ..ၿပီးေတာ့လွတယ္တဲ့ မဆီမဆိုင္စကားႀကီး...ေသခ်ာပါၿပီ ဒီေကာင္ေလးေခါင္းထိသြားၿပီ။
ေလာ္ယြင္ရွီးေတာ့ဒီေကာင္ေလးကိုစိတ္က်န္းမာေရးဆရာဝန္နဲ႔ျပေပးရေတာ့မွာလားဟုပင္စိတ္ထဲေတြးမိသြားသည္။
"ဘာကိုလွတာလဲဟင္ ကိုယ္ေမးတာက.."
"ခင္ဗ်ားမ်က္လံုးေတြကလွတယ္"
"ဟမ္...အဟမ္း..ေက်းဇူး..ကိုယ္ေမးတာေျဖ..."
ေလာ္ယြင္ရွီးမခ်ိၿပံဳးေလးၿပံဳးလိုက္ၿပီးဆက္ေမးမလို႔ရိွေသးတယ္..ၿပီးေအာင္မေမးလိုက္ရ..
"ခင္ဗ်ားႏႈတ္ခမ္းလဲလွတယ္ အကုန္ၿခံဳေျပာရရင္ခင္ဗ်ားေတာ္ေတာ္လွတယ္"
ခုအျေခအေနႀကီးကဘယ္လိုႀကီးတုန္း!!!
"ေယာက္်ားေလးတစ္ေယာက္ကိုလွတယ္လို႔သံုးတာေတာ့နည္းနည္း...ထားပါ..အခုငါေမးတာေျဖလို႔ရၿပီလား"
"ျပန္ေမးပါလား ခုဏကခင္ဗ်ားေမးတာေတြကအမ်ားႀကီးပဲ"
'စိတ္ေလ်ွာ့ စိတ္ေလ်ွာ့ သူကေနမေကာင္းတဲ့သူ'
ေလာ္ယြင္ရွီးတစ္ေယာက္စိတ္ရွည္ရွည္ထားၿပီးတစ္ခုခ်င္းျပန္ေမးရသည္။
"မင္းနာမည္ဘယ္လိုေခၚလဲ"
"ခ်န္ေဖးယြီ"
"အသက္ဘယ္ေလာက္လဲ"
"၁၈"
"ဒါနဲ႔ဘာလို႔ခုေတြလိုျဖစ္ခဲ့တာလဲ မင္းကိုဘယ္သူေတြလုပ္လိုက္တာလဲ"
"ေျပာရရင္ေတာ့ရွည္တယ္ ကြၽန္ေတာ့္ကိုမေက်နပ္တဲ့သူကခိုင္းလို႔လုပ္ၾကတာ အလကားပါ သတၲိမရိွဘဲမိန္းမလိုမိန္းမရလုပ္တာ.. ဒါနဲ႔ခင္ဗ်ားအေၾကာင္းလဲေျပာျပပါလား"
"ကိုယ့္နာမည္ကေလာ္ယြင္ရွီး ကိုယ့္မွာမိဘေတြမရိွၾကေတာ့ဘူး အစ္ကိုတစ္ေယာက္ေတာ့ရိွတယ္ ကိုယ့္အသက္က၂၄
ဒီအိမ္မွာကိုယ္တစ္ေယာက္တည္းပဲေနတာ "
"ဪ..."
"ဒါနဲ႔မင္းဒဏ္ရာေတြသက္သာရဲ့လား"
"နည္းနည္းေတာ့နာေသးတယ္ ဒါေပမဲ့ကြၽန္ေတာ္ဒဏ္ရာေတြနဲ႔အသားက်ေနပါၿပီ ေယာက္်ားေလးပဲ ဒီေလာက္ကေတာ့အေပ်ာ့ပါ"
"ဟုတ္ပါၿပီ ၾကည့္ရတာမင္းကလူဆိုးေလးပဲျဖစ္ရမယ္.."
"ကြၽန္ေတာ္ကလူဆိုးမဟုတ္ပါဘူးေနာ္ ကြၽန္ေတာ့္ဘာသာေအးေဆးေနတာ သူတို႔ကလာလာရႈပ္တာ အဲ့ေတာ့ကြၽန္ေတာ္ကၿငိမ္ခံေနရမလား"
"အဲ့ေတာ့ခုလိုဒဏ္ရာေတြရၿပီေပါ့ "
"ခင္ဗ်ားမသိပါဘူးဗ်ာ"
"ဟုတ္ပါတယ္ ကိုယ္မသိပါဘူး ဒါနဲ႔မင္းအိမ္ကဘယ္မွာလဲ ကိုယ္ျပန္ပို႔ေပးမယ္ေလ"
"တကယ္ေတာ့ေလ...ကြၽန္ေတာ္အိမ္ေပၚကဆင္းလာတာ"
"ဘာလို႔လဲ"
"ပါးပါးကႏွင္ခ်လိုက္တာ ကြၽန္ေတာ္ကမလိမၼာလို႔တဲ့"
မ်က္ႏွာငယ္ေလးနဲ႔ေျပာလာေသာေကာင္ေလးကိုၾကည့္ၿပီးေလာ္ယြင္ရွီးစိတ္မေကာင္းျဖစ္မိသည္။
"မင္းအဆင္ေျပရင္ကိုယ့္အိမ္မွာေနလို႔ရပါတယ္ ကိုယ္ကတစ္ေယာက္တည္းေနတာ မင္းရဲ့ပါးပါးနဲ႔အဆင္ေျပေတာ့မျွပန္သြားေပါ့ ဒါေပမဲ့မင္းပါးပါးနဲ႔ျပန္အဆင္ေျပေအာင္ေတာ့လုပ္ရမယ္ေနာ္ ကိုယ္မင္းကိုတစ္သက္လံုးေခၚမထားႏိုင္ဘူး"
"ခင္ဗ်ားကမရမကအတင္းေနခိုင္းရင္ေတာင္ကြၽန္ေတာ္ကမေနပါဘူးေနာ္..ပါးနဲ႔လည္း
မၾကာခင္ျပန္အဆင္ေျပသြားမွာပါ"
"ဟုတ္ပါၿပီ ကိုယ္မင္းကိုကိုယ္လက္သန္႔စင္ေပးမယ္ ၿပီးရင္ဆန္ျပဳတ္ေသာက္ၿပီးေဆးေသာက္ရမယ္"
"ဆန္ျပဳတ္ႀကီးေသာက္ရမွာလား"
"အင္းေလ "
ေကာင္ေလးကဆန္ျပဳတ္ေသာက္ရမည္ဆိုေတာ့မ်က္ႏွာႀကီးရႈံ႔တြသြားသည္။ကေလးစိတ္မကုန္ေသးေသာလူႀကီးေလးကိုၾကည့္ၿပီးေလာ္ယြင္ရွီးၿပံဳးမိသည္။
ေဖးယြီအတြက္ဆန္ျပဳတ္ျပန္ႀကိဳေပးေနတုန္းမားေရာက္လာသည္။
"သား ဟိုေကာင္ေလးသတိရလာၿပီလား"
"ဟုတ္ ခုမနက္မွသတိရလာတာ မားထပ္
ၾကည့္ေပးပါအံုး ေဆးရံုသြားျပဖို႔လိုေသးလားလို႔ သားဆန္ျပဳတ္ယူၿပီးလိုက္လာခဲ့မယ္"
"မားသြားၾကည့္လိုက္အံုးမယ္"
မားသြားၿပီေနာက္ေနႊးၿပီးေသာဆန္ျပဳတ္ကိုပန္းကန္ထဲထည့္ကာအခန္းထဲသို႔ဝင္လာလိုက္သည္။အခန္းထဲတြင္ေတာ့မားနဲ႔စကားက်ေနေသာေကာင္ေလး...
"မား သူ႔ကိုေဆးရံုသြားျပစရာလိုေသးလား"
"သြားျပလိုက္ပါ ပိုၿပီးစိတ္ခ်သြားရတာေပါ့ "
"ကြၽန္ေတာ္အဆင္ေျပပါတယ္ ေဆးရံုမသြားလဲ"
ေကာင္ေလးကအားနာသလိုေျပာေတာ့
ေလာ္ယြင္ရွီးလည္း
"အဲ့လိုေတာ့ဘယ္ဟုတ္ပါ့မလဲ ျငင္းမေနနဲ႔ဆန္ျပဳတ္ေသာက္ၿပီးသြားရမယ္"
"ဟုတ္ကဲ့"
မားကေတာ့ကေလးႏွစ္ေယာက္ကိုၾကည့္ၿပီးၿပံဳးေနေလသည္။
ေဖးယြီကိုဆန္ျပဳတ္တိုက္ၿပီးေဆးရံုသြားဖို႔မစီးတာၾကာလို႔ဖုန္တက္ေနေသာကားကိုဆီသြားျဖည့္ၿပီးဖုန္ေတြသုတ္ရေသးသည္။ဒီကားေလးကပါးပါးစီးခဲ့တဲ့ကားေလးမို႔သူ႔အတြက္အဖိုးတန္ပစၥည္းျဖစ္တာေၾကာင့္အထိခိုက္မခံႏိုင္ပဲသိမ္းထားခဲ့တာ...ဒီအိမ္ေလးနဲ႔ကားကိုေတာ့သူအရမ္းတန္ဖိုးထားသည္။ဒါေတာင္ထိုေကာင္ေလးက
"ခင္ဗ်ားေမာင္းတတ္တာေသခ်ာပါတယ္ေနာ္ ေတာ္ၾကာဒီဒဏ္ရာေတြေၾကာင့္မေသဘဲကားေမွာက္လို႔မာလကီးယားေနအံုးမယ္"
ေစတနာနဲ႔ေတာ္ေတာ္ကိုတန္ပါေသာေကာင္ေလး..
"ေမာင္းတတ္ပါတယ္ စိုးရိမ္မေနနဲ႔"
ဒီလိုႏွင့္ေဆးရံုသြားၿပီးဆရာဝန္ႏွင့္ေသခ်ာျပကာလိုအပ္ေသာေဆးမ်ားယူၿပီးျပန္လာခဲ့ၾကသည္။
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
[A/N-ကြၽန္မရဲ့Fanficေလးကိုဖတ္ေပးၾကတဲ့ဒါဒါေလးေတြကိုေက်းဇူးတင္ပါတယ္❤️
ဒီFicထဲမွာယြင္ရွီးအသက္ကိုငယ္ထားပါတယ္Ficသေဘာအရမို႔နားလည္ေပးၾကပါ😊]
23.12.2020💛
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::