Unicode❣️
[A/N - ဒီအပိုင်းကစလို့နောက်ကြောင်းပြန်ပါပြီ]
°•° °•° °•° °•° °•° °•° °•° °•° °•° °•° °•° °•° °•°
မိုးတွေအရမ်းရွာနေတဲ့နေ့တစ်နေ့မှာလော်
ယွင်ရှီးတစ်ယောက်ထီးလေးဆောင်းကာအလုပ်မှအိမ်သို့ပြန်လာခဲ့သည်။Busဂိတ်ကနေသူ့အိမ်သို့၁၀မိနစ်လောက်လမ်းလျှောက်ရသည်။လမ်းထိပ်ရောက်တော့တရုတ်စကားပင်ကြီးအောက်ကခုံတန်းနားလေးမှာသွေးတွေနဲ့လဲနေတဲ့လူတစ်ယောက်...လော်ယွင်ရှီးလည်းရုတ်တရက်မို့လန့်သွားသည်။
အနားတွင်လည်းလူတစ်ယောက်မှမရှိ၊ထိုလူကလည်းလူဆိုးလားလူကောင်းလားမသိဘဲမကူညီရဲ။"သေနေပြီလားမသိဘူး"
ကြောက်ကြောက်လန့်လန့်ဖြင့်ထိုလူအားခြေထောက်နှင့်ထိကြည့်လိုက်သည်။ထိုလူကအနည်းငယ်လှုပ်လာသည်။
"သေတော့မသေသေးဘူးပဲ ဒါပေမဲ့ဒီအတိုင်းဆက်ထားလိုက်ရင်သေသွားလိမ့်မယ် ဒီနားကလူလဲပြတ်တယ် မသိတော့ဘူးကွာ နောင်ခါလာနောင်ခါစျေးပဲ အရင်ကယ်လိုက်မယ် ကယ်ထားတဲ့သူကိုတော့ဒုက္ခမပေးလောက်ပါဘူး"
အနီးအနားတွင်ဆေးရုံဆေးခန်းဟူ၍လည်းမရှိ၊မှောင်ကလည်းမှောင်၊မိုးကလည်းသည်းနေသည်မို့မတတ်သာတဲ့အဆုံးအိမ်သို့သာခေါ်လာခဲ့လိုက်သည်။လူကောင်အကြီးကြီးကိုလော်ယွင်ရှီး၏ခန္ဓာကိုယ်သေးသေးလေးဖြင့်မနည်းတွဲပြီးအိမ်ကိုခေါ်လာရသည်။ထီးလဲဆောင်းမရတော့သူ့တစ်ကိုယ်လုံးလဲကြွက်စုတ်ရေနစ်သလိုဖြစ်နေပြီ။
အိမ်ရောက်တော့အိပ်ယာပေါ်တင်လိုက်ပြီးဘေးအိမ်ကမားကိုသွားခေါ်ရသည်။မားကအရင်တုန်းကသူနာပြုလုပ်ခဲ့တော့တော်သေးသည်။နို့မို့ဆိုသူတစ်ယောက်တည်းဒီကောင်လေးနဲ့ဘယ်လိုလုပ်ရမှန်းသိမှာမဟုတ်ဘူး။
"မား အိပ်နေပြီလား"
"မအိပ်သေးဘူး ရှီးအာ ဝင်ခဲ့လေ"
"မား သားနဲ့ခဏလိုက်ခဲ့ပါအုံး လူနာရှိတယ် "
"ဟေ ဘယ်ကလူနာလဲ"
"လမ်းမှာလဲကျနေတာတွေ့လို့သားခေါ်လာတာ အဲ့တာမားလိုက်ကြည့်ပေးပါအုံး"