MUAMM: သစ္စာမရှိတဲ့ အချစ်တတ်ဆ...

By moemakhaphu

157K 13.6K 847

Main Character: Ning Shu (as Ni Jing) Story Name: The most unfaithful and affectionate married man (MUAMM) ... More

🔔🔔🔔 Update Schedule🔔🔔🔔
Description
1- Unicode
1. Zawgyi
2. Unicode
2. Zawgyi
3. Unicode
3. Zawgyi
4. Unicode
4. Zawgyi
5. Unicode
5. Zawgyi
Spoiler (Uni + Zaw)
6. Unicode
6. Zawgyi
7. Unicode
7. Zawgyi
8. Unicode
8. Zawgyi
9. Unicode
9. Zawgyi
10. Unicode
10. Zawgyi
11. Unicode
11. Zawgyi
12. Unicode
12. Zawgyi
13. Unicode
13. Zawgyi
14. Unicode
14. Zawgyi
15. Unicode
15. Zawgyi
16. Zawgyi
17. Unicode
17. Zawgyi
18. Unicode
18. Zawgyi
19. Unicode
19. Zawgyi
20. Unicode
20. Zawgyi
21. Unicode
21. Zawgyi
22. Unicode
22. Zawgyi
23. Unicode
23. Zawgyi
24. Unicode
24. Zawgyi
New Novel Translation
25. Unicode
25. Zawgyi
26. Uniocde
26. Zawgyi
27. Unicode
27. Zawgyi
Hello !!! My readers
28. Unicode
28. Zawgyi
29. Unicode
29. Zawgyi
🙏🇲🇲🇲🇲🇲🇲🇲🇲🇲🇲🙏
30. U. Slapped by Cold Dog Food
30. Z.
31. U. Time to Go See What They Were Up To?
31. Z.

16. Unicode

2.1K 286 34
By moemakhaphu

"""Born of Love, Not Resentment"""

ရီရှီးတစ်ယောက် အငှါးကိုယ်ဝန်သည်လုပ်ရတာက မခံရပ်နိုင်တဲ့နာကျင်မှု့လို့ တွေးထင်ခဲ့ပေမယ့်၊ သူမကို ဒီထက်ပိုပြီးအရှက်ရစရာက စောင့်နေမယ်ဆိုတာကို ဘယ်တုန်းကမှ တွေးမထင်ခဲ့ဖူးဘူး။

မဒမ်ကျင်းက သူမကို ကျင်းရှောင်ကျူနဲ့ သဘာဝအတိုင်း ကိုယ်ဝန်ရစေချင်ပြီး၊ ကျင်းမိသားစုရဲ့ အမွေဆက်ခံသူကို မွေးထုတ်ပေးစေချင်သည်။

"နီကျင်းက ကျင်းရှောင်ကျူရဲ့ တရားဝင်ဇနီးပဲ။ ကျွန်မနဲ့ ကျင်းရှောင်ကျူရဲ့ကလေးက တရားဝင်မဖြစ်နိုင်ဘူး။ ကျွန်မ....."

ရီရှီးက အနည်းငယ်ဝမ်းနည်းနေပုံပေါ်သည်။ အရေးကြီးဆုံးအချက်က သူမက သူမရဲ့ကလေးကိုမွေးပြီးလိုက်တာနဲ့၊ အဲ့ကလေးက သူမနဲ့ ဘာမှ သက်ဆိုင်တော့မှာ မဟုတ်ဘူး။

ကျင်းရှောင်ကျူရဲ့အမေက သူမရဲ့နူတ်ခမ်းကို ဖိလိုက်ပြီး ပြောလိုက်သည်။ "ကျင်းမိသားစုက နေမကောင်းတဲ့မိန်းမကို လက်ထပ်ထားခဲ့တာ။ အကယ်၍ ကလေးကသာ နေမကောင်းတဲ့ကလေးဖြစ်လာခဲ့ရင် အထက်တန်းအသိုင်းအဝိုင်းမှာ ငါတို့ကျင်းမိသားစုက ဟားတိုက်ခံရလိမ့်မယ်။ မင်းက မင်းရဲ့တာဝန်ကိုပဲ နားလည်ဖို့လိုတယ်။ မင်းကသာ ကလေးကိုမွေးပေးလိုက်ရင် မင်းအဖေကုမ္ပဏီလည်း အဆင်ပြေမယ်၊ မင်းကလေးကလည်း ကျင်းမိသားစုရဲ့ အမွေဆက်ခံသူဖြစ်လိမ့်မယ်။"

"ဒါပေမယ့် ဒါက ကျွန်မကလေးလေ။"
ရီရှီးက သူမရဲ့မျက်နှာကဖျော့တော့ကာ နူတ်ခမ်းတွေကို တင်းတင်းဖိနေသည်။

ကျင်းရှောင်ကျူရဲ့အမေက ဒေါသထွက်သွားပြီး "မင်းက ပိုက်ဆံကိုယူထားမှတော့ မင်းအလုပ်မင်း လုပ်သင့်တယ်။ နီကျင်းအမေရဲ့ မိသားစုက အရမ်းကိုချမ်းသာတာ။ မင်းရဲ့ကလေးမှာ အမေဘက်အသိုင်းအဝိုင်းကြီးကြီးနဲ့ ကျင်းမိသားစုကို ရှိလိမ့်မယ်။ ဒါကြောင့် သူက တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ရလိမ့်မယ်။ အဲဲ့အချိန်တွင်းမှာ မင်းရဲ့ တာဝန်က ဒီကလေးရှေ့ ပေါ်မလာဖို့ပဲ။"

ရီရှီးရဲ့မျက်လုံးတွေက ရဲရဲနီလာပြီး မျက်ရည်တွေ ကျလာသည်။

ကျင်းရှောင်ကျူရဲ့အမေက သူမကို ဒီလိုမျိုးတွေ့လိုက်တော့ လေသံပျော့လေးနဲ့ ပြောလိုက်သည်။ "မင်းအခု နောင်တရနေတယ်ဆိုရင် မင်းအခုပဲ ပြန်လှည့်လိုက်လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ ဘယ်လိုနည်းနဲ့မှ မင်းမိသားစုကို အလကားမကူညီနိုင်ဘူး။"

ရီရှီးက ထပ်မပြောတော့ဘူး။ သူမက သူမရဲ့သိက္ခာကို ဆုံးရှုံးပြီးသွားခဲ့ပြီ ဖြစ်ပြီး ကျင်းမိသားစုရဲ့ အထောက်အပံ့သာမရှိဘူးဆိုရင် သူမရဲ့အဖေကုမ္ပဏီက ဒေဝါလီခံသွားရလိမ့်မယ်။

"မင်းက အငှါးကိုယ်ဝန်ဆောင်လုပ်တော့မယ်ဆိုမှတော့ အခုမင်းလုပ်ရမှာက မင်းခန္ဓာကိုယ်ကို သေချာဂရုစိုက်ဖို့ပဲ။ မင်းအဖေကုမ္ပဏီရဲ့အကြွေးဆပ်နိုင်ဖို့ မင်းကို (ထောက်ပံ့စရိတ်အတွက်) ငါနောက်ထပ် ၅မီလီယံထပ်တိုးပေးမယ်။"

ကျင်းရှောင်ကျူရဲ့အမေက အရမ်းရက်ရောသည်။ ရီရှီးက တကယ့်ကို ကျင်းရှောင်ကျူရဲ့အမေ စွန့်ကြဲပေးကမ်းတာ လက်မခံချင်တော့ဘူး။ ဒါပေမယ့် အခုသူမလုပ်နေတာက သူများအထင်သေးချင်စရာဖြစ်နေခဲ့သည်။

ငြင်းလိုက်တာက သူမကို ဟန်များနေတယ်ပဲ မြင်စေမှာ။

ကျင်းရှောင်ကျူရဲ့အမေက ကုတင်ပေါ်ကိုထိုင်လိုက်ပြီး ရီရှီးရဲ့လက်ကို ပုတ်ရင်းပြောလိုက်သည်။ "အမှန်တော့ ငါ မင်းကို တကယ်သဘောကျတယ်။ မင်းက အရမ်းကိုသိတတ်ပြီး ကျင်းရှောင်ကျူကလည်း မင်းကို တော်တော်သဘောကျနေတယ်။ ကျင်းရှောင်ကျူက အရမ်းကြင်နာတတ်တယ်ဆိုပေမယ့် သူက ပြတ်သားပါတယ်။ ဘယ်သူမှ သူ့ကို ဘာလုပ်ဆိုပြီး တွန်းအားပေးလို့မရဘူး။"

💬ℹ️(ပြတ်သားတယ်?????😂😂😂😂)💬

"အဲ့ချိန်တုန်းက ကျင်းရှောင်ကျူက နီမိသားစုရဲ့ မွေးရာပါနှလုံးရောဂါသည် ကို လက်ထပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တာလေ။"
ကျင်းရှောင်ကျူရဲ့အမေက နီကျင်းအကြောင်းကို ပြောနေတဲ့ချိန်မှာ သူမရဲ့ လေသံက သိသိသာသာ ဆိုးလာသည်။ အဲ့ဒါ သူမက နီကျင်းကို သဘောမကျဘူးဆိုတာ ရှင်းနေတာပဲ။

"သူက မင်းနဲ့ သဘာဝအတိုင်း ကလေးယူဖို့ သဘောတူတာကို ကြည့်ရင် သူက မင်းကို တကယ် သဘောမကျတာ မဟုတ်ပါဘူး။ ကလေးရဲ့ အဖေအရင်းနဲ့ အမေအရင်းက တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်တာက ကလေးအတွက်ကောင်းတယ်လေ"

ကျင်းရှောင်ကျူရဲ့အမေက ညင်သာစွာပြောလိုက်သည်။ "ငါက ငါ့ရဲ့မြေးလေးကို နာကြည်းခြင်းကနေမဟုတ်ဘဲ ချစ်ခြင်းမေတ္တာတွေနဲ့ပဲ မွေးလာစေချင်တာ။"

"ငါ့ကို ယုံ၊ ငါ့သားအကြောင်း ငါသိတယ်။ သူက မင်းကို တကယ်သဘောကျတာ။ အဲ့လိုမျိုး နေ့တိုင်းစိတ်ပူနေတာကို ကြည့်လိုက်၊ မင်းခန္ဓာကိုယ်ကို ဘာလို့ ကောင်းကောင်းဂရုမစိုက်နေရတာလဲ? ဒီကလေးက မင်းရဲ့ ကလေးလည်း ဟုတ်တာပဲ။ မင်းရဲ့ကလေးအတွက် မင်းတာဝန်ယူသင့်တယ်။"

ကျင်းရှောင်ကျူရဲ့အမေက မုန်လာဥနီနဲ့ ဒုတ်ချောင်းကို သုံးတဲ့နည်းလမ်းကို ကောင်းကောင်းအသုံးချခဲ့သည်။

💬ℹ️ အဲ့ဒါ ဘာကိုဆိုလိုလဲ မသိလို့ ပြောပြကြပါဦး😅 💬

ရီရှီးက ကျင်းရှောင်ကျူအမေပြောသလို သူက သူမကို သဘောကျတယ်ဆိုတာကို မဟုတ်ဘူး။ သူက သူမကိုဆို အရမ်းရွံ့တဲ့ပုံနဲ့ သူမကိုဆို အမြဲကဲ့ရဲ့တယ်။ ဘယ်လိုလုပ်ပြီး သူမကို သဘောကျမှာတုန်း??

သူ တကယ်နှစ်သက်တာက သူ့မိန်းမကိုပဲ။ သူက သူမကိုဆို အမြဲနူးညံငြင်သာပြီး အလေးထားဆက်ဆံတယ်။ ပြီးတော့ သူမကို ကြည့်တဲ့အချိန်တိုင်း သူရဲ့မျက်နှာအမူအရာက နူးညံ့သိမ်မွေ့ခြင်းတွေ အပြည့်ပဲ။ သူက အမြဲလိုလို သူ့မိန်းမကို ဂရုစိုက်မြတ်နိုးတယ်။ ဒါမျိုးကမှ တကယ့်အချစ်စစ်ပဲ။

နောက်ပြီးတော့လဲ ကျင်းရှောင်ကျူက သူတို့ရဲ့ RS ကို ဖျက်စီးဖို့ ခွင့်မပြုနိုင်ဘူးဆိုတာကို အမြဲတမ်း သတိပေးခဲ့သည်။

ရီရှီးက လုံးဝကို နားမလည်နိုင်တော့ဘူး။ သူက ကြင်နာတတ်ပြီး သဘောထားကြီးတဲ့သူ တစ်ယောက်ပါ၊ ဒါမယ့် သူမရှေ့မှာဆိုရင်တော့ ခက်ထန်ပြီး ရက်စက်ရတာလဲ? ကျင်းရှောင်ကျူ သူမကို စကားပြောလိုက်တဲ့အခါတိုင်း၊ သူမရဲ့ရင်ကို ဓါးနဲ့ခွဲနေသလိုပဲ ခံစားခဲ့ရတယ်။

သူမက နိမ့်ကျပြီး မနှစ်မြို့စရာကောင်းတဲ့ အငှါးကိုယ်ဝန်ဆောင်ဖြစ်သည်။ သူမရဲ့ အဖေကုမ္ပဏီကိုသာ ကယ်နိုင်ဖို့ဆိုရင် သူမက ဘယ်လိုစော်ကားမှု့မျိုးကိုမဆို သည်းခံနိုင်တယ်။

ရီရှီးက ကျင်းရှောင်ကျူရဲ့ လှောင်ပြောင်စော်ကားမှု့ကို အားမလျှော့ဘဲ သည်းခံခဲ့သည်။

ဒါပေမယ့် သူမ ခေါင်းမာလေလေ၊ ကျင်းရှောင်ကျူက သူမကို အရှက်ခွဲချင်လေဆိုတာကို သူမက သတိမမူခဲ့မိဘူး။ ကျင်းရှောင်ကျူက သူ့မသိစိတ်ထဲကနေကို သူမ့စိတ်နှလုံးကို လွှမ်းမိုးချင်နေတာဖြစ်သည်။

သူက ဒီခေါင်းမာတဲ့မိန်းမ အရှုံးပေးတာကို မြင်ချင်တာပဲ။

နဉ်ရူက laptop ရှေ့ထိုင်နေပြီး ဒီစကားဝိုင်းတစ်ခုလုံးကို နားထောင်နေခဲ့သည်။ သူမက နှာခေါင်းရှုံ့လိုက်သည်။ ကျင်းရှောင်ကျူရဲ့အမေက ဒီကလေးရဲ့အရိပ်အယောင်တောင် ပေါ်မလာသေးခင်ကိုပဲ၊ သူမက ဒီလိုသေချာတဲ့အာမခံတွေ ပေးခဲ့သည်။ ဒီနေရာမှာ မေးစရာရှိတာက ကလေးရနိုင် မရနိုင် ဆိုတာပဲ ။ 😂

နဉ်ရူက ဒီစကားဝိုင်းရဲ့ video ကို သိမ်းလိုက်သည်။

💬ℹ️ ဒီမိန်းမကြီးကို မေတ္တာတွေ ပို့နေပြီနော် 😂😂😂

4️⃣.1️⃣.2️⃣0️⃣2️⃣1️⃣

Continue Reading

You'll Also Like

141K 24.2K 110
နဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသ...
869K 17.4K 83
ကောင်မလေးကိုချစ်ပါသည်။
1.3M 59K 28
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။