ရွှေပေလွှာပေါ်ရေးတဲ့ အနက်ရောင...

By KoiOuroboros

31.2K 1.3K 61

''အသက်ကို အသက်နဲ့ ​ဆက်ပြီး ရှင်သန်တယ်ဆိုတာ ကြားဖူးလား" "တစ်စုံတစ်ယောက်ရဲ့အသက်ကို တစ်စုံတစ်ယောက်ရဲ့အသက်နဲ့ ဆက်... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
ကြေညာခြင်း
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
FYI
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း (၂၉)
22.2.2021
12.3.21
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အောက်စီဂျင်လိုရင်
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)

အပိုင်း(၂၈)

269 14 0
By KoiOuroboros

ဘာအကြောင်းရှိလို့ အခုမှ ပြန်ပေါ်လာတယ်ကို မသိရသေးခင်မှာဘဲ အန်တီတာက ထိုမြွေကြီးကို အိမ်ထဲသို့ ခေါ်လာတယ်။ ကူရှင်သုံးလေးခုလောက်ဆင့်ပြီး ထပ်ပေးကာ အပေါ်မှာခြုံရန် ဂွမ်းကပ်စောင်တွေ ထုတ်ယူပြီး သူမဘက်ကိုလှည့်ပြောတယ်။
      "မြွေတွေက ဆောင်းခိုတတ်ကြတယ်လေ၊ နွေးနွေးထွေးထွေးနေရတာကိုကြိုက်ကြတယ်"
      "သူဘာလို့ရောက်လာတာလဲ"
မီးလင်းဖိုထဲ ထင်းချောင်းသုံး၊ လေးချောင်းစိုက်နေစဥ် မေးလိုက်တယ်။  
      "သူပြောမှာပေါ့"
      "ပြောမယ်? ကိုယ့် အိမ်မွေးတိရစ္ဆာန်နဲ့ပဲ စိတ်ချင်းဆက်သွယ်နိုင်တာမဟုတ်ဘူးလား"
      "မိသားစုဝင်အချင်းချင်းစကားပြောတာပဲ"
      "မိသားစုဝင်?"
      သူမ နားမလည်နိုင်စွာ ပြန်မေးလိုက်ပေမယ့် အန်တီတာကတော့ မဖြေဘဲ စောင်များကို ဖြန့်ပြီး မြွေကြီးပေါ်ကို လွှား ခြုံပေးနေတယ်။ အနားကိုကပ်သွားတော့ ခေါင်းထောင်လာတယ်။ သူမကိုသေချာစိုက်ကြည့်နေတယ်။ ပြီးတော့ အန်တီတာဘက်ကို လှည့်ပြီး ကြည့်တယ်။
      "ဟုတ်တာပေါ့၊ တကယ့် အမေတူသမီးပဲ"
      အန်တီတာက သူမဘက်ကိုလှည့်ပြီး ဂုဏ်ဆောင်ပေးလိုက်သေးတယ်။
      အန်တီတာက မြွေနဲ့တကယ်ပဲ စကားပြောနိုင်သည်ထင်တယ်။ ခေါင်းခါရမ်းနေသော မြွေရဲ့မျက်လုံးများကို ကြည့်လိုက် စကားတစ်ခွန်းပြောလိုက်နဲ့။
      "ဒီမှာပဲနေလေ။ ဘယ်တွေရောက်ခဲ့တယ်ဆိုတာ ဖြည်းဖြည်းချင်းပြောပြပေါ့။ အိမ်မှာတော့ တို့နှစ်ယောက်ပဲနေတာမို့ လွတ်လွတ်လပ်လပ်နေလို့ရတယ်"     
      ဒီတစ်ကြိမ်မှာတော့ တစ်ဖက်က အတော်လေးစကားပြောနေသည်ထင်တယ်။ သူမ မီးလင်းဖိုထဲကို ထင်းနှစ်ချောင်းလောက်ပစ်ထည့်ပြီး ရေကရားထဲကို ရေဖြည့်ပြီးအခန်းထဲပြန်လာတာတောင် အန်တီတာက ထိုင်ရာက မထသေး။
       သူမလည်း ဖတ်လတ်စ ကျိန်စာစာအုပ်ကို မီးလင်းဖိုနားမှာပဲ ထိုင်ပြီး ဖတ်နေလိုက်တယ်။ သိပ်မကြာပါဘူး၊ အန်တီတာ အနားကိုရောက်လာတယ်။ လှမ်းကြည့်တော့ မြွေကြီးက ခွေပြီး အိပ်ရာဝင်သွားပြီထင်တယ်။
       "အင်း..."
       အင်း အစချီပြီး လာတဲ့အန်တီတာရဲ့ မျက်နှာမှာ အကြောင်းတစ်ခုခုပါလာပုံရတယ်။
       "ဘာပြောမလို့လဲ"
       "နှစ်ရှည်လများရှာနေတဲ့ စုန်းရွာက သူတွေကိုရှာတွေ့ပြီ"
       ရုတ်တရက် မထင်ထားတဲ့စကားကြောင့် သူမ ကြက်သေသေသွားတယ်။ ထိုအချိန်တွေကို သူမ စောင့်နေတာမှန်ပေမယ့် ဒီလောက်မြန်ဆန်သွားမယ်မှန်း မမျှော်လင့်ထားခဲ့တာလည်း ပါတယ်။
       "ဘယ်မှာလဲ"
       "တိုက်ပျက်တစ်ခုထဲမှာ နေကြတယ်တဲ့။ နောက်လိုက်ရွာသူ၊ရွာသားတချို့နှင့် ရွာသူကြီးရှိတယ်လို့ပြောတယ်"
       နှစ်အတော်ကြာ ခြေရာဖျောက်နိုင်ခဲ့ပြီလို့ထင်ထားခဲ့ပုံရတယ်။ ကျိန်စာကိုကြောက်ပြီး ရွာကို ဖျက်သိမ်းသွားဟန်တူတယ်။ ရွာသူ၊ ရွာသားတွေလည်း တစ်ယောက်တစ်နေရာဆီထွက်သွားကြပြီး ရွာသူကြီးကတော့ အပေါင်းအပါတချို့နဲ့ ပုန်းခိုနေသည်ထင်တယ်။
       "ဘယ်လောက်ရှာရှာမတွေ့ခဲ့တာ သူတို့မှာ ထူးဆန်းတာတစ်ခုခုလုပ်ထားပုံ ရတယ်။ ဘာလဲဆိုတာ ခန့်မှန်းလို့မရပေမယ့် မကောင်းတာတော့ အမှန်ပဲ"
       အန်တီတာက သူမ လုပ်မည့်လုပ်ရပ်များကိုဟန့်တားလိုနေတယ်။
       "ဒါမျိုးတစ်နေ့ကြုံလာမှာကို သိလို့ ကြိုပြင်ဆင်ထားခဲ့တာပဲမလား"
       "တစ်ယောက်တည်းသွားလို့ဖြစ်ပါ့မလားဟယ်"
       ရန်ကြွေးတွေနဲ့မပတ်သက်ချင်တော့တဲ့ အန်တီတာက သူမကို စိတ်မချဖြစ်နေပုံရတယ်။
       "အနိုင် အရှုံးပဲ ရှိမယ့်ပွဲပဲ"
       သူမက စာအုပ်ကို ပိတ်လိုက်ပြီး ထိုင်ရာက ထကာ အခန်းပြင်ကို ထွက်ဖို့ လှည့်၍ အန်တီတာကို ကျောခိုင်းမိလျက်။
       ပေါ့ပေါ့တန်တန်ပြောနေတဲ့ သူမကို အန်တီတာက နဂို စိတ်ချယုံကြည်မှုအားထက် လျော့နည်းစိတ်နဲ့ မေးခွန်းတွေထုတ်နေတာ ကိုရိပ်စားမိတယ်။
       "အကယ်၍..."
       "ဘဝမှာ ပတ်သက်ခဲ့မိတာ ဘာမှ မရှိလို့ နောင်တရစရာလည်း မကျန်ခဲ့လောက်ပါဘူး"
       နောက်ကျောဘက်မှ အန်တီတာက ဆက်ပြောတယ်။
       "မိသားစုရေးမို့ တို့ နားလည်ပေးနိုင်ပေမယ့်၊ ဟိုကောင်လေးကိုရော.."
       "...."
       "ဟိုကောင်လေးကိုရော ဒီတိုင်းဘာမှ မပြောဘဲ ထားခဲ့တော့မလို့လား"
       အန်တီတာက သာကီ အကြောင်းဖော်ပေးတယ်။ ဘဝမှာရှားရှားပါးပါးပတ်သက်မိတဲ့ နောက်ဆုံးအမျှင်အတန်းက သာကီမင်းည။ အန်တီတာက သာကီနှင့် သူမကို တုပ်နှောင်စေခြင်းဖြင့် တားဆီးလိုနေတာ ပေါ်လွင်တယ်။ အထိန်းအကွပ်မဲ့တဲ့ ကြိုးစက နောက်ဆံတင်းစေမယ့် လွန်းကြိုးဖြစ်လာနိုင်တာကိုလည်းသူမ သိတယ်။ လေပြေကိုနမ်းတိုင်း လွင့်ဝဲသွားရတဲ့ ရွက်ကြွေတွေရဲ့ နိဂုံးက ဝေလိုက် ဆွေးလိုက်နဲ့ အဆုံးသတ် မလှတတ်။
       သူ့ကို တစ်ခေါက်တော့ ထပ်တွေ့ရဦးမှာပေါ့၊ နောက်ဆုံးအကြိမ် ဟုတ်မဟုတ်ကတော့ သူမ အကြောင်းတရားပေါ်မှာပဲ မူတည်တော့တယ်။

           ထူးထူးဆန်းဆန်း အိပ်မက်ထဲမှာ တွေ့ဖို့လာပြောတာနဲ့တင်မယုံနိုင်ဖြစ်ရတဲ့အထဲ နိုးနိုးချင်း အဝါရောင်လိပ်ပြာတစ်ကောင်ကိုဖြတ်ခနဲမြင်ပြီးပျောက်သွားတာကြောင့် ကယောင်ကတမ်းမက်တဲ့အိပ်မက် မဟုတ်ဘဲ တိတိကျကျနဲ့သေချာတဲ့အိပ်မက်မှန်း သိတယ်။ အထွန့်တက်မနေဘဲ ချိန်းတဲ့ဆိုင်ကိုပဲ စောစောစီးစီးဦးနှင့်အောင်သွားထားလိုက်တယ်။ မှာစရာများကို ဖွယ်ဖွယ်ရာရာကြိုမှာထားပြီး မှန်ပြတင်းများမှတဆင့် အပြင်ဘက်ကို ငေးမျှော်လိုက် ပြန်ထိုင်လိုက်နဲ့ အလုပ်ရှုပ်နေတယ်။ ပန်းကန်တွေ စားပွဲမှာလာချလို့တောင် ဝင်တိုက်မလိုဖြစ်မိပြီး စပ်ဖြီးဖြီးနဲ့ ထောင့်မှာဝင်ကပ်ကာ မျှော်ကြည့်မိနေတယ်။
           ဆိုင်ရဲ့ အတွင်းအပြင်မှာ စိမ်းစိုနေတဲ့ အပင်ပုလေးတွေ၊ အပင်အိုးလေးတွေနဲ့ အလှဆင်ထားတယ်။ တံခါးဝနားမှာ ရေဝါးရွက်လေးတွေ တွဲလောင်းကျနေပြီး လိပ်ခွံလေးနဲ့တူတဲ့အပင်လေးတွေလည်း တွဲခိုနေတာ ရှိတယ်။ သပြေဘွန်ဆိုင်းတွေ၊ နှင်းဆီဘွန်ဆိုင်းတွေက စားပွဲတစ်ခုဆီမှာ တစ်အိုးကျ အလှဆင်ပြသ ထားတယ်။
           အစိမ်းရောင်အပင်တွေကြားမှာ အမည်းရောင်နဲ့ကောင်မလေးကို သူတွေ့တော့..
           "လာမယ်လို့ထင်သားပဲ၊ အိပ်မက်က ထူးဆန်းတည်းက မဏ္ဏိပို့လိုက်တယ်ဆိုတာ ကိုယ်သိတယ်"
           စားပွဲနားကို ရှာစရာမလိုဘဲ ခဏအတွင်း ရောက်လာတယ်။
           "စောရောက်နေသားပဲ.."
           အနားရောက်လာတော့ သူ့ရဲ့ အလိုက်သင့် ထိုင်ခုံကို ဆွဲထုတ်ပေးတဲ့နေရာမှာပဲ သူမဝင်ထိုင်လိုက်တယ်။ စားပွဲပေါ်က ဟင်းပွဲများကို ဝေ့ဝိုက်အကဲခတ်ကြည့်လိုက်တာကို သူမြင်တော့
           "ကြိုက်ရဲ့လားဗျ" ဆိုပြီး မေးတယ်။
           ခေါင်းညိတ်ပြတဲ့ သူမနှင့်အတူ ခေါင်းထက်မှာ လှုပ်ရမ်းသွားတဲ့အရာလေးကို သတိထားမိလိုက်တယ်။ မြင်လိုက်ချင်းမှာတင် သူကိုယ်တိုင်စည်းနှောင်ပေးခဲ့တဲ့ napkinလေးမှန်း တန်းသိတာကြောင့် ကြိတ်ကာ တိတ်တခိုးပြုံးရသေးတယ်။
           "တို့ပြောစရာရှိလို့"
           "အရင်စားကြမလား.."
           "အင်း"
           "ခရုဟင်းချိုသောက်တယ်မလား၊ ကိုယ်ထည့်ပေးမယ်နော်"
           သူက စားပွဲအလယ်က ပန်းကန်လုံးကြီးထဲမှ ပန်းကန်လုံးလေးထဲကို ခပ်ထည့်ပေးတယ်။ တည်တည်ကြည်ကြည်နဲ့  အေးအေးဆေးဆေးနိုင်လှတဲ့ သူ့ကို သူမအကြောင်းတွေ ဘယ်လိုပြောရမလဲ။ နောက်ဆုံး ဆုပ်ကိုင်ထားမိတဲ့ ကြိုးက ဘယ်အချိန်မှာ ရစ်တွယ်နှောင်ဖွဲ့ခဲ့မှန်းမသိလိုက်တဲ့အပြင် ရုန်းထွက်ဖို့လည်းခက်ခဲနေရတယ်။
           ပန်းကန်လုံးကို သူမရှေ့က ပန်းကန်ပြားနားမှာ သူချပေးလိုက်တော့
           "တို့တစ်နေရာကို သွားစရာရှိတယ်"
           "အင်..သွားလေ၊ ကိုယ်လိုက်ပို့ရမလား၊ ဒါမှမဟုတ် ကိုယ်အဖော်လိုက်ခဲ့ပေးရမလား"
           "ဘယ်အချိန်ပြန်ရောက်မလဲ မသိဘူး"
           "စောစောတော့ ပြန်လာမယ်မလားဟင်"
           "မသေချာဘူး၊ အဲ့ဒါကြောင့် ဒီတစ်ကြိမ် ရှင့်ကို အသိပေးဖို့..."
          ".........."
          "အသိပေးချင်တာကြောင့်.."
           "အော်...မဏ္ဏိက ထွက်သွားတော့မယ်ပေါ့နော်၊ဒါဆို ကိုယ့်ကို နှုတ် ဆက်ဖို့ အခုလို ချိန်းလိုက်တော့ပေါ့ဟင်"
           မျက်နှာချင်းဆိုင် ပြောနေရင်း သူက ခေါင်းငုံ့ သွားပြီး ပန်းကန်ထဲက စုပုံနေတဲ့ဟင်းများကို သက်သက်စီ ခွဲနေမိတယ်။
           "ဘာကိစ္စကြောင့် သွားရမှာလဲဗျာ"
           "လူတစ်ယောက်ကို ရှာမလို့"
           "အရေးကြီးလို့လားဟင်"
           "မိဘတွေကို သတ်ခဲ့တာ"
           "......"
           "ရှင့်မိဘတွေအကြောင်း ရှင်သိလား"
           သူက သူမကို ပြန်မော့ကြည့်လာပြီး ခေါင်းခါပြတယ်။
           "ရှင်မသိသေးတဲ့ တို့အကြောင်းတွေရှိနေသေးတယ်။ အဲ့ဒါတွေကို တခြားတစ်ယောက်ကို ပြောပြရလိမ့်မယ်လို့ တစ်ခါမှ မတွေးတောခဲ့မိဘူး။ အခုတော့ ရှင့်ကိုလည်း သိစေချင်တယ်။ တစ်စိတ်တစ်ပိုင်းအနေနဲ့ပေါ့"
           "ကိုယ်ဝမ်းပမ်းတသာ လက်ခံမိတယ်။ ကိုယ့်ကို မင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခွင့်ပေးပါ"
          "ဒါတွေအားလုံးရဲ့ အစက ပုံပြင်တွေက စတယ်။ ပြီးတော့ ပုံပြင်တွေမှာပဲ အဆုံးသတ်တယ်။ ပုံပြင်တွေထဲမှာအဖြေရှာရတယ်။ ပုံပြင်တစ်ပုဒ်ရှင်နားထောင်ချင်ပါ့မလားမသိဘူး။ အဲ့ပုံပြင်ရဲ့ အစတွေကတော့ အတူတူတွေပဲပေါ့..ပုံပြင်အစက ဒီလိုနိဒါန်းချီတယ်။
          ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာရှိတယ်။ ပြောကြတာတော့ တစ်ရွာလုံးစုန်းပညာတတ်ကြတယ်တဲ့။ အဲ့ဒါကြောင့် လူတွေရဲ့ပါးစပ်ဖျားမှာ ပြောစမှတ်တွင်ကြတယ်။ အဲ့ရွာကလေ စုန်းရွာတဲ့လေ။

(Zawgyi)
ဘာအေၾကာင္းရွိလို႔ အခုမြ ျပန္ေပၚလာတယ္ကို မသိရေသးခင္မွာဘဲ အႏၱီတာက ထိုေႁမြႀကီးကို အိမ္ထဲသို႔ ေခၚလာတယ္။ ကူရွင္သုံးေလးခုေလာက္ဆင့္ၿပီး ထပ္ေပးကာ အေပၚမွာၿခဳံရန္ ဂြမ္းကပ္ေစာင္ေတြ ထုတ္ယူၿပီး သူမဘက္ကိုလွည့္ေျပာတယ္။
      "ေႁမြေတြက ေဆာင္းခိုတတ္ၾကတယ္ေလ၊ ႏြေးႏြေးေထြးေထြးေနရတာကိုႀကိဳက္ၾကတယ္"
      "သူဘာလို႔ေရာက္လာတာလဲ"
မီးလင္းဖိုထဲ ထင္းေခ်ာင္းသုံး၊ေလးေခ်ာင္းစိုက္ေနစဥ္ ေမးလိုက္တယ္။  
      "သူေျပာမွာေပါ့"
      "ေျပာမယ္? ကိုယ့္ အိမ္ေမြးတိရစ္ဆာန္နဲ႕ပဲ စိတ္ခ်င္းဆက္သြယ္နိုင္တာမဟုတ္ဘူးလား"
      "မိသားစုဝင္အခ်င္းခ်င္းစကားေျပာတာပဲ"
      "မိသားစုဝင္?"
      သူမ နားမလည္နိုင္စြာ ျပန္ေမးလိုက္ေပမယ့္ အႏၱီတာေကတာ့ မေျဖဘဲ ေစာင္မ်ားကို ျဖန႔္ၿပီး ေႁမြႀကီးေပၚကို လႊား ၿခဳံေပးေနတယ္။ အနားကိုကပ္သြားေတာ့ ေခါင္းေထာင္လာတယ္။ သူမကိုေသခ်ာစိုက္ၾကည့္ေနတယ္။ ၿပီးေတာ့ အႏၱီတာဘကၠို လွည့္ၿပီး ၾကည့္တယ္။
      "ဟုတ္တာေပါ့၊ တကယ့္ ေအမတူသမီးပဲ"
      အႏၱီတာက သူမဘက္ကိုလွည့္ၿပီး ဂုဏ္ေဆာင္ေပးလိုက္ေသးတယ္။
      အႏၱီတာက ေႁမြနဲ႕တကယ္ပဲ စကားေျပာနိုင္သည္ထင္တယ္။ ေခါင္းခါရမ္းေနေသာ ေႁမြရဲ႕မ်က္လုံးမ်ားကို ၾကည့္လိုက္ စကားတစ္ခြန္းေျပာလိုက္နဲ႕။
      "ဒီမွာပဲေနေလ။ ဘယ္ေတြေရာက္ခဲ့တယ္ဆိုတာ ျဖည္းျဖည္းခ်င္းေျပာျပေပါ့။ အိမ္မွာေတာ့ တို႔ႏွစ္ေယာက္ပဲေနတာမို႔ လြတ္လြတ္လပ္လပ္ေနလို႔ရတယ္"     
      ဒီတစ္ႀကိမ္မွာေတာ့ တစၹကၠ အေတာ္ေလးစကားေျပာေနသည္ထင္တယ္။ သူမ မီးလင္းဖိုထဲကို ထင္းႏွစ္ေခ်ာင္းေလာက္ပစ္ထည့္ၿပီး ေရကရားထဲကို ေရျဖည့္ၿပီးအခန္းထဲျပန္လာတာေတာင္ အႏၱီတာက ထိုင္ရာက မေထသး။
       သူမလည္း ဖတႅတၥ က်ိန္စာစာအုပ္ကို မီးလင္းဖိုနားမွာပဲ ထိုင္ၿပီး ဖတ္ေနလိုက္တယ္။ သိပ္မၾကာပါဘူး၊ အႏၱီတာ အနားကိုေရာက္လာတယ္။ လွမ္းၾကည့္ေတာ့ ေႁမြႀကီးက ေခြၿပီး အိပ္ရာဝင္သြားၿပီထင္တယ္။
       "အင္း..."
       အင္း အစခ်ီၿပီး လာတဲ့အန္တီတာရဲ႕ မ်က္ႏွာမွာ အေၾကာင္းတစ္ခုခုပါလာပုံရတယ္။
       "ဘာေျပာမလို႔လဲ"
       "ႏွစ္ရွည္လမ်ားရွာေနတဲ့ စုန္း႐ြာက သူေတြကိုရွာေတြ႕ၿပီ"
       ႐ုတ္တရက္ မထင္ထားတဲ့စကားေၾကာင့္ သူမ ၾကက္ေသေသသြားတယ္။ ထိုအခ်ိန္ေတြကို သူမ ေစာင့္ေနတာမွန္ေပမယ့္ ဒီေလာက္ျမန္ဆန္သြားမယ္မွန္း မေမွ်ာ္လင့္ထားခဲ့တာလည္း ပါတယ္။
       "ဘယ္မွာလဲ"
       "တိုကၸ္ကၱစၡဳထဲမြာ ေနၾကတယ္တဲ့။ ေနာက္လိုက္႐ြာသူ၊႐ြာသားတခ်ိဳ႕ႏွင့္ ႐ြာသူႀကီးရွိတယ္လို႔ေျပာတယ္"
       ႏွစ္အေတာ္ၾကာ ေျခရာေဖ်ာက္နိုင္ခဲ့ၿပီလို႔ထင္ထားခဲ့ပုံရတယ္။ က်ိန္စာကိုေၾကာက္ၿပီး ႐ြာကို ဖ်က္သိမ္းသြားဟန္တူတယ္။ ႐ြာသူ၊ ႐ြာသားေတြလည္း တစ္ေယာက္တစ္ေနရာဆီထြက္သြားၾကၿပီး ႐ြာသူႀကီးကေတာ့ အေပါင္းအပါတခ်ိဳ႕နဲ႕ ပုန္းခိုေနသည္ထင္တယ္။
       "ဘယ္ေလာက္ရွာရွာမေတြ႕ခဲ့တာ သူတို႔မွာ ထူးဆန္းတာတစ္ခုခုလုပ္ထားပုံ ရတယ္။ ဘာလဲဆိုတာ ခန႔္မွန္းလို႔မရေပမယ့္ မေကာင္းတာေတာ့ အမွန္ပဲ"
       အႏၱီတာက သူမ လုပ္မည့္လုပ္ရပ္မ်ားကိုဟန႔္တားလိုေနတယ္။
       "ဒါမ်ိဳးတစ္ေန႕ႀကဳံလာမွာကို သိလို႔ ႀကိဳျပင္ဆင္ထားခဲ့တာပဲမလား"
       "တစ္ေယာက္တည္းသြားလို႔ျဖစ္ပါ့မလားဟယ္"
       ရန္ေႂကြးေတြနဲ႕မပတ္သက္ခ်င္ေတာ့တဲ့ အႏၱီတာက သူမကို စိတ္မခ်ျဖစ္ေနပုံရတယ္။
       "အနိုင္ အရႈံးပဲ ရွိမယ့္ပြဲပဲ"
       သူမက စာအုပၠို ပိတ္လိုက္ၿပီး ထိုင္ရာက ထကာ အခန္းျပင္ကို ထြက္ဖို႔ လွည့္၍ အႏၱီတာကို ေက်ာခိုင္းမိလ်က္။
       ေပါ့ေပါ့တန္တန္ေျပာေနတဲ့ သူမကို အႏၱီတာက နဂို စိတ္ခ်ယဳံၾကည္မႈအားထက္ ေလ်ာ့နည္းစိတ္နဲ႕ ေမးခြန္းေတြထုတ္ေနတာ ကိုရိပ္စားမိတယ္။
       "အကယ္၍..."
       "ဘဝမြာ ပတ္သက္ခဲ့မိတာ ဘာမြ မရွိလို႔ ေနာင္တရစရာလည္း မက်န္ခဲ့ေလာက္ပါဘူး"
       ေနာက္ေက်ာဘက္မွ အႏၱီတာက ဆက္ေျပာတယ္။
       "မိသားစုေရးမို႔ တို႔ နားလည္ေပးနိုင္ေပမယ့္၊ ဟိုေကာင္ေလးကိုေရာ.."
       "...."
       "ဟိုေကာင္ေလးကိုေရာ ဒီတိုင္းဘာမွ မေျပာဘဲ ထားခဲ့ေတာ့မလို႔လား"
       အႏၱီတာက သာကီ အေၾကာင္းေဖာ္ေပးတယ္။ ဘဝမွာရွားရွားပါးပါးပတ္သက္မိတဲ့ ေနာက္ဆုံးအမွ်င္အတန္းက သာကီမင္းည။ အႏၱီတာက သာကီႏွင့္ သူမကို တုပ္ႏွောင္ေစျခင္းျဖင့္ တားဆီးလိုေနတာ ေပၚလြင္တယ္။ အထိန္းအကြပ္မဲ့တဲ့ ႀကိဳးစက ေနာက္ဆံတင္းေစမယ့္ လြန္းႀကိဳးျဖစ္လာနိုင္တာကိုလည္းသူမ သိတယ္။ ေလေျပကိုနမ္းတိုင္း လြင့္ဝဲသြားရတဲ့ ႐ြက္ေႂကြေတြရဲ႕ နိဂုံးက ေဝလိုက္ ေဆြးလိုက္နဲ႕ အဆုံးသတ္ မလွတတ္။
       သူ႕ကို တစ္ေခါက္ေတာ့ ထပ္ေတြ႕ရဦးမွာေပါ့၊ ေနာက္ဆုံးအႀကိမ္ ဟုတ္မဟုတ္ကေတာ့ သူမ အေၾကာင္းတရားေပၚမွာပဲ မူတည္ေတာ့တယ္။

           ထူးထူးဆန္းဆန္း အိပ္မက္ထဲမွာ ေတြ႕ဖို႔လာေျပာတာနဲ႕တင္မယုံနိုင္ျဖစ္ရတဲ့အထဲ နိုးနိုးခ်င္း အဝါေရာင္လိပ္ျပာတစ္ေကာင္ကိုျဖတ္ခနဲျမင္ၿပီးေပ်ာက္သြားတာေၾကာင့္ ကေယာင္ကတမ္းမက္တဲ့အိပ္မက္ မဟုတ္ဘဲ တိတိက်က်နဲ႕ေသခ်ာတဲ့အိပ္မက္မွန္း သိတယ္။ အထြန႔္တက္မေနဘဲ ခ်ိန္းတဲ့ဆိုင္ကိုပဲ ေစာေစာစီးစီးဦးႏွင့္ေအာင္သြားထားလိုက္တယ္။ မြာစရာမ္ားကို ဖြယ္ဖြယ္ရာရာႀကိဳမွာထားၿပီး မွန္ျပတင္းမ်ားမွတဆင့္ အျပင္ဘက္ကို ေငးေမွ်ာ္လိုက္ ျပန္ထိုင္လိုက္နဲ႕ အလုပ္ရႈပ္ေနတယ္။ ပန္းကန္ေတြ စားပြဲမွာလာခ်လိဳ႕ေတာင္ ဝင္တိုက္မလိုျဖစ္မိၿပီး စပ္ၿဖီးၿဖီးနဲ႕ ေထာင့္မွာဝင္ကပ္ကာ ေမွ်ာ္ၾကည့္မိေနတယ္။
           ဆိုင္ရဲ႕ အတြင္းအျပင္မွာ စိမ္းစိုေနတဲ့ အပင္ပုေလးေတြ၊ အပင္အိုးေလးေတြနဲ႕ အလွဆင္ထားတယ္။ တံခါးဝနားမြာ ေရဝါး႐ြက္ေလးေတြ တြဲေလာင္းက်ေနၿပီး လိပ္ခြံေလးနဲ႕တူတဲ့အပင္ေလးေတြလည္း တြဲခိုေနတာ ရွိတယ္။ သေျပဘြန္ဆိုင္းေတြ၊ ႏွင္းဆီဘြန္ဆိုင္းေတြက စားၿပဲတစၡဳဆီမြာ တစ္အိုးက် အလွဆင္ျပသ ထားတယ္။
           အစိမ္းေရာင္အပင္ေတြၾကားမွာ အမည္းေရာင္နဲ႕ေကာင္မေလးကို သူေတြ႕ေတာ့..
           "လာမယ္လို႔ထင္သားပဲ၊ အိပၼကၠ ထူးဆန္းတည္းက မဏၰိပို႔လိုက္တယ္ဆိုတာ ကိုယ္သိတယ္"
           စားၿပဲနားကို ႐ြာစရာမလိုဘဲ ခဏအတြင္း ေရာက္လာတယ္။
           "ေစာေရာက္ေနသားပဲ.."
           အနားေရာက္လာေတာ့ သူ႕ရဲ႕ အလိုက္သင့္ ထိုင္ခုံကို ဆြဲထုတ္ေပးတဲ့ေနရာမွာပဲ သူမဝင္ထိုင္လိုက္တယ္။ စားပြဲေပၚက ဟင္းပြဲမ်ားကို ေဝ့ဝိုက္အကဲခတ္ၾကည့္လိုက္တာကို သူျမင္ေတာ့
           "ႀကိဳက္ရဲ႕လားဗ်" ဆိုၿပီး ေမးတယ္။
           ေခါင္းညိတ္ျပတဲ့ သူမႏွင့္အတူ ေခါင္းထက္မွာ လႈပ္ရမ္းသြားတဲ့အရာေလးကို သတိထားမိလိုက္တယ္။ ျမင္လိုက္ခ်င္းမွာတင္ သူကိုယ္တိုင္စည္းႏွောင္ေပးခဲ့တဲ့ napkinေလးမွန္း တန္းသိတာေၾကာင့္ ႀကိတ္ကာ တိတ္တခိုးၿပဳံးရေသးတယ္။
           "တို႔ေျပာစရာရွိလို႔"
           "အရင္စားၾကမလား.."
           "အင္း"
           "ခ႐ုဟင္းခ်ိဳေသာက္တယ္မလား၊ ကိုယ္ထည့္ေပးမယ္ေနာ္"
           သူက စားၿပဲအလယၠ ပန္းကန္လုံးႀကီးထဲမွ ပန္းကန္လုံးေလးထဲကို ခပ္ထည့္ေပးတယ္။ တည္တည္ၾကည္ၾကည္နဲ႕  ေအးေအးေဆးေဆးနိုင္လွတဲ့ သူ႕ကို သူမအေၾကာင္းေတြ ဘယ္လိုေျပာရမလဲ။ ေနာက္ဆုံး ဆုပ္ကိုင္ထားမိတဲ့ ႀကိဳးက ဘယ္အခ်ိန္မွာ ရစ္တြယ္ႏွောင္ဖြဲ႕ခဲ့မွန္းမသိလိုက္တဲ့အျပင္ ႐ုန္းထြက္ဖို႔လည္းခက္ခဲေနရတယ္။
           ပန္းကန္လုံးကို သူမေရွ႕က ပန္းကန္ျပားနားမွာ သူခ်ေပးလိုက္ေတာ့
           "တို႔တစ္ေနရာကို သြားစရာရွိတယ္"
           "အင္..သြားေလ၊ ကိုယ္လိုက္ပို႔ရမလား၊ ဒါမွမဟုတ္ ကိုယ္အေဖာ္လိုက္ခဲ့ေပးရမလား"
           "ဘယ္အခ်ိန္ျပန္ေရာက္မလဲ မသိဘူး"
           "ေစာေစာေတာ့ ျပန္လာမယ္မလားဟင္"
           "ေမသခ္ာဘူး၊ အဲ့ဒါေၾကာင့္ ဒီတစ္ႀကိမ္ ရွင့္ကို အသိေပးဖို႔..."
          ".........."
          "အသိေပးခ်င္တာေၾကာင့္.."
           "ေအာ္...မဏၰိက ထြက္သြားေတာ့မယ္ေပါ့ေနာ္၊ဒါဆို ကိုယ့္ကို ႏႈတ္ ဆက္ဖို႔ အခုလို ခ်ိန္းလိုက္ေတာ့ေပါ့ဟင္"
           မ်က္ႏွာခ်င္းဆိုင္ ေျပာေနရင္း သူက ေခါင္းငုံ႕ သြားၿပီး ပန္းကန္ထဲက စုပုံေနတဲ့ဟင္းမ်ားကို သက္သကၥီ ခြဲေနမိတယ္။
           "ဘာကိစၥေၾကာင့္ ၾသားရမြာလဲဗ္ာ"
           "လူတစ္ေယာက္ကို ရွာမလို႔"
           "အေရးႀကီးလို႔လားဟင္"
           "မိေဘၾတကို သတ္ခဲ့တာ"
           "......"
           "ရွင့္မိဘေတြအေၾကာင္း ရွင္သိလား"
           သူက သူမကို ျပန္ေမာ့ၾကည့္လာၿပီး ေခါင္းခါျပတယ္။
           "ရွင္မသိေသးတဲ့ တို႔အေၾကာင္းေတြရွိေနေသးတယ္။ အဲ့ဒါေတြကို တျခားတစ္ေယာက္ကို ေျပာျပရလိမ့္မယ္လို႔ တစ္ခါမွ မေတြးေတာခဲ့မိဘူး။ အခုေတာ့ ရွင့္ကိုလည္း သိေစခ်င္တယ္။ တစ္စိတ္တစ္ပိုင္းအေနနဲ႕ေပါ့"
           "ကိုယ္ဝမ္းပမ္းတသာ လက္ခံမိတယ္။ ကိုယ့္ကို မင္းရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္ခြင့္ေပးပါ"
          "ဒါေတြအားလုံးရဲ႕ အစက ပုံျပင္ေတြက စတယ္။ ၿပီးေတာ့ ပုံျပင္ေတြမွာပဲ အဆုံးသတ္တယ္။ ပုံျပင္ေတြထဲမွာအေျဖရွာရတယ္။ ပုံျပင္တစ္ပုဒ္ရွင္နားေထာင္ခ်င္ပါ့မလားမသိဘူး။ အဲ့ပုံျပင္ရဲ႕ အေစၾတေကတာ့ အတူတူေတြပဲေပါ့..ပုံျပင္အစက ဒီလိုနိဒါန္းခ်ီတယ္။
          ဟိုးေရွးေရွးတုန္းက ႐ြာတစ္႐ြာရွိတယ္။ ေျပာၾကတာေတာ့ တစ္႐ြာလုံးစုန္းပညာတတ္ၾကတယ္တဲ့။ အဲ့ဒါေၾကာင့္ လူေတြရဲ႕ပါးစပ္ဖ်ားမွာ ေျပာစမွတ္တြင္ၾကတယ္။ အဲ့႐ြာကေလ စုန္း႐ြာတဲ့ေလ။

Continue Reading

You'll Also Like

105K 8.6K 40
အချစ်အတွက်သာဆိုရင် လယ်ပဲစိုက်ရစိုက်ရ ကျားပဲဖမ်းရ ဖမ်းရ သွေး မမှုပါဘူး ။ အဓိက မယွန်းသဒ္ဓါသိမ့် နဲ့ပေါင်းရဖို့ပဲ ။ #ခွန်းစစ်လွန်းသွေး
24.6K 3K 24
Main Cast - Kim Seokjin X OC Genre - Mystery , Drama { Zaw Gyi + Unicode } -Written in Burmese-
36.4K 1.7K 29
នាងកើតមកដើម្បីតែអោយមនុស្សជុំវិញខ្លួន លះបង់មួយចំណែករបស់ពួកគេដើម្បីនាង។
206K 4.7K 50
သေလောက်အောင်မုန်းတယ်သေသည်ထိချစ်မယ် introလေးပါ Seme. မုန်းတံတိုင်း အရပ်. 6ပေ1လက်မ အသက်.29 "မင်က ကိုယ့်ရဲ့နယ်ရုပ်လေးပဲဟုတယ်ကိုယ်သိပ်ချစ်တဲ့ကိုယ့်ရဲ့သက...