Want to ascend ? Then fall in...
By yourOnigiri
10.6K 781 58
想飞升就谈恋爱 Author Long Qi 龙柒 Chapter 214 + 10 extra https://www.novelupdates.com/series/want-to-ascend-then-fa... More
မိတ်ဆက်
ကြီးမြတ်သောအရှင်သခင်
ကောင်းကင်ဘုံအောက်တစ်ဦးတည်းသော
နူးညံ့တဲ့တိမ်ကလကိုဖုံးကွယ်ထားတယ် နှင်းပွင့်တွေရဲ့လေကြောင့်လှုပ်ခတ်မှုနဲ့အတူ
အမတများ​၏တိုက်ပွဲ(အပြန်အလှန်ကျီစယ်ခြင်း)
မကောင်းဆိုးဝါးဧကရာဇ်အားထပ်ခါထပ်ခါအရှက်ခွဲခြင်း(ဆွဲဆောင်ခြင်း)
ကောင်းကင်ဘုံလမ်းကြောင်းရဲ့နံပါတ်တစ်အချောအလှလေး
အားတင်းထား မက်မွန်ပန်းလေး
သူယခုထိတိုင်သည်းခံနိုင်သောအရာအချို့
အရမ်း အရမ်း အရမ်း ချစ်စရာကောင်းတယ်
မင်းရဲ့လူ*
အေးလား ငါတော့နည်းနည်းအေးတယ်
လရောင်တည်ခင်းလျှိုဝှက်လောက
225 35 2
By yourOnigiri
Gu JianShen ရဲ့မျက်ဝန်းတွေကိုအမွှန်းတင်ရမယ် ? ရွှေအိုရောင်နဂါးကိုတောင်းယူရမယ် ?
အကယ်၍လူတစ်ဦးတစ်ယောက်သေဆုံးသွားမယ်ဆိုရင် သူတို့တွေအတွက်ကောင်းရာဘုံရောက်
အောင်ချီးကျုးရင်ချီးကျူးပေးနိုင်အုန်းမယ်.....
သူထိုအရာအားတွေးတောနေစဉ်မှာပဲ ကျောက်စိမ်းစာလိပ်သည်  သူ့ရဲ့နောက်ဆုံးသောအသက်ရှုသွင်းခြင်းကိုအကောင်းဆုံးပြုလုပ်ပြီး  စာကြောင်းတစ်ကြောင်းအလျင်အမြန်ထွက်လို့ပေါ်လာသည်။
"P.P.S: သူလုံးဝကိုအသက်ရှင်ရမယ် !!"
Shen QingXian သည်အလွန်နောင်တရလို့လာသည်။
ယခုအချိန်မှစတင်၍ Shen QingXian သည်ထိုတာဝန်နှစ်ခုအားပြီးဆုံးအောင်မလုပ်ချင်တော့ပေ။
သူတို့နှစ်ဦးသီးခြားဆီလမ်းခွဲပြီးသွားပြီးနောက်
Gu JianShen ရဲ့မျက်ဝန်းများအားအမွှန်းတင်ပြီး
သူ့ရဲ့ရွှေရောင်နဂါးအားတောင်းယူဖို့ရာအတွက်ပြန်သွားမယ်ဆိုရင် သူကို ရူးနေတဲ့သူ အဖြစ်မှတ်ယူသွားလိမ့်မည်ဖြစ်သည်။ သူအဲ့လိုမဖြစ်ချင်ပေ။
ဒီနောက်ဆုံးတာဝန်.....လရောင်တည်ခင်းသောလျှိုဝှက်လောက ကို ၅ရက်အတွင်းသွားရောက်ခြင်း ?
ဒါကိုသူအရင်လုပ်နိုင်တယ်
ဒါပင်မယ့် ဘယ်လျှိုဝှက်လောက ကလရောင်တည်ခင်းလျှို့ဝှက်လောကလ​ဲ ?
Shen QingXian ဒါကိုမသိတာမင်းတို့အပြစ်တင်လို့မရဘူး ဒါကကျင့်ကြံခြင်းလောကပဲ
အကယ်၍မင်း အဓိကမြေကို ကြည့်မယ်ဆိုရင်
မရေတွက်နိုင်အောင်များပြားလွန်းတဲ့လျှိုဝှက်လောကတွေအများကြီးရှိတယ် ပြီးတော့သေးငယ်တဲ့အရွယ်အစားပမာဏတွေကိုလည်းနေရာစုံမှာတွေ့နိုင်တယ် ။ အထူးတလည်မထင်ရှားနေတဲ့အရာတွေအတွက် Shen QingXian ဆိုတဲ့ ဒီအကြီးအကဲအတွက် ဘယ်လိုလုပ်မှတ်မိနိုင်မှာလဲ ?
Shen QingXian သည်သူ့​၏အံ့ဖွယ်ကောင်းလှသောအသိပညာကိုအသုံးပြုပြီး ၎င်း​၏တည်နေရာအားအတည်ပြုဖို့ရာအတွက်ဧရိယာတစ်လျှောက်လုံးအားဖယ်ရှားရှင်းလင်းနိုင်သောလည်းရုတ်ရုတ်သဲသဲများဖြစ်သွားနိုင်စေသည်။
ကျင့်ကြံခြင်းအနိမ့်ပိုင်းများမှလူများပါဖယ်ရှားခံလိုက်ရပါက သူတို့​၏စိတ်နှလုံးတွင်ထိခိုက်နစ်နာမှုများရှိသွားလိမ့်မည်။
သို့သော်လည်း ကြီးမြတ်သောအရှင်သခင်
LianHua သည်စိတ်နှလုံးသဘောကောင်းသူတစ်ဦးဖြစ်ရာShen QingXian သည် Zeng ZiLiang အားခေါ်ယူ​စေ​၏
လူအိုကြီး Zeng သည်ရုတ်တရက်ဆင့်ခေါ်ခြင်းခံရသဖြင့် စိုးရိမ်တကြီးခံစားလိုက်ရပြီး ခြေလက်တူညီစွာလှုပ်ရှားပြီးစတင်လမ်းလျှောက်မိတဲ့အထိဖြစ်သွားသည်။ သူ့ရဲ့တပည့်များကတောင်လာရောက်ပြီး သူ့ရဲ့လက်နှစ်ဖက်လုံးအားချိတ်တွယ်စေကာ
လမ်းသေချာလျှောက်နိုင်ရန်အတွက်ကူညီပေးရတော့မလိုဖြစ်နေသည် !!
老曾 – လူအိုကြီး Zeng.
ဒီမှာသုံးတဲ့  老  က ZZL ကိုအသက်ကြီးတယ်လို့ပြောတာမဟုတ်ပါဘူး ချစ်စနိုးအနေနဲ့ခေါ်တာပါတဲ့🤣 ရှင်းထားတာကတော့အများကြီးပါပဲ
WanXiu တောင်နှင့်နီးလာလေလေZeng ZiLiang
ပို၍စိတ်လှုပ်ရှားလေလေဖြစ်သည်။
.
သူသည် Ye Zhan  လိုမျိုးမျိုးစိတ်တစိုက်မက်မက်ရှိတဲ့သူတစ်ဦးမဟုတ်သလိုCheng Jing
လိုမျိုး လောကရေးရာတွေကိုအလေးမထားအရေးတယူပြုမနေသည့်သူလည်းမဟုတ်ချေ ။
၆ ယောက်သောတပည့်များထဲ၌သူသည် ရည်မှန်းချက်အကြီးမားဆုံးဖြစ်ပြီး အတွေ့အကြုံအများဆုံးသူတစ်ဦးလည်းဖြစ်သည် ။
အကယ်၍မင်းက ကိုယ့်လိပ်ပြာကိုယ်မလုံရင်
မင်းကြောက်ရမယ့်အရာတွေရှိတယ်ဆိုတာထုံးစံပဲ ။
WanXiu တောင်သည်၎င်း​၏တောင်နာမည်အတိုင်းပင်  မြူခိုးများသည်ဝါးပင်တလျှောက်ရစ်ပတ်ခွေနေသည် ။ စိမ်းလမ်းစိုပြည်သောတောင်​၏ထိပ်အစွန်အဖျားသည် မီးတောက်လောင်နေသောအနီရောင်အဆင်းရှိသည့်ပန်းပွင့်များဖြင့်စတင်ပြူထွက်လို့နေ​ပြီး ဒီလောက​၏အရာမဟုတ်သကဲ့သို့လှပလို့နေသည် ။
万(wan) – အင်္သချေ / သောင်း.
秀(xiu) – လှပသော / ကျော့ရှင်းသော
山 – တောင်
သို့ပေတည့် Zeng ZiLiang သည်သဘာဝရှုခင်းအားနှစ်လိုသဘောကျသည့် အတွေးစိုးစဉ်မျှမရှိ ။
လှေကား​၏နောက်ဆုံးအထစ်ရောက်ရှိချိန်၌ လူအိုကြီး Zeng ​၏နောက်ကျောသည် ချွေးများဖြင့်စိုရွှဲလို့နေပြီဖြစ်သည် ။
ခန်းမအပြင်ဘက်၌ နီတွေးတွေးနှုတ်ခမ်းနှင့်လှပသောသွားဖြူဖြူလေးများရှိသည့်ကလေးငယ်လေးတစ်ဦးသည် သူ့အား အရိုအသေပြုကာ " ဂိုဏ်းချုပ် ကြွပါ "
Zeng ZiLiang ​၏ကျင့်ကြံခြင်းအဆင့်ဖြင့်
သူသည် ထိုကလေးငယ်လေး​၏မူရင်းအသွင်အပြင်အား တချက်မျှကြည့်ရုံဖြင့်ထိုးထွင်းသိမြင်နိုင်သည် ။ သေးငယ်သောအပွင့်လေးသည် မကြာသေးမှီအချိန်လေးကမှအသွင်းပြောင်းခံလိုက်ရခြင်းဖြစ်သည် ။
အကယ်၍ဒီနေရာသာအခြားနေရာဖြစ်မယ်ဆိုရင်
Zeng ZiLiang ကထိုသေးငယ်သောမက်မွန်းပန်းစိတ်ဝိညာဉ်အားနောက်ထပ်ကြည့်မိမှာမဟုတ်ပေ ။ သို့သော်လည်း ဒီနေရာသည်WanXiu တောင်
ကောင်းကင်ဘုံ​၏နားသောတဆင်ခန်းမဖြစ်ရာ ထိုအရာက ကြီးမြတ်သောအရှင်သခင် LianHua ​၏လက်ပါးစေဖြစ်သည် !!
Zeng ZiLiang ကအလွန်တရာကိုမှယဉ်ကျေးသိမ်မွေ့စွာဖြင့်ကလေးငယ်အားပြန်အလေးပြုကာ
"ဒုက္ခပေးမိပြီ "
Su Yu သည် ရိုးစင်းပြီးပြောသမျှယုံသောအရွယ်ဖြစ်ရာ များများစားစားတွေးတောနေခြင်းမပြုဘဲ
ဒီဂိုဏ်းချုပ်သည်စိတ်ထားပြည့်ဝကာယဉ်ကျေးရည်မွန်သာတစ်ဦးဖြစ်သည်ဟုသာ တွေးထင်လိုက်​၏
"မြန်မြန် ကျွန်တော်လမ်းပြပေးပါ့မယ် ဆရာအရှင်ကဂိုဏ်းချုပ်ကိုစောင့်နေပါတယ် "
Su Yu ရဲ့အသံသည်ချစ်စရာကောင်းကာကြားရသူအပေါင်းအားစိတ်ချမ်းသာမှုကိုပေးစွမ်းနိုင်သည်။
တခြားတဖက်မှာတော့  Zeng ZiLiang သည်စကားအနည်းငယ်ဖလှယ်ခြင်းပြုလုပ်ချင်သော်လည်း သူတို့သည် ကောင်းကင်ဘုံ​၏နားသောတဆင်ခန်းမသို့ရောက်ရှိလို့နေနှင့်ပြီဖြစ်သည် ။
သူသည်စကားများများပြောလေ အမှားများများပြုပ်လုပ်မိလေ ဖြစ်မှာစိုးသဖြင့် မည်သည့်စကားများထပ်မပြောဆ်ိုရဲတော့ပေ....
Shen QingXian သည် Zeng ZiLiang ​၏ရှုပ်ထွေးသောအတွေးများအားသိနေသော်လည်း
သူသာစည်းမကျော်လာသ၍သူကလည်းမျက်ကွယ်ပြုထားမှာဖြစ်ပြီးမေးမြန်းခြင်းမပြုမှာဖြစ်သည်။
ကောင်းကင်ဘုံလမ်းကြောင်းသည်သမာဓိရှိသောလမ်းစဉ် အဖြစ်အစဉ်အမြဲမိမိကိုယ်ကိုချီးကျုးအမွှမ်းတင်နေသော်လည်း အမှန်တကယ်မှာ ထိုကဲ့သို့မဟုတ်ချေ ။
နှစ်ဆယ်သောင်းမျှအကြာ ထိုအရာသည်တောမြိုင်
တွင်း​၏စည်းမျဉ်းဆိုသည့် အသက်ရှင်နေထိုင်ခြင်းရှိရာ အကယ်၍သူတို့က "သမာဓိ" ရှိတယ်ဆိုရင်တောင် ဘယ်လောက်တောင်ရှိနိုင်မှာမို့လဲ ?
Zeng ZiLiang သည်နောက်ဆုံးမှတော့ Shen QingXian အားတွေ့မြင်ရ​၏
氤氲茶香中,月白色身影是天道的代名词。
စန္ဒလရောင်ဖြူသဏ္ဌာန် အလယ်အကြားထဲ၌
ဖုံးကွယ်ထားသောလဖက်ရည်ရနံ့သည်  ကောင်းကင်ဘုံလမ်းကြောင်းနှင့်အနက်တူ​၏
Zeng ZiLiang  သည်ရိုသေလေးစားသမှုဖြင့်ဦးညွှတ်လိုက်​၏ လိုအပ်တာထက်ပို၍မကြည့်ရဲပေ ။
Shen QingXian က " ဒီကိုလာ "
Zeng ZiLiang  သည်ဦးညွှတ်ပြီးလမ်းလျှောက်ချိန်၌
သူ့နှလုံးသားအတွင်းမှာတော့ကြောက်ရွံမှုနှင့်အတူတုန်လှုပ်လို့နေသည်။ သူသည်ကြီးမြတ်သောအရှင်ကဘာအတွက်ကြောင့်များ သူ့အား ဆင့်ခေါ်ခြင်းပြုသလဲဆိုတာ တကယ်မသိပေ ။
Shen QingXian  ကသူ့ဘေးရှိနေရာလွတ်အားညွှန်ပြကာ သစ်သားခုံတစ်ခုပေါ်ထွက်လာသည် ။
Shen QingXian: "ထိုင် ."
Zeng ZiLiang  သည်ထိုကဲ့သို့သောဂုဏ်သရေရှိထိုင်ခုံ၌မထိုင်ရဲသဖြင့် တုန်ယင်သောအသံဖြင့်ပြန်ဖြေခြင်းပြု​၏ " ဒီတပည့်မဝံ့ပါ "
Shen QingXian ကသူ့အားအကြည့်တချက်ဝေ့ကြည့်ချိန်မှာတော့  Zeng ZiLiang သည်အေးစက်မှုများခံစားလိုက်ရပြီး PLOP ဟုသောအသံဖြင့်ချက်ချင်းထိုင်ချလိုက်​၏
Shen QingXian ရဲ့အသွင်အပြင်သည်ပြောင်းလဲသွားခြင်းမပြု သူ့​၏အသံမှာလည်းနွေးထွေးလျက်ရှိကာ  "ဒီနေ့မင်းကိုခေါ်လိုက်တာ မေးစရာရှိလို့ "
အဲ့ဒါရောက်လာပြီ ရောက်လာပြီ.....Zeng ZiLiang ရဲ့နှလုံးသားသည်ပြိုင်မြင်းတကောင်ကသို့အဆမတန်ခုန်လျှက်ရှိလို့နေ​၏ ကြီးမြတ်သောအရှင်က သူကြိုးကြာသောင်းချီကျောင်းတော်ရဲ့လျှိုဝှက်ရတနာကိုအသေရေဖျက်ပြီး စန္ဒလမင်းနစ်မြုပ်ခြင်းဂိုဏ်းရဲ့သယံဇာတတွေကိုခိုးယူခဲ့တာကိုသိသွားတာလား ?!
Shen QingXian  သည်Zeng ZiLian ​၏ဦးခေါင်းအတွေးရှိဟိုးပြေးဒီပြေး ပြေးနေသောအတွေးများကို ဖောက်ထွင်းကြည့်ဖို့ရာအတွက်ပျင်းလို့နေကာ လိုရင်းကိုသောပြောလိုက်​၏ " လရောင်တည်ခင်းသောလျှိုဝှက်လောကအဲ့တာကိုမင်းသိလား ?"
​လရောင်တည်ခင်းသောလျှိုဝှက်လောက !!!
Zeng ZiLiang သည်ဒူးထောက်ချကာ "ကြီးမြတ်သောအရှင် ဒီတပည့်မှားမှန်းသိပါပြီ"
Shen QingXian: "......."
Zeng ZiLiang သည်သေလောက်တဲ့ထိကိုကြောက်ရွံ့ကာ နှလုံးသားပိုင်နက်ရှိသူများ​နှင့်တွေ့ဆုံခြင်းအား ကြီးမြတ်သောအရှင်သခင်သိသွားလိမ့်မည်ဟု တစ်ခါမှမတွေးထင်ခဲ့မိပေ !!!
ဟုတ်တာပေါ့  လရောင်တည်ခင်းလျှိုဝှက်လောကသည် အချို့သောကြီးမားသောလျှိုဝှက်လောက မဟုတ် ။
Shen QingXian အားမဆိုထားနှင့်Zeng ZiLiang, ဆိုတဲ့ အဆင်မြင့်တဲ့သူတောင် ထိုအရာ၌စိတ်မဝင်စားချေ ။
လျှိုဝှက်လောကဟုခေါ်ခြင်းထက်ကို တောတွင်း ဟုခေါ်ဆိုခြင်းကပိုသင့်တော်ပေသည်။
ထိုအရာသည်အကြမ်းအားဖြင့်လွန်ခဲ့သောနှစ်ရာကျော်ကပေါ်ထွန်းခဲ့ပြီး သေမျိုးများ​၏ကမ္ဘာလောကနှင့်ဆက်သွယ်ထားသော လျှိုဝှက်လောကဖြစ်သည် ။ မကြာသေးမှီက သေမျိုးအများအပြားသည် ကျင့်ကြံခြင်းလမ်းစဉ်အပေါ်သို့ဝင်ရောက်လာသည် ။ ဒါပေါ့ အနိမ့်ပိုင်းကျင့်ကြံသူအမြောက်အမြားလည်းရှိကာ သူတို့သည်ကျင့်ကြံရန်လာရောက်ကြပြီးနှင့်နေရာစုံလှည့်လည်သွားနေကြသည်။
အဘယ့်ကြောင့်ဆိုသော လရောင်တည်ခင်းလျှိုဝှက်လောက​၏ လူနေမှုအဆင့်အတန်းသည် သေးငယ်ကာ အမျိုးစုံသောစွမ်းအင်များအား မိမိကိုယ်ပိုင်ဖြစ်ဖို့ရာအတွက်လုယက်မကြိုးပမ်းကြပေ ။ ထို့ကြောင့်အများပိုင်ဆိုင်သော ပိုင်နက်မြေဖြစ်လာသည် ။
ကောင်းကင်ဘုံလမ်းကြောင်း ၊ နှလုံးသားပိုင်နက်
သူတို့သည်အနိမ့်ပိုင်းကျင့်ကြံသူများဖြစ်နေသ၍ ထိုနေရာ၌စွန့်စားဖို့ရာဖြစ်နိုင်သည် ။
Zeng ZiLiang သေလောက်အောင်ကြောက်ရွံနေသည့်ကိစ္စမှာ ထုတ်ဖော်ပြောဆိုဖို့ရာအတွက်အမှန်တကယ်မလျော်ကန်ပေ ။သူသည်ဒီအသက်အရွယ်ရောက်ရှိလို့နေပြီး သူ့ရဲ့မိသားစုမျိုးရိုးစဉ်ဆက်
ဆွေးမျိုးစပ်ဇယားအားထပ်ပေါင်းထည့်ဖို့ရာအတွက်မမေ့ချေ ။ ကလေးအများအပြားမွေးဖွားခဲ့ရာ အငယ်ဆုံးလေးသည် ဒီနှစ်မှ ၁၈ နှစ်ပြည့်မှာဖြစ်ပြီး အမှန်တကယ်သခင်လေးကဲ့သို့ပြုမူနေထိုင်​၏
သခင်ငယ်လေးသည်မဟာဆန်သောကျင့်ကြံခြင်းမိသားစုမှမွေးဖွားလာခြင်းဖြစ်ပြီး ပင်ကိုယ်အားဖြင့်ရည်မွန်သောလူငယ်လေးဖြစ်ရမည်ဖြစ်သည် ။
သို့သော်လည်းသူ့​၏ဖခင်မှာ ဦးတည်မှုမရှိဂိုဏ်း​၏
ဂိုဏ်းချုပ်ဖြစ်ကာ သူသည် အထက်စီးဆန်​​၏
အတိတ်တုန်းက သူသည်မောက်မာပြီးအလိုလိုက်ခံရသဖြင့်ပျက်စီးနေ​၏ လရောင်တည်ခင်းသောလျှိုဝှက်လောကသို့သွားပြီးနောက်သူသည်ပို၍ပင်စဉ်းလဲလာပေသည် ။
ကောင်းကင်ဘုံလမ်းကြောင်းရှိကျင့်ကြံသူများသည်သူ့​၏ဖခင်အရှိန်အဝါကြောင့် သူ့အားရှောင်ဖယ်သွားကြသော်လည်း နှလုံးသားပိုင်နက်ရှိကျင့်ကြံသူများကတော့ဂရုမစိုက်ချေ ။ ထို့ကြောင့်သူတို့သည် အစီအစဉ်တစ်ခုလုပ်ကာ ထိုသခင်ငယ်
လေးအား ပြန်ပေးဆွဲသွားပြီး ဦးတည်မှုမရှိဂိုဏ်းအားစာတစ်စောင်ပို့လိုက်​၏
Zeng ZiLiang သည်သူ့​၏သားငယ်လေးအားနက်နက်ရှိုင်းရှိုင်းဂရုစိုက်ချစ်ခင်ကာ သူ့​၏သား၌တစ်ခုခုဖြစ်ကြောင်းကြားရချိန်တွင် သူ့​၏တပည့်များကိုသူ့သားအားကယ်တင်ရန်ချက်ချင်းစေလွှတ်သည်။
အဘယ့်ကြောင့်ဆိုသောသူ့​၏ကလေး​၏​လုံခြုံရေးအတွက်စိုးရိမ်သောကြောင့်ဖြစ်သည် ။
နှလုံးသားပိုင်နက်​၏ကျင့်ကြံသူများအားတစ်ချို့သောအကျိုးအမြတ်များပေးမည်ဟုကတိကဝတ်ပြု​၏
သို့ပင်မယ့် ဒီအရာအား ကြီးမြတ်သောအရှင်သခင်
သိသွားလိမ့်မည့်ဟု မတွေးထင်ခဲ့မိပေ !!!
ကြီးမြတ်သောအရှင်သခင်က သူ့မှာ လမ်းစဉ်
ကျင့်ကြံသူရဲ့သန့်စင်တဲ့နှလုံးသားမရှိဘူးလို့ ယူဆသွားပြီလား ရန်သူအတွက် သူလျှိုလို့ တွေးထင်သွားပြီလား ?!
ရန်သူအတွက် သူလျှိုဖြစ်တာမဖြစ်တာ ခဏထားလိုက်အုန်း ဒီကျင့်ကြံသူရဲ့နှလုံးသားကအရင်လို့မသန့်စင်တော့ဘူး ။ အသက်တူရွယ်တူဖြစ်တဲ့ Ye Zhan ကငယ်ရွယ်တဲ့ပုံပန်းသွင်ပြင်ယခုထိတိုင်ရှိနေစဉ်မှာပဲ Zeng ZiLiang ကသူ့ရဲ့လူလတ်ပိုင်းအရွယ်ရောက်နေသလိုမျိုးအထင်ခံနေရတာ အံ့ဩစရာမရှိတော့ဘူး ။
Shen QingXian ကလဘက်ရည်ခွက်အား ကောက်ကိုင်လျှက် "သားငယ်သမီးငယ်ရှိတာကကောင်းတဲ့အရာတစ်ခုပဲ ဒါပင်မယ့် တစ်ခုခုမလုပ်ခင်ဆင်ခြင်တွေးတောဖို့လိုအပ်တယ်ဆိုတာကိုလည်းသင်
ကြားပေးဖို့လိုအပ်တယ် "
Zeng ZiLiang ကလည်းပြန်လည်ဖြေကြား​၏
"ဒီတပည့် ဆရာအရှင်ရဲ့သင်ကြားမှုကိုလိုက်နာပါ့မယ် "
Shen QingXian ကတချက်မျှဝေ့ကြည့်ကာ
"လဘက်ရည်သုံးဆောင်လိုက်ပါအုန်း "
Zeng ZiLiang သည်လဘက်ရည်ခွက်အားတုန်တုန်ယင်ယင်ဖြင့်ကောက်ယူပြီ တစ်ငုံစာမျှသောက်သုံးပြီးချိန်၌သန့်စင်သောချီစွမ်းအင်များကနှလုံးသားအတွင်းစီးဝင်လို့လာသည် ။ မျိုသိပ်ထားရသောစိတ်ပျက်စရာများကလုံးဝကွယ်ပျောက်သွားကာ သန့်စင်ကြည်လင်ပြီးပဓာနအသိအမြင်ကြွယ်ဝခြင်း​၏ မဖော်ပြနိုင်သောခံစားချက်များကအစားထိုးဝင်ရောက်လာ​သည်။
Zeng ZiLiang ရဲ့အသွင်အပြင်သည်တဖြည်းဖြည်းငယ်ရွယ်လာကာ ပကတိမျက်စိဖြင့်ဖြင့်တွေ့မြင်နိုင်သည် ။ ခန္ဓာကိုယ်တစ်လျှောက်လုံးရှိနာကျင်မှုများ
ကွယ်ပျောက်သွားပြီးသူ​၏နှလုံးသားသည် တည်ငြိမ်လို့လာ​၏
သူ​၏မျက်နှာတွင်မျက်ရည်များစီးဆင်းလာပြီး
လူအိုကြီး Zeng သည်ဒူးထောက်ချပြီး ခေါင်းညွှတ်ကာ
"ကျေးဇူးကြီးမားလှပါတယ် ကြီးမြတ်သောအရှင်!"
Shen QingXian ကသူရဲ့လက်အားဝှေ့ယမ်းလိုက်သည်။
ထိုရေစင်အားသောက်သုံးပြီးနောက်တွင်Zeng ZiLiang သည် သူ့ရှိအရာအားလုံးအားကောင်းကင်
ဘုံလမ်းစဉ်သို့ရာစုနှစ်အနည်းငယ်ထက်ကိုပင်ပို၍ပေးအပ်နိုင်လိမ့်မည်ဖြစ်သည် ။
လူအိုကြီး Zeng သည်မျက်ရည်များဖြင့်လှုပ်ခတ်
လျှက်ရှိကာ Shen QingXian ကအဆိုပြု​၏ "ငါ့ဆီမှာ အသိအမြင်ကြွယ်ဝတဲ့ကလေးငယ်နှစ်ဦးရှိတယ် သူတို့အတွက် လရောင်တည်ခင်းလျှိုဝှက်လောကကို ကူးသန်းဖို့နဲ့လည်ပတ်ဖို့ရာအတွက်
ပြင်ဆင်ထားပေး "
Zeng ZiLiang သည်ခန်းမအပြင်ဘက်၌သူတွေ့ခဲ့သော မက်မွန်းပန်းပွင့်​၏စိတ်ဝိညာဉ်အားသတိရမှတ်မိကာ ချက်ချင်းဖြေကြား​၏ " ယုံကြည်စိတ်ချပြီး
​အနားယူပါ ဆရာသခင် ဒီတပည့် ကိစ္စသေးငယ်လေးအတွက်လိုအပ်တဲ့အရာအားလုံးကိုပြင်ဆင်
ထားပါ့မယ် "
Shen QingXian သည်လည်းအသံပြုပြန်ဖြေလိုက်​၏
Zeng ZiLiang ထွက်ခွာပြီးနောက် Shen QingXian သည် Su Yu အားအခေါ်ပြုသည် ။
Su Yu သည်တကယ့်ကိုရိုးစင်းတုံးအ သောအသက်အရွယ်ဖြစ်ကာ Shen QingXian မြင်တွေ့ရချိန်၌ကြောက်ရကောင်းမှန်းမသိပေ ။
Shen QingXian ကနွေးထွေးစွာဖြင့်ပြောကြား​၏
"အခု မင်းက လမ်းကြောင်း ကိုဝင်ရောက်လာပြီဆိုတော့ ကျင့်ကြံခြင်းအမှုကိုစကျင့်ကြံသင့်ပြီ မနက်ဖြန်မင်းရယ် ပြီးတော့နောက်ထက်အဖော်နောက်လိုက်တစ်ဦးနဲ့ လရောင်တည်ခင်းလျှိုဝှက်လောကကို
ခရီးတိုတစ်ခုထွက်ရမယ် "
Su Yu သည်အံ့ဩခြင်းဖြင့်မေးမြန်းခြင်းပြု​၏
"ဆရာအရှင် ကျွန်တော် WanXiu တောင်ကနေထွက်ခွာလို့ရနိုင်တယ် လား ?
Shen QingXian ကပြန်ဖြေ​၏ "ဒါကမင်းရဲ့အိမ်ပဲ
သွားတာလာတာ မင်းအပေါ်ပဲမူတည်တယ် "
Su Yu သည်ဝမ်းမြောက်ကြည်နူးရာ သူ​၏မျက်လုံးများသည် ပျော်ရွှင်မှုဖြင့်တလက်လက်တောက်ပလို့နေသည် ။
Shen QingXian သည် Su Yu ​၏ပျော့ပျောင်းပြီးပါးလျသောဆံနွယ်များကို နူးညံ့သိမ်မွေ့စွာဖွလျက်
ညင်ညင်သာသာပြော​၏ "သွားပြီး ပြင်ဆင်တော့ "
နောက်ရက်တွင်တော့ Su Yu သည်အရုဏ်တက်ချိန်၌နိုးထလာကာ ခန်းမအတွင်းသို့လွယ်အိတ်အားသယ်ဆောင်လျက် ဖြည်းဖြည်းမှန်မှန်နှင့်ပြေးလာ​၏
ကြီးမြတ်သောအရှင်သခင်ကပြောတယ်
အဲ့မှာသူနဲ့အတူလည်ပတ်မယ့်နောက်ထပ်အခြားတစ်ယောက်ရှိတယ်တဲ့ အဲ့ဒီသူကဘယ်သူမှန်းသူအရမ်းသိချင်နေပြီ
သူထိုအရာအားတွေးတောနေချိန်မှာပဲ Su Yu သည်ခန်းမရှေ့၌ကလေးငယ်လေးတစ်ဦးမက်တပ်ရပ်နေသည်ကိုတွေ့လိုက်ရသည် ။
ထို "ကလေးငယ်" လေးသည်တဖက်သို့လှည့်လာသည်။ ကြီးမားသောမျက်ဝန်းတစ်စုံသည် မှားရာမှမှန်ရာသို​ချင့်ချိန်တွေးမြင်နိုင်​သကဲ့သို့အလားတူ​၏
အ....အရမ်း.....အရမ်း ချစ်စရာကောင်းတယ် !
မဲနက်သောဆံပင် ၊ နှင်းကဲ့သို့ဖြူဖျော့သော အသားအရေ ပြီးတော့ ဖျော့တော့ပြီးကြီးမားတဲ့မျက်လုံးများ မျက်ခုံးများအကြားထဲတွင် အနီရောင်အမှတ်အသားသည် တစ်စုံတစ်ယောက်​၏နှလုံးသားအားတုန်ယင်စေနိုင်သည် ။
အချိန်အတော်ကြာကုန်ဆုံးသွားပြီးနောင် Su Yu သည်အဆုံးတွင်သူ့ပါးစပ်ဖွင့်အံလာပြီး "မင်း.....မင်း....."
ထို "ကလေးငယ်လေး​၏" အသံသည်နူးညံ့ပြီးသိမ်မွေ့​၏ "ငါက Chao Yan."
朝烟 – Chao Yan.
朝 – မနက် / နန်းဆက် / မျက်နှာ
烟 – အငွေ့
—— မက်မွန်းပန်းပွင့်ရဲ့ပွင့်ဖက်ပေါ်တွင် ယမန်ညက
မိုးစက်တွေကတွယ်ဖက်ထားတယ် ။ မိုးမခနွယ်ပင်
ကမိုးရွာပြီးနောက်မှာတော့ ကျောက်စိမ်းမြရောင်ဖြစ်တယ် မနက်ခင်းမြူမှုန်များရဲ့ပတ်ရံခြင်းကိုခံရပြီး
ဒီဟာကကြီးမြတ်သောအရှင်သခင်သူ့ကိုပြောဖူးတဲ့ကဗျာလင်္ကာ !
Su Yu ကပျော်ရွှင်စွာဖြင့်အမေးပြု​၏ "မင်းကမိုးမခနွယ်ပင်ရဲ့အကိုင်းကပြောင်းလဲခံရတာလား ?"
Chao Yan ခေါင်းငြိမ့်ပြီးပြန်ဖြေ​၏ "En."
ထိုကလေးလေးက သူနှင့်အတူ လှည့်လည်သွားလာရမယ့်အဖော်ငယ်လေးဖြစ်ပုံပဲ ! Su Yu သည်လွန်စွာဝမ်းမြောက်လျက်ရှိလို့နေသည် !
"မင်းရဲ့အထုတ်တွေကိုပြင်လို့ပြီးသွားပြီလား ?
လာ ငါတို့ဆရာအရှင်သခင်ကိုနှုတ်ဆက်စကားသွားပြောရအောင် "
Chao Yao: " ဆရာအရှင်သခင်ကအပြင်ထွက်သွားတယ် သူကငါတို့ကိုတောင်ကနေပဲချက်ချင်းဆင်းသက်သွားဖို့ပြောတယ် "
Su Yu ကသူ့အားမယုံသင်္ကာမဖြစ်ဘဲ ခေါင်းငြိမ့်ပြကာ "ဒါလည်းကောင်းတာပဲ "
သူသည်Chao Yan ရဲ့လက်အားဆွဲယူကာ
"လာ အရှင်သခင်ကိုအရိုအသေပေးရအောင် "
ကြီးမြတ်သောအရှင်သည်နေရာ၌ရှိမနေသော်လည်း အချိန်လင့်သွားသော်ငြား ရိုသေလေးစားသမှုအား မပေးအပ်ခြင်းမပြုလိုက်နိုင် ။
Su Yu သည်သေးငယ်သော်လည်း သူသည်
WanXiuတောင်တွင်မွေးဖွားလာသူတစ်ဦးဖြစ်ရာ သူ့​၏လမ်းစဉ်ကျင့်ကြံသူနှလုံးသားသည်မယိမ်းယိုင်ဘဲတည်ကြည်ပြတ်သား​၏
"Chao Yan" အချိန်အနည်းငယ်မျှတုံဆိုင်းနေ​၏...
Shen QingXian ကသူသာဒူးထောက်လိုက်ပါခန်းမသည် WanXiu တောင်နှင့်အတူပြိုလဲကြသွားမည်ကိုစိုးရိမ်လာသည်။
ကိစ္စမရှိဘူး စိတ်ကိုလှည့်စားနိုင်တဲ့မန္တန်ပဲသုံးလိုက်ရအောင်
Su Yu သည်ပျော်ရွှင်စွာဖြင့်သူ​၏အဖော်ငယ်လေးအားဆွဲခေါ်လျက် အတူတူတောင်အောက်ဆင်းခဲ့ကြ​၏ ထိုအဖော်ငယ်လေးသည် မငယ်တော့ဘဲအမှန်တကယ်မှာအသက်အများကြီးကြီးကြောင်း သူမသိပေ ။
Shen QingXian သည်Su Yu ထက်အသက်အများကြီးပိုကြီးသည် ။
Chao Yan အဖြစ်ပြောင်းလဲပြီးတောင်အောက်သို့ဆင်းသက်ခြင်းသည် Shen QingXian ပြုလုပ်လိုက်သည့်စိတ်ကူးသက်သက်သာဖြစ်သည်။
ကျောက်စိမ်းစာလိပ်ပေါ်ရှိပြောကြားထားသည့်
လရောင်တည်ခင်းသောလျှိုဝှက်လောက ကို ၅ ရက်အတွင်းလည်ပတ်ပါ ဆိုသည့်တာဝန်သည် လွယ်ကူမည့်ပုံပေါ်သည် ။
Shen QingXian, အတွက်ကတော့ ၅ ရက်မဆိုထားနှင့်အသွားအပြန်လုပ်ရင်တောင်မျက်တောင်တခတ်စာမျှသာကြာမည်ဖြစ်သည် ။
သို့သော်လည်းပေးရမည့်တန်ကြေးရှိသည် ။တန်ကြေးပေးရမည့်သူမှာ Shen QingXian မဟုတ်ဘဲ လရောင်တည်ခင်းလျှိုဝှက်လောကဖြစ်သည်။ထိုကဲ့သို့ သေးငယ်သောလျှိုဝှက်လောက
အကယ်၍ Shen QingXianကိုယ်တိုင်သာ သွားရောက်ခဲ့မယ်ဆိုရင် ထိုအရာသည်ချက်ချင်းဆိုသလိုပျက်ပြယ်သွားပြီမည်သည့်အရာမှမကျန်ရှိနိုင်ချေဟုလက်ခံယူဆနိုင်သည်။
အဓိကအရေးကြီးတဲ့အပိုင်းလည်းရှိသေးသည် ။
လျှိုဝှက်လောက​ဖွဲ့စည်းတည်ဆောက်ခြင်းအတွက်အကြောင်းပြချက်တစ်ခုလည်းရှိသည်။
ပုံမှန်အားဖြင့် ၎င်းသည်၎င်းကိုယ်တိုင် အကာအကွယ်ပေးနိုင်သောမျက်နှာပြင်တစ်ခုဖန်တီးထားပြီး
အထဲ၌ရှိသော စိတ်ပိုင်းဆိုင်ရာသက်ရှိသတ္တဝါများ​၏အသင်္ချေတိုးပွားမှုအားကာကွယ်ရန်ဖြစ်သည် ။
သို့သော်လည်းဒီအကာအကွယ်စည်းသည်လည်း
ကန့်သတ်ချက်ရှိသည်။ Shen QingXian ကိုမပြောနဲ့အုန်း Zeng ZiLiang ကိုအရင်ပြောကြည့်ရအောင်
အကယ်၍ Zeng ZiLiang သာထိုနေရာအားသွားပါကဒီအကာအကွယ်စည်းသည်လည်းလက်ခံနိုင်လိမ့်မည်မဟုတ်ဟုယူဆနိုင်သည်။
ချီစွမ်းအင်ကြားရှိအပြန်အလှန်ဆွဲဆောင်မှုအားသည်လျစ်လျုရှု၍မရနိုင်ပါ ။Zeng ZiLiang ထဲရှိ ချီစွမ်းအားသည်ထိုအကာအကွယ်စည်းထက်ပို၍ပင်မြင့်မား​၏ထို့ကြောင့်အကာအကွယ်စည်းသည်
Zeng ZiLiang ဆီမှအလျဉ်မပြတ်စွဲငြိခြင်းခံပြီး လျှိုဝှက်လောက ပျောက်ကွယ်သွားသည်အထိဖြစ်နိုင်သည်။
ထိုအရာသည်နိမ့်ပါးသောအဆင့်ရှိသည့်လျှို့ဝှက်လောကဖြစ်သော်လည်း နောက်ပိုင်းမျိုးဆက်များ​၏ကြီးပွားမှုသည် ၎င်းတည်ရှိလာခြင်းရဲ့ကြီးမားလာသောတန်ဖိုးဖြစ်သည်။
ထို့ကြောင့်သူတို့တွင်သေချာသောစိတ်စွမ်းအင်အဆင့်မရှိပါက ထိုကဲ့သို့သောလျှိုဝှက်လောကသို့
မဝင်ရောက်နိုင်ပေ။
// သူပြောတာက unless they had cultivated to a certain realm, cultivators would not enter this kind of secret realm ပါ
certain realm  ဆိုတာကစိတ်စွမ်းအင်အကျဉ်းချုံးအဆင့်ကိုဆိုလိုတာပါ golden stage(?), nirvana stage(?), ဆိုပြီး
လောကတိုင်းမှာ lvl တွေရှိပြီးနောက်လောကတစ်ခုကိုဝင်ရောက်ချင်ရင် max lvl မှာရှိနေရမှာဖြစ်ပါတယ် (ဂိမ်းဆော့တဲ့သူဆိုသိမယ်ထင်တယ် adventure rank မြင့်မှ တစ်ချို့ domain တွေပွင့်တာ အဲ့လိုသဘောမျိုးပါပဲ )
ကျင့်ကြံခြင်းလောကမှာအမျိုးစုံရှိတယ်
တစ်ချို့ဟာတွေကနံပါတ်တွေနဲ့ တခြားအရာတွေက
စစ်သား ၊ ပညာရှိ ၊ သူတော်စင် တွေနဲ့ခွဲပြီး
သက်တံ့အရောင်တွေနဲ့ခွဲတဲ့ ROYGBIV ဆိုတာလည်းရှိပါတယ်တဲ့ (ဒါကတော့ဂိမ်းဇာတ်ကောင်တွေခွဲတဲ့သဘောမျိုးလို့ထင်ပါတယ် ) //
Shen QingXian မှာအနာဂတ်အကြောင်းပို၍တွေးလျင်တွေးသလောက် ရွေးချယ်စရာမရှိသွားရမည်ဖြစ်သည် ။
လျှိုဝှက်လောကအားဖျတ်ဆီးခံလိုက်၍မဖြစ် ။
နောက်ပိုင်းမျိုးဆက်တွေကိုမဆိုနဲ့အုန်း (ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာသူလက်တချက်ဝှေ့လိုက်တာနဲ့ အနည်းငယ်သောလျှိုဝှက်လောကတွေကိုဖန်တီးနိုင်မှာဖြစ်တယ် )
ကျောက်စိမ်းစာလိပ်​၏နောက်ဆုံးပေးအပ်ထားသောတာဝန်အရ ဒီလရောင်တည်ခင်းလျှိုဝှက်လောကသည်သေချာပေါက်တည်ရှိနေရမည်ဖြစ်သည်။
ကျောက်စိမ်းစာလိပ်ကရိုးရိုးတန်းတန်းသူ့အား
ဒီကိုခရီးတိုလေးတစ်ခုထွက်ခိုင်းရုံသာလေးဆိုတာကိုသူလုံးဝမယုံပေ ။ သေချာပေါက် ၈ ခုမြောက် ၉ ခုမြောက် ၁၀ ခုမြောက် ..... တာဝန်ရှိအုန်းမှာသေချာသည် ။
ထို့ကြောင့် Shen QingXian သည်သူ့​၏ကျင့်ကြံခြင်းအဆင့်အားဖုံးကွယ်ချုပ်ထိန်းပြီးကလေးငယ်လေးတစ်ဦးအဖြစ်သို့ပြောင်းလဲလိုက်​၏
သို့မှသာလျှင်သူသည်လျှိုဝှက်လောကကိုသာမာန်အဖြစ်ဆုံးတည်ရှိမှုနှင့်ချဉ်းကပ်နိုင်မှာဖြစ်သည် ။
ခရီးစဉ်တလျှောက်လုံး Su Yu သည်အဆက်မပြတ်
စကားပြောလာရာ မက်မွန်ပန်းပွင့်​၏စိတ်ဝိညာဉ်နှင့်မတူတော့ဘဲ oriole ဆိုတဲ့ငှက်နှင့်ပိုတူ​၏
ထိုနှစ်ဦးသည်ထင်းခနဲနှင့်မြင်သာပြီးမျက်စိကိုဖမ်းစားနိုင်စေသည် ။ ကလေးငယ်နှစ်ဦး​၏ဆံပင်များသည်ကြိုးထုံးကဲ့သို့ကွေးကောက်နေရာ တခြားတဖက်မှာလည်း သူ့တို့ရဲ့အသားအရေများသည်ဖြူဖျော့ပြီးနူးညံ့​၏ တွေ့လိုက်ရသည့်မည်သူမဆို ခဏခဏမထိန်းနိုင်ဘဲလည်ပြန်ကြည့်မိမည်ဖြစ်သည်။
Su Yu  ဟာငယ်ရွယ်ပြီးနုံအသောအရွယ်ဖြစ်ကာ
​လျှို့ဝှက်လောက​၏အပြင်ဘက်သို့ရောက်ချိန်၌
ခင်းကျင်းပြသသောဆိုင်တန်းငယ်များကိုတွေ့ရသောအခါ သူ့မျက်လုံးများဝင်းလက်လာ​၏
Zeng ZiLiang  ကသူ့ရဲ့အလုပ်အားကောင်းမွန်သင့်တော်စွာကိုင်တွယ်သူတစ်ဦးဖြစ်ရာ သူတို့နှစ်ဦးဆီအားQianKun  အိတ်တစ်အိတ်စီပေး​၏ QianKun အိတ်ထဲရှိအရာများက .......tsk tsk....... လရောင်တည်ခင်းလောကတစ်ခုလုံးရဲ့ရတနာပမာဏထက်ကိုပင်ပို၍များသည်။
乾坤袋 – QianKun Bag.
乾坤 – ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး
袋 –  အိတ်
(အားလုံးသိမ်းနိုင်ပြီးအလွယ်တကူမပြည့်တဲ့အိတ်ပါ)
လျှိုဝှက်လောကမှာအပင်တွေဆေးပင်တွေနဲ့တခြားအရာတွေအများကြီးရှိပြီး လူတွေကမကြာခဏဆိုသလိုလျှိုဝှက်လောကကိုအဲ့အရာတွေစုဆောင်းဖို့သွားကြတယ်အာ့ကြောင့် လျှို့ဝှက်လောကဆိုတာ စက်ရုံလိုမျိုးပဲပစ္စည်းတွေထုတ်ပေးတယ် ။
Su Yu  ဟာသကြားရည်ပြုလုပ်နေတဲ့သူများအားတွေ့ပြီးပျော်ရွှင်စွာပြော​၏
"Chao Yan, ဒီဟာလိုချင်လား ?"
Shen QingXian: "......."
Su Yu ဟာထိုသူလေးရှက်နေတာလို့တွေးထင်မိသွားပြီး "စားကြည့်ပါလား အဲ့တာအရမ်းကောင်းတယ်"
သူပြောပြီးနောက်မှာတော့ ထိုနေရာသို့ပြေးသွားပြီး
နှစ်ခုဝယ်လာ​၏
သူ့ရဲ့လက်ထဲရှိခပ်ညိုညိုအဝါရောင်အရာအားမြင်ပြီးShen QingXian ရဲ့အသားအရောင်သည်ရှုပ်ထွေးလို့လာသည် En.......
နောက်ဆုံးသတ္တလောကရဲ့အရာတွေကိုစားသုံးခဲ့တာနှစ်သောင်းချီကြာနေပြီ မဟုတ်လား ?
Su Yu  ကတကိုက်ကိုက်ပြီးချက်ချင်းဆိုသလိုပြုံးရယ်လာပြီး "အရမ်း ချိုတယ် "
Shen QingXian လည်းတစ်ကိုက်ကိုက်လိုက်​၏
သူ့ရဲ့မျက်ခုံးအကြားရှိနေရာလေးသည်အနည်းကယ်တွန့်ချိုးသွားပြီး
တော်တော်ကို အရသာမကောင်းတာပဲ
// ပျားလိမ္မော်သီးနဲ့ပဲသိမ်းယူကြပါမိတ်ဆွေတို့
('・ω・') //
Su Yu ကစားသုံးလိုက်သောကြောင့် သူသည်
လည်း "အင်း အရသာကောင်းတယ် အရမ်း အရသာရှိတယ် !"
Shen QingXian သည်တကယ့်ကိုပြီးအောင်စားသုံးဖို့ရာမဖြစ်နိုင်သဖြင့် မန္တန်တစ်ခုသုံးကာမြင်ကွင်းမှပျောက်စေ​၏
ဘယ်လိုပဲဖြစ်ဖြစ် သူတို့လျှိုဝှက်လောကထဲမဝင်ရသေးဘူး အဲ့တာကြောင့်သူ မန္တန်သုံးလိုက်ရင်တောင်မည်သည့်အရာကိုမှဝင်ရောက်စွက်ဖက်လိုက်မည်မဟုတ် ။
ထိုအရာကသူ့ရဲ့အတွေးသာဖြစ်ပြီး
အဝေးမှတစ်စုံတစ်ဦး​၏မျက်လုံးတွင်တော့ ဒီသေးငယ်တဲ့လှုပ်ရှားမှုသည်သေချာစွာမဖုံးကွယ်နိုင်ပေ။
Su Yu  သည်အမျိုးစုံသောပစ္စည်းများကို
Shen QingXian. နှင့်လျှိုဝှက်လောကထဲသို့မဝင်မှီဝယ်လိုက်​၏
သူဝင်ရောက်ပြီးချိန်မှာတော့ Shen QingXian သည်ကျောက်စိမ်းစာလိပ်အားကြည့်ရာ
"တာဝန် ၇" ဆိုသည့် မိီးခိုးရောင်အဖြစ်ပြောင်းလဲသွားရမည့်အရာသည်ယခုထိတိုင်ရှိနေသေးသည်။
ဘာဖြစ်တာလဲ ? ဒီနေရာက လရောင်တည်ခင်းလျှို့ဝှက်လောကမဟုတ်တာများလား ?
ဘာလို့ ဒီတာဝန်ကိုပြီးမြောက်တယ်လို့ မသတ်မှတ်တာလဲ ?
စာရေးဆရာမှာပြောစရာလေးတွေရှိတယ်
Dingdong !!
ဇီဇာကြောင်တဲ့ဆရာအရှင်က online ပေါ်ကိုရောက်လာတော့မယ်
Thanks for your support!
Zawgyi
老曾 – လူအိုကြီး Zeng.
.
万(wan) – အင်္သချေ / သောင်း.
山 – တောင်
"ဒုက္ခပေးမိပြီ "
သူသည်စကားများများပြောလေ အမှားများများပြုပ်လုပ်မိလေ ဖြစ်မှာစိုးသဖြင့် မည်သည့်စကားများထပ်မပြောဆိုရဲတော့ပေ....
氤氲茶香中,月白色身影是天道的代名词。
Shen QingXian: "ထိုင် ."
Shen QingXian: "......."