ကျစ်လျစ်သေးသွယ်စွာဖြင့်လက်ကိုင်သည်ကျောက်စိမ်းကရားအားဆက်သွယ်ထားပြီး
ကြည်လင်လက်ဆတ်လို့နေ၏Gu JianShen ကသူ့ရဲ့ခန္ဓာကိုယ်အားအနည်းငယ်
စောင်းငဲ့လိုက်သဖြင့် အမည်းရောင်အဆင်သည်
သူ့ရဲ့တဖျက်ဖျက်လှုပ်ခါလို့နေတဲ့ကြက်သွေးရောင်
အင်္ကျီလက်ပေါ်၌လင်းလက်ပျိုးပြလို့နေ၏
ကောင်းမွန်လှသောဝိုင်အရက်ကိုငှဲ့လျက်
အနီးကပ်သေချာကြည့်မယ်ဆိုရင်ဖြင့်
ရှုမောဖွယ်ရာခမ်းနားထည်ဝါမှုထက်ကျော်လွန်၍
နှိုင်းယှဉ်ပြောရမယ်ဆိုရင်နဂါးငွေ့တန်းဖျော့ဖျော့လေးလိုShen QingXian သည်ယဉ်ကျေးစွာဖြင့်ခေါင်းငြိမ့်လျက် " ကျေးဇူး အများကြီး"
Gu JianShen ရဲ့နှုတ်ခမ်းများကမြင့်တက်လျက်
သူ့ရဲ့အပြုံးများဟာဆိုရင်ဖြင့်အခုတည်ရှိနေသော
နန်းဆောင်းခန်းမတစ်ခုလုံးတွင်ရှိရေးရေးမျှသာရှိတဲ့မှုန်ဝါးတဲ့မြူခိုးများအားနွေးထွေးစေသည်
"ကျေးဇူးပြု၍"Shen QingXian ဟာဝိုင်ခွက်အားလက်ခံပြီး
တစ်ငုံစာမျှသောက်လိုက်သည်
သူ့ရဲ့အမှုအရာမှာကျော့ရှင်းပြီးသန့်စင်၏
အရည်အားပင့်မြှောက်လိုက်ပုံမှာ
လူတွေအားမှုးယစ်စေသောမကောင်းမှုအရာမဟုတ်သလိုမျိုး သို့သော် ခံညားသိက္ခာရှိမှု ၊ အလေးအမြတ်ထားမှု နှင့် နူးညံ့သိမ်မွေ့သော လမ်းကြောင်း ရဲ့ထုံးတမ်းအစဉ်အလာမဟုတ်ပေပြန်ပြောရမယ်ဆိုရင်ဖြင့် ထိုအရာသည်တကယ့်ဝိုင်အရက်ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးသည်ပါးလျပြီးဝိုးတဝါးမပြတ်
သားသောအဝတ်ပါးဖြင့်လွှမ်းအုပ်ပိတ်ဖုံးထားဖြင်းခံရသည်
ထိုအဝတ်ပါးစကိုဆုတ်ဖြဲပစ်လိုက်သည့် သဘောမျိုးပင်ဖြစ်သည်။Gu JianShen ရဲ့အပြုံးဟာပိုနက်ရှိုင်းသွား၏
Shen QingXian သူ့ရဲ့ခွက်အားချလိုက်ချိန်မှာတော့သူ့ဟာထပ်ဖြည့်ရင်း
"ကြီးမြတ်သောအရှင် ဘယ်လိုထင်လဲ ?
အရသာတွေ့ပါရဲ့လား ?"Shen QingXian ကပြန်ဖြေ၏
"အာဟာရဖြစ်စေတဲ့ကျောက်စိမ်းဝိုင်နှင်းစက်
အနံပါကြွယ်ဝပြီးသန့်စင်လွန်းပါတယ် "Gu JianShen ဟာသေရည်အားထည့်ရင်းပင်
"အရှင်ကကျွန်တော့်ကိုမြှောက်ပြောနေပြန်ပါပြီ"
YOU ARE READING
Want to ascend ? Then fall in love (MM translation)
Historical Fiction想飞升就谈恋爱 Author Long Qi 龙柒 Chapter 214 + 10 extra https://www.novelupdates.com/series/want-to-ascend-then-fall-in-love/ Available both Unicode and zawgyi I do not own the story and any of them just translate to Myanmar