💛If We Meet Again...💛{Compl...

By Weneebebe27

28.7K 2.2K 218

အကယ်၍ငါတို့ပြန်ဆုံဖြစ်ခဲ့ရင်...💛 More

"1"
"3"
"4"
"5"
"6"
"7"
"8"
"9"
"10"
"11"
"12"
"13"
"14"
"15"
"16"
"17"
"18"
"19"
"20"
"21"
"22"
"23"
"24"
"25"
"26"
"27"
"28"
"29"
"30"
"31"
"32"
"33"
"34"{Final}

"2"

2K 156 10
By Weneebebe27

Unicode❣️

လူခြေတိတ်သောရပ်ကွက်လေးတစ်ခု​တွင်
ဖွင့်ထားသည့်"Little World"ဆိုသောစာအုပ်ဆိုင်လေး...

ဆိုင်ထဲကိုဝင်လိုက်သည့်နှင့်ဆိုင်လေး၏
အပြင်အဆင်ကြောင့်စိတ်တို့အေးချမ်းသွားရ၏။တစ်ဆိုင်လုံးကိုအဝါနု​ေရာင်အများဆုံးသုံးထားကာစာအုပ်စင်လေးများသေသေသပ်သပ်ဖြင့်အလွန်ချစ်စရာကောင်းလှပေသည်။ထို့အပြင်ချိုသာလွန်းသောအပြုံးပိုင်ရှင်ဆိုင်ရှင်ကောင်လေးကြောင့်လဲမြင်သူတကာစိတ်ကိုအေးချမ်းသာယာမှုပေးစွမ်းလေသည်။ထိုဆိုင်ပိုင်ရှင်ကောင်လေးကတော့ဘဝကိုအေးအေးချမ်းချမ်းလေးဖြတ်သန်းနေတဲ့လော်ယွင်ရှီး...

"အစ်ကိုယွင်ရှီး ဟိုလူတွေလာသွားပြန်ပြီ"

"ဟင်းးး..အရင်တိုင်းပဲလား"

"ဒါပဲပေါ့ အလကားလူတွေ သူများနေရာကိုလောဘတက်နေကြတာ "

"ထားလိုက်ပါ သူတို့လာနိုင်သလောက်လာပါစေ ကြာရင်လက်လျှော့သွားကြမှာပါ"

"ဒီလောက်ကောင်းတဲ့နေရာတွေအများကြီးကိုမှဘာလို့စူးစူးတို့နေရာကိုလိုချင်နေတာလဲမသိပါဘူး"

"အဲ့ဒါတွေထားလိုက်ပါတော့ ဟိုမှာ
customerလာနေပြီ သွားလိုက်အုံး"

"ဟုတ်ကဲ့"

စူးစူးနဲ့စကားပြောပြီးတော့လော်ယွင်ရှီးလည်း
counterမှာထိုင်လိုက်သည်။သူ့ဆိုင်သေးသေးလေးနေရာမှာလုပ်ငန်းတိုးချဲ့ဖို့တဲ့ဆောက်လုပ်ရေးcompanyတစ်ခုကလာပြီးသူတို့ကိုရောင်းဖို့ပြောနေတာ...လာတဲ့အခါတိုင်းသူကငြင်းလွှတ်ပင်မဲ့ခုထိဇွဲကောင်းကြတုန်း။တစ်ခါလာရင်စျေးကတိုးတိုးသွားတယ်။ဒါပေမဲ့သူရောင်းမှာမဟုတ်..ဒီဆိုင်လေးကသူ့အတွက်အဓိပ္ပါယ်တွေရှိနေတာမို့လုံးဝအဆုံးရှုံးမခံနိုင်။

ငါးနှစ်ရှိသွားပြီ..တစ်စုံတစ်ယောက်သူ့ဘဝထဲကထွက်သွားတာ။ထွက်သွားတယ်လို့ပြောရအောင်လည်းသူကိုယ်တိုင်နှင်ထုတ်ခဲ့တာ...
အချိန်ကကုစားနိုင်လိမ့်မယ်ထင်ခဲ့ပေမဲ့ဒီနေ့ဒီအချိန်ထိနည်းနည်းလေးမှမေ့မရခဲ့ဘူး...ထားခဲ့တုန်းကထားခဲ့ပြီးသတိတွေရနေပါတယ်ဆိုလို့ရယ်စရာများဖြစ်နေပြီလား...
တကယ်တော့ကျန်ခဲ့တဲ့သူတင်ခံစားရတာမဟုတ်ပါဘူး...ထားခဲ့ရတဲ့သူလည်းထပ်တူနာကျင်ရတယ်ဆိုတာတော့သိစေချင်ပါတယ်။

လော်ယွင်ရှီးအတွေးတွေထဲကပြန်ရုန်းထွက်ပြီးလက်ရှိအလုပ်ကိုသာအာရုံစိုက်ထားလိုက်တော့သည်။အတိတ်ကိုပြန်တွေးနေတော့လည်းပြန်ကောင်းလာစရာမှမရှိတာလေ။မျက်ရည်တွေသာကျကျလာတာ...သူ့မျက်ရည်တွေဆိုတာကုန်နိုင်တယ်မရှိပါဘူး။ဘယ်အချိန်ပဲတွေးလိုက်တွေးလိုက်သူ့အလိုလိုကိုကျလာတာ...တစ်ချိန်တည်းမှာလည်းဘယ်ဘက်ရင်အုံဟာအောင့်အောင့်လာတတ်တယ်။သိပ်ကိုခံရခက်တယ်...။သူလည်းရောဂါရနေပြီထင်ပါရဲ့။

"မိုးရွာနေပြီ အဲ့လိုမှန်းသိထီးယူလာပါတယ်ခုတော့မိုးမိတော့မယ်ထင်တယ်"

စူးစူးရဲ့အလိုမကျသည့်အသံ​ကိုကြားမှအပြင်မှာမိုးရွာနေမှန်းလော်ယွင်ရှီးသိတော့သည်။မိုးဦးစပြီလေ...ဒီမိုးကပထမဆုံးရွာတဲ့မိုးပဲ။
မိုးရွာတာမြင်တော့ထီးလေးတစ်ချောင်းထဲကိုဘေးမှာအတင်းလိုက်ကပ်ပြီးဆောင်းတတ်တဲ့ကောင်လေးကိုသတိရမိသည်။သူလည်းဘာပဲတွေ့တွေ့ဒီကောင်လေးကိုပဲသတိရနေမိတော့တာပဲ။

"စူးစူးရေ အစ်ကိုဆိုင်မှာဆောင်ထားတဲ့ထီးလေးရှိတယ် အဲ့တာပြန်ရင်ယူသွားလိုက်"

"အစ်ကိုကရော"

"အစ်ကိုကအဆင်ပြေပါတယ် မိုးကခဏနေတိတ်သွားမှာပါ ဒီနေ့အစ်ကိုကနေ့လည်မှရောက်လာတာဆိုတော့အစ်ကိုပဲဆိုင်ပိတ်လိုက်မယ် စူးစူးကပြန်နှင့်လိုက်တော့"

"အဲ့တာဆိုစူးစူးပြန်တော့မယ်နော် အစ်ကိုလည်းမိုးတိတ်မှပြန်နော် မိုးရွာထဲပြန်မနေနဲ့အုံး"

"ဟုတ်ကဲ့ပါဗျာ စိတ်ဖြောင့်ဖြောင့်သာပြန်ပါအစ်ကိုက ကလေးမဟုတ်ပါဘူးနော်"

"ကလေးမဟုတ်လို့ပေါ့ ကလေးသာဆိုခပ်ဆတ်ဆတ်လေးရိုက်ပြီးဆုံးမပြီးပြီ လူကြီးဖြစ်ပြီးကိုယ့်ကိုယ်ကိုဂရုစိုက်ပါအုံး နောက်တစ်ခါထပ်လဲသွားအုံးမယ်"

"ဟုတ်ပါပြီမားမားရယ် ကျွန်တော်ဂရုစိုက်ပါ့မယ်"

အကြီးတစ်ယောက်လိုသူ့ကိုဆူနေသောစူးစူးကိုလော်ယွင်ရှီးတစ်ယောက်မနည်းပြန်ပြောပြီးပြန်လွှတ်လိုက်ရသည်။သူကအကြီးလားကိုယ်ကအကြီးလားတောင်မသိတော့...။စူးစူးကသူ့ကိုစိုးရိမ်လို့ခုလိုပြောနေမှန်းသူသိပါသည်။အရင်တုန်းကအဖြစ်အပျက်တွေကြောင့်သူနေမကောင်းဖြစ်ခဲ့တုန်းကမားမားနဲ့စူးစူးကသာသူ့အနားမှာရှိနေပေးခဲ့သည်။အခုမားမားလည်းကျန်းမာရေးအ​ြေခအနေဆိုးရွားလာသောကြောင့်အချိန်ပြည့်ဆေးရုံမှာသာနေနေရသည်။သူလည်းဆိုင်တစ်ဖက်နဲ့ဆိုတော့ခဏတစ်ဖြုတ်သာသွားကြည့်နိုင်သည်။စူးစူးရှိနေလို့အဆင်ပြေနေတာဖြစ်သည်။စူးစူးဆိုတာသူနဲ့ဘာမှမတော်ပေမဲ့လို့တကယ့်ကိုသူ့ညီမလေးတစ်ယောက်လိုပင်...သူ့အတွက်တော့မားမားနဲ့စူးစူးကသာသူ့အတွက်အရင်းနှီးဆုံးမိသားစုပင်ဖြစ်သည်။

မိုးလည်းစဲသွားပြီးဖွဲဖွဲလေးသာကျနေတော့သည်။လော်ယွင်ရှီးလည်းဆိုင်သိမ်းလိုက်ပြီးအိတ်ကလေးဆွဲကာမိုးဖွဲဖွဲလေးတွေအောက်မှာလမ်းလျှောက်ပြီးအိမ်သို့ပြန်လာလိုက်သည်။ဆိုင်နဲ့သူ့အိမ်ကသိပ်မဝေးတာကြောင့်လမ်းလျှောက်ပြီးပြန်လို့ရသည်။

လမ်းလျှောက်နေတုန်းခေါင်းထဲမှမူးရိပ်မူးရိပ်ဖြစ်လာပြီးအမြင်ဟာလည်းအနည်းငယ်ဝေဝါးလာသည်။သူတော့နေမကောင်းဖြစ်ပြန်ပြီထင်တယ်...။စူးစူးသာသိရင်သူ့ကိုဆူအုံးမယ်။

"အဟက် ငါ့မျက်လုံးကလည်းဒီလောက်ဝေဝါးနေတာတောင်ဘာလို့သူ့ကိုမြင်ယောင်နေရတာလဲ"

တစ်ချိန်ကသူတို့စတွေ့ခဲ့တဲ့နေရာလေးဖြစ်တဲ့တရုတ်စကားပင်ကြီးအောက်မှာတစ်ချိန်ကသူ့ရဲ့'သူ'ကိုမြင်နေမိတယ်...။ဘယ်လိုတောင်ရူးရတာလဲလော်ယွင်ရှီးရယ်...

လော်ယွင်ရှီးရဲ့ကမ္ဘာဟာထိုခဏမှာမှောင်မိုက်သွားခဲ့သည်။သူဘာကိုမှမသိတော့ပဲအရမ်းကိုလဲှပစ်ချင်နေပြီ...စိတ်တို့ကိုလွှတ်ချမိလိုက်တာနဲ့လောကကြီးနဲ့ခဏတာအဆက်ပြတ်သွားခဲ့သည်။ထိုခဏမတိုင်ခင်တော့"ယွင်"ဆိုသည့်သူ့အတွက်စိုးရိမ်မှုများပါဝင်နေသောအသံကိုကြားမိသလိုလို...နွေးထွေးသောလက်တစ်စုံကသူ့ကိုထွေးပွေ့ထားသလိုလို...ရင်းနှီးနေသောကိုယ်သင်းနံ့လေးကသူ့ရဲ့မသိစိတ်ထဲထိတောင်တိုးဝှေ့ဝင်ရောက်လာခဲ့သည်။သူ့ရဲ့မသိစိတ်ကလုံခြုံသွားပြီဟုခံစားရသောကြောင့်ထင်သည်။စိတ်တို့ကိုလွှတ်ချပြီးထိုရင်ခွင်မှာခဏတာနားခိုမိတော့သည်။
လွမ်းနေခဲ့ရတဲ့အသံလေး..လွမ်းနေခဲ့ရတဲ့အထိအတွေ့ ...
ပြီးတော့ လွမ်းနေခဲ့ရတဲ့...မောင်။
ဟုတ်တယ်...မောင့်ကိုအရမ်းလွမ်းတယ်။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

[A/N-ကျွန်မရဲ့Fanficလေးကိုဖတ်ပေးကြတဲ့ဒါဒါလေးတွေကိုကျေးဇူးတင်ပါတယ်❤️ဖတ်ပြီးတဲ့အခါအကြံပေးစရာများရှိရင်အားမနာပဲပြောပါနော် ကျွန်မကဝါသနာပါလို့သာရေးတာ အရေးအသားကမကြွယ်ဘူး😅 ဒါဒါလေးတွေဆီကCommentတွေရတော့ပိုပြီးပြင်ဆင်လို့ရတာပေါ့ နောက်ပြီးကျွန်မficကိုဖတ်တဲ့ဒါဒါလေးတွေနဲ့တကယ့်ကိုရင်းနှီးချင်ပါတယ်။ခင်ခင်မင်မင်ပေါ့ ကျွန်မကခင်ဖို့ကောင်းပါတယ်နော်😄
ပြောတာတွေများနေပြီ..😁သိပ်မကြာခင်ပြန်လာခဲ့ပါ့မယ်❣️]

22.12.2020💛

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

Zawgyi code❣️

လူေျခတိတ္ေသာရပ္ကြက္ေလးတစ္ခု​တြင္
ဖြင့္ထားသည့္"Little World"ဆိုေသာစာအုပ္ဆိုင္ေလး...

ဆိုင္ထဲကိုဝင္လိုက္သည့္ႏွင့္ဆိုင္ေလး၏
အျပင္အဆင္ေၾကာင့္စိတ္တို႔ေအးခ်မ္းသြားရ၏။တစ္ဆိုင္လံုးကိုအဝါႏု​ေရာင္အမ်ားဆံုးသံုးထားကာစာအုပ္စင္ေလးမ်ားေသေသသပ္သပ္ျဖင့္အလြန္ခ်စ္စရာေကာင္းလွေပသည္။ထို႔အျပင္ခ်ိဳသာလြန္းေသာအၿပံဳးပိုင္ရွင္ဆိုင္ရွင္ေကာင္ေလးေၾကာင့္လဲျမင္သူတကာစိတ္ကိုေအးခ်မ္းသာယာမႈေပးစြမ္းေလသည္။ထိုဆိုင္ပိုင္ရွင္ေကာင္ေလးကေတာ့ဘဝကိုေအးေအးခ်မ္းခ်မ္းေလးျဖတ္သန္းေနတဲ့ေလာ္ယြင္ရွီး...

"အစ္ကိုယြင္ရွီး ဟိုလူေတြလာသြားျပန္ၿပီ"

"ဟင္းးး..အရင္တိုင္းပဲလား"

"ဒါပဲေပါ့ အလကားလူေတြ သူမ်ားေနရာကိုေလာဘတက္ေနၾကတာ "

"ထားလိုက္ပါ သူတို႔လာႏိုင္သေလာက္လာပါေစ ၾကာရင္လက္ေလ်ွာ့သြားၾကမွာပါ"

"ဒီေလာက္ေကာင္းတဲ့ေနရာေတြအမ်ားႀကီးကိုမွဘာလို႔စူးစူးတို႔ေနရာကိုလိုခ်င္ေနတာလဲမသိပါဘူး"

"အဲ့ဒါေတြထားလိုက္ပါေတာ့ ဟိုမွာ
customerလာေနၿပီ သြားလိုက္အံုး"

"ဟုတ္ကဲ့"

စူးစူးနဲ႔စကားေျပာၿပီးေတာ့ေလာ္ယြင္ရွီးလည္း
counterမွာထိုင္လိုက္သည္။သူ႔ဆိုင္ေသးေသးေလးေနရာမွာလုပ္ငန္းတိုးခ်ဲ့ဖို႔တဲ့ေဆာက္လုပ္ေရးcompanyတစ္ခုကလာၿပီးသူတို႔ကိုေရာင္းဖို႔ေျပာေနတာ...လာတဲ့အခါတိုင္းသူကျငင္းလႊတ္ပင္မဲ့ခုထိဇြဲေကာင္းၾကတုန္း။တစ္ခါလာရင္ေစ်းကတိုးတိုးသြားတယ္။ဒါေပမဲ့သူေရာင္းမွာမဟုတ္..ဒီဆိုင္ေလးကသူ႔အတြက္အဓိပၸါယ္ေတြရိွေနတာမို႔လံုးဝအဆံုးရႈံးမခံႏိုင္။

ငါးႏွစ္ရိွသြားၿပီ..တစ္စံုတစ္ေယာက္သူ႔ဘဝထဲကထြက္သြားတာ။ထြက္သြားတယ္လို႔ေျပာရေအာင္လည္းသူကိုယ္တိုင္ႏွင္ထုတ္ခဲ့တာ...
အခ်ိန္ကကုစားႏိုင္လိမ့္မယ္ထင္ခဲ့ေပမဲ့ဒီေန့ဒီအခ်ိန္ထိနည္းနည္းေလးမွေမ့မရခဲ့ဘူး...ထားခဲ့တုန္းကထားခဲ့ၿပီးသတိေတြရေနပါတယ္ဆိုလို႔ရယ္စရာမ်ားျဖစ္ေနၿပီလား...
တကယ္ေတာ့က်န္ခဲ့တဲ့သူတင္ခံစားရတာမဟုတ္ပါဘူး...ထားခဲ့ရတဲ့သူလည္းထပ္တူနာက်င္ရတယ္ဆိုတာေတာ့သိေစခ်င္ပါတယ္။

ေလာ္ယြင္ရွီးအေတြးေတြထဲကျပန္ရုန္းထြက္ၿပီးလက္ရိွအလုပ္ကိုသာအာရံုစိုက္ထားလိုက္ေတာ့သည္။အတိတ္ကိုျပန္ေတြးေနေတာ့လည္းျပန္ေကာင္းလာစရာမွမရိွတာေလ။မ်က္ရည္ေတြသာက်က်လာတာ...သူ႔မ်က္ရည္ေတြဆိုတာကုန္ႏိုင္တယ္မရိွပါဘူး။ဘယ္အခ်ိန္ပဲေတြးလိုက္ေတြးလိုက္သူ႔အလိုလိုကိုက်လာတာ...တစ္ခ်ိန္တည္းမွာလည္းဘယ္ဘက္ရင္အံုဟာေအာင့္ေအာင့္လာတတ္တယ္။သိပ္ကိုခံရခက္တယ္...။သူလည္းေရာဂါရေနၿပီထင္ပါရဲ့။

"မိုးရြာေနၿပီ အဲ့လိုမွန္းသိထီးယူလာပါတယ္ခုေတာ့မိုးမိေတာ့မယ္ထင္တယ္"

စူးစူးရဲ့အလိုမက်သည့္အသံ​ကိုၾကားမွအျပင္မွာမိုးရြာေနမွန္းေလာ္ယြင္ရွီးသိေတာ့သည္။မိုးဦးစၿပီေလ...ဒီမိုးကပထမဆံုးရြာတဲ့မိုးပဲ။
မိုးရြာတာျမင္ေတာ့ထီးေလးတစ္ေခ်ာင္းထဲကိုေဘးမွာအတင္းလိုက္ကပ္ၿပီးေဆာင္းတတ္တဲ့ေကာင္ေလးကိုသတိရမိသည္။သူလည္းဘာပဲေတြ့ေတြ့ဒီေကာင္ေလးကိုပဲသတိရေနမိေတာ့တာပဲ။

"စူးစူးေရ အစ္ကိုဆိုင္မွာေဆာင္ထားတဲ့ထီးေလးရိွတယ္ အဲ့တာျပန္ရင္ယူသြားလိုက္"

"အစ္ကိုကေရာ"

"အစ္ကိုကအဆင္ေျပပါတယ္ မိုးကခဏေနတိတ္သြားမွာပါ ဒီေန့အစ္ကိုကေန့လည္မွေရာက္လာတာဆိုေတာ့အစ္ကိုပဲဆိုင္ပိတ္လိုက္မယ္ စူးစူးကျပန္ႏွင့္လိုက္ေတာ့"

"အဲ့တာဆိုစူးစူးျပန္ေတာ့မယ္ေနာ္ အစ္ကိုလည္းမိုးတိတ္မျွပန္ေနာ္ မိုးရြာထဲျပန္မေနနဲ႔အံုး"

"ဟုတ္ကဲ့ပါဗ်ာ စိတ္ေျဖာင့္ေျဖာင့္သာျပန္ပါအစ္ကိုက ကေလးမဟုတ္ပါဘူးေနာ္"

"ကေလးမဟုတ္လို႔ေပါ့ ကေလးသာဆိုခပ္ဆတ္ဆတ္ေလးရိုက္ၿပီးဆံုးမၿပီးၿပီ လူႀကီးျဖစ္ၿပီးကိုယ့္ကိုယ္ကိုဂရုစိုက္ပါအံုး ေနာက္တစ္ခါထပ္လဲသြားအံုးမယ္"

"ဟုတ္ပါၿပီမားမားရယ္ ကြၽန္ေတာ္ဂရုစိုက္ပါ့မယ္"

အႀကီးတစ္ေယာက္လိုသူ႔ကိုဆူေနေသာစူးစူးကိုေလာ္ယြင္ရွီးတစ္ေယာက္မနည္းျပန္ေျပာၿပီးျပန္လႊတ္လိုက္ရသည္။သူကအႀကီးလားကိုယ္ကအႀကီးလားေတာင္မသိေတာ့...။စူးစူးကသူ႔ကိုစိုးရိမ္လို႔ခုလိုေျပာေနမွန္းသူသိပါသည္။အရင္တုန္းကအျဖစ္အပ်က္ေတြေၾကာင့္သူေနမေကာင္းျဖစ္ခဲ့တုန္းကမားမားနဲ႔စူးစူးကသာသူ႔အနားမွာရိွေနေပးခဲ့သည္။အခုမားမားလည္းက်န္းမာေရးအ​ျေခအေနဆိုးရြားလာေသာေၾကာင့္အခ်ိန္ျပည့္ေဆးရံုမွာသာေနေနရသည္။သူလည္းဆိုင္တစ္ဖက္နဲ႔ဆိုေတာ့ခဏတစ္ျဖဳတ္သာသြားၾကည့္ႏိုင္သည္။စူးစူးရိွေနလို႔အဆင္ေျပေနတာျဖစ္သည္။စူးစူးဆိုတာသူနဲ႔ဘာမွမေတာ္ေပမဲ့လို႔တကယ့္ကိုသူ႔ညီမေလးတစ္ေယာက္လိုပင္...သူ႔အတြက္ေတာ့မားမားနဲ႔စူးစူးကသာသူ႔အတြက္အရင္းႏွီးဆံုးမိသားစုပင္ျဖစ္သည္။

မိုးလည္းစဲသြားၿပီးဖြဲဖြဲေလးသာက်ေနေတာ့သည္။ေလာ္ယြင္ရွီးလည္းဆိုင္သိမ္းလိုက္ၿပီးအိတ္ကေလးဆြဲကာမိုးဖြဲဖြဲေလးေတြေအာက္မွာလမ္းေလ်ွာက္ၿပီးအိမ္သို႔ျပန္လာလိုက္သည္။ဆိုင္နဲ႔သူ႔အိမ္ကသိပ္မေဝးတာေၾကာင့္လမ္းေလ်ွာက္ၿပီးျပန္လို႔ရသည္။

လမ္းေလ်ွာက္ေနတုန္းေခါင္းထဲမွမူးရိပ္မူးရိပ္ျဖစ္လာၿပီးအျမင္ဟာလည္းအနည္းငယ္ေဝဝါးလာသည္။သူေတာ့ေနမေကာင္းျဖစ္ျပန္ၿပီထင္တယ္...။စူးစူးသာသိရင္သူ႔ကိုဆူအံုးမယ္။

"အဟက္ ငါ့မ်က္လံုးကလည္းဒီေလာက္ေဝဝါးေနတာေတာင္ဘာလို႔သူ႔ကိုျမင္ေယာင္ေနရတာလဲ"

တစ္ခ်ိန္ကသူတို႔စေတြ့ခဲ့တဲ့ေနရာေလးျဖစ္တဲ့တရုတ္စကားပင္ႀကီးေအာက္မွာတစ္ခ်ိန္ကသူ႔ရဲ့'သူ'ကိုျမင္ေနမိတယ္...။ဘယ္လိုေတာင္ရူးရတာလဲေလာ္ယြင္ရွီးရယ္...

ေလာ္ယြင္ရွီးရဲ့ကမ႓ာဟာထိုခဏမွာေမွာင္မိုက္သြားခဲ့သည္။သူဘာကိုမွမသိေတာ့ပဲအရမ္းကိုလဲွပစ္ခ်င္ေနၿပီ...စိတ္တို႔ကိုလႊတ္ခ်မိလိုက္တာနဲ႔ေလာကႀကီးနဲ႔ခဏတာအဆက္ျပတ္သြားခဲ့သည္။ထိုခဏမတိုင္ခင္ေတာ့" ယြင္"ဆိုသည့္သူ႔အတြက္စိုးရိမ္မႈမ်ားပါဝင္ေနေသာအသံကိုၾကားမိသလိုလို...ေနြးေထြးေသာလက္တစ္စံုကသူ႔ကိုေထြးေပြ့ထားသလိုလို...ရင္းႏွီးေနေသာကိုယ္သင္းနံ႔ေလးကသူ႔ရဲ့မသိစိတ္ထဲထိေတာင္တိုးေဝ႔ွဝင္ေရာက္လာခဲ့သည္။သူ႔ရဲ့မသိစိတ္ကလံုၿခံဳသြားၿပီဟုခံစားရေသာေၾကာင့္ထင္သည္။စိတ္တို႔ကိုလႊတ္ခ်ၿပီးထိုရင္ခြင္မွာခဏတာနားခိုမိေတာ့သည္။..လြမ္းေနခဲ့ရတဲ့အသံေလး..လြမ္းေနခဲ့ရတဲ့အထိအေတြ့...
ၿပီးေတာ့ လြမ္းေနခဲ့ရတဲ့...ေမာင္။
ဟုတ္တယ္...ေမာင့္ကိုအရမ္းလြမ္းတယ္။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

[A/N-ကြၽန္မရဲ့Fanficေလးကိုဖတ္ေပးၾကတဲ့ဒါဒါေလးေတြကိုေက်းဇူးတင္ပါတယ္❤️ဖတ္ၿပီးတဲ့အခါအႀကံေပးစရာမ်ားရိွရင္အားမနာပဲေျပာပါေနာ္ ကြၽန္မကဝါသနာပါလို႔သာေရးတာ အေရးအသားကမႂကြယ္ဘူး😅 ဒါဒါေလးေတြဆီကCommentေတြရေတာ့ပိုၿပီးျပင္ဆင္လို႔ရတာေပါ့ ေနာက္ၿပီးကြၽန္မficကိုဖတ္တဲ့ဒါဒါေလးေတြနဲ႔တကယ့္ကိုရင္းႏွီးခ်င္ပါတယ္။ခင္ခင္မင္မင္ေပါ့ ကြၽန္မကခင္ဖို႔ေကာင္းပါတယ္ေနာ္😄
ေျပာတာေတြမ်ားေနၿပီ..😁သိပ္မၾကာခင္ျပန္လာခဲ့ပါ့မယ္❣️]

22.12.2020💛

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

Continue Reading

You'll Also Like

303K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
493 67 5
သူကြီးသားလေး Zhang Yixing နဲ့ ရွာကို စာလာသင်ပေးတဲ့ ဆရာလေး Kim Junmyeon တို့ရဲ့ အချစ်ဇာတ်လမ်းတိုလေးဖြစ်မှာပါ။ တပည့်ကျော်မလေး Aeriရဲ့ အောင်သွယ်မှုကြောင...
3.4K 536 16
[𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱] (zawgyi) ကိုယ့္အတြက္ေတာ့ မင္းဟာလည္း တစ္ရက္မွာ မေသာက္ရရင္ အသက္မရွင္ႏိုင္တဲ့ espresso လိုပဲ ... (unicode) ကိုယ့်အတွက်တော့ မင်းဟာလည...
6.3K 817 22
အချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် ​သေချာတာက "Love is a hole in the heart." ဆိုတဲ့အတိုင်း ချစ်မိသွားတာနဲ့ နှလုံးသားထဲ...