[Unicode]
အရိပ်အာဝါသ ကောင်းသော ညောင်ညိုပင်အောက်ရှိ ကောင်လေးတစ်သိုက်မှာ လေတဖြူးဖြူးမို့ လက်လှဲသူလှဲ၊ ထိုင်သူက ထိုင်နှင့်။ ကျဲကျဲတောက်ပူနေသော နေက သူတို့ခေါင်းထိပ်တည့်တည့် ကောင်းကင်တွင် အရှိန်ပြင်းစွာဖြင့် တောက်ပနေသည်။
"ဟေ့ကောင်တွေ ဘယ်အချိန်ရှိပြီလဲကွ။ မလာသေးဘူးလား။ ငါဗိုက်ဆာနေပြီ"
"12 နာရီတော့ ထိုးပြီ။ ခဏစောင့်လိုက်ပါဦးကွာ။ လာမှာပါ"
ကျော်ထင့်အမေးကို မျိုးညီက လက်ကနာရီအား ငုံ့ကြည့်ကာ ဖြေသည်။ ကိုစိုးမင်းတို့လည်း မစောင့်နိုင်၍ ပြန်သွားလေပြီ။ လွမ်းလတ်နောင်လည်း လည်တဆန့်ဆန့်နှင့် လက်လှဲနေတာကို ကြည့်ရင်း ကားသံကိုသာ နားစွင့်နေမိသည်။
ဒီကောင်တွေက တစ်ဆိတ်လွန်လွန်းသည်။ မနက်ကိုးနာရီ ချိန်းထားတာကို လမ်းခရီးမှာ ကြာလည်း တစ်နာရီလောက်ပေါ့။
"နောက်တစ်ပွဲကွာ။ ဒီတစ်ခါ ငါနိုင်မှာ သောင်ယံ"
"၀ဏ္ဏ... ၀ဏ္ဏ... မင်းကလေ လူက အောက်မှာ။ လေက အပေါ်မှာ"
"မင်းကြည့်လိုက်ပါ။ ခုန ငါအားနည်းနည်း လျှော့ထားလို့။ အဟွန်း အဟမ်း လာလေ့"
ညောင်ရွက်ဆယ်ရွက်ခန့်ကို တဗျစ်ဗျစ်ဆွဲဖြဲ၍ ပြီးလုပြီးခင်အချိန်တွင် ဂျစ်ကားတစ်စီးက ကွင်းထဲသို့ မောင်း၀င်လာနေသည်။
"မျိုးနိုင် မင်းတို့ကကွာ ! ဒီမှာစောင့်ရတာ ကုလားအုပ်ဖြစ်တော့မယ်။ မလာဘူးတောင် ထင်နေတာကွ"
မျိုးညီက ကားရပ်သည်နှင့် သူ့ညီရှိရာသို့ ပြေးသွားသည်။ ဒီထောင့်မကျိုးကောင်တွေက ဒါတောင် အားနာရိပ် တစ်စွန်းတစ်စ မရှိ။
"အားနာဖို့တောင် ကောင်းတယ်ကွာ။ ထမင်းစားချိန် ကျော်နေပြီ။ မင်းတို့လုပ်လိုက်ရင် ဒီလိုချည်းပဲ"
"ကားမအားလို့ ကျွန်တော်တို့ စောင့်နေတာဗျ။ ပူရတဲ့အထဲ နားငြီးအောင် မလုပ်ပါနဲ့ မျိုးညီရာ"
မျိုးနိုင်က စိတ်ရှုပ်သော အမူအရာဖြင့် ဆိုလာ၍ မျိုးညီ နည်းနည်းစိတ်ဆိုးသွားရသည်။
"အမယ် မင်းတို့ကပဲ ပူနေသေး။ ငါတို့မှာ လေတိုက်တိုက်ကြီးထဲ ဗိုက်အဆာခံပြီး နေနေရတာကွ"
"ကဲပါဗျာ ထားပါတော့။ ဒါအကုန်ပဲလား။ ကွင်းကြီး ကန်မှာလေဗျာ"
"တခြားလူတွေက မစောင့်နိုင်လို့ ပြန်သွားကြပြီ။ အချိန်လည်း မရှိတော့ဘူး၊ ဖူဆယ်ကန်မယ်ကွာ။ မင်းတို့ မကန်ချင်လည်း ပြန်တော့"
ကန်ချင်လွန်း၍ လာသည်မို့ မျိုးညီ၏ စိတ်မရှည်သော အဖြေကို မျိုးနိုင်တို့က ရှုံ့မဲ့မဲ့ဖြင့် ခေါင်းညိတ်ကြသည်။
ဘောလုံးကွင်းမှာ မနက်ပိုင်းက ဟုတ်သော်လည်း နေ့ခင်းရောက်တော့ နေကျဲလွန်းလာ၏။ ထို့အပြင် လွမ်းလတ်နောင်တို့ဘက်က လေဆန်ဖြစ်နေရာ ပထမအပိုင်းမှာပင် ငချွတ်ကလေးတွေ မြော့မြော့သာ ကျန်တော့သည်။ နှစ်သင်းလုံးမှာ နီရဲတက်နေသော မျက်နှာတွေနှင့်အတူ ချွေးတို့က တစ်ကိုယ်လုံး ရွှဲနေကြ၏။
"၀ဏ္ဏ ၀ဏ္ဏ...! ဟာ ဟေ့ကောင် မင်း သက်သက် ၀င်တိုက်တာ မလား"
၀ဏ္ဏ ကျော်အတက်နှင့် တစ်ဖက်က ခြေထိုးပြီး ဘောလုံးအယူမှာ တစ်ချိန်တည်း ဖြစ်သွားသောကြောင့် တိုက်မိကာ ရှေ့သို့ နှစ်ပတ်ခန့် လိမ့်ထွက်သွားလေသည်။ ကျော်ထင်ကလည်း သူ့အစ်ကိုထိတော့ မခံ။ လက်ညိုးထိုးကာ ရန်စောင်သည်။
"ကျော်ထင် ! မင်းဘာဖြစ်တာလဲ။ နည်းနည်းပဲ ထိတာပါကွ။ စိတ်လိုက်မာန်ပါတွေ မလုပ်နဲ့"
လွမ်းလတ်နောင်က ကျော်ထင့်ကို ၀င်ဆွဲသလို တစ်ဖက်အသင်းက ကောင်ကိုလည်း မျိုးနိုင်တို့က ပြန်ဆွဲထားကြရသည်။ နေပူပူမို့ ဒေါသထွက်လွယ်နေကြ၏။
"ဆောရီးကွာ။ ငါဗိုက်ဆာတာနဲ့ စိတ်တိုနေလို့"
သို့သော် ခဏပင်။ ဒုတိယပိုင်းရောက်ချိန် သူတို့ဘက်က တစ်လုံးသွင်းထားပြီးဖြစ်ရာ ဟိုဘက် အသင်းသားတွေ မျက်နှာက အတော်ပင် တင်းလာလေသည်။
"သောင်ယံ..."
ညာတောင်ပံမှ သူ့အပေးကို အချိတ်မိမိ ယူနိုင်ရန် အသံပြုလိုက်သည်။ တွဲကန်လာတာ ကြာပြီမို့ သောင်ယံကလည်း အလိုက်တသိပင်။ သို့သော် ခေါင်းနှင့် လှမ်းတိုက်စဉ်မှာပင် အခန့်မသင့်စွာ တစ်ဖက်အသင်းကကောင် ဒူးနှင့် တိုက်မိပြီး ခွေခနဲ လဲသွားလေ၏။
"ဟေ့ကောင် ဒီတစ်ခါတော့ မင်းတမင်သက်သက် လုပ်တာမလား"
"ဘာလဲကွ။ မတော်တဆဖြစ်တာလေ"
"ဘောလုံးမလာသေးဘူး ဟေ့ကောင်။ မင်းအစောကြီး ရှိသေးတယ်။ ဒူးနဲ့ လှမ်းတိုက်တာ"
ကျော်ထင်နော်ရထာတို့ ညီအကိုနှင့် စည်သူက ဟိုဘက်မှာ တစ်ပွဲတစ်လမ်းနွှဲနေသလို ဒီဘက်က သောင်ယံမှာလည်း ခေါင်းမထူနိုင်အောင် ဖြစ်နေသည်။
"သောင်ယံ အဆင်ပြေလား"
"ခေါင်း...မူး...တယ်"
ခေါင်းတစ်ဖက်ကို ဖိကိုင်ကာ သောင်ယံက ညည်းသည်။
"ဟေ့ကောင်တွေ တော်တော့ကွာ ! မျိုးညီ မကန်တော့ဘူး။ မင်းညီကို ပြန်ခိုင်းလိုက်တော့။ လာ...သောင်ယံ ဟိုအရိပ်ကို သွားကြမယ်"
လွမ်းလတ်နောင်က သောင်ယံ့ကို ညောင်ပင်အောက်သို့ တွဲခေါ်လာပြီး ပင်စည်ကို မှီကာ ထိုင်ခိုင်းထားလိုက်စဉ်တွင် မျိုးညီက ဟိုဘက်သို့ ပြန်ပြေးသွားသည်။
"ငါ...ရတယ်...။ ငါရတယ်... ကိုလတ်...။ ဟိုကောင်တွေ... ရန်ဖြစ်ကုန်မယ်...။ မင်း...သွားထိန်း"
သောင်ယံက စိတ်မချစွာ သူ့ကို သွားခိုင်းသည်။ သူလည်း စိတ်ပူနေသည်မို့ လက်ခံလိုက်၏။
"ခဏ စောင့်နော်"
ပြန်ပြေးလာသောအခါ ထင်သည့်အတိုင်းပင်။ နှစ်ဖွဲ့မှာ အတော်ပင် ပူးကပ်နေပြီး မျိုးညီက ကြားမှာ ယက်ကန်ယက်ကန် ဖြစ်နေလေ၏။
မျိုးနိုင် : "မင်းတို့ရမလားကွ။ ငါတို့တစ်မနက်လုံး အချိန်တွေ ပုပ်ကုန်ပြီ"
ကျော်ထင် : "မင်းတို့ကပဲ မကျေနပ်ရသေးတယ်။ ငါတို့ မကျေနပ်ဖို့လည်း ထားဦးကွ"
"မကျေနပ်ဘူးကွာ ကဲကွာ"
"ခွပ်...ခွပ်..."
'သေမယ့်အခေါက်မှ စစ်ထဲလိုက်' ဆိုသလိုပင် ဖြေရအောင် သွားကာမှ တစ်ဖက်ဆီမှ မေးရိုးတည့်တည့်သို့ ပစ်၀င်လာသော လက်သီးကြောင့် လွမ်းလတ်နောင် ကြယ်တွေ၊ လတွေပင် မြင်သွားရသည်။ ဒီတစ်ခါတော့ ငယ်ပေမဲ့ လက်သံပြောင်ကြ၏။
•
"ခရီးသည်များရှင်... ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် ခါးပတ်များ ပတ်ထားပေးကြပါရှင်"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လွမ်းလတ်နောင် အိပ်ချင်မှုံဝါးဖြင့် ခါးပတ်ကို ဆွဲတပ်လိုက်သည်။ ၁၅ မိနစ်ခန့် အကြာတွင်တော့ လေယာဉ်က မြေကြီးနှင့်ထိကာ ရပ်သွား၏။
အိပ်ငိုက်နေသော မျက်လုံးကို ပွတ်သပ်နေစဉ်မှာပင် ဘေးနားမှ Mr. က နှုတ်ဆက်ကာ ထသွားသည်။ ဘေးပတ်၀န်းကျင်ကို ဝေ့ဝဲကြည့်လိုက်တော့ လေယာဉ်ပေါ်ရှိ လူတော်တော်များများကလည်း အောက်ဆင်းနေပြီဖြစ်၏။
ထို့ကြောင့် ခါးနှစ်ဖက်ကို ဘယ်ညာချိုးလိုက်ပြီးနောက် အထုတ်တွေကို ဆွဲကာ အပေါက်၀ဆီသို့ လျှောက်သွားလိုက်သည်။
"တာတာ့နော်"
"ဟုတ်ကဲ့။ နှုတ်ဆက်ပါတယ်ရှင်"
သူ့လက်ကို ကစားပြလိုက်တော့ လေယာဉ်မယ်လေးက ခါးလေးကိုင်းကာ ပြန်လည် ပြုံးပြနှုတ်ဆက်သည်။ ထိုရင်ထဲ ထိစေသော အပြုံးလေးကို လက်ခံယူလာပြီးနောက် လေဆိပ်ထဲ ရောက်သောအခါ မြောက်မြားလှစွာသော ကြိုဆိုနှုတ်ဆက်သူများထဲမှ ကိုယ့်လူ ကိုယ်ဝေ့ဝဲရှာမိသည်။
"ကိုလတ် ကိုလတ်"
ဒုတိယတန်းလောက်ဆီမှ ကိုမြတ်က လက်ပြနေသည်။ အပြေးသွားလိုက်တော့ လက်နှစ်ဖက်ကို ဆန့်ထားကာ ဆီးကြို၏။
"ငါ့ညီလေး တော်တော်ထွားလာတာပဲကွ။ ဟမ် ! ကိုကြီးကိုတောင် ကျော်တက်နေပြီ"
အရင်က ကိုမြတ်အရပ်က 5'10" ဖြစ်ရာ သူ့ထက် နှစ်လက်မခန့် ရှည်လေသည်။ ယခုတော့ နှစ်လက်မ ပြန်ပုသွားသူက ကိုမြတ်ဖြစ်နေ၏။
"သွားကြစို့ ကိုလတ်။ မေမေက မုန့်ဟင်းခါးကို ငါးများများလေးနဲ့ ချက်ထားတယ်"
"အား...အခုတောင် ဗိုက်ဆာလာပြီ။ မြန်မြန်သွားကြစို့"
ဗိုက်ကိုပွတ်ကာ ချက်ချင်းဆာလာဟန်ပြလိုက်လျှင် အထုတ်ကို ကုန်းဆွဲရင်းမှ ကိုမြတ်က မှတ်ချက်ပေးသည်။
"ငတတ်ကောင်"
လေဆိပ်အထွက် ရောက်ချိန်တွင်တော့ အထုတ်တွေ ဘေးချ၍ တက္ကစီတွေကို ဟိုဟိုဒီဒီ ကြည့်နေမိ၏။ ထိုအခါ ကိုမြတ်က သူ့ကျောကုန်းကို လာပုတ်ပြီး မေးသည်။
"တစ်ခုခု ပျောက်သွားလို့လား"
"ကားငှားမလို့လေ"
"ဟားဟား...ကိုလတ်ရာ။ ကိုကြီးတို့ကား၀ယ်လိုက်ပြီလေ။ ဒီမှာကြည့်"
ထောင့်နားမှာ ရပ်ထားသည့် အိမ်စီးကားအဖြူလေးက မော်ဒယ်မြင့် မဟုတ်သော်ငြားလည်း သူတို့မိသားစုအတွက်တော့ အဖိုးတန် ရတနာတစ်ခုပင်။
"ဝိုး...ဝိုး...ကိုကြီးကုမ္ပဏီမှာ ညီလာလုပ်ချင်လိုက်တာ"
ကိုယ်ထည်ကို ပွတ်သပ်ကိုင်တွယ်ရင်း ဆိုလိုက်မိ၏။ တကယ် အနိပ်ပင်။ ထိုအခိုက် ကိုမြတ်က အထဲမှ ခေါင်းတစ်၀က် ထုတ်ကြည့်ရင်း ပြန်အော်သည်။
"ပြောရော့မယ် လာတက်တော့။ မေမေတို့ စောင့်နေကြပြီ"
တက်တက်ကြွကြွဖြင့် ကားတံခါးဖွင့်ကာ ၀င်ထိုင်လိုက်ပြီးနောက်တွင် ဟိုမှာကတည်းက ပါလာသော ဆုံးဖြတ်ချက်တစ်ခုအား ထုတ်ပြောလိုက်၏။
"ကျွန်တော် ပြန်လာပြီ။ ကိုမြတ်နဲ့အတူတူ ဖေဖေနဲ့ မေမေကို လုပ်ကိုင်ကျွေးတော့မယ်"
သို့သော် ကိုမြတ်က မယုံချေ။
"အမယ်လေးကွာ။ ရည်းစားတွေနဲ့ အလုပ်ရှုပ်နေတဲ့သူက ရှာကျွေးဦးမယ်တဲ့။ တစ်ယောက်ယောက်ကို ခိုးပြေးမလာရင်ဘဲ ကျေးဇူးတင်နေပါပြီ"
"ကျွန်တော် အကောင်းပြောနေတာကို"
"အေးပါကွာ ဟုတ်ပါတယ်။ ကိုကြီးညီလေးက ရင့်ကျက်လာပါပြီ"
ကားဖြူလေးကို ကျင်လည်စွာမောင်းရင်း ရယ်မောလိုက်သော ကိုမြတ်အား ငေးစိုက်ကြည့်ပြီးနောက် စိတ်ကောက်ကာ အပြင်ဘက်သို့ မျက်နှာလှည့်လိုက်မိ၏။
မြူငွေ့ရိပ်ရိပ်နှင့်အတူ လေထုထဲမှ မိုးနံ့သင်းသင်းအား ရသည်။ သုံးနှစ်အကြာ ရန်ကုန်မြို့တော်သည် မပြောင်းလဲစွာနှင့် အရင်တုန်းကထက်ကို စည်ကား သက်၀င် လှုပ်ရှားလျက်ပင်။
TBC...
A/N - လည်မသွားနဲ့နော် သေချာဖတ် 😜
[Zawgyi]
အရိပ္အာဝါသ ေကာင္းေသာ ေညာင္ညိုပင္ေအာက္ရွိ ေကာင္ေလးတစ္သိုက္မွာ ေလတျဖဴးျဖဴးမို႔ လက္လွဲသူလွဲ၊ ထိုင္သူက ထိုင္ႏွင့္။ က်ဲက်ဲေတာက္ပူေနေသာ ေနက သူတို႔ေခါင္းထိပ္တည့္တည့္ ေကာင္းကင္တြင္ အရွိန္ျပင္းစြာျဖင့္ ေတာက္ပေနသည္။
"ေဟ့ေကာင္ေတြ ဘယ္အခ်ိန္ရွိၿပီလဲကြ။ မလာေသးဘူးလား။ ငါဗိုက္ဆာေနၿပီ"
"12 နာရီေတာ့ ထိုးၿပီ။ ခဏေစာင့္လိုက္ပါဦးကြာ။ လာမွာပါ"
ေက်ာ္ထင့္အေမးကို မ်ိဳးညီက လက္ကနာရီအား ငုံ႕ၾကည့္ကာ ေျဖသည္။ ကိုစိုးမင္းတို႔လည္း မေစာင့္နိုင္၍ ျပန္သြားေလၿပီ။ လြမ္းလတ္ေနာင္လည္း လည္တဆန႔္ဆန႔္ႏွင့္ လက္လွဲေနတာကို ၾကည့္ရင္း ကားသံကိုသာ နားစြင့္ေနမိသည္။
ဒီေကာင္ေတြက တစ္ဆိတ္လြန္လြန္းသည္။ မနက္ကိုးနာရီ ခ်ိန္းထားတာကို လမ္းခရီးမွာ ၾကာလည္း တစ္နာရီေလာက္ေပါ့။
"ေနာက္တစ္ပြဲကြာ။ ဒီတစ္ခါ ငါနိုင္မွာ ေသာင္ယံ"
"၀ဏၰ... ၀ဏၰ... မင္းကေလ လူက ေအာက္မွာ။ ေလက အေပၚမွာ"
"မင္းၾကည့္လိုက္ပါ။ ခုန ငါအားနည္းနည္း ေလွ်ာ့ထားလို႔။ အဟြန္း အဟမ္း လာေလ့"
ေညာင္႐ြက္ဆယ္႐ြက္ခန႔္ကို တဗ်စ္ဗ်စ္ဆြဲၿဖဲ၍ ၿပီးလုၿပီးခင္အခ်ိန္တြင္ ဂ်စ္ကားတစ္စီးက ကြင္းထဲသို႔ ေမာင္း၀င္လာေနသည္။
"မ်ိဳးနိုင္ မင္းတို႔ကကြာ ! ဒီမွာေစာင့္ရတာ ကုလားအုပ္ျဖစ္ေတာ့မယ္။ မလာဘူးေတာင္ ထင္ေနတာကြ"
မ်ိဳးညီက ကားရပ္သည္ႏွင့္ သူ႕ညီရွိရာသို႔ ေျပးသြားသည္။ ဒီေထာင့္မက်ိဳးေကာင္ေတြက ဒါေတာင္ အားနာရိပ္ တစ္စြန္းတစ္စ မရွိ။
"အားနာဖို႔ေတာင္ ေကာင္းတယ္ကြာ။ ထမင္းစားခ်ိန္ ေက်ာ္ေနၿပီ။ မင္းတို႔လုပ္လိုက္ရင္ ဒီလိုခ်ည္းပဲ"
"ကားမအားလို႔ ကြၽန္ေတာ္တို႔ ေစာင့္ေနတာဗ်။ ပူရတဲ့အထဲ နားၿငီးေအာင္ မလုပ္ပါနဲ႕ မ်ိဳးညီရာ"
မ်ိဳးနိုင္က စိတ္ရႈပ္ေသာ အမူအရာျဖင့္ ဆိုလာ၍ မ်ိဳးညီ နည္းနည္းစိတ္ဆိုးသြားရသည္။
"အမယ္ မင္းတို႔ကပဲ ပူေနေသး။ ငါတို႔မွာ ေလတိုက္တိုက္ႀကီးထဲ ဗိုက္အဆာခံၿပီး ေနေနရတာကြ"
"ကဲပါဗ်ာ ထားပါေတာ့။ ဒါအကုန္ပဲလား။ ကြင္းႀကီး ကန္မွာေလဗ်ာ"
"တျခားလူေတြက မေစာင့္နိုင္လို႔ ျပန္သြားၾကၿပီ။ အခ်ိန္လည္း မရွိေတာ့ဘူး၊ ဖူဆယ္ကန္မယ္ကြာ။ မင္းတို႔ မကန္ခ်င္လည္း ျပန္ေတာ့"
ကန္ခ်င္လြန္း၍ လာသည္မို႔ မ်ိဳးညီ၏ စိတ္မရွည္ေသာ အေျဖကို မ်ိဳးနိုင္တို႔က ရႈံ႕မဲ့မဲ့ျဖင့္ ေခါင္းညိတ္ၾကသည္။
ေဘာလုံးကြင္းမွာ မနက္ပိုင္းက ဟုတ္ေသာ္လည္း ေန႕ခင္းေရာက္ေတာ့ ေနက်ဲလြန္းလာ၏။ ထို႔အျပင္ လြမ္းလတ္ေနာင္တို႔ဘက္က ေလဆန္ျဖစ္ေနရာ ပထမအပိုင္းမွာပင္ ငခြၽတ္ကေလးေတြ ေျမာ့ေျမာ့သာ က်န္ေတာ့သည္။ ႏွစ္သင္းလုံးမွာ နီရဲတက္ေနေသာ မ်က္ႏွာေတြႏွင့္အတူ ေခြၽးတို႔က တစ္ကိုယ္လုံး ႐ႊဲေနၾက၏။
"၀ဏၰ ၀ဏၰ...! ဟာ ေဟ့ေကာင္ မင္း သက္သက္ ၀င္တိုက္တာ မလား"
၀ဏၰ ေက်ာ္အတက္ႏွင့္ တစ္ဖက္က ေျခထိုးၿပီး ေဘာလုံးအယူမွာ တစ္ခ်ိန္တည္း ျဖစ္သြားေသာေၾကာင့္ တိုက္မိကာ ေရွ႕သို႔ ႏွစ္ပတ္ခန႔္ လိမ့္ထြက္သြားေလသည္။ ေက်ာ္ထင္ကလည္း သူ႕အစ္ကိုထိေတာ့ မခံ။ လက္ညိုးထိုးကာ ရန္ေစာင္သည္။
"ေက်ာ္ထင္ ! မင္းဘာျဖစ္တာလဲ။ နည္းနည္းပဲ ထိတာပါကြ။ စိတ္လိုက္မာန္ပါေတြ မလုပ္နဲ႕"
လြမ္းလတ္ေနာင္က ေက်ာ္ထင့္ကို ၀င္ဆြဲသလို တစ္ဖက္အသင္းက ေကာင္ကိုလည္း မ်ိဳးနိုင္တို႔က ျပန္ဆြဲထားၾကရသည္။ ေနပူပူမို႔ ေဒါသထြက္လြယ္ေနၾက၏။
"ေဆာရီးကြာ။ ငါဗိုက္ဆာတာနဲ႕ စိတ္တိုေနလို႔"
သို႔ေသာ္ ခဏပင္။ ဒုတိယပိုင္းေရာက္ခ်ိန္ သူတို႔ဘက္က တစ္လုံးသြင္းထားၿပီးျဖစ္ရာ ဟိုဘက္ အသင္းသားေတြ မ်က္ႏွာက အေတာ္ပင္ တင္းလာေလသည္။
"ေသာင္ယံ..."
ညာေတာင္ပံမွ သူ႕အေပးကို အခ်ိတ္မိမိ ယူနိုင္ရန္ အသံျပဳလိုက္သည္။ တြဲကန္လာတာ ၾကာၿပီမို႔ ေသာင္ယံကလည္း အလိုက္တသိပင္။ သို႔ေသာ္ ေခါင္းႏွင့္ လွမ္းတိုက္စဥ္မွာပင္ အခန႔္မသင့္စြာ တစ္ဖက္အသင္းကေကာင္ ဒူးႏွင့္ တိုက္မိၿပီး ေခြခနဲ လဲသြားေလ၏။
"ေဟ့ေကာင္ ဒီတစ္ခါေတာ့ မင္းတမင္သက္သက္ လုပ္တာမလား"
"ဘာလဲကြ။ မေတာ္တဆျဖစ္တာေလ"
"ေဘာလုံးမလာေသးဘူး ေဟ့ေကာင္။ မင္းအေစာႀကီး ရွိေသးတယ္။ ဒူးနဲ႕ လွမ္းတိုက္တာ"
ေက်ာ္ထင္ေနာ္ရထာတို႔ ညီအကိုႏွင့္ စည္သူက ဟိုဘက္မွာ တစ္ပြဲတစ္လမ္းႏႊဲေနသလို ဒီဘက္က ေသာင္ယံမွာလည္း ေခါင္းမထူနိုင္ေအာင္ ျဖစ္ေနသည္။
"ေသာင္ယံ အဆင္ေျပလား"
"ေခါင္း...မူး...တယ္"
ေခါင္းတစ္ဖက္ကို ဖိကိုင္ကာ ေသာင္ယံက ညည္းသည္။
"ေဟ့ေကာင္ေတြ ေတာ္ေတာ့ကြာ ! မ်ိဳးညီ မကန္ေတာ့ဘူး။ မင္းညီကို ျပန္ခိုင္းလိုက္ေတာ့။ လာ...ေသာင္ယံ ဟိုအရိပ္ကို သြားၾကမယ္"
လြမ္းလတ္ေနာင္က ေသာင္ယံ့ကို ေညာင္ပင္ေအာက္သို႔ တြဲေခၚလာၿပီး ပင္စည္ကို မွီကာ ထိုင္ခိုင္းထားလိုက္စဥ္တြင္ မ်ိဳးညီက ဟိုဘက္သို႔ ျပန္ေျပးသြားသည္။
"ငါ...ရတယ္...။ ငါရတယ္... ကိုလတ္...။ ဟိုေကာင္ေတြ... ရန္ျဖစ္ကုန္မယ္...။ မင္း...သြားထိန္း"
ေသာင္ယံက စိတ္မခ်စြာ သူ႕ကို သြားခိုင္းသည္။ သူလည္း စိတ္ပူေနသည္မို႔ လက္ခံလိုက္၏။
"ခဏ ေစာင့္ေနာ္"
ျပန္ေျပးလာေသာအခါ ထင္သည့္အတိုင္းပင္။ ႏွစ္ဖြဲ႕မွာ အေတာ္ပင္ ပူးကပ္ေနၿပီး မ်ိဳးညီက ၾကားမွာ ယက္ကန္ယက္ကန္ ျဖစ္ေနေလ၏။
မ်ိဳးနိုင္ : "မင္းတို႔ရမလားကြ။ ငါတို႔တစ္မနက္လုံး အခ်ိန္ေတြ ပုပ္ကုန္ၿပီ"
ေက်ာ္ထင္ : "မင္းတို႔ကပဲ မေက်နပ္ရေသးတယ္။ ငါတို႔ မေက်နပ္ဖို႔လည္း ထားဦးကြ"
"မေက်နပ္ဘူးကြာ ကဲကြာ"
"ခြပ္...ခြပ္..."
'ေသမယ့္အေခါက္မွ စစ္ထဲလိုက္' ဆိုသလိုပင္ ေျဖရေအာင္ သြားကာမွ တစ္ဖက္ဆီမွ ေမးရိုးတည့္တည့္သို႔ ပစ္၀င္လာေသာ လက္သီးေၾကာင့္ လြမ္းလတ္ေနာင္ ၾကယ္ေတြ၊ လေတြပင္ ျမင္သြားရသည္။ ဒီတစ္ခါေတာ့ ငယ္ေပမဲ့ လက္သံေျပာင္ၾက၏။
•
"ခရီးသည္မ်ားရွင္... ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို ေရာက္ရွိေတာ့မွာ ျဖစ္တဲ့အတြက္ ခါးပတ္မ်ား ပတ္ထားေပးၾကပါရွင္"
႐ုတ္တရက္ ထြက္ေပၚလာေသာ အသံေၾကာင့္ လြမ္းလတ္ေနာင္ အိပ္ခ်င္မႈံဝါးျဖင့္ ခါးပတ္ကို ဆြဲတပ္လိုက္သည္။ ၁၅ မိနစ္ခန့္ အၾကာတြင္ေတာ့ ေလယာဥ္က ေျမႀကီးႏွင့္ထိကာ ရပ္သြား၏။
အိပ္ငိုက္ေနေသာ မ်က္လုံးကို ပြတ္သပ္ေနစဥ္မွာပင္ ေဘးနားမွ Mr. က ႏႈတ္ဆက္ကာ ထသြားသည္။ ေဘးပတ္၀န္းက်င္ကို ေဝ့ဝဲၾကည့္လိုက္ေတာ့ ေလယာဥ္ေပၚရွိ လူေတာ္ေတာ္မ်ားမ်ားကလည္း ေအာက္ဆင္းေနၿပီျဖစ္၏။
ထို႔ေၾကာင့္ ခါးႏွစ္ဖက္ကို ဘယ္ညာခ်ိဳးလိုက္ၿပီးေနာက္ အထုတ္ေတြကို ဆြဲကာ အေပါက္၀ဆီသို႔ ေလွ်ာက္သြားလိုက္သည္။
"တာတာ့ေနာ္"
"ဟုတ္ကဲ့။ ႏႈတ္ဆက္ပါတယ္ရွင္"
သူ႕လက္ကို ကစားျပလိုက္ေတာ့ ေလယာဥ္မယ္ေလးက ခါးေလးကိုင္းကာ ျပန္လည္ ၿပဳံးျပႏႈတ္ဆက္သည္။ ထိုရင္ထဲ ထိေစေသာ အၿပဳံးေလးကို လက္ခံယူလာၿပီးေနာက္ ေလဆိပ္ထဲ ေရာက္ေသာအခါ ေျမာက္ျမားလွစြာေသာ ႀကိဳဆိုႏႈတ္ဆက္သူမ်ားထဲမွ ကိုယ့္လူ ကိုယ္ေဝ့ဝဲရွာမိသည္။
"ကိုလတ္ ကိုလတ္"
ဒုတိယတန္းေလာက္ဆီမွ ကိုျမတ္က လက္ျပေနသည္။ အေျပးသြားလိုက္ေတာ့ လက္ႏွစ္ဖက္ကို ဆန႔္ထားကာ ဆီးႀကိဳ၏။
"ငါ့ညီေလး ေတာ္ေတာ္ထြားလာတာပဲကြ။ ဟမ္ ! ကိုႀကီးကိုေတာင္ ေက်ာ္တက္ေနၿပီ"
အရင္က ကိုျမတ္အရပ္က 5'10" ျဖစ္ရာ သူ႕ထက္ ႏွစ္လက္မခန႔္ ရွည္ေလသည္။ ယခုေတာ့ ႏွစ္လက္မ ျပန္ပုသြားသူက ကိုျမတ္ျဖစ္ေန၏။
"သြားၾကစို႔ ကိုလတ္။ ေမေမက မုန႔္ဟင္းခါးကို ငါးမ်ားမ်ားေလးနဲ႕ ခ်က္ထားတယ္"
"အား...အခုေတာင္ ဗိုက္ဆာလာၿပီ။ ျမန္ျမန္သြားၾကစို႔"
ဗိုက္ကိုပြတ္ကာ ခ်က္ခ်င္းဆာလာဟန္ျပလိုက္လွ်င္ အထုတ္ကို ကုန္းဆြဲရင္းမွ ကိုျမတ္က မွတ္ခ်က္ေပးသည္။
"ငတတ္ေကာင္"
ေလဆိပ္အထြက္ ေရာက္ခ်ိန္တြင္ေတာ့ အထုတ္ေတြ ေဘးခ်၍ တကၠစီေတြကို ဟိုဟိုဒီဒီ ၾကည့္ေနမိ၏။ ထိုအခါ ကိုျမတ္က သူ႕ေက်ာကုန္းကို လာပုတ္ၿပီး ေမးသည္။
"တစ္ခုခု ေပ်ာက္သြားလို႔လား"
"ကားငွားမလို႔ေလ"
"ဟားဟား...ကိုလတ္ရာ။ ကိုႀကီးတို႔ကား၀ယ္လိုက္ၿပီေလ။ ဒီမွာၾကည့္"
ေထာင့္နားမွာ ရပ္ထားသည့္ အိမ္စီးကားအျဖဴေလးက ေမာ္ဒယ္ျမင့္ မဟုတ္ေသာ္ျငားလည္း သူတို႔မိသားစုအတြက္ေတာ့ အဖိုးတန္ ရတနာတစ္ခုပင္။
"ဝိုး...ဝိုး...ကိုႀကီးကုမၸဏီမွာ ညီလာလုပ္ခ်င္လိုက္တာ"
ကိုယ္ထည္ကို ပြတ္သပ္ကိုင္တြယ္ရင္း ဆိုလိုက္မိ၏။ တကယ္ အနိပ္ပင္။ ထိုအခိုက္ ကိုျမတ္က အထဲမွ ေခါင္းတစ္၀က္ ထုတ္ၾကည့္ရင္း ျပန္ေအာ္သည္။
"ေျပာေရာ့မယ္ လာတက္ေတာ့။ ေမေမတို႔ ေစာင့္ေနၾကၿပီ"
တက္တက္ႂကြႂကြျဖင့္ ကားတံခါးဖြင့္ကာ ၀င္ထိုင္လိုက္ၿပီးေနာက္တြင္ ဟိုမွာကတည္းက ပါလာေသာ ဆုံးျဖတ္ခ်က္တစ္ခုအား ထုတ္ေျပာလိုက္၏။
"ကြၽန္ေတာ္ ျပန္လာၿပီ။ ကိုျမတ္နဲ႕အတူတူ ေဖေဖနဲ႕ ေမေမကို လုပ္ကိုင္ေကြၽးေတာ့မယ္"
သို႔ေသာ္ ကိုျမတ္က မယုံေခ်။
"အမယ္ေလးကြာ။ ရည္းစားေတြနဲ႕ အလုပ္ရႈပ္ေနတဲ့သူက ရွာေကြၽးဦးမယ္တဲ့။ တစ္ေယာက္ေယာက္ကို ခိုးေျပးမလာရင္ဘဲ ေက်းဇူးတင္ေနပါၿပီ"
"ကြၽန္ေတာ္ အေကာင္းေျပာေနတာကို"
"ေအးပါကြာ ဟုတ္ပါတယ္။ ကိုႀကီးညီေလးက ရင့္က်က္လာပါၿပီ"
ကားျဖဴေလးကို က်င္လည္စြာေမာင္းရင္း ရယ္ေမာလိုက္ေသာ ကိုျမတ္အား ေငးစိုက္ၾကည့္ၿပီးေနာက္ စိတ္ေကာက္ကာ အျပင္ဘက္သို႔ မ်က္ႏွာလွည့္လိုက္မိ၏။
ျမဴေငြ႕ရိပ္ရိပ္ႏွင့္အတူ ေလထုထဲမွ မိုးနံ႕သင္းသင္းအား ရသည္။ သုံးႏွစ္အၾကာ ရန္ကုန္ၿမိဳ႕ေတာ္သည္ မေျပာင္းလဲစြာႏွင့္ အရင္တုန္းကထက္ကို စည္ကား သက္၀င္ လႈပ္ရွားလ်က္ပင္။
TBC...
A/N - လည္မသြားနဲ႕ေနာ္ ေသခ်ာဖတ္ 😜