အစိမ်းရင့်ရောင် စာမျက်နှာ { C...

By Nova_Danica

54.7K 5.3K 1.2K

ဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်... More

📌
Start with Name 1
Start with Name 3
Notification or Song 1
Notification or Song 2
Notification or Song 3
Notification or Song 4
Notification or Song 5
Remember me 1
Remember me 2
Remember me 3
Do I miss something? 1
Do I miss something? 2
Do I miss something? 3
Do I miss something? 4
I know them friendly! 1
I know them friendly! 2
I know them friendly! 3
Say you love me 1
Say you love me 2
Say you love me 3
We are still together 1
We are still together 2
We are still together 3
Before he saw 1
Before he saw 2
Before he saw 3
I lost him this way!
Into the Dark 1
Into the Dark 2
Into the Dark 3
Do you wanna save me? 1
Do you wanna save me? 2
Do you wanna save me? 3
Let's leave the dark green page
Love ya boy...
Extra - 1
Extra - 2 (Unicode)
Extra - 2 (Zawgyi)
Happy Thadingyut 1/ Unicode
Happy Thadingyut 1/ Zawgyi
Happy Thadingyut 2/ Unicode
Happy Thadingyut 2/ Zawgyi
Leon has a Question!

Start with Name 2

2.3K 197 44
By Nova_Danica

[Unicode]

"ဒီလိုနဲ့ မုဆိုးဖို၊ ရွှေဘို၊ ရတနာသိင်္ဃ၊ ရန်ကြီးအောင်၊ ကုန်းဘောင်လို့ ငါးမည်ရခဲ့တဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ ရွှေဘိုမြို့ဟာ သိပ်ကို ကြီးကျယ် ခမ်းနားခဲ့တာပေါ့ကွယ်။ ရဲမက် ခြောက်ဆယ့်ကိုးယောက်နဲ့ သူကိုယ်တိုင် ပါ၀င်ထူထောင်ခဲ့တဲ့ ထန်းလုံးခံတပ်ဟာ ရန်သူတိုင်းက မထိုးဖောက်နိုင်ခဲ့လို့ အရပ်ရပ် နေပြည်တော်မှာ နာမည်‌ကောင်းနဲ့ ကျော်ကြားခဲ့တယ်။

ဒါကြောင့် ဒီလို ခေါင်းဆောင်ကောင်းတစ်ယောက် ဦးစီးတည်ထောင်ခဲ့တဲ့ ရွှေဘိုမြို့ဟာ ဘယ်လောက်အထိ သာယာ၀ပြောခဲ့တယ် ဆိုတာ အားလုံးပဲ မှန်းဆကြည့်ရင်တောင် သိနိုင်တယ်မဟုတ်လား..."

"ဒေါင်...ဒေါင်...ဒေါင်..."

"ကဲ အချိန်လည်း စေ့သွားပြီ။ အိမ်ပြန်ရောက်ရင် ဒီကဗျာကို ကိုယ့်ဘာသာကိုယ် စကားပြေ ပြန်ရေးခဲ့ကြ ကြားလား။ မင်္ဂလာပါ"

"မင်္ဂလာပါ ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ"

မြန်မာစာဆရာ ထွက်သွားသည်နှင့် ခုနက တိတ်ဆိတ်နေခဲ့သော ရှစ်တန်းခန်းမှာ ကုလားတိုက် ကျား၀င်ကိုက်သည့်ပမာ ချက်ချင်းကို ပွက်လောရိုက်ကာ ဆူညံသွားတော့သည်။

"ဟေ့ရောင် ကိုလတ် ကိုလတ်"

၀ဏ္ဏက လွမ်းလတ်နောင့်ကျောကို ပေတံနှင့်လှမ်းရိုက်ကာ ခေါ်သည်။ လှည့်ကြည့်လိုက်တော့ ညာဘက်သို့ မေးဆတ်ပြ၏။ ထိုဘက်မှာ ထိုင်သည်က မျိုးညီ။

"ကိုလတ် တနင်္ဂနွေနေ့ကျရင် မြို့ပေါ်က ငါ့ညီတွေနဲ့ ဘောလုံးကန်ဖို့ ချိန်းထားတယ်။ မင်းပါမယ် မလား"

မျိုးညီ့ ဦးလေးက ကျောက်ပန်းတောင်းမှာ နေသည့်မို့ သူ့ညီတွေက တစ်ခါတလေ ပုပ္ပားသို့ အလည်လာတတ်သည်။ ဒီကောင်လေးတွေက သူတို့ထက် တစ်နှစ်၊ နှစ်နှစ်ခန့် ငယ်သလို မြို့ပေါ်ကဖြစ်၍ ငချွတ်၊ ဘော်ကြော့လေးတွေလည်း ဖြစ်ကြသည်။ ဘယ်လောက် အားကစားလုပ်ပါစေ၊ သူတို့လောက် သက်လုံ မကောင်းကြ။

"သွေးပူလေ့ကျင့်ခန်း မလုပ်ရတာနဲ့ အတော်ပဲကွ။ ကန်မယ်လေ။ ကွင်းကြီးလား"

"အေး ဟုတ်တယ်။ မင်းလူတွေ စုထားလိုက်ဦး"

"Ok"

"ကျော်ထင်နော်ရထာ ! မင်းတို့ ပါမှာမလား။ မင်းတို့အခြမ်းဘက်က ကိုစိုးမင်းတို့ကို ပြောလိုက်ဦး"

ကျော်ထင်နော်ရထာမည်‌သော ၀ဏ္ဏနှင့်ကျော်ထင်တို့ နှစ်ယောက်က လက်မထောင်ပြသည်။ ဆယ်တန်းမှ ကိုစိုးမင်းတို့ ခြောက်ယောက်၊ ကျော်ထင်နော်ရထာတို့ နှစ်ယောက်။ ထိုအထဲ မျိုးညီရယ်၊ သူရယ်၊ သောင်ယံရယ်ပါ ပေါင်းမိလျှင် ဒီကောင်တွေ အီပြီး ပြန်သွားရမှာ အသေအချာ။

"မုန့်စားသွားကြမယ်။ မြန်မြန်လုပ်ကွ"

သောင်ယံက ထမင်းချိုင့်ကို ညီမညီ သေချာကြည့်ကာ ထပ်လိုက်ပြီးမှ အေးအေးဆေးဆေး သူ့ထံသို့ လျှောက်လာသည်။

"ဘာ‌တွေ လောနေတာလဲ။ မုန့်သည်တွေ ဘယ်မှ ထွက်မပြေးဘူး"

"မုန့်သည်‌တွေကတော့ ရှိတာပေါ့။ အရေးကြီး ဧည့်သည်လေးတွေ ပြန်သွားမှာ စိုးရတာ"

ပြောရင်း လွမ်းလတ်နောင်သည် ပုဆိုးကို သေချာပြင်၀တ်၍ အင်္ကျီကို ဆန့်ဆန့်ရန့်ရန့် ပြင်လိုက်သည်။ ထို့နောက် မိမိကိုယ်ကိုယ် အရောင်အဝါတွေ ထွန်းလင်းနေသည့် နတ်တစ်ပါးအထင်ဖြင့် မုန့်ဈေးတန်းရှိရာသို့ ထွက်လာခဲ့လိုက်၏။

မုန့်ဈေးတန်း အလယ်အရောက်မှာပင် ချစ်စရာကောင်းသော ကလေးမလေးနှစ်ယောက်က သူတို့ကိုမြင်သောအခါ ၀မ်းသာအားရ ပြုံးပြလာကြသည်။

"ကိုကြီးတို့ ဟိုနေ့က မုန့်၀ယ်ကျွေးမယ်လို့ ပြောထားတာလေ။ မေ့သွားပြီလား"

သူ့ကိုကြည့်ကာ ပြောလာသည်မို့ သောင်ယံ ကြောင်သွားရသည်။

"အမ်...ဟို..."

"ကိုကြီးသောင်ယံနော်။ ယောကျ်ားလေးဖြစ်ပြီး စကားလည်း မတည်ဘူး။ အတန်းပိုင်ဆရာမကို စာလိုက်‌‌ပေးတယ်ဆိုပြီး သွားတိုင်လိုက်မှာ"

ဘယ်လောက်တောင် မဆီလျော်တဲ့ စကားလဲ။ ဘယ်လိုဖြစ်လို့ သူက အတိုင်ခံရမှာတုန်း။ မနေ့က ကောင်မလေးတွေ အိတ်ထဲ စာလိုက်ထည့်တာက ကိုလတ်ရယ်လေ။ ဒါပေမဲ့ ကိုယ်မဟုတ်သော်လည်း သောင်ယံဦးက အားနာတတ်သည်။

"မ‌မေ့ပါဘူး...မ‌မေ့ပါဘူး...။ အဟမ်း"

မျက်နှာမပျက်‌စေရန် ပြောပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။ သို့တိုင် အရင်နေ့က လော်ကွတ်ချော်ခဲ့သူမှာ သူမဟုတ်သလို ကိုလတ်က တိုင်မှီကာ တစ်ဖက်သို့ ငေးနေလေ၏။

"အဟမ်း...အဟမ်း…"

"ခွေးကောင်"

ခြေထောက်နဲ့ လှမ်းကုတ်လိုက်သော်လည်း ကိုယ်တော်ချောက လှည့်မကြည့်လာ၍ ခပ်တိုးတိုး ဆဲလိုက်မိတော့သည်။

"ဘာဖြစ်တာလဲ ကိုကြီး။ ချောင်းဆိုးနေတာလား။ ညီမတို့ကို မကျွေးချင်လို့လား"

မယ်မင်းကြီးမလေးတွေက မယုံသင်္ကာဟန်ဖြင့် မုန့်ရွေးရာမှ မော့ကြည့်ကြသည်။ သောင်ယံ ကပျာကယာ လက်ကာပြလိုက်၏။

"မဟုတ်ပါဘူး။ ယူပါ ယူပါ...။ ကြိုက်တာသာစား"

"ကိုကြီးကိုလတ်ကလည်း ညီမလေးတို့ကို ခေါ်တောင် မခေါ်ဘူးနော်။ စိမ်းတာလား"

"အဲ့ဒါက… အဲ့ဒါက သူ့ကို ဆရာမ မာန်ထားလို့ စိတ်ကောက်နေတာပါ"

အဆင်ပြေအောင် အကျိုးသင့်အကြောင်းသင့် ရှင်းပြလိုက်လျှင် တကယ်ထင်သွားကြပုံရ၏။ သူ၀ယ်ကျွေးတဲ့မုန့်တွေကို ပွေ့ပိုက်၍ သူတို့အား ဖုတ်လေတဲ့ငပိ ရှိတယ်ပင် မထင်သောသူဆီ အူးယားဖားယား ပြေးသွားကြသည်။

"ကိုကြီးရယ် စာသေချာလုပ်မှပေါ့…"

"ကိုကြီး ဘယ်လိုမာန်တာလဲဟင်။ အရမ်း စိတ်မကောင်းဖြစ်နေလား"

သောင်ယံ ကောင်မလေးများအား နားမလည်စွာ မျက်လုံးပြူးကြည့်မိတော့သည်။ လွမ်းလတ်နောင်၏ မာယာတွေကို တကယ် မသိကြသည်လား။

အကြံနှင့်ဉာဏ်နှင့် မောင်ကိုလတ်ကတော့ဖြင့် သူမြင်အောင် လက်ညိုးနှင့် လက်မအား ဝိုင်းပြသည်။ ဘယ်လောက်ပိုင်သလဲ ဟူသည့် သဘော။

"40 41 42 43 4.."

"တော်ပြီ။ မရတော့ဘူး ကိုမြတ်။ ဟူး..."

"တက်လာသားပဲ ကိုလတ်ရ"

ဒိုက်ထိုးလက်စ တန်းလန်းနဲ့ပဲ မြက်ခင်းပေါ်သို့ လွမ်းလတ်နောင် ၀မ်းလျားမှောက်ချလိုက်သည်။ ဖေဖေက သူတို့ညီအကိုတွေကို ရေချိုးခါနီး လေ့ကျင့်ခန်း ပုံမှန်လုပ်စေသည်။ ဒါမှသာ ခန္ဓာကိုယ်က ကျစ်လျစ်ပြီး ကျန်းမာမည်ဟု ဆို၏။

"နည်းသေးတယ် ထင်တာပဲ ကိုမြတ်ရ။ ကျွန်တော် အိပ်ရေးပျက်တာ များလို့ ပင်ပန်းနေတာ ဖြစ်မယ်"

"အဲ့ဒါကြောင့် ကိုကြီးက စောစောအိပ်ဖို့ ပြောတာပေါ့။ မြန်မြန်ချိုးတော့၊ အအေးပတ်နေမယ်။ ထ… ထ… ကိုလတ်"

ခပ်မြန်မြန် ရေချိုးပြီးချိန်တွင်တော့ ညနေဘက် အေးအေးလူလူဖြစ်အောင် ဒူးကျ ဘောင်းဘီတိုနှင့် တီရှပ်ကိုသာ ၀တ်လိုက်၏။ မျက်နှာသုတ်ပုဝါနှင့် ခေါင်းက ရေစိုဆံပင်တွေအား သုတ်နေစဉ် ကိုမြတ်က အခန်းထဲ ၀င်လာသည်။

"ကိုလတ် ဒီမှာ ပိုက်ဆံ။ ပိုတာ ပြန်ယူခဲ့နော်။ တစ်ယောက်တည်း သွားမှာလား"

"သောင်ယံနဲ့ သွားမှာ ကိုမြတ်။ သွားပြီ"

လိုက်လာမည်စိုး၍ အိမ်ပေါ်မှ ခုန်ဆင်းကာ သောင်ယံတို့ ဘေးအိမ်ဘက်သို့ ခပ်မြန်မြန် ကူးလာခဲ့လိုက်၏။ သောင်ယံတို့ အိမ်ရှေ့ရှိ အုပ်ဆိုင်းစွာ ပေါက်နေသော စံကားဝါပင် အကိုင်းများမှာ ခြံရှေ့လမ်းပေါ်သို့ပါ အနည်းငယ် ထိုးထွက်နေလေရာ အပွင့်တွေကို လက်နဲ့လှမ်းခူးလျှင်ပင် မှီနိုင်လေသည်။

"သောင်ယံရေ၊ သောင်..."

"သောင်ယံ အထဲမှာရှိတယ် သား။ ၀င်သွားလိုက်"

ပက်လက်ကုလားထိုင်ပေါ်ရှိ သောင်ယံ့အဖေကြီးကို မမြင်ဘဲ အော်ဟစ်နေရာမှ ရုတ်တရက် ထွက်လာသော အသံကြောင့် လန့်သွားမိသည်။ အထက်တန်း ကျောင်းအုပ်ကြီးဖြစ်သော ဦးသာဦးက စည်းကမ်းကြီးပြီး ကြောက်ဖို့ကောင်းသည်ဟု ကြားဖူးနေရာ ယခုလို ပက်ပင်းကြီး တွေ့ရတော့ သူကြောက်သလို ရှိန်လည်းရှိန်လှသည်။

"လာပြီဟေ့။ ဘာလဲကွ"

အပြင်ထွက်လာသည့် သောင်ယံက ဘောင်းဘီတိုနှင့် စွပ်ကျယ်လက်တို ၀တ်ထားသည်။ ခန္ဓာကိုယ်က သူ့လောက် မတောင့်သော်လည်း ကြံ့ခိုင်ပုံတော့ ပေါ်၏။

"ဆံပင်ညှပ်ဆိုင် သွားမလို့ လာခေါ်တာ။ ကိုမြတ်နဲ့ မသွားချင်လို့"

"အေး လာလေ သွားမယ်။ ငါတော့ ဟိုနေ့ကပဲ ဖေဖေနဲ့သွားလိုက်လို့ မညှပ်တော့ဘူး။ အဲ့လိုမှန်းသိ အဲ့ဒီနေ့က မင်းကို ခေါ်ပါတယ်ကွာ"

"ရတယ် ဘာမဖြစ်ဘူး"

"ကောင်လေးတွေ စောစော ပြန်ခဲ့ကြနော်။ ဟိုဟိုဒီဒီတွေ လျှောက်မ၀င်ကြနဲ့"

သောင်ယံ့အဖေက စိတ်မချစွာ အနောက်မှ လှမ်းမှာသည်။ သို့ရာတွင် စက်ဘီးအရှိန်ကြောင့် ထိုအသံက အနောက်မှာ ဝေးဝေးကျန်ခဲ့ပြီး သူတို့နှစ်ဦး၏ သီချင်းဆိုသံသာ ထွက်ပေါ်လာ၏။

( ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည် ××× ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ ××× အထာက ပိုသည် ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိပြီ )

"မင်းငါ့ကို အကြွေးပြန်ဆပ်စမ်း။ မနက်က သုံးရာတောင် ကုန်သွားတယ်"

ဘေးရှုခင်းများအား ကြည့်ကာ လိုက်ရင်းမှ လွမ်းလတ်နောင် နှာခေါင်းရှုံ့လိုက်မိသည်။

"မင်းက ဘာလို့သူတို့ကို အတည်၀ယ်ကျွေးလိုက်လဲ။ မမှတ်မိချင်ယောင်ဆောင်နေပေါ့ကွ"

"မသိဘူး။ မင်းအထာပေးတာတွေ ငါနားမလည်ဘူး။ ပိုက်ဆံပြန်မပေးရင် ဦးကျော်‌ဆွေနဲ့ သွားတိုင်မယ်။ ဒါပဲ"

"ဟိုး...ဟိုး...သောင်ယံ။ ခဏ ခဏနှေးဦး။ ဟိုရှေ့မှာ အဒေါ်ကြီးတစ်ယောက် လာနေတယ်ကွ"

ဈေးသိမ်းပြီး ပြန်လာဟန်တူသော ရှေ့မှ အဒေါ်ကြီးက အလျင်လိုနေဟန်ဖြင့် တောင်းကြီးရွက်ကာ ထဘီကို လက်တစ်ဖက်က ကိုင်စွဲရင်း လမ်းလျှောက်လာနေသည်။

"ဗျို့ အန်တီကြီး အောက်မှာ ! အောက်မှာ !"

ရုတ်တရက် ကျုံးအော်လိုက်သော လွမ်းလတ်နောင့်အသံကြောင့် အဒေါ်ကြီးက အလန့်တကြား ထခုန်လိုက်ပြီး ဘေးဘီသို့ ဝေ့ဝဲကာ ကြည့်ရှာသည်။

"ဟဲ့ ပလုတ်တုတ် ! ဘာကြီးတုန်း ! ဟဲ့... ဟဲ့ကောင်လေးတွေ"

"ခြေထောက်ကြီး‌၊ ခြေထောက်ကြီး လမ်းလျှောက်နေတယ်"

".........."

"တယ် ဒီ‌သေနာလေးတွေ။ လူကြီးကို တမင်သက်သက်။ ဒီမှာ ဗိုက်နာလာပါတယ်ဆိုမှ...××##$$&&&**"

"သောင်ယံ နင်းနင်း မြန်မြန်နင်း"

"ဟားဟားဟား..."

"ဟားဟား...ဟားဟား..."

မိုးမွှန်သော ဆဲဆိုသံတွေကို ချန်ထားခဲ့ပြီးနောက် ဆံပင်ညှပ်ဆိုင် ရှေ့ရောက်သည့်အထိ နှစ်ယောက်သား အတောမသပ်နိုင်အောင် ရယ်မိကြသည်။ ဒီလိုနေရာမျိုးတွင်တော့ သူတို့နှစ်ယောက်က လိုက်ဖက်ညီ၏။

"ကျွီ…"

"ကြည့်ရတာ‌တော့ မောင်ကိုလတ်တို့ မဟုတ်တာ လုပ်လာပြန်ပြီ ထင်တယ်ဟေ့။ လာကြ လာကြ လူရှင်းတုန်း"

အကြောင်းသိနေသော ဆံပင်ညှပ်ဆရာက ဆံပင်‌မွေးကပ်နေသည့် အ၀တ်စကို ခါနေရင်းမှ ဆိုသည်။ သူတို့နှစ်ဦးမှာတော့ ဘရိတ်အုပ်ကာ စက်ဘီးရပ်ပြီးသည့်တိုင် ရယ်ရလွန်း၍ ဗိုက်နာနေဆဲ။

"ဦးလေး ခပ်မိုက်မိုက်လေးနော်။ ကောင်မလေးတွေ မြင်တာနဲ့ ကြွေသွားအောင်"

ဦးလေးက ပြုံးစစဖြင့် ခေါင်းညိတ်သည်။ သို့သော် မိနစ်နှစ်ဆယ်ခန့်အကြာ ဆံပင်ညှပ်ဆိုင်ထဲရှိ မော်တာသံ တဝီဝီရပ်သွားချိန်တွင်တော့ မှန်ထဲ၌ ရှုံ့မဲ့မဲ့မျက်နှာတစ်ခု ပေါ်လာလေ၏။

စပ်စလူး ထလွန်းအားကြီး၍ အမြင်ကပ်ကပ်နှင့် ကတုံးကေ ညှပ်ပေးခြင်း ခံလိုက်ရသည်။ ထို့ကြောင့် ဆံပင်ကေ အသစ်လေးနှင့် ဆယ်တန်းဆောင်ဘက် လျှောက်မည်ဟူသော သူ့ဆန္ဒတွေ မပြည့်ခဲ့ပါ။ ဦး‌လေး အပြောအရတော့ သူတို့ခေတ်က ဒီလိုကေလောက် အကြွေခံရတာ မရှိ ဟူသတဲ့...။

TBC...

[Zawgyi]

"ဒီလိုနဲ႕ မုဆိုးဖို၊ ေ႐ႊဘို၊ ရတနာသိဃၤ၊ ရန္ႀကီးေအာင္၊ ကုန္းေဘာင္လို႔ ငါးမည္ရခဲ့တဲ့ အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်ရဲ႕ ေ႐ႊဘိုၿမိဳ႕ဟာ သိပ္ကို ႀကီးက်ယ္ ခမ္းနားခဲ့တာေပါ့ကြယ္။ ရဲမက္ ေျခာက္ဆယ့္ကိုးေယာက္နဲ႕ သူကိုယ္တိုင္ ပါ၀င္ထူေထာင္ခဲ့တဲ့ ထန္းလုံးခံတပ္ဟာ ရန္သူတိုင္းက မထိုးေဖာက္နိုင္ခဲ့လို႔ အရပ္ရပ္ ေနျပည္ေတာ္မွာ နာမည္‌ေကာင္းနဲ႕ ေက်ာ္ၾကားခဲ့တယ္။

ဒါေၾကာင့္ ဒီလို ေခါင္းေဆာင္ေကာင္းတစ္ေယာက္ ဦးစီးတည္ေထာင္ခဲ့တဲ့ ေ႐ႊဘိုၿမိဳ႕ဟာ ဘယ္ေလာက္အထိ သာယာ၀ေျပာခဲ့တယ္ ဆိုတာ အားလုံးပဲ မွန္းဆၾကည့္ရင္ေတာင္ သိနိုင္တယ္မဟုတ္လား..."

"ေဒါင္...ေဒါင္...ေဒါင္..."

"ကဲ အခ်ိန္လည္း ေစ့သြားၿပီ။ အိမ္ျပန္ေရာက္ရင္ ဒီကဗ်ာကို ကိုယ့္ဘာသာကိုယ္ စကားေျပ ျပန္ေရးခဲ့ၾက ၾကားလား။ မဂၤလာပါ"

"မဂၤလာပါ ဆရာ။ ေက်းဇူးတင္ပါတယ္ ဆရာ"

ျမန္မာစာဆရာ ထြက္သြားသည္ႏွင့္ ခုနက တိတ္ဆိတ္ေနခဲ့ေသာ ရွစ္တန္းခန္းမွာ ကုလားတိုက္ က်ား၀င္ကိုက္သည့္ပမာ ခ်က္ခ်င္းကို ပြက္ေလာရိုက္ကာ ဆူညံသြားေတာ့သည္။

"ေဟ့ေရာင္ ကိုလတ္ ကိုလတ္"

၀ဏၰက လြမ္းလတ္ေနာင့္ေက်ာကို ေပတံႏွင့္လွမ္းရိုက္ကာ ေခၚသည္။ လွည့္ၾကည့္လိုက္ေတာ့ ညာဘက္သို႔ ေမးဆတ္ျပ၏။ ထိုဘက္မွာ ထိုင္သည္က မ်ိဳးညီ။

"ကိုလတ္ တနဂၤေႏြေန႕က်ရင္ ၿမိဳ႕ေပၚက ငါ့ညီေတြနဲ႕ ေဘာလုံးကန္ဖို႔ ခ်ိန္းထားတယ္။ မင္းပါမယ္ မလား"

မ်ိဳးညီ့ ဦးေလးက ေက်ာက္ပန္းေတာင္းမွာ ေနသည့္မို႔ သူ႕ညီေတြက တစ္ခါတေလ ပုပၸားသို႔ အလည္လာတတ္သည္။ ဒီေကာင္ေလးေတြက သူတို႔ထက္ တစ္ႏွစ္၊ ႏွစ္ႏွစ္ခန႔္ ငယ္သလို ၿမိဳ႕ေပၚကျဖစ္၍ ငခြၽတ္၊ ေဘာ္ေၾကာ့ေလးေတြလည္း ျဖစ္ၾကသည္။ ဘယ္ေလာက္ အားကစားလုပ္ပါေစ၊ သူတို႔ေလာက္ သက္လုံ မေကာင္းၾက။

"ေသြးပူေလ့က်င့္ခန္း မလုပ္ရတာနဲ႕ အေတာ္ပဲကြ။ ကန္မယ္ေလ။ ကြင္းႀကီးလား"

"ေအး ဟုတ္တယ္။ မင္းလူေတြ စုထားလိုက္ဦး"

"Ok"

"ေက်ာ္ထင္ေနာ္ရထာ ! မင္းတို႔ ပါမွာမလား။ မင္းတို႔အျခမ္းဘက္က ကိုစိုးမင္းတို႔ကို ေျပာလိုက္ဦး"

ေက်ာ္ထင္ေနာ္ရထာမည္‌ေသာ ၀ဏၰႏွင့္ေက်ာ္ထင္တို႔ ႏွစ္ေယာက္က လက္မေထာင္ျပသည္။ ဆယ္တန္းမွ ကိုစိုးမင္းတို႔ ေျခာက္ေယာက္၊ ေက်ာ္ထင္ေနာ္ရထာတို႔ ႏွစ္ေယာက္။ ထိုအထဲ မ်ိဳးညီရယ္၊ သူရယ္၊ ေသာင္ယံရယ္ပါ ေပါင္းမိလွ်င္ ဒီေကာင္ေတြ အီၿပီး ျပန္သြားရမွာ အေသအခ်ာ။

"မုန႔္စားသြားၾကမယ္။ ျမန္ျမန္လုပ္ကြ"

ေသာင္ယံက ထမင္းခ်ိဳင့္ကို ညီမညီ ေသခ်ာၾကည့္ကာ ထပ္လိုက္ၿပီးမွ ေအးေအးေဆးေဆး သူ႕ထံသို႔ ေလွ်ာက္လာသည္။

"ဘာ‌ေတြ ေလာေနတာလဲ။ မုန႔္သည္ေတြ ဘယ္မွ ထြက္မေျပးဘူး"

"မုန့္သည္‌ေတြကေတာ့ ရွိတာေပါ့။ အေရးႀကီး ဧည့္သည္ေလးေတြ ျပန္သြားမွာ စိုးရတာ"

ေျပာရင္း လြမ္းလတ္ေနာင္သည္ ပုဆိုးကို ေသခ်ာျပင္၀တ္၍ အကၤ်ီကို ဆန႔္ဆန႔္ရန႔္ရန႔္ ျပင္လိုက္သည္။ ထို႔ေနာက္ မိမိကိုယ္ကိုယ္ အေရာင္အဝါေတြ ထြန္းလင္းေနသည့္ နတ္တစ္ပါးအထင္ျဖင့္ မုန႔္ေဈးတန္းရွိရာသို႔ ထြက္လာခဲ့လိုက္၏။

မုန႔္ေဈးတန္း အလယ္အေရာက္မွာပင္ ခ်စ္စရာေကာင္းေသာ ကေလးမေလးႏွစ္ေယာက္က သူတို႔ကိုျမင္ေသာအခါ ၀မ္းသာအားရ ၿပဳံးျပလာၾကသည္။

"ကိုႀကီးတို႔ ဟိုေန႕က မုန႔္၀ယ္ေကြၽးမယ္လို႔ ေျပာထားတာေလ။ ေမ့သြားၿပီလား"

သူ႕ကိုၾကည့္ကာ ေျပာလာသည္မို႔ ေသာင္ယံ ေၾကာင္သြားရသည္။

"အမ္...ဟို..."

"ကိုႀကီးေသာင္ယံေနာ္။ ေယာက်္ားေလးျဖစ္ၿပီး စကားလည္း မတည္ဘူး။ အတန္းပိုင္ဆရာမကို စာလိုက္‌‌ေပးတယ္ဆိုၿပီး သြားတိုင္လိုက္မွာ"

ဘယ္ေလာက္ေတာင္ မဆီေလ်ာ္တဲ့ စကားလဲ။ ဘယ္လိုျဖစ္လို႔ သူက အတိုင္ခံရမွာတုန္း။ မေန႕က ေကာင္မေလးေတြ အိတ္ထဲ စာလိုက္ထည့္တာက ကိုလတ္ရယ္ေလ။ ဒါေပမဲ့ ကိုယ္မဟုတ္ေသာ္လည္း ေသာင္ယံဦးက အားနာတတ္သည္။

"မ‌ေမ့ပါဘူး...မ‌ေမ့ပါဘူး...။ အဟမ္း"

မ်က္ႏွာမပ်က္‌ေစရန္ ေျပာၿပီး ေခ်ာင္းတစ္ခ်က္ ဟန႔္လိုက္သည္။ သို႔တိုင္ အရင္ေန႕က ေလာ္ကြတ္ေခ်ာ္ခဲ့သူမွာ သူမဟုတ္သလို ကိုလတ္က တိုင္မွီကာ တစ္ဖက္သို႔ ေငးေနေလ၏။

"အဟမ္း...အဟမ္း…"

"ေခြးေကာင္"

ေျခေထာက္နဲ႕ လွမ္းကုတ္လိုက္ေသာ္လည္း ကိုယ္ေတာ္ေခ်ာက လွည့္မၾကည့္လာ၍ ခပ္တိုးတိုး ဆဲလိုက္မိေတာ့သည္။

"ဘာျဖစ္တာလဲ ကိုႀကီး။ ေခ်ာင္းဆိုးေနတာလား။ ညီမတို႔ကို မေကြၽးခ်င္လို႔လား"

မယ္မင္းႀကီးမေလးေတြက မယုံသကၤာဟန္ျဖင့္ မုန႔္ေ႐ြးရာမွ ေမာ့ၾကည့္ၾကသည္။ ေသာင္ယံ ကပ်ာကယာ လက္ကာျပလိုက္၏။

"မဟုတ္ပါဘူး။ ယူပါ ယူပါ...။ ႀကိဳက္တာသာစား"

"ကိုႀကီးကိုလတ္ကလည္း ညီမေလးတို႔ကို ေခၚေတာင္ မေခၚဘူးေနာ္။ စိမ္းတာလား"

"အဲ့ဒါက… အဲ့ဒါက သူ႕ကို ဆရာမ မာန္ထားလို႔ စိတ္ေကာက္ေနတာပါ"

အဆင္ေျပေအာင္ အက်ိဳးသင့္အေၾကာင္းသင့္ ရွင္းျပလိုက္လွ်င္ တကယ္ထင္သြားၾကပုံရ၏။ သူ၀ယ္ေကြၽးတဲ့မုန႔္ေတြကို ေပြ႕ပိုက္၍ သူတို႔အား ဖုတ္ေလတဲ့ငပိ ရွိတယ္ပင္ မထင္ေသာသူဆီ အူးယားဖားယား ေျပးသြားၾကသည္။

"ကိုႀကီးရယ္ စာေသခ်ာလုပ္မွေပါ့…"

"ကိုႀကီး ဘယ္လိုမာန္တာလဲဟင္။ အရမ္း စိတ္မေကာင္းျဖစ္ေနလား"

ေသာင္ယံ ေကာင္မေလးမ်ားအား နားမလည္စြာ မ်က္လုံးျပဴးၾကည့္မိေတာ့သည္။ လြမ္းလတ္ေနာင္၏ မာယာေတြကို တကယ္ မသိၾကသည္လား။

အႀကံႏွင့္ဉာဏ္ႏွင့္ ေမာင္ကိုလတ္ကေတာ့ျဖင့္ သူျမင္ေအာင္ လက္ညိုးႏွင့္ လက္မအား ဝိုင္းျပသည္။ ဘယ္ေလာက္ပိုင္သလဲ ဟူသည့္ သေဘာ။

"40 41 42 43 4.."

"ေတာ္ၿပီ။ မရေတာ့ဘူး ကိုျမတ္။ ဟူး..."

"တက္လာသားပဲ ကိုလတ္ရ"

ဒိုက္ထိုးလက္စ တန္းလန္းနဲ႕ပဲ ျမက္ခင္းေပၚသို႔ လြမ္းလတ္ေနာင္ ၀မ္းလ်ားေမွာက္ခ်လိဳက္သည္။ ေဖေဖက သူတို႔ညီအကိုေတြကို ေရခ်ိဳးခါနီး ေလ့က်င့္ခန္း ပုံမွန္လုပ္ေစသည္။ ဒါမွသာ ခႏၶာကိုယ္က က်စ္လ်စ္ၿပီး က်န္းမာမည္ဟု ဆို၏။

"နည္းေသးတယ္ ထင္တာပဲ ကိုျမတ္ရ။ ကြၽန္ေတာ္ အိပ္ေရးပ်က္တာ မ်ားလို႔ ပင္ပန္းေနတာ ျဖစ္မယ္"

"အဲ့ဒါေၾကာင့္ ကိုႀကီးက ေစာေစာအိပ္ဖို႔ ေျပာတာေပါ့။ ျမန္ျမန္ခ်ိဳးေတာ့၊ အေအးပတ္ေနမယ္။ ထ… ထ… ကိုလတ္"

ခပ္ျမန္ျမန္ ေရခ်ိဳးၿပီးခ်ိန္တြင္ေတာ့ ညေနဘက္ ေအးေအးလူလူျဖစ္ေအာင္ ဒူးက် ေဘာင္းဘီတိုႏွင့္ တီရွပ္ကိုသာ ၀တ္လိုက္၏။ မ်က္ႏွာသုတ္ပုဝါႏွင့္ ေခါင္းက ေရစိုဆံပင္ေတြအား သုတ္ေနစဥ္ ကိုျမတ္က အခန္းထဲ ၀င္လာသည္။

"ကိုလတ္ ဒီမွာ ပိုက္ဆံ။ ပိုတာ ျပန္ယူခဲ့ေနာ္။ တစ္ေယာက္တည္း သြားမွာလား"

"ေသာင္ယံနဲ႕ သြားမွာ ကိုျမတ္။ သြားၿပီ"

လိုက္လာမည္စိုး၍ အိမ္ေပၚမွ ခုန္ဆင္းကာ ေသာင္ယံတို႔ ေဘးအိမ္ဘက္သို႔ ခပ္ျမန္ျမန္ ကူးလာခဲ့လိုက္၏။ ေသာင္ယံတို႔ အိမ္ေရွ႕ရွိ အုပ္ဆိုင္းစြာ ေပါက္ေနေသာ စံကားဝါပင္ အကိုင္းမ်ားမွာ ၿခံေရွ႕လမ္းေပၚသို႔ပါ အနည္းငယ္ ထိုးထြက္ေနေလရာ အပြင့္ေတြကို လက္နဲ႕လွမ္းခူးလွ်င္ပင္ မွီနိုင္ေလသည္။

"ေသာင္ယံေရ၊ ေသာင္..."

"ေသာင္ယံ အထဲမွာရွိတယ္ သား။ ၀င္သြားလိုက္"

ပက္လက္ကုလားထိုင္ေပၚရွိ ေသာင္ယံ့အေဖႀကီးကို မျမင္ဘဲ ေအာ္ဟစ္ေနရာမွ ႐ုတ္တရက္ ထြက္လာေသာ အသံေၾကာင့္ လန႔္သြားမိသည္။ အထက္တန္း ေက်ာင္းအုပ္ႀကီးျဖစ္ေသာ ဦးသာဦးက စည္းကမ္းႀကီးၿပီး ေၾကာက္ဖို႔ေကာင္းသည္ဟု ၾကားဖူးေနရာ ယခုလို ပက္ပင္းႀကီး ေတြ႕ရေတာ့ သူေၾကာက္သလို ရွိန္လည္းရွိန္လွသည္။

"လာၿပီေဟ့။ ဘာလဲကြ"

အျပင္ထြက္လာသည့္ ေသာင္ယံက ေဘာင္းဘီတိုႏွင့္ စြပ္က်ယ္လက္တို ၀တ္ထားသည္။ ခႏၶာကိုယ္က သူ႕ေလာက္ မေတာင့္ေသာ္လည္း ႀကံ့ခိုင္ပုံေတာ့ ေပၚ၏။

"ဆံပင္ညွပ္ဆိုင္ သြားမလို႔ လာေခၚတာ။ ကိုျမတ္နဲ႕ မသြားခ်င္လို႔"

"ေအး လာေလ သြားမယ္။ ငါေတာ့ ဟိုေန႕ကပဲ ေဖေဖနဲ႕သြားလိုက္လို႔ မညွပ္ေတာ့ဘူး။ အဲ့လိုမွန္းသိ အဲ့ဒီေန႕က မင္းကို ေခၚပါတယ္ကြာ"

"ရတယ္ ဘာမျဖစ္ဘူး"

"ေကာင္ေလးေတြ ေစာေစာ ျပန္ခဲ့ၾကေနာ္။ ဟိုဟိုဒီဒီေတြ ေလွ်ာက္မ၀င္ၾကနဲ႕"

ေသာင္ယံ့အေဖက စိတ္မခ်စြာ အေနာက္မွ လွမ္းမွာသည္။ သို႔ရာတြင္ စက္ဘီးအရွိန္ေၾကာင့္ ထိုအသံက အေနာက္မွာ ေဝးေဝးက်န္ခဲ့ၿပီး သူတို႔ႏွစ္ဦး၏ သီခ်င္းဆိုသံသာ ထြက္ေပၚလာ၏။

( ေငြေသာ္တာေရာင္ျခည္ ထိန္လင္းေတာ့သည္ ××× ဘုံႀကိဳးျပတ္တဲ့ မိုးနတ္မဒီ ××× အထာက ပိုသည္ ဆရာမကိုပဲ အသည္းစြဲေအာင္ ခ်စ္မိၿပီ )

"မင္းငါ့ကို အေႂကြးျပန္ဆပ္စမ္း။ မနက္က သုံးရာေတာင္ ကုန္သြားတယ္"

ေဘးရႈခင္းမ်ားအား ၾကည့္ကာ လိုက္ရင္းမွ လြမ္းလတ္ေနာင္ ႏွာေခါင္းရႈံ႕လိုက္မိသည္။

"မင္းက ဘာလို႔သူတို႔ကို အတည္၀ယ္ေကြၽးလိုက္လဲ။ မမွတ္မိခ်င္ေယာင္ေဆာင္ေနေပါ့ကြ"

"မသိဘူး။ မင္းအထာေပးတာေတြ ငါနားမလည္ဘူး။ ပိုက္ဆံျပန္မေပးရင္ ဦးေက်ာ္‌ေဆြနဲ႕ သြားတိုင္မယ္။ ဒါပဲ"

"ဟိုး...ဟိုး...ေသာင္ယံ။ ခဏ ခဏေႏွးဦး။ ဟိုေရွ႕မွာ အေဒၚႀကီးတစ္ေယာက္ လာေနတယ္ကြ"

ေဈးသိမ္းၿပီး ျပန္လာဟန္တူေသာ ေရွ႕မွ အေဒၚႀကီးက အလ်င္လိုေနဟန္ျဖင့္ ေတာင္းႀကီး႐ြက္ကာ ထဘီကို လက္တစ္ဖက္က ကိုင္စြဲရင္း လမ္းေလွ်ာက္လာေနသည္။

"ဗ်ိဳ႕ အန္တီႀကီး ေအာက္မွာ ! ေအာက္မွာ !"

႐ုတ္တရက္ က်ဳံးေအာ္လိုက္ေသာ လြမ္းလတ္ေနာင့္အသံေၾကာင့္ အေဒၚႀကီးက အလန႔္တၾကား ထခုန္လိုက္ၿပီး ေဘးဘီသို႔ ေဝ့ဝဲကာ ၾကည့္ရွာသည္။

"ဟဲ့ ပလုတ္တုတ္ ! ဘာႀကီးတုန္း ! ဟဲ့... ဟဲ့ေကာင္ေလးေတြ"

"ေျခေထာက္ႀကီး‌၊ ေျခေထာက္ႀကီး လမ္းေလွ်ာက္ေနတယ္"

".........."

"တယ္ ဒီ‌ေသနာေလးေတြ။ လူႀကီးကို တမင္သက္သက္။ ဒီမွာ ဗိုက္နာလာပါတယ္ဆိုမွ...××##$$&&&**"

"ေသာင္ယံ နင္းနင္း ျမန္ျမန္နင္း"

"ဟားဟားဟား..."

"ဟားဟား...ဟားဟား..."

မိုးမႊန္ေသာ ဆဲဆိုသံေတြကို ခ်န္ထားခဲ့ၿပီးေနာက္ ဆံပင္ညွပ္ဆိုင္ ေရွ႕ေရာက္သည့္အထိ ႏွစ္ေယာက္သား အေတာမသပ္နိုင္ေအာင္ ရယ္မိၾကသည္။ ဒီလိုေနရာမ်ိဳးတြင္ေတာ့ သူတို႔ႏွစ္ေယာက္က လိုက္ဖက္ညီ၏။

"ကြၽီ…"

"ၾကည့္ရတာ‌ေတာ့ ေမာင္ကိုလတ္တို႔ မဟုတ္တာ လုပ္လာျပန္ၿပီ ထင္တယ္ေဟ့။ လာၾက လာၾက လူရွင္းတုန္း"

အေၾကာင္းသိေနေသာ ဆံပင္ညွပ္ဆရာက ဆံပင္‌ေမြးကပ္ေနသည့္ အ၀တ္စကို ခါေနရင္းမွ ဆိုသည္။ သူတို႔ႏွစ္ဦးမွာေတာ့ ဘရိတ္အုပ္ကာ စက္ဘီးရပ္ၿပီးသည့္တိုင္ ရယ္ရလြန္း၍ ဗိုက္နာေနဆဲ။

"ဦးေလး ခပ္မိုက္မိုက္ေလးေနာ္။ ေကာင္မေလးေတြ ျမင္တာနဲ႕ ေႂကြသြားေအာင္"

ဦးေလးက ၿပဳံးစစျဖင့္ ေခါင္းညိတ္သည္။ သို႔ေသာ္ မိနစ္ႏွစ္ဆယ္ခန႔္အၾကာ ဆံပင္ညွပ္ဆိုင္ထဲရွိ ေမာ္တာသံ တဝီဝီရပ္သြားခ်ိန္တြင္ေတာ့ မွန္ထဲ၌ ရႈံ႕မဲ့မဲ့မ်က္ႏွာတစ္ခု ေပၚလာေလ၏။

စပ္စလူး ထလြန္းအားႀကီး၍ အျမင္ကပ္ကပ္ႏွင့္ ကတုံးေက ညွပ္ေပးျခင္း ခံလိုက္ရသည္။ ထို႔ေၾကာင့္ ဆံပင္ေက အသစ္ေလးႏွင့္ ဆယ္တန္းေဆာင္ဘက္ ေလွ်ာက္မည္ဟူေသာ သူ႕ဆႏၵေတြ မျပည့္ခဲ့ပါ။ ဦး‌ေလး အေျပာအရေတာ့ သူတို႔ေခတ္က ဒီလိုေကေလာက္ အေႂကြခံရတာ မရွိ ဟူသတဲ့...။

TBC...

Continue Reading

You'll Also Like

182K 12.2K 37
ကျွန်တော် သူ့ကိုချစ်နေမိတာသိတယ်။ အရမ်းချစ်မိနေမှန်းတော့ မသိခဲ့ဘူး။ [ Again Season 1 ] School Life Romance Drama BOY X BOY ZAWGYI / UNICODE
15.7K 727 9
- 𝘵𝘰 𝘵𝘩𝘦 𝘮𝘰𝘰𝘯 𝘢𝘯𝘥 𝘯𝘦𝘷𝘦𝘳 𝘣𝘢𝘤𝘬 -
20.8K 1.7K 18
"အချစ်ကပန်းတစ်ပွင့်ဆိုရင်နှစ်တွေဘယ်လောက်ကြာကြာကိုယ်ရအောင်ပျိုးပါ့မယ်" Mini-story This story is a work of fiction. All the characters, name of charact...
284K 14K 26
အိမ်ထောင်သည်ရဲ့အချစ်ဦး