SCROLL DOWN FOR ZAWGYI
UNICODE
9.1 အရင်ဖတ်ရန် <<<
သည်တစ်ခေါက် လုဖုန်းလုပ်လိုက်သောအရာသည် အတော့်ကိုအတင့်ရဲလွန်းလှသည့်ကိစ္စပင် ။ ထိုခဏချက်ချင်းမှာပင် ရှန့်မင်အော်၏မျက်ဝန်းတို့ တမုဟုတ်ချင်းကျယ်ပြန့်သွား၏ ။ လုဖုန်းရှေ့မှ လက်သည်လည်း ယခင်ထက်ပို၍ တင်းတင်းကျပ်ကျပ်ဆုပ်ထားလျက် ။ အဆစ်တစ်ခုချင်းစီ အရိုးတစ်ခုချင်းစီ၏ တောင့်တင်းခိုင်မာနေမှုကို ထိုလက်အားဆုပ်ကိုင်ထားမိသော လက်ချောင်းများမှတစ်ဆင့် လုဖုန်းခံစားမိ၏ ။
အရှက်မဲ့သောလုပ်ရပ်အား လုဖုန်းအပြီးသတ်ပြီးနောက်မှာပင် အပေါ်ဆုံးလွှာသို့ရောက်ရှိသွားသော ဓာတ်လှေကားမှာ 'ဒင်း'ကနဲ အသံမြည်ကာ ပွင့်လာခဲ့၏ ။
လုဖုန်း သူ့ဆီဦးတည်လာသောလက်သီးချက်အား လျင်မြန်စွာတိမ်းရှောင်ရင်း ဓာတ်လှေကားထဲမှ လျှပ်တပျက်အရှိန်ဖြင့် ခုန်ထွက်လာခဲ့၏ ။
ရှန့်မင်အော်ကား သူ့အားဒေါသဖြစ်ရင်း နောက်မှကျန်နေခဲ့မည်မှာအမှန်ပင် ။ ဓာတ်လှေကားတံခါးမှာပိတ်သွားပြီး နောက်တစ်ကြိမ်ပင်ပြန်ပွင့်လာခဲ့ပြီ ။ သို့သော် ခနအကြာတွင်မှ ရှန့်မင်အော်တစ်ယောက် ဓာတ်လှေကားထဲမှထွက်လာခဲ့တော့၏ ။ မျက်နှာထက်မှအမူအရာကား သိသိသာသာကိုစိတ်ကုန်နေသည့်ဟန် ။
ရှန့်မင်အော်ကား အလစ်တိုက်ခိုက်ခြင်းခံလိုက်ရသောကြောင့် ယခုအချိန်တွင် စိတ်အခြေအနေဆိုးရွားနေမည်မှာမလွဲမသွေပင် ။ ထို့ကြောင့် လုဖုန်းမှာ ထပ်ပြီးစိတ်အနှောင့်အယှက်မပြုရဲတော့ပဲ ရှန့်မင်အော်နှင့်ဝေးဝေးနေဖို့သာ ဆုံးဖြတ်လိုက်သည်။
"ဒီမှာ ခနစောင့်ရအောင် "
ရှန့်မင်အော်မှာ တုံ့ပြန်သည့်အနေနှင့် မျက်လုံးတစ်ချက်ဝံ့ကာကြည့်လာခဲ့၏ ။ တခြားလှုပ်ရှားမှုမရှိပေ ။
လုဖုန်းနားလည်သဘောပေါက်လာရသည်မှာ သူ့အနေဖြင့် ရှန့်မင်အော်၏အထင်အမြင်သေးခြင်းကို ခံနိုင်ရည်ရှိလာပြီဆိုသည်ကိုပင် ။
ဓာတ်လှေကားရှေ့တွင် မိနစ်အနည်းငယ်မျှ ရပ်စောင့်နေပြီးနောက် ရိတကျွမ့်မှာ ရှန်ပိန်ပုလင်းနှင့်အတူရောက်လာတော့သည် ။
"ဒီရှန်ပိန်ဘယ်ကရလာတာလဲ "
လုဖုန်းသိချင်စိတ်ဖြင့် မေးကြည့်လိုက်သည် ။ သို့သော် ရိတကျွမ့်လက်ထဲမှ ရှန်ပိန်ပုလင်းကို ယူကြည့်လိုက်သောအခါမှ အခွံသက်သက်သာဖြစ်ကြောင်း သိလိုက်ရ၏ ။
ရိတကျွမ့်မှာ ကားသော့ကို ရှန့်မင်အော်ထံသို့ တရိုတသေပြန်ပေးရင်း လုဖုန်းမေးသည်ကိုပါဖြေလာခဲ့၏။
"ဒါက ကျွန်တော်တို့အစီအစဥ်မှာ ထည့်သုံးရမှာ ၊ မဟုတ်ရင် တံခါးရအောင်ဖွင့်ဖို့ဆိုတာ မလွယ်ဘူး ၊ ကျွန်တော့်မှာအတွေ့အကြုံရှိပြီးသားမို့ ယုံထားလိုက်ပါ"
ရိတကျွမ့်မှာ ယုံကြည်ချက်အပြည့်နှင့်ပင် သူတို့ရှေ့မှ ဦးဆောင်လေ၏ ။ အခန်းတစ်ခုရှေ့ရောက်သောအခါ ရပ်လိုက်ပြီး အထဲမှအသံတစ်ခုခုကြားလိုကြားငြား နားကိုတံခါးမှာကပ်၍ နားထောင်တော့၏ ။ ထို့နောက် ရိတကျွမ့်မှာ ခါးကိုမတ် အဝတ်အစားကိုသပ်သပ်ရပ်ရပ်လုပ်ရင်း ကိုယ်နေဟန်ထားကိုပါ အသင့်ပြင်လိုက်၏ ။ လုဖုန်းနှင့်ရှန့်မင်အော်ကိုလည်း တံခါးပေါက်မှချောင်းကြည့်လျှင် မမြင်နိုင်လောက်သည့်နေရာတွင် ရပ်နေဖို့ပြော၏ ။ နောက်ဆုံး အရာရာအားလုံးအဆင်သင့်ဖြစ်သောအခါ ရိတကျွမ့်မှာ တံခါးဘဲလ်ကို နှိပ်လိုက်တော့၏ ။
"ဘယ်သူလဲ ?" အခန်းတွင်းမှ ဖန်းလီ၏အသံကထွက်ပေါ်လာပေသည် ။
"မင်္ဂလာပါဆရာ ၊ ကျွန်တော်တို့ဟိုတယ်က ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အရသာအထူးကောင်းမွန်တဲ့ ရှန်ပိန်ကိုပြင်ဆင်ထားပါတယ်"
ရိတကျွမ့်ကား အပြုံးတုတစ်ခုကိုဆင်မြန်းရင်း အသာအယာပြော၏ ။
တစ်ခဏတာတော့ အထဲမှနေ၍ ဘာတစ်ခုမှပြန်ပြောမလာဘဲ တိတ်ဆိတ်နေခဲ့၏ ။ ထို့နောက်ခဏအကြာတွင်မှ ခြေသံမျှမျှကို ပြန်ကြားရ၏ ။
"ခနစောင့် "
အချိန်ခဏအကြာတွင်ကား တံခါးဖွင့်သံထွက်ပေါ်လာပြီး သူတို့ရှေ့မှတံခါးသည်လည်း ပွင့်လာခဲ့တော့၏ ။
တစ်ဆက်တည်းမှာပင် ဖန်းလီ၏ ချောမောပြီးအမြင်အာရုံကိုဖမ်းစားနိုင်သော မျက်နှာမှာလည်း တပြိုင်တည်းထွက်ပေါ်လာ၏ ။ ရေချိုးခန်းသုံးဝတ်စုံကိုဝတ်ဆင်ထားသောကြောင့် ပေါ်လွင်နေသော ရင်ဘတ်တစ်နေရာတွင်လည်း ကုတ်ခြစ်ရာတို့ဖြင့် ပြည့်နှက်နေခဲ့၏ ။ လည်ပင်းထက်ရှိအမှတ်အသားတို့မှာလည်း တဖြည်းဖြည်းအရောင်ရင့်လာတော့မည့်အလား ။
ရိတကျွမ့်မှာ ဖန်းလီတံခါးဖွင့်လာလာချင်းပင် အခန်းထဲသို့ တရကြမ်းတိုးဝင်ဖို့ပြင်၏ ။
လုဖုန်းမှာလည်း လက်ထဲမှဖုန်းကိုအသင့်ပြင်ကာ ရိတကျွမ့်နောက်မှနေ၍ ဖန်းလီ၏ ရှော့ခ်ရသောကြောက်လန့်တကြားဖြစ်နေသော မျက်နှာအမူအရာပေါင်းစုံကို မလွတ်တမ်းရိုက်ယူထား၏ ။
"မင်း မင်းတို့အားလုံး....ဘယ်သူတွေလဲ !?"
ဖန်းလီမှာ သူတို့အား တားနေရင်းပင် လုဖုန်းကိုကြည့်လာခဲ့၏ ။ ထိုအခိုက် ဖန်းလီမျက်ဝန်းထဲတွင် ကြောက်ရွံ့ခြင်း အံသြခြင်းတို့ထက် မယုံကြည်နိုင်မှုကသာ ပို၍လွှမ်းမိုးနေခဲ့၏ ။ လုဖုန်းအား ဤနေရာတွင် တွေ့နေရခြင်းကို လုံးဝယုံကြည်နိုင်သေးသည့်ပုံမပေါ် ။
ယခုချိန်တွင် လုဖုန်းပြောနိုင်သည်မှာ တစ်ခုသာရှိသည် ။ လမ်းကြောင်းတစ်ခုကိုဖြတ်သန်းဖို့ရန် ကြမ္မာဖန်ခဲ့သည်ရှိသော် ဖြတ်ကိုဖြတ်ရလိမ့်မည် ။ ရှောင်ဖို့ကြိုးစားခဲ့လျှင်တောင်မရ ။
အခုလက်ရှိတွင်လည်း ထိုနည်း၎င်းပင် ။ ဖန်းလီတစ်ယောက် လမ်းမှာဝင်ရှုပ်နေသည်ကို သူမကြိုက် ။ ထို့ကြောင့် ဖန်းလီ၏ဝမ်းဗိုက်အား တစ်ချက်ကန်၍ ကြမ်းပြင်ပေါ်လဲကျစေလိုက်သည် ။ နောက်ဆုံးတော့ လမ်းရှင်းသွားပြီဖြစ်ရာ သူတို့အားလုံး အခန်းထဲသို့ အောင်အောင်မြင်မြင်ပင် ဝင်ရောက်နိုင်ခဲ့သည် ။
ဟိုတယ်ခန်းတစ်ခုလုံးကား ရှုပ်ပွနေသည်မှာ မြင်ရက်စရာပင်မရှိ ။ ဧည့်ခန်းထဲမှဆိုဖာပေါ် အိပ်ခန်းထဲရှိအိပ်ရာပေါ်တွင်လည်း အင်္ကျီအဝတ်အစားများမှာ ပြန့်ကျဲနေ၏ ။ မသိလျှင် အခန်းတစ်ခုလုံး တိုင်ဖွန်းမုန်တိုင်းဝင်တိုက်သွားသည့်အလား ။ လွန်ခဲ့သောနာရီပိုင်းလောက်က အခန်းထဲတွင် ဖြစ်ပျက်သွားသော ချစ်ရမ္မက်ပြင်းပြသည့်လုပ်ရပ်များအကြောင်း စိတ်ကူးယဥ်ကြည့်ဖို့ မခက်ခဲလှ ။
ရှန့်မင်အော်တံခါးကိုပိတ်ပြီး တစ်ဖက်လှည့်လာသည်နှင့် မြင်လိုက်ရသည်က ကြမ်းပြင်ပေါ် ကြက်သေသေနေသောဖန်းလီပင် ။ ကားထားသောခြေထောက်တို့နှင့်အတူ သူ၏အစိတ်အပိုင်းတို့ကပါ မရှက်မကြောက်သည့်အလား ပေါ်လွင်နေ၏ ။ ရှန့်မင်အော်မှာ မနှစ်မြို့လှဟူသောအမူအရာနှင့်အတူ မျက်ခုံးတို့ပါ တစ်ပါတည်း တွန့်ချိုးလာ၏ ။
"အရှက်မရှိရင် အဲ့လိုဆက်နေနေလိုက် "
ရှန့်မင်အော်အသံကား တိုးကောင်းတိုးနေလိမ့်မည် ။ သို့သော် သူအလေးအနက်ပြောနေသည်တော့အမှန် ။
ဖန်းလီတစ်ယောက် ဘာကိုမှနားမလည်နိုင်ဖြစ်နေသည့်တိုင် ရှန့်မင်အော်၏စကားတွင် တစ်ခဏတော့ရှော့ခ်ရသွားသေး၏ ။ သို့သော် မျက်နှာအမူအရာမှာ ဇဝေဇဝါဖြစ်နေသေးဟန် ။
လုဖုန်းတစ်ယောက် ဖန်းလီပုခုံးအား နောက်မှတစ်ချက်ကန်လိုက်ကာ သတိပေးလိုက်၏ ။
"မင်းခြေထောက်ကိုအရင်စိလိုက်ပြီး ထ,စကားပြော"
ထိုအချိန်မှာပင် ရေချိုးခန်းတံခါးပွင့်လာခဲ့ပြီး ရှောင်းမော့ယွီထွက်ပေါ်လာခဲ့၏ ။ ဆံပင်ကိုထုံးထားပြီး ရေချိုးခန်းသုံးဝတ်ရုံတစ်ထည်သာဝတ်ဆင်ကာ ထွက်လာသောရှောင်းမော့ယွီပါပင် ။
"ဟန်နီ ၊ ဒီညတစ်ခုခု သွားစား...."
သူမ တစ်ခန်းလုံးကိုဖျတ်ခနဲကြည့်လိုက်ပြီး ရှန့်မင်အော်ဆီအရောက် သူမအကြည့်တို့မှာ ရေခဲတစ်မျှ အေးခဲရပ်တန့်သွားခဲ့၏ ။ လုဖုန်းလက်ထဲမှဖုန်းမှ တစ်ခုခုကိုရိုက်ယူနေသည်ကို တွေ့သောအခါ သူမ,အရာအားလုံးကို သဘောပေါက်နားလည်သွားပုံရသည် ။ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာအမူအရာမှာ သူမ,မျက်နှာပေါ် ရုတ်ချည်းပင်ထွက်ပေါ်လာခဲ့၏ ။
ကုတင်ဘေးနားစားပွဲပေါ်တင်ထားသောဘူးမှ ဆေးလိပ်တစ်လိပ်ထုတ်ယူ မီးညှိလိုက်ပြီး လက်ချောင်းကြားထိန်းကိုင်ထားသော သူမ ။ ထို့နောက် ရှောင်းမော့ယွီမှာ ကုတင်ပေါ်ခြေချိတ်ထိုင်ကာ ရှန့်မင်အော်ကို ပြောလာခဲ့၏ ။
"ရှင် ဘာလုပ်ချင်တာလဲ ?"
ရှန့်မင်အော်ကား သူမထံသို့ ခြေလှမ်းကျယ်ကြီးများနှင့် ဦးတည်လျှောက်သွားခဲ့၏ ။ တစ်ချိန်တည်းမှာပင် လုဖုန်းလက်ထဲမှဖုန်းကိုလည်း ဆက်မရိုက်တော့ရန် အချက်ပေးလာ၏ ။ လုဖုန်းမှာ အချက်ပြခြင်းကို နားလည်လိုက်ပြီး recordလုပ်နေခြင်းကို ရပ်တန့်လိုက်၏ ။
"မစ္စတာရှောင်းကို ငါတို့နှစ်ယောက်ရဲ့အကျင့်စရိုက်တွေက သဟဇာတမဖြစ်ဘူးလို့ ပြောလိုက်မယ်....."
ကျန်သော စကားလုံးများမှာကား ပိတ်သွားသောအိပ်ခန်းတံခါးနှင့်အတူ ခြေရာလက်ရာပါမကျန်ချိတ်ပိတ်လိုက်သကဲ့သို့ ပျောက်ကွယ်သွားခဲ့၏ ။
ဧည့်ခန်းထဲတွင်ကား လုဖုန်းမှာ တိတ်တဆိတ် နံရံကိုမှီရင်း ငေးငိုင်နေမိ၏ ။ ရိတကျွမ့်ကား ပြတင်းပေါက်ဘေးရပ်ကာ အပေါ်ဆုံးအလွှာမှမြင်ရသော မြို့မြင်ကွင်းကို ရှုစားနေခဲ့၏ ။ ရံဖန်ရံခါ သက်ပြင်းချပြီး ကမ္ဘာကြီး၌ချမ်းသာသူနှင့် မချမ်းသာသူတို့ကြား တရားမျှတမှုမရှိကြောင်း မှတ်ချက်ချနေလိမ့်မည် ။
ဖန်းလီကား အခန်းအလယ်တည့်တည့်တွင် ကြောင်တောင်တောင်နှင့်ရပ်နေ၏ ။ သူ၏ဖြစ်တည်မှုကို လုဖုန်းနှင့်ရိတကျွမ့်က လျစ်လျူရှုထားကြောင်း သတိထားမိသွားသောအခါ အဝတ်အစားတစ်ချို့ကိုကောက်ယူပြီး ပြေးထွက်ဖို့ပြင်၏ ။
"ဘယ်သွားမလို့လဲ ?" လုဖုန်းမေးလိုက်သည် ။
ဖန်းလီကား အကျပ်ရိုက်နေသည့်ပုံစံဖြင့် လုဖုန်းအားပြုံးပြလာခဲ့၏ ။
"အကိုကြီး , ဒီတစ်ခါတော့ အဲ့လိုမလုပ်ကြရအောင် ၊ ကျွန်တော်တို့အချင်းချင်းလည်းသိနေတာပဲ ၊ ဒီပြဿနာကနေ လွတ်မြောက်ခွင့်ပေးပါ "
လုဖုန်း ဖန်းလီကိုပြန်ပြောဖို့ပြင်ကာရှိသေးသည် ။ ရိတကျွမ့်မှာ ဖန်းလီပြောသည်ကိုကြားကာ စတင်ရယ်မောလာတော့၏ ။
"အကိုကြီး ? မင်းသူ့ကို အဲ့လိုခေါ်လိုက်တာလား ? အခုအခန်းထဲမှာရှိတဲ့သူက သူနဲ့ဘာတော်လဲသိရဲ့လား ?"
ဖန်းလီမှာ လုဖုန်းကိုတစ်ခါ တံခါးဆီသို့တစ်ခါ လက်ညှိုးထိုးပြကာ စိတ်ရှုပ်ထွေးမှုဖြင့် ကြောင်ကြည့်နေခဲ့၏ ။
"ငါ့အကို " လုဖုန်းခနရပ်တန့်လိုက်ပြီးနောက်မှ စကားလုံးအချို့ကိုထပ်ပြောလိုက်၏ ။ "ဥပဒေအရပေါ့ "
ဖန်းလီကား မကြာခင် သေအဲ့ဆဲဆဲဘဝသို့ ကျရောက်တော့မည်ကို နားလည်သွားပုံရသည် ။ သည်တစ်ခေါက်တော့ သူတကယ်သွားပြီဆိုတာ ဖန်းလီ သိလိုက်ရသည် ။
"ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ ..."
ဖန်းလီတစ်ယောက် ဟိုတယ်အခန်းထွက်ပေါက်ကို တိတ်တဆိတ်ခိုးကြည့်ရင်း လုဖုန်းအားပြောလာခဲ့၏ ။
ဖန်းလီမှာ ထွက်ပြေးလွတ်မြောက်ဖို့အခွင့်အရေးကို ရှာနေဆဲဖြစ်ကြောင်း လုဖုန်းမြင်နေရသည် ။ ထို့ကြောင့်ပင် သတိပေးသည့်အနေဖြင့်
"အခုလက်ရှိ ငါ့ရှေ့ကနေ ထွက်ပြေးချင်နေတဲ့သူအတွက်တော့ အုတ်ဂူတစ်လုံး အသင့်ရှိနေပြီသား ၊ အုတ်ဂူပတ်ပတ်လည်က ကျူပင်တွေကလည်း နှစ်မီတာကျော်ကျော်လောက် ရှည်လောက်တယ်"
ဖန်းလီကား လုဖုန်းနှင့်ရိတကျွမ့်ကို တစ်လှည့်စီကြည့်လာခဲ့၏ ။ ထို့နောက်တွင် စောစောကကြမ်းပြင်ထက်မှ ကောက်ယူသွားခဲ့သော အဝတ်အစားတို့ကို ကျိုးကျိုးနွံနွံဖြင့် နေရာတကျပြန်ထားနေတော့၏ ။
"ကောင်းပြီ ၊ ကျွန်တော်က စက်ဆုပ်ဖို့ကောင်းတယ် ၊ အခုဖြစ်လာသမျှအရာအားလုံးနဲ့ ထိုက်တန်တယ်ဆိုတာ ဝန်ခံတယ်"
ဖန်းလီမှာ စကားတပြောပြောနှင့်ပင် ဆိုဖာပေါ်သို့ စိတ်ပျက်စွာ ထိုင်ချလိုက်၏ ။
ရှန့်မင်အော်နှင့် ရှောင်းမော့ယွီတို့စကားပြောနေသည်မှာ သိပ်မကြာလိုက် ။ ဆယ်မိနစ်ခန့်ကြာသောအခါ အိပ်ခန်းတံခါးမှာ ပြန်ပွင့်လာခဲ့၏ ။
ရှန့်မင်အော်အခန်းထဲမှ ထွက်လာပြီး တံခါးကိုဖြတ်ရုံရှိသေးသည် ။ ရှောင်းမော့ယွီ၏ စူးစူးဝါးဝါးအော်သံက အိပ်ခန်းထဲမှကျယ်လောင်စွာ ထွက်ပေါ်လာတော့၏ ။
" ရှန့်မင်အော်ရှင်ကလုံးဝပုံမှန်မဟုတ်တဲ့ လူထူးလူဆန်းပဲ ၊ ဒီကမ္ဘာမှာရှင့်ကိုသည်းခံနိုင်တဲ့မိန်းမမျိုး ရှိလိမ့်မယ်မထင်နဲ့ "
ရှောင်းမော့ယွီမှာ ဒေါသနှင့်အတူ ရှန့်မင်အော်အား အဝတ်အစားတို့ဖြင့် ကောက်ပေါက်တော့သည် ။ သို့သော် လုံလောက်သောအားအင်မရှိရငှား အဝတ်အစားတို့မှ လမ်းတစ်ဝက်သာရောက်ပေ၏ ။
"အဲ့မှာ တစ်ယောက်တည်း အထီးကျန်ပြီးသေဖို့သာ ရှင်ထိုင်စောင့်နေလိုက်တော့ "
"အခုလေးတင် မင်းသဘောတူထားတာကိုသာ မမေ့ပါနဲ့ "
ရှောင်းမော့ယွီ၏လုပ်ရပ်များ စကားလုံးများမှာ ရှန့်မင်အော်အား လုံးဝအနှောင့်အယှက်မဖြစ် ။ ရှန့်မင်အော်မှာ ယခင်အတိုင်းရည်မွန်သူတစ်ယောက်အသွင်သာ ဆောင်လျက် ။
"အဲ့ဒါဆို မင်းတို့နှစ်ယောက်လုံးကို ထပ်မနှောင့်ယှက်တော့ဘူး ။ ငါအရင်သွားပြီ "
ထွက်သွားဖို့ရန် တံခါးဆီသို့ဦးတည်နေသော ရှန့်မင်အော်ကိုတွေ့တွေ့ချင်းပင် လုဖုန်း ရှန့်မင်အော်ခြေလှမ်းများနောက် အလျင်အမြန် ပြေးလိုက်ဖို့ပြင်ရတော့သည် ။ မထွက်လာခင် ရှောင်းမော့ယွီအား နှုတ်ဆက်ဖို့လည်း လုဖုန်းမမေ့ခဲ့ ။
"record လုပ်ထားတာအတွက်လည်း ဘာမှမပူပါနဲ့ ၊ ကျွန်တော့်အကိုပြောတဲ့အတိုင်းသာ လိုက်လုပ်ရင် အလိုလိုဖျက်ပြီးသားဖြစ်သွားလိမ့်မည် ၊ နောက်မှတွေ့မယ် မစ္စရှောင်း"
ရိတကျွမ့်ကား သူ့ရှေ့မှတင်ဖြစ်ပျက်သွားသော ဇာတ်ထုပ်ဖြည်ခန်းကိုကြည့်ရင်း မယုံကြည်နိုင် မဝေခွဲနိုင်ဖြစ်နေပေ၏ ။ မုန်တိုင်းတိုက်လိမ့်မည်ဟု ကြိုတင်မှန်းဆခဲ့သမျှ လက်တွေ့တွင်ကား မိုးဖွဲဖွဲသာရွာသည်နှင့်ပင် တူနေ၏ ။
"ဒါကဒီလိုကြီးပြီးသွားမှာလား ? ကျွန်တော်တို့ဒီဆန်ကုန်မြေလေးကောင်ကို ချီးထွက်အောင်ရိုက်သတ်ပြီး သူ့ပစ္စည်းကိုလေးခွနဲ့ဆော် သူ့-င်ထဲ တစ်ခုခုထိုးထည့်တာမျိုး မလုပ်ဘူးလား ?"
ရိတကျွမ့်ဆီအလုပ်အပ်သော ယခင်ဖောက်သည်များမှာ အတော်လေးကို အကြံဉာဏ်ကွန့်မြူးကြပုံပေါ်သည် ။
ရှန့်မင်အော် ထွက်သွားတော့မည်ကို မြင်လိုက်ရသော လုဖုန်းမှာ ရိတကျွမ့်အား ပုခုံးတစ်ချက်ပုတ်ကာ ကျေးဇူးတင်စကားပြောရင်း ရှန့်မင်အော်နောက်ပြေးလိုက်ဖို့ ပြင်ရတော့သည် ။
"အဲ့ဒီအတွက် ဘာမှလုပ်စရာမလိုအပ်တော့ဘူး ၊ ဒီနေ့မင်းကိုအရမ်းကျေးဇူးတင်တယ် ၊ နောက်တစ်ခါဆို ငါမင်းကိုဒကာခံပါ့မယ်"
လုဖုန်း ရှန့်မင်အော်နောက်လိုက်သွားသောအချိန်တွင် ရှန့်မင်အော်ဝင်သွားသောဓာတ်လှေကားမှာ တံခါးပိတ်ဖို့ပြင်နေပြီဖြစ်၏ ။ ထို့ကြောင့် လုဖုန်းမှာ ခန္ဓာကိုယ်ကိုဘေးစောင်း၍ ဓာတ်လှေကားမပိတ်ခင် မရရအောင် ဖျစ်ညှစ်ဝင်ရတော့သည် ။
"အကို ရှောင်းမော့ယွီနဲ့ဆွေးနွေးတာ ပြီးခဲ့ပြီလား?"
စကားသံမှာ လုံးဝတန်ပြန်မလာခဲ့ ။ ပြောရလျှင် ရှန့်မင်အော်ကား လုဖုန်းကို လုံးဝဥဿုံလျစ်လျူရှုထားခဲ့၏။
"အကို ကျွန်တော့ကို ဘယ်လိုကျေးဇူးပြန်ဆပ်မလဲ ?'
လုဖုန်း ရှန့်မင်အော်၏အချိုးအစားကျလှသော နှုတ်ခမ်းလွှာများကို ငေးစိုက်ကြည့်ရင်းပြောလိုက်သည် ။ တစ်ချိန်တည်းမှာပင် ထိုနှုတ်ခမ်းလွှာများ သူ့နှုတ်ခမ်းထပ်ဖိကပ်လိုက်ရသည့်ခံစားချက်ကို ပြန်ပြောင်းစဥ်းစားမိသည် ။
"ကျွန်တော် အများကြီးမလိုချင်ပါဘူး ၊ စောစောက ကျွန်တော်လုပ်ခဲ့သလို လုပ်ရုံပဲ ၊ ဒီတစ်ခေါက် အစပြုရမည့်သူက အကိုဆိုတာကလွဲလို့ပေါ့ "
လုဖုန်းပြောလိုက်သောစကားများက ရှန့်မင်အော်အား စောစောကဖြစ်ပျက်ခဲ့သည်များကို သတိရသွားစေပုံရသည် ။ ယခုအချိန်တွင် ရှန့်မင်အော်မှာ အမှန်ပင်ဒေါသထွက်နေချေပြီ ။
မကြာလိုက်သောအချိန်ခဏအတွင်းမှာပင် လုဖုန်း၏အင်္ကျီကော်လံကိုဆောင့်ဆွဲကာ ဓာတ်လှေကားနံရံဆီသို့ ပစ်တွန်းလိုက်သော ရှန့်မင်အော်ပါပေ ။
ဓာတ်လှေကား၏ နံရံသုံးဖက်တွင် ရွှေဘောင်ကွပ်ပြတင်းတို့ကို တပ်ဆင်ထား၏ ။ မှန်ပြတင်းပေါက်တိုင်းဆီမှ ရှန့်မင်အော်၏ရက်စက်ကြမ်းကြုတ်သောမျက်နှာက လုဖုန်းအား ပြန်စိုက်ကြည့်နေသကဲ့သို့ပင် ။ သို့သည်တိုင် လုဖုန်း၏မျက်နှာတွင်ကား အပြုံးမျက်နှာကဆက်လက်ကျန်ရှိနေဆဲ ။ မသိလျှင် နောက်ထပ်အရိုက်ခံဖို့ တောင်းဆိုနေသည့်အလား ။
"ရှောင်းမော့ယွီက ဘယ်လိုမိန်းမမှန်း ငါမသိဘူးများထင်နေလား "
ရှန့်မင်အော် လုဖုန်းနား ဖြည်းဖြည်းစီတိုးကပ်လာရင်း ပြောသည် ။
"အဲ့တော့ မင်း အဲ့မိန်းမကိုမောင်းထုတ်နိုင်ခဲ့ရင်တောင် ဘာလုပ်ရမှာလဲ ? လုဖုန်း ငါမင်းနဲ့တူတူ အိပ်ရာပေါ်ရောက်နေတာထက်စာရင် ပြည့်တန်ဆာမိန်းမပျက်တစ်ယောက်ကိုပဲ လက်ထပ်ယူလိုက်မယ် "
ရှန့်မင်အော်၏အသက်ရှုငွေ့က လုဖုန်းမျက်နှာသို့ပင် လာရောက်ရိုက်ခတ်၏ ။ ရှန့်မင်အော်အနားသို့ တိုးလာလေလေ သားရေသားနှင့် ကတိုးရေမွှေးနံ့က ပြင်းထန်လာလေလေပင် ။ သူ့အနေနှင့် လျစ်လျူရှုထားဖို့ရန်ပင် ခက်ခဲလွန်းလှ၏ ။
ရှန့်မင်အော်၏ ကိုယ်သင်းရနံ့ကား သူထုတ်လွှတ်လိုက်သော ဟော်မုန်းတို့၏သရုပ်သကန်အလား ။ တစ်စုံတစ်ယောက်အနေဖြင့် အချိန်ကြာရှူရှိုက်မိသည်ရှိသော် ယစ်မူးကာ အားအင်ချိနဲ့သွားနိုင်လောက်သည်အထိပင်။
"ငါပြောတာ နားလည်လား ?"
လုဖုန်း၏ ပါးရိုးများအားဆုပ်ကိုင်ထားသော လက်တွေသည် နဂိုထက်ပိုမိုတင်းကြပ်လာလျက် ။
ပါးရိုးထက်မှ ပြင်းထန်သောနာကျင်မှုသည် လုဖုန်းအား အသိပေးလိုက်သကဲ့သို့ပင် ။ ရင်ထဲရှိဒေါသများကို ချုပ်တည်ထားရသော ရှန့်မင်အော်၏မျက်လုံးတို့နှင့် ရင်ဆိုင်တွေ့ချိန် ကိုယ့်ကိုယ်ကိုယ် မသိလိုက်ခင်မှာပင် လုဖုန်းအလိုလိုခေါင်းညိတ်မိလိုက်တော့သည် ။
"နားလည်ပါပြီ..."
ရှန့်မင်အော်အနေနှင့် ရှောင်းမော့ယွီ၏ လူတကာနှင့်ပွေရှုပ်လွန်းသော ဘဝနေထိုင်မှုပုံစံကို သိထားပြီးဖြစ်သော်ငြား မသိသလိုသာနေရန် ရွေးချယ်ခဲ့ပုံရသည် ။ ရှန့်မင်အော်နေရာတွင် အခြားသူတစ်ဦးသာဖြစ်ခဲ့သော် အချစ်အတွက်မို့ ကန်းချင်ယောင်ဆောင်ရသည့် အနေအထားမျိုးဖြစ်လိမ့်မည် ။ ရှန့်မင်အော်ကား ထိုသို့မဟုတ် ။ ရှောင်းမော့ယွီအား သူလုံးဝဂရုမစိုက်၍သာ မသိချင်ယောင်ဆောင်ပေးခဲ့ခြင်းပင် ။
တကယ်တမ်း ရှန့်မင်အော်သည် သတို့သမီးလောင်းတစ်ယောက်ကိုသာ လိုအပ်နေခဲ့ခြင်းဖြစ်၏ ။ သို့မှသာ သူ့အနေဖြင့် အသွေးအသားရှိသူတစ်ယောက် ၊ အပူအအေးကို ခွဲခြားသိသူတစ်ယောက် ၊ သာမန်လူတစ်ယောက်အဖြစ် လူအများကြား ရပ်တည်နိုင်ပေလိမ့်မည် ။
လိုအပ်လျှင် ရှန့်မင်အော်ဆိုသောသူသည် ' baby Honey' စသော စကားလုံးများကို နေ့စဥ်အသုံးပြုပြောဆိုတတ်သော ချိုသာသော အချစ်တွင် လွန်လွန်ကြူးကြူးကိုပျော်ဝင်နေပါသော လူတစ်ယောက်အဖြစ်ပါ ဟန်ဆောင်နိုင်ပေမည် ။
အဘယ်ကြောင့် ထိုသို့ ဟန်မဆောင်ခဲ့ပါသလဲဆိုလျှင် အဖြေကရှင်းရှင်းလေးသာဖြစ်၏ ။ မလုပ်နိုင်ခဲ့ခြင်းကြောင့်မဟုတ် ။ တမင်သက်သက်မလုပ်ခဲ့ခြင်းသာ ။ တစ်နည်းပြောရလျှင် သူ၏ လုဖုန်းအပေါ်မနှစ်မြို့မှုကို ဖုံးကွယ်ထားမှုမရှိသကဲ့သို့ပင် ။
ပွင့်ပွင့်လင်းလင်းဆိုရသော် ရှန့်မင်အော်အနေနှင့် လုဖုန်းနှင့်ရှောင်းမော့ယွီတို့ နှစ်ယောက်စလုံးအား မျက်နှာဖုံးတပ်ကာ ကောင်းမွန်သောအပြုအမူတို့ဖြင့် လိမ်ညာလှည့်စားဖို့ရာ ထိုက်တန်သူများဟု သတ်မှတ်ဟန်ပင်မတူ ။ လုဖုန်းကား ရှောင်းမော့ယွီနောက်တွင်တောင် နေရာအဆင့်သတ်မှတ်ခြင်းခံကောင်းခံရနိုင်သည် ။
ရှန့်မင်အော်မှာ အစတည်းက ရှောင်းမော့ယွီကိစ္စကို အရေးကြီးသည်ဟု ထင်မှတ်ထားခဲ့ပုံမပေါ် ။ သို့သော် လုဖုန်းပါဝင်လာသောအခါ ထိုကိစ္စမှာ ရှန့်မင်အော်မထိန်းချုပ်နိုင်သော အခြေအနေရောက်သွားလေသည် ။ နောက်ဆုံး ရှန့်မင်အော်မှာ မတတ်နိုင်ဘဲ သူ့မျက်နှာဖုံးကိုခွာချဖို့ရန်သာဖြစ်လာတော့သည် ။ ယခုကိစ္စတွင် သူဘယ်လောက်ဒေါသထွက်နေသလဲဆိုသည်ကို လုဖုန်းလည်ပင်းအား သက်ရောက်နေသော အားမှတစ်ဆင့် ခံစား၍ရနိုင်ပေ၏။
ထိုစဥ် ဓာတ်လှေကားမှာ ရပ်သွားပြီး ရှန့်မင်အော်သည်လည်း လုဖုန်းအားလွှတ်ပေးလိုက်၏ ။ ဓာတ်လှေကား အပြင်ဘက်မှလူများ၏ ရှော့ခ်ရသောအကြည့်များသည် သူ့အတွက်ဘာမှမဟုတ်သလိုပင် ။ထုံးစံအတိုင်း တစ်ခြားသူများကို ဂရုလုံးဝမစိုက်ပဲ ဓာတ်လှေကားထဲမှ လမ်းလျှောက်ထွက်သွားတော့၏ ။
လုဖုန်း နာကျင်ကိုက်ခဲနေသော ပါးရိုးအားတစ်ချက်ပွတ်သပ်လိုက်ပြီး ဓာတ်လှေကားရှေ့မှာလူများကို ရှောင်ကွင်းကာ ရှန့်မင်အော်နောက် ပြေးလိုက်လာခဲ့၏ ။
"ကောင်းပြီ ၊ အဲ့ဒါဆို အကြွေးမှတ်ထား နောက်ပြန်ဆပ် "
လုဖုန်း ထွက်ခွာသွားသူကို ကြည့်ကာ အော်ပြောမိသည် ။ သူ့စကားအား ရှန့်မင်အော်၏တုံ့ပြန်ပုံ မပြောနှင့် တုံ့ပြန်ခဲ့ရဲ့လားဆိုသည်ကိုတောင် မမြင်လိုက်ရ ။ ထို့နောက် လုဖုန်း လက်နှစ်ဖက်အား အိတ်ကပ်ထဲထည့်ကာ ထိုနေရာမှအမြန်ဆုံး ထွက်ခွာဖို့ရန် ဆုံးဖြတ်လိုက်သည် ။
T/ N
ဒီတစ်ခေါက်က နည်းနည်း တကယ်တော့ တော်တော်လေးကြာသွားတာပါ
စာလုံးရေများတာရော မအားတာရော Typeဖို့အတွက် လက်ကအဆင်မပြေတာရော အကုန်ရောသမသွား🤣
ဒီအခန်းကို အတော်ဖတ်စေချင်ခဲ့တာ
လုဖုန်းရဲ့ ဇွဲသတ္တိကိုလေးစားလွန်းလို့ ဘာသာပြန်ပြီးတဲ့အချိန် ခရက်ရှ်ကိုတောင် ကားတင်ပြေးချင်မိ😞✊️
အဲ့ချိန်ကျ တို့ကို ကူညီကြမယ်မလား😆
ZAWGYI
9.1 အရင္ဖတ္ရန္ <<<
သည္တစ္ေခါက္ လုဖုန္းလုပ္လိုက္ေသာအရာသည္ အေတာ့္ကိုအတင့္ရဲလြန္းလွသည့္ကိစၥပင္ ။ ထိုခဏခ်က္ခ်င္းမွာပင္ ရွန့္မင္ေအာ္၏မ်က္ဝန္းတို႔ တမုဟုတ္ခ်င္းက်ယ္ျပန့္သြား၏ ။ လုဖုန္းေရွ႕မွ လက္သည္လည္း ယခင္ထက္ပို၍ တင္းတင္းက်ပ္က်ပ္ဆုပ္ထားလ်က္ ။ အဆစ္တစ္ခုခ်င္းစီ အရိုးတစ္ခုခ်င္းစီ၏ ေတာင့္တင္းခိုင္မာေနမႈကို ထိုလက္အားဆုပ္ကိုင္ထားမိေသာ လက္ေခ်ာင္းမ်ားမွတစ္ဆင့္ လုဖုန္းခံစားမိ၏ ။
အရွက္မဲ့ေသာလုပ္ရပ္အား လုဖုန္းအၿပီးသတ္ၿပီးေနာက္မွာပင္ အေပၚဆုံးလႊာသို႔ေရာက္ရွိသြားေသာ ဓာတ္ေလွကားမွာ 'ဒင္း'ကနဲ အသံျမည္ကာ ပြင့္လာခဲ့၏ ။
လုဖုန္း သူ႕ဆီဦးတည္လာေသာလက္သီးခ်က္အား လ်င္ျမန္စြာတိမ္းေရွာင္ရင္း ဓာတ္ေလွကားထဲမွ လွ်ပ္တပ်က္အရွိန္ျဖင့္ ခုန္ထြက္လာခဲ့၏ ။
ရွန့္မင္ေအာ္ကား သူ႕အားေဒါသျဖစ္ရင္း ေနာက္မွက်န္ေနခဲ့မည္မွာအမွန္ပင္ ။ ဓာတ္ေလွကားတံခါးမွာပိတ္သြားၿပီး ေနာက္တစ္ႀကိမ္ပင္ျပန္ပြင့္လာခဲ့ၿပီ ။ သို႔ေသာ္ ခနအၾကာတြင္မွ ရွန့္မင္ေအာ္တစ္ေယာက္ ဓာတ္ေလွကားထဲမွထြက္လာခဲ့ေတာ့၏ ။ မ်က္ႏွာထက္မွအမူအရာကား သိသိသာသာကိုစိတ္ကုန္ေနသည့္ဟန္ ။
ရွန့္မင္ေအာ္ကား အလစ္တိုက္ခိုက္ျခင္းခံလိုက္ရေသာေၾကာင့္ ယခုအခ်ိန္တြင္ စိတ္အေျခအေနဆိုး႐ြားေနမည္မွာမလြဲမေသြပင္ ။ ထို႔ေၾကာင့္ လုဖုန္းမွာ ထပ္ၿပီးစိတ္အေႏွာင့္အယွက္မျပဳရဲေတာ့ပဲ ရွန့္မင္ေအာ္ႏွင့္ေဝးေဝးေနဖို႔သာ ဆုံးျဖတ္လိုက္သည္။
"ဒီမွာ ခနေစာင့္ရေအာင္ "
ရွန့္မင္ေအာ္မွာ တုံ႕ျပန္သည့္အေနႏွင့္ မ်က္လုံးတစ္ခ်က္ဝံ့ကာၾကည့္လာခဲ့၏ ။ တျခားလႈပ္ရွားမႈမရွိေပ ။
လုဖုန္းနားလည္သေဘာေပါက္လာရသည္မွာ သူ႕အေနျဖင့္ ရွန့္မင္ေအာ္၏အထင္အျမင္ေသးျခင္းကို ခံနိုင္ရည္ရွိလာၿပီဆိုသည္ကိုပင္ ။
ဓာတ္ေလွကားေရွ႕တြင္ မိနစ္အနည္းငယ္မွ် ရပ္ေစာင့္ေနၿပီးေနာက္ ရိတကြၽမ့္မွာ ရွန္ပိန္ပုလင္းႏွင့္အတူေရာက္လာေတာ့သည္ ။
"ဒီရွန္ပိန္ဘယ္ကရလာတာလဲ "
လုဖုန္းသိခ်င္စိတ္ျဖင့္ ေမးၾကည့္လိုက္သည္ ။ သို႔ေသာ္ ရိတကြၽမ့္လက္ထဲမွ ရွန္ပိန္ပုလင္းကို ယူၾကည့္လိုက္ေသာအခါမွ အခြံသက္သက္သာျဖစ္ေၾကာင္း သိလိုက္ရ၏ ။
ရိတကြၽမ့္မွာ ကားေသာ့ကို ရွန့္မင္ေအာ္ထံသို႔ တရိုတေသျပန္ေပးရင္း လုဖုန္းေမးသည္ကိုပါေျဖလာခဲ့၏။
"ဒါက ကြၽန္ေတာ္တို႔အစီအစဥ္မွာ ထည့္သုံးရမွာ ၊ မဟုတ္ရင္ တံခါးရေအာင္ဖြင့္ဖို႔ဆိုတာ မလြယ္ဘူး ၊ ကြၽန္ေတာ့္မွာအေတြ႕အႀကဳံရွိၿပီးသားမို႔ ယုံထားလိုက္ပါ"
ရိတကြၽမ့္မွာ ယုံၾကည္ခ်က္အျပည့္ႏွင့္ပင္ သူတို႔ေရွ႕မွ ဦးေဆာင္ေလ၏ ။ အခန္းတစ္ခုေရွ႕ေရာက္ေသာအခါ ရပ္လိုက္ၿပီး အထဲမွအသံတစ္ခုခုၾကားလိုၾကားျငား နားကိုတံခါးမွာကပ္၍ နားေထာင္ေတာ့၏ ။ ထို႔ေနာက္ ရိတကြၽမ့္မွာ ခါးကိုမတ္ အဝတ္အစားကိုသပ္သပ္ရပ္ရပ္လုပ္ရင္း ကိုယ္ေနဟန္ထားကိုပါ အသင့္ျပင္လိုက္၏ ။ လုဖုန္းႏွင့္ရွန့္မင္ေအာ္ကိုလည္း တံခါးေပါက္မွေခ်ာင္းၾကည့္လွ်င္ မျမင္နိုင္ေလာက္သည့္ေနရာတြင္ ရပ္ေနဖို႔ေျပာ၏ ။ ေနာက္ဆုံး အရာရာအားလုံးအဆင္သင့္ျဖစ္ေသာအခါ ရိတကြၽမ့္မွာ တံခါးဘဲလ္ကို ႏွိပ္လိုက္ေတာ့၏ ။
"ဘယ္သူလဲ ?" အခန္းတြင္းမွ ဖန္းလီ၏အသံကထြက္ေပၚလာေပသည္ ။
"မဂၤလာပါဆရာ ၊ ကြၽန္ေတာ္တို႔ဟိုတယ္က ေက်းဇူးတုံ႕ျပန္တဲ့အေနနဲ႕ အရသာအထူးေကာင္းမြန္တဲ့ ရွန္ပိန္ကိုျပင္ဆင္ထားပါတယ္"
ရိတကြၽမ့္ကား အၿပဳံးတုတစ္ခုကိုဆင္ျမန္းရင္း အသာအယာေျပာ၏ ။
တစ္ခဏတာေတာ့ အထဲမွေန၍ ဘာတစ္ခုမွျပန္ေျပာမလာဘဲ တိတ္ဆိတ္ေနခဲ့၏ ။ ထို႔ေနာက္ခဏအၾကာတြင္မွ ေျခသံမွ်မွ်ကို ျပန္ၾကားရ၏ ။
"ခနေစာင့္ "
အခ်ိန္ခဏအၾကာတြင္ကား တံခါးဖြင့္သံထြက္ေပၚလာၿပီး သူတို႔ေရွ႕မွတံခါးသည္လည္း ပြင့္လာခဲ့ေတာ့၏ ။
တစ္ဆက္တည္းမွာပင္ ဖန္းလီ၏ ေခ်ာေမာၿပီးအျမင္အာ႐ုံကိုဖမ္းစားနိုင္ေသာ မ်က္ႏွာမွာလည္း တၿပိဳင္တည္းထြက္ေပၚလာ၏ ။ ေရခ်ိဳးခန္းသုံးဝတ္စုံကိုဝတ္ဆင္ထားေသာေၾကာင့္ ေပၚလြင္ေနေသာ ရင္ဘတ္တစ္ေနရာတြင္လည္း ကုတ္ျခစ္ရာတို႔ျဖင့္ ျပည့္ႏွက္ေနခဲ့၏ ။ လည္ပင္းထက္ရွိအမွတ္အသားတို႔မွာလည္း တျဖည္းျဖည္းအေရာင္ရင့္လာေတာ့မည့္အလား ။
ရိတကြၽမ့္မွာ ဖန္းလီတံခါးဖြင့္လာလာခ်င္းပင္ အခန္းထဲသို႔ တရၾကမ္းတိုးဝင္ဖို႔ျပင္၏ ။
လုဖုန္းမွာလည္း လက္ထဲမွဖုန္းကိုအသင့္ျပင္ကာ ရိတကြၽမ့္ေနာက္မွေန၍ ဖန္းလီ၏ ေရွာ့ခ္ရေသာေၾကာက္လန့္တၾကားျဖစ္ေနေသာ မ်က္ႏွာအမူအရာေပါင္းစုံကို မလြတ္တမ္းရိုက္ယူထား၏ ။
"မင္း မင္းတို႔အားလုံး....ဘယ္သူေတြလဲ !?"
ဖန္းလီမွာ သူတို႔အား တားေနရင္းပင္ လုဖုန္းကိုၾကည့္လာခဲ့၏ ။ ထိုအခိုက္ ဖန္းလီမ်က္ဝန္းထဲတြင္ ေၾကာက္႐ြံ႕ျခင္း အံၾသျခင္းတို႔ထက္ မယုံၾကည္နိုင္မႈကသာ ပို၍လႊမ္းမိုးေနခဲ့၏ ။ လုဖုန္းအား ဤေနရာတြင္ ေတြ႕ေနရျခင္းကို လုံးဝယုံၾကည္နိုင္ေသးသည့္ပုံမေပၚ ။
ယခုခ်ိန္တြင္ လုဖုန္းေျပာနိုင္သည္မွာ တစ္ခုသာရွိသည္ ။ လမ္းေၾကာင္းတစ္ခုကိုျဖတ္သန္းဖို႔ရန္ ၾကမၼာဖန္ခဲ့သည္ရွိေသာ္ ျဖတ္ကိုျဖတ္ရလိမ့္မည္ ။ ေရွာင္ဖို႔ႀကိဳးစားခဲ့လွ်င္ေတာင္မရ ။
အခုလက္ရွိတြင္လည္း ထိုနည္း၎ပင္ ။ ဖန္းလီတစ္ေယာက္ လမ္းမွာဝင္ရႈပ္ေနသည္ကို သူမႀကိဳက္ ။ ထို႔ေၾကာင့္ ဖန္းလီ၏ဝမ္းဗိုက္အား တစ္ခ်က္ကန္၍ ၾကမ္းျပင္ေပၚလဲက်ေစလိုက္သည္ ။ ေနာက္ဆုံးေတာ့ လမ္းရွင္းသြားၿပီျဖစ္ရာ သူတို႔အားလုံး အခန္းထဲသို႔ ေအာင္ေအာင္ျမင္ျမင္ပင္ ဝင္ေရာက္နိုင္ခဲ့သည္ ။
ဟိုတယ္ခန္းတစ္ခုလုံးကား ရႈပ္ပြေနသည္မွာ ျမင္ရက္စရာပင္မရွိ ။ ဧည့္ခန္းထဲမွဆိုဖာေပၚ အိပ္ခန္းထဲရွိအိပ္ရာေပၚတြင္လည္း အကၤ်ီအဝတ္အစားမ်ားမွာ ျပန့္က်ဲေန၏ ။ မသိလွ်င္ အခန္းတစ္ခုလုံး တိုင္ဖြန္းမုန္တိုင္းဝင္တိုက္သြားသည့္အလား ။ လြန္ခဲ့ေသာနာရီပိုင္းေလာက္က အခန္းထဲတြင္ ျဖစ္ပ်က္သြားေသာ ခ်စ္ရမၼက္ျပင္းျပသည့္လုပ္ရပ္မ်ားအေၾကာင္း စိတ္ကူးယဥ္ၾကည့္ဖို႔ မခက္ခဲလွ ။
ရွန့္မင္ေအာ္တံခါးကိုပိတ္ၿပီး တစ္ဖက္လွည့္လာသည္ႏွင့္ ျမင္လိုက္ရသည္က ၾကမ္းျပင္ေပၚ ၾကက္ေသေသေနေသာဖန္းလီပင္ ။ ကားထားေသာေျခေထာက္တို႔ႏွင့္အတူ သူ၏အစိတ္အပိုင္းတို႔ကပါ မရွက္မေၾကာက္သည့္အလား ေပၚလြင္ေန၏ ။ ရွန့္မင္ေအာ္မွာ မႏွစ္ၿမိဳ႕လွဟူေသာအမူအရာႏွင့္အတူ မ်က္ခုံးတို႔ပါ တစ္ပါတည္း တြန့္ခ်ိဳးလာ၏ ။
"အရွက္မရွိရင္ အဲ့လိုဆက္ေနေနလိုက္ "
ရွန့္မင္ေအာ္အသံကား တိုးေကာင္းတိုးေနလိမ့္မည္ ။ သို႔ေသာ္ သူအေလးအနက္ေျပာေနသည္ေတာ့အမွန္ ။
ဖန္းလီတစ္ေယာက္ ဘာကိုမွနားမလည္နိုင္ျဖစ္ေနသည့္တိုင္ ရွန့္မင္ေအာ္၏စကားတြင္ တစ္ခဏေတာ့ေရွာ့ခ္ရသြားေသး၏ ။ သို႔ေသာ္ မ်က္ႏွာအမူအရာမွာ ဇေဝဇဝါျဖစ္ေနေသးဟန္ ။
လုဖုန္းတစ္ေယာက္ ဖန္းလီပုခုံးအား ေနာက္မွတစ္ခ်က္ကန္လိုက္ကာ သတိေပးလိုက္၏ ။
"မင္းေျခေထာက္ကိုအရင္စိလိုက္ၿပီး ထ,စကားေျပာ"
ထိုအခ်ိန္မွာပင္ ေရခ်ိဳးခန္းတံခါးပြင့္လာခဲ့ၿပီး ေရွာင္းေမာ့ယြီထြက္ေပၚလာခဲ့၏ ။ ဆံပင္ကိုထုံးထားၿပီး ေရခ်ိဳးခန္းသုံးဝတ္႐ုံတစ္ထည္သာဝတ္ဆင္ကာ ထြက္လာေသာေရွာင္းေမာ့ယြီပါပင္ ။
"ဟန္နီ ၊ ဒီညတစ္ခုခု သြားစား...."
သူမ တစ္ခန္းလုံးကိုဖ်တ္ခနဲၾကည့္လိုက္ၿပီး ရွန့္မင္ေအာ္ဆီအေရာက္ သူမအၾကည့္တို႔မွာ ေရခဲတစ္မွ် ေအးခဲရပ္တန့္သြားခဲ့၏ ။ လုဖုန္းလက္ထဲမွဖုန္းမွ တစ္ခုခုကိုရိုက္ယူေနသည္ကို ေတြ႕ေသာအခါ သူမ,အရာအားလုံးကို သေဘာေပါက္နားလည္သြားပုံရသည္ ။ ေၾကာက္မက္ဖြယ္ေကာင္းေသာ မ်က္ႏွာအမူအရာမွာ သူမ,မ်က္ႏွာေပၚ ႐ုတ္ခ်ည္းပင္ထြက္ေပၚလာခဲ့၏ ။
ကုတင္ေဘးနားစားပြဲေပၚတင္ထားေသာဘူးမွ ေဆးလိပ္တစ္လိပ္ထုတ္ယူ မီးညွိလိုက္ၿပီး လက္ေခ်ာင္းၾကားထိန္းကိုင္ထားေသာ သူမ ။ ထို႔ေနာက္ ေရွာင္းေမာ့ယြီမွာ ကုတင္ေပၚေျခခ်ိတ္ထိုင္ကာ ရွန့္မင္ေအာ္ကို ေျပာလာခဲ့၏ ။
"ရွင္ ဘာလုပ္ခ်င္တာလဲ ?"
ရွန့္မင္ေအာ္ကား သူမထံသို႔ ေျခလွမ္းက်ယ္ႀကီးမ်ားႏွင့္ ဦးတည္ေလွ်ာက္သြားခဲ့၏ ။ တစ္ခ်ိန္တည္းမွာပင္ လုဖုန္းလက္ထဲမွဖုန္းကိုလည္း ဆက္မရိုက္ေတာ့ရန္ အခ်က္ေပးလာ၏ ။ လုဖုန္းမွာ အခ်က္ျပျခင္းကို နားလည္လိုက္ၿပီး recordလုပ္ေနျခင္းကို ရပ္တန့္လိုက္၏ ။
"မစၥတာေရွာင္းကို ငါတို႔ႏွစ္ေယာက္ရဲ႕အက်င့္စရိုက္ေတြက သဟဇာတမျဖစ္ဘူးလို႔ ေျပာလိုက္မယ္....."
က်န္ေသာ စကားလုံးမ်ားမွာကား ပိတ္သြားေသာအိပ္ခန္းတံခါးႏွင့္အတူ ေျခရာလက္ရာပါမက်န္ခ်ိတ္ပိတ္လိုက္သကဲ့သို႔ ေပ်ာက္ကြယ္သြားခဲ့၏ ။
ဧည့္ခန္းထဲတြင္ကား လုဖုန္းမွာ တိတ္တဆိတ္ နံရံကိုမွီရင္း ေငးငိုင္ေနမိ၏ ။ ရိတကြၽမ့္ကား ျပတင္းေပါက္ေဘးရပ္ကာ အေပၚဆုံးအလႊာမွျမင္ရေသာ ၿမိဳ႕ျမင္ကြင္းကို ရႈစားေနခဲ့၏ ။ ရံဖန္ရံခါ သက္ျပင္းခ်ၿပီး ကမာၻႀကီး၌ခ်မ္းသာသူႏွင့္ မခ်မ္းသာသူတို႔ၾကား တရားမွ်တမႈမရွိေၾကာင္း မွတ္ခ်က္ခ်ေနလိမ့္မည္ ။
ဖန္းလီကား အခန္းအလယ္တည့္တည့္တြင္ ေၾကာင္ေတာင္ေတာင္ႏွင့္ရပ္ေန၏ ။ သူ၏ျဖစ္တည္မႈကို လုဖုန္းႏွင့္ရိတကြၽမ့္က လ်စ္လ်ဴရႈထားေၾကာင္း သတိထားမိသြားေသာအခါ အဝတ္အစားတစ္ခ်ိဳ႕ကိုေကာက္ယူၿပီး ေျပးထြက္ဖို႔ျပင္၏ ။
"ဘယ္သြားမလို႔လဲ ?" လုဖုန္းေမးလိုက္သည္ ။
ဖန္းလီကား အက်ပ္ရိုက္ေနသည့္ပုံစံျဖင့္ လုဖုန္းအားၿပဳံးျပလာခဲ့၏ ။
"အကိုႀကီး , ဒီတစ္ခါေတာ့ အဲ့လိုမလုပ္ၾကရေအာင္ ၊ ကြၽန္ေတာ္တို႔အခ်င္းခ်င္းလည္းသိေနတာပဲ ၊ ဒီျပႆနာကေန လြတ္ေျမာက္ခြင့္ေပးပါ "
လုဖုန္း ဖန္းလီကိုျပန္ေျပာဖို႔ျပင္ကာရွိေသးသည္ ။ ရိတကြၽမ့္မွာ ဖန္းလီေျပာသည္ကိုၾကားကာ စတင္ရယ္ေမာလာေတာ့၏ ။
"အကိုႀကီး ? မင္းသူ႕ကို အဲ့လိုေခၚလိုက္တာလား ? အခုအခန္းထဲမွာရွိတဲ့သူက သူနဲ႕ဘာေတာ္လဲသိရဲ႕လား ?"
ဖန္းလီမွာ လုဖုန္းကိုတစ္ခါ တံခါးဆီသို႔တစ္ခါ လက္ညွိုးထိုးျပကာ စိတ္ရႈပ္ေထြးမႈျဖင့္ ေၾကာင္ၾကည့္ေနခဲ့၏ ။
"ငါ့အကို " လုဖုန္းခနရပ္တန့္လိုက္ၿပီးေနာက္မွ စကားလုံးအခ်ိဳ႕ကိုထပ္ေျပာလိုက္၏ ။ "ဥပေဒအရေပါ့ "
ဖန္းလီကား မၾကာခင္ ေသအဲ့ဆဲဆဲဘဝသို႔ က်ေရာက္ေတာ့မည္ကို နားလည္သြားပုံရသည္ ။ သည္တစ္ေခါက္ေတာ့ သူတကယ္သြားၿပီဆိုတာ ဖန္းလီ သိလိုက္ရသည္ ။
"ဘယ္လိုေတာင္ တိုက္ဆိုင္ရတာလဲ ..."
ဖန္းလီတစ္ေယာက္ ဟိုတယ္အခန္းထြက္ေပါက္ကို တိတ္တဆိတ္ခိုးၾကည့္ရင္း လုဖုန္းအားေျပာလာခဲ့၏ ။
ဖန္းလီမွာ ထြက္ေျပးလြတ္ေျမာက္ဖို႔အခြင့္အေရးကို ရွာေနဆဲျဖစ္ေၾကာင္း လုဖုန္းျမင္ေနရသည္ ။ ထို႔ေၾကာင့္ပင္ သတိေပးသည့္အေနျဖင့္
"အခုလက္ရွိ ငါ့ေရွ႕ကေန ထြက္ေျပးခ်င္ေနတဲ့သူအတြက္ေတာ့ အုတ္ဂူတစ္လုံး အသင့္ရွိေနၿပီသား ၊ အုတ္ဂူပတ္ပတ္လည္က က်ဴပင္ေတြကလည္း ႏွစ္မီတာေက်ာ္ေက်ာ္ေလာက္ ရွည္ေလာက္တယ္"
ဖန္းလီကား လုဖုန္းႏွင့္ရိတကြၽမ့္ကို တစ္လွည့္စီၾကည့္လာခဲ့၏ ။ ထို႔ေနာက္တြင္ ေစာေစာကၾကမ္းျပင္ထက္မွ ေကာက္ယူသြားခဲ့ေသာ အဝတ္အစားတို႔ကို က်ိဳးက်ိဳးႏြံႏြံျဖင့္ ေနရာတက်ျပန္ထားေနေတာ့၏ ။
"ေကာင္းၿပီ ၊ ကြၽန္ေတာ္က စက္ဆုပ္ဖို႔ေကာင္းတယ္ ၊ အခုျဖစ္လာသမွ်အရာအားလုံးနဲ႕ ထိုက္တန္တယ္ဆိုတာ ဝန္ခံတယ္"
ဖန္းလီမွာ စကားတေျပာေျပာႏွင့္ပင္ ဆိုဖာေပၚသို႔ စိတ္ပ်က္စြာ ထိုင္ခ်လိဳက္၏ ။
ရွန့္မင္ေအာ္ႏွင့္ ေရွာင္းေမာ့ယြီတို႔စကားေျပာေနသည္မွာ သိပ္မၾကာလိုက္ ။ ဆယ္မိနစ္ခန့္ၾကာေသာအခါ အိပ္ခန္းတံခါးမွာ ျပန္ပြင့္လာခဲ့၏ ။
ရွန့္မင္ေအာ္အခန္းထဲမွ ထြက္လာၿပီး တံခါးကိုျဖတ္႐ုံရွိေသးသည္ ။ ေရွာင္းေမာ့ယြီ၏ စူးစူးဝါးဝါးေအာ္သံက အိပ္ခန္းထဲမွက်ယ္ေလာင္စြာ ထြက္ေပၚလာေတာ့၏ ။
" ရွန့္မင္ေအာ္ရွင္ကလုံးဝပုံမွန္မဟုတ္တဲ့ လူထူးလူဆန္းပဲ ၊ ဒီကမာၻမွာရွင့္ကိုသည္းခံနိုင္တဲ့မိန္းမမ်ိဳး ရွိလိမ့္မယ္မထင္နဲ႕ "
ေရွာင္းေမာ့ယြီမွာ ေဒါသႏွင့္အတူ ရွန့္မင္ေအာ္အား အဝတ္အစားတို႔ျဖင့္ ေကာက္ေပါက္ေတာ့သည္ ။ သို႔ေသာ္ လုံေလာက္ေသာအားအင္မရွိရငွား အဝတ္အစားတို႔မွ လမ္းတစ္ဝက္သာေရာက္ေပ၏ ။
"အဲ့မွာ တစ္ေယာက္တည္း အထီးက်န္ၿပီးေသဖို႔သာ ရွင္ထိုင္ေစာင့္ေနလိုက္ေတာ့ "
"အခုေလးတင္ မင္းသေဘာတူထားတာကိုသာ မေမ့ပါနဲ႕ "
ေရွာင္းေမာ့ယြီ၏လုပ္ရပ္မ်ား စကားလုံးမ်ားမွာ ရွန့္မင္ေအာ္အား လုံးဝအေႏွာင့္အယွက္မျဖစ္ ။ ရွန့္မင္ေအာ္မွာ ယခင္အတိုင္းရည္မြန္သူတစ္ေယာက္အသြင္သာ ေဆာင္လ်က္ ။
"အဲ့ဒါဆို မင္းတို႔ႏွစ္ေယာက္လုံးကို ထပ္မေႏွာင့္ယွက္ေတာ့ဘူး ။ ငါအရင္သြားၿပီ "
ထြက္သြားဖို႔ရန္ တံခါးဆီသို႔ဦးတည္ေနေသာ ရွန့္မင္ေအာ္ကိုေတြ႕ေတြ႕ခ်င္းပင္ လုဖုန္း ရွန့္မင္ေအာ္ေျခလွမ္းမ်ားေနာက္ အလ်င္အျမန္ ေျပးလိုက္ဖို႔ျပင္ရေတာ့သည္ ။ မထြက္လာခင္ ေရွာင္းေမာ့ယြီအား ႏႈတ္ဆက္ဖို႔လည္း လုဖုန္းမေမ့ခဲ့ ။
"record လုပ္ထားတာအတြက္လည္း ဘာမွမပူပါနဲ႕ ၊ ကြၽန္ေတာ့္အကိုေျပာတဲ့အတိုင္းသာ လိုက္လုပ္ရင္ အလိုလိုဖ်က္ၿပီးသားျဖစ္သြားလိမ့္မည္ ၊ ေနာက္မွေတြ႕မယ္ မစၥေရွာင္း"
ရိတကြၽမ့္ကား သူ႕ေရွ႕မွတင္ျဖစ္ပ်က္သြားေသာ ဇာတ္ထုပ္ျဖည္ခန္းကိုၾကည့္ရင္း မယုံၾကည္နိုင္ မေဝခြဲနိုင္ျဖစ္ေနေပ၏ ။ မုန္တိုင္းတိုက္လိမ့္မည္ဟု ႀကိဳတင္မွန္းဆခဲ့သမွ် လက္ေတြ႕တြင္ကား မိုးဖြဲဖြဲသာ႐ြာသည္ႏွင့္ပင္ တူေန၏ ။
"ဒါကဒီလိုႀကီးၿပီးသြားမွာလား ? ကြၽန္ေတာ္တို႔ဒီဆန္ကုန္ေျမေလးေကာင္ကို ခ်ီးထြက္ေအာင္ရိုက္သတ္ၿပီး သူ႕ပစၥည္းကိုေလးခြနဲ႕ေဆာ္ သူ႕-င္ထဲ တစ္ခုခုထိုးထည့္တာမ်ိဳး မလုပ္ဘူးလား ?"
ရိတကြၽမ့္ဆီအလုပ္အပ္ေသာ ယခင္ေဖာက္သည္မ်ားမွာ အေတာ္ေလးကို အႀကံဉာဏ္ကြန့္ျမဴးၾကပုံေပၚသည္ ။
ရွန့္မင္ေအာ္ ထြက္သြားေတာ့မည္ကို ျမင္လိုက္ရေသာ လုဖုန္းမွာ ရိတကြၽမ့္အား ပုခုံးတစ္ခ်က္ပုတ္ကာ ေက်းဇူးတင္စကားေျပာရင္း ရွန့္မင္ေအာ္ေနာက္ေျပးလိုက္ဖို႔ ျပင္ရေတာ့သည္ ။
"အဲ့ဒီအတြက္ ဘာမွလုပ္စရာမလိုအပ္ေတာ့ဘူး ၊ ဒီေန႕မင္းကိုအရမ္းေက်းဇူးတင္တယ္ ၊ ေနာက္တစ္ခါဆို ငါမင္းကိုဒကာခံပါ့မယ္"
လုဖုန္း ရွန့္မင္ေအာ္ေနာက္လိုက္သြားေသာအခ်ိန္တြင္ ရွန့္မင္ေအာ္ဝင္သြားေသာဓာတ္ေလွကားမွာ တံခါးပိတ္ဖို႔ျပင္ေနၿပီျဖစ္၏ ။ ထို႔ေၾကာင့္ လုဖုန္းမွာ ခႏၶာကိုယ္ကိုေဘးေစာင္း၍ ဓာတ္ေလွကားမပိတ္ခင္ မရရေအာင္ ဖ်စ္ညွစ္ဝင္ရေတာ့သည္ ။
"အကို ေရွာင္းေမာ့ယြီနဲ႕ေဆြးေႏြးတာ ၿပီးခဲ့ၿပီလား?"
စကားသံမွာ လုံးဝတန္ျပန္မလာခဲ့ ။ ေျပာရလွ်င္ ရွန့္မင္ေအာ္ကား လုဖုန္းကို လုံးဝဥႆုံလ်စ္လ်ဴရႈထားခဲ့၏။
"အကို ကြၽန္ေတာ့ကို ဘယ္လိုေက်းဇူးျပန္ဆပ္မလဲ ?'
လုဖုန္း ရွန့္မင္ေအာ္၏အခ်ိဳးအစားက်လွေသာ ႏႈတ္ခမ္းလႊာမ်ားကို ေငးစိုက္ၾကည့္ရင္းေျပာလိုက္သည္ ။ တစ္ခ်ိန္တည္းမွာပင္ ထိုႏႈတ္ခမ္းလႊာမ်ား သူ႕ႏႈတ္ခမ္းထပ္ဖိကပ္လိုက္ရသည့္ခံစားခ်က္ကို ျပန္ေျပာင္းစဥ္းစားမိသည္ ။
"ကြၽန္ေတာ္ အမ်ားႀကီးမလိုခ်င္ပါဘူး ၊ ေစာေစာက ကြၽန္ေတာ္လုပ္ခဲ့သလို လုပ္႐ုံပဲ ၊ ဒီတစ္ေခါက္ အစျပဳရမည့္သူက အကိုဆိုတာကလြဲလို႔ေပါ့ "
လုဖုန္းေျပာလိုက္ေသာစကားမ်ားက ရွန့္မင္ေအာ္အား ေစာေစာကျဖစ္ပ်က္ခဲ့သည္မ်ားကို သတိရသြားေစပုံရသည္ ။ ယခုအခ်ိန္တြင္ ရွန့္မင္ေအာ္မွာ အမွန္ပင္ေဒါသထြက္ေနေခ်ၿပီ ။
မၾကာလိုက္ေသာအခ်ိန္ခဏအတြင္းမွာပင္ လုဖုန္း၏အကၤ်ီေကာ္လံကိုေဆာင့္ဆြဲကာ ဓာတ္ေလွကားနံရံဆီသို႔ ပစ္တြန္းလိုက္ေသာ ရွန့္မင္ေအာ္ပါေပ ။
ဓာတ္ေလွကား၏ နံရံသုံးဖက္တြင္ ေ႐ႊေဘာင္ကြပ္ျပတင္းတို႔ကို တပ္ဆင္ထား၏ ။ မွန္ျပတင္းေပါက္တိုင္းဆီမွ ရွန့္မင္ေအာ္၏ရက္စက္ၾကမ္းၾကဳတ္ေသာမ်က္ႏွာက လုဖုန္းအား ျပန္စိုက္ၾကည့္ေနသကဲ့သို႔ပင္ ။ သို႔သည္တိုင္ လုဖုန္း၏မ်က္ႏွာတြင္ကား အၿပဳံးမ်က္ႏွာကဆက္လက္က်န္ရွိေနဆဲ ။ မသိလွ်င္ ေနာက္ထပ္အရိုက္ခံဖို႔ ေတာင္းဆိုေနသည့္အလား ။
"ေရွာင္းေမာ့ယြီက ဘယ္လိုမိန္းမမွန္း ငါမသိဘူးမ်ားထင္ေနလား "
ရွန့္မင္ေအာ္ လုဖုန္းနား ျဖည္းျဖည္းစီတိုးကပ္လာရင္း ေျပာသည္ ။
"အဲ့ေတာ့ မင္း အဲ့မိန္းမကိုေမာင္းထုတ္နိုင္ခဲ့ရင္ေတာင္ ဘာလုပ္ရမွာလဲ ? လုဖုန္း ငါမင္းနဲ႕တူတူ အိပ္ရာေပၚေရာက္ေနတာထက္စာရင္ ျပည့္တန္ဆာမိန္းမပ်က္တစ္ေယာက္ကိုပဲ လက္ထပ္ယူလိုက္မယ္ "
ရွန့္မင္ေအာ္၏အသက္ရႈေငြ႕က လုဖုန္းမ်က္ႏွာသို႔ပင္ လာေရာက္ရိုက္ခတ္၏ ။ ရွန့္မင္ေအာ္အနားသို႔ တိုးလာေလေလ သားေရသားႏွင့္ ကတိုးေရေမႊးနံ႕က ျပင္းထန္လာေလေလပင္ ။ သူ႕အေနႏွင့္ လ်စ္လ်ဴရႈထားဖို႔ရန္ပင္ ခက္ခဲလြန္းလွ၏ ။
ရွန့္မင္ေအာ္၏ ကိုယ္သင္းရနံ႕ကား သူထုတ္လႊတ္လိုက္ေသာ ေဟာ္မုန္းတို႔၏သ႐ုပ္သကန္အလား ။ တစ္စုံတစ္ေယာက္အေနျဖင့္ အခ်ိန္ၾကာရႉရွိုက္မိသည္ရွိေသာ္ ယစ္မူးကာ အားအင္ခ်ိနဲ႕သြားနိုင္ေလာက္သည္အထိပင္။
"ငါေျပာတာ နားလည္လား ?"
လုဖုန္း၏ ပါးရိုးမ်ားအားဆုပ္ကိုင္ထားေသာ လက္ေတြသည္ နဂိုထက္ပိုမိုတင္းၾကပ္လာလ်က္ ။
ပါးရိုးထက္မွ ျပင္းထန္ေသာနာက်င္မႈသည္ လုဖုန္းအား အသိေပးလိုက္သကဲ့သို႔ပင္ ။ ရင္ထဲရွိေဒါသမ်ားကို ခ်ဳပ္တည္ထားရေသာ ရွန့္မင္ေအာ္၏မ်က္လုံးတို႔ႏွင့္ ရင္ဆိုင္ေတြ႕ခ်ိန္ ကိုယ့္ကိုယ္ကိုယ္ မသိလိုက္ခင္မွာပင္ လုဖုန္းအလိုလိုေခါင္းညိတ္မိလိုက္ေတာ့သည္ ။
"နားလည္ပါၿပီ..."
ရွန့္မင္ေအာ္အေနႏွင့္ ေရွာင္းေမာ့ယြီ၏ လူတကာႏွင့္ေပြရႈပ္လြန္းေသာ ဘဝေနထိုင္မႈပုံစံကို သိထားၿပီးျဖစ္ေသာ္ျငား မသိသလိုသာေနရန္ ေ႐ြးခ်ယ္ခဲ့ပုံရသည္ ။ ရွန့္မင္ေအာ္ေနရာတြင္ အျခားသူတစ္ဦးသာျဖစ္ခဲ့ေသာ္ အခ်စ္အတြက္မို႔ ကန္းခ်င္ေယာင္ေဆာင္ရသည့္ အေနအထားမ်ိဳးျဖစ္လိမ့္မည္ ။ ရွန့္မင္ေအာ္ကား ထိုသို႔မဟုတ္ ။ ေရွာင္းေမာ့ယြီအား သူလုံးဝဂ႐ုမစိုက္၍သာ မသိခ်င္ေယာင္ေဆာင္ေပးခဲ့ျခင္းပင္ ။
တကယ္တမ္း ရွန့္မင္ေအာ္သည္ သတို႔သမီးေလာင္းတစ္ေယာက္ကိုသာ လိုအပ္ေနခဲ့ျခင္းျဖစ္၏ ။ သို႔မွသာ သူ႕အေနျဖင့္ အေသြးအသားရွိသူတစ္ေယာက္ ၊ အပူအေအးကို ခြဲျခားသိသူတစ္ေယာက္ ၊ သာမန္လူတစ္ေယာက္အျဖစ္ လူအမ်ားၾကား ရပ္တည္နိုင္ေပလိမ့္မည္ ။
လိုအပ္လွ်င္ ရွန့္မင္ေအာ္ဆိုေသာသူသည္ ' baby Honey' စေသာ စကားလုံးမ်ားကို ေန႕စဥ္အသုံးျပဳေျပာဆိုတတ္ေသာ ခ်ိဳသာေသာ အခ်စ္တြင္ လြန္လြန္ၾကဴးၾကဴးကိုေပ်ာ္ဝင္ေနပါေသာ လူတစ္ေယာက္အျဖစ္ပါ ဟန္ေဆာင္နိုင္ေပမည္ ။
အဘယ္ေၾကာင့္ ထိုသို႔ ဟန္မေဆာင္ခဲ့ပါသလဲဆိုလွ်င္ အေျဖကရွင္းရွင္းေလးသာျဖစ္၏ ။ မလုပ္နိုင္ခဲ့ျခင္းေၾကာင့္မဟုတ္ ။ တမင္သက္သက္မလုပ္ခဲ့ျခင္းသာ ။ တစ္နည္းေျပာရလွ်င္ သူ၏ လုဖုန္းအေပၚမႏွစ္ၿမိဳ႕မႈကို ဖုံးကြယ္ထားမႈမရွိသကဲ့သို႔ပင္ ။
ပြင့္ပြင့္လင္းလင္းဆိုရေသာ္ ရွန့္မင္ေအာ္အေနႏွင့္ လုဖုန္းႏွင့္ေရွာင္းေမာ့ယြီတို႔ ႏွစ္ေယာက္စလုံးအား မ်က္ႏွာဖုံးတပ္ကာ ေကာင္းမြန္ေသာအျပဳအမူတို႔ျဖင့္ လိမ္ညာလွည့္စားဖို႔ရာ ထိုက္တန္သူမ်ားဟု သတ္မွတ္ဟန္ပင္မတူ ။ လုဖုန္းကား ေရွာင္းေမာ့ယြီေနာက္တြင္ေတာင္ ေနရာအဆင့္သတ္မွတ္ျခင္းခံေကာင္းခံရနိုင္သည္ ။
ရွန့္မင္ေအာ္မွာ အစတည္းက ေရွာင္းေမာ့ယြီကိစၥကို အေရးႀကီးသည္ဟု ထင္မွတ္ထားခဲ့ပုံမေပၚ ။ သို႔ေသာ္ လုဖုန္းပါဝင္လာေသာအခါ ထိုကိစၥမွာ ရွန့္မင္ေအာ္မထိန္းခ်ဳပ္နိုင္ေသာ အေျခအေနေရာက္သြားေလသည္ ။ ေနာက္ဆုံး ရွန့္မင္ေအာ္မွာ မတတ္နိုင္ဘဲ သူ႕မ်က္ႏွာဖုံးကိုခြာခ်ဖိဳ႕ရန္သာျဖစ္လာေတာ့သည္ ။ ယခုကိစၥတြင္ သူဘယ္ေလာက္ေဒါသထြက္ေနသလဲဆိုသည္ကို လုဖုန္းလည္ပင္းအား သက္ေရာက္ေနေသာ အားမွတစ္ဆင့္ ခံစား၍ရနိုင္ေပ၏။
ထိုစဥ္ ဓာတ္ေလွကားမွာ ရပ္သြားၿပီး ရွန့္မင္ေအာ္သည္လည္း လုဖုန္းအားလႊတ္ေပးလိုက္၏ ။ ဓာတ္ေလွကား အျပင္ဘက္မွလူမ်ား၏ ေရွာ့ခ္ရေသာအၾကည့္မ်ားသည္ သူ႕အတြက္ဘာမွမဟုတ္သလိုပင္ ။ထုံးစံအတိုင္း တစ္ျခားသူမ်ားကို ဂ႐ုလုံးဝမစိုက္ပဲ ဓာတ္ေလွကားထဲမွ လမ္းေလွ်ာက္ထြက္သြားေတာ့၏ ။
လုဖုန္း နာက်င္ကိုက္ခဲေနေသာ ပါးရိုးအားတစ္ခ်က္ပြတ္သပ္လိုက္ၿပီး ဓာတ္ေလွကားေရွ႕မွာလူမ်ားကို ေရွာင္ကြင္းကာ ရွန့္မင္ေအာ္ေနာက္ ေျပးလိုက္လာခဲ့၏ ။
"ေကာင္းၿပီ ၊ အဲ့ဒါဆို အေႂကြးမွတ္ထား ေနာက္ျပန္ဆပ္ "
လုဖုန္း ထြက္ခြာသြားသူကို ၾကည့္ကာ ေအာ္ေျပာမိသည္ ။ သူ႕စကားအား ရွန့္မင္ေအာ္၏တုံ႕ျပန္ပုံ မေျပာႏွင့္ တုံ႕ျပန္ခဲ့ရဲ႕လားဆိုသည္ကိုေတာင္ မျမင္လိုက္ရ ။ ထို႔ေနာက္ လုဖုန္း လက္ႏွစ္ဖက္အား အိတ္ကပ္ထဲထည့္ကာ ထိုေနရာမွအျမန္ဆုံး ထြက္ခြာဖို႔ရန္ ဆုံးျဖတ္လိုက္သည္ ။
T/ N
ဒီတစ္ေခါက္က နည္းနည္း တကယ္ေတာ့ ေတာ္ေတာ္ေလးၾကာသြားတာပါ
စာလုံးေရမ်ားတာေရာ မအားတာေရာ Typeဖို႔အတြက္ လက္ကအဆင္မေျပတာေရာ အကုန္ေရာသမသြား🤣
ဒီအခန္းကို အေတာ္ဖတ္ေစခ်င္ခဲ့တာ
လုဖုန္းရဲ႕ ဇြဲသတၱိကိုေလးစားလြန္းလို႔ ဘာသာျပန္ၿပီးတဲ့အခ်ိန္ ခရက္ရွ္ကိုေတာင္ ကားတင္ေျပးခ်င္မိ😞✊️
အဲ့ခ်ိန္က် တို႔ကို ကူညီၾကမယ္မလား😆