"ဟင် ဖြေလေ အချစ် "
"အားး "
"အချစ် ဘာဖြစ်လို့လည်း "
"အ အား နာတယ်လို့ အချစ် "
"ပြောလေ ထပ်ပြောစမ်း "
"လွှတ်နော် အချစ် အ့.."
"အားး အချစ် ... နာတယ်လို့ "
..................
"ဂျီမင်း ဘာ ဘာလို့ "
"ကျစ် "
"ဖြေလေ ထယ် "
"ထယ်...."
"ဟာကွာ ... တောက် "
"ဝုန်း..ခလွမ်း "
.................
"ဟီး အဟင့် "
"အချစ်ရယ် "
...................................
"တောက် "
"Taekook is Real "
ဂျင်က
"ငယ်လေး "
PD စကားအဆုံး
"ငယ်လေး "
.................................
Unicode....
မနက်စောစော ဂျောင်ကုမနိုးခင် အိမ်ပြန်ရန်အစောကြီးထလာတဲ့ထယ်ယောင်း..ခေါင်းတွေကိုက်နေပေမယ့် မနေ့ညက အကြောင်းတွေအကုန်မှတ်မိနေကာ တစ်ယောက်တည်း ရှက်နေမိသည်.. တကယ်ဆို ကိုယ့်ကိုယ်ကိုယ်သာစဉ်းစားပြီး အတ္တကြီးပစ်လိုက်ချင်၏..
ဘေးနားကဂျောင်ကုကို ကြည့်မိတော့ အိပ်ပျော်နေသည်မှာ ချစ်စဖွယ်.. ယုန်သွားလေးနှစ်ချောင်းမှာ ပွင့်ဟနေသောနှုတ်ခမ်းတို့ကြောင့် မဆိုသလောက်လေးထွက်ကာ အသည်းယားဖို့တောင်ကောင်းနေသည်..
...ဒါလား သူ့ကိုဇွတ်တရွတ်နမ်းတတ်တဲ့ စွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းလေး ...ထယ်ယောင်းလက်ချောင်းတို့နဲ့ ဖွဖွလေးထိကိုင်နေမိသည်.. နှာခေါင်းလုံးလုံးလေးရယ် မေးရိုးထင်းထင်းရယ် နှုတ်ခမ်းအောက်ကမှဲ့လေးရယ် သူ့ကုကီက လူချော...
"မောင် က အဲ့လောက်တောင်ချောတာလား "
ဖျတ်ခနဲပွင့်လာသောမျက်ဝန်းတို့နဲ့ တစ်ဆက်ထည်းထွက်လာသော စကားသံကြောင့် ထယ်ယောင်းလက်လေးအား ရုတ်လိုက်မိတော့ ဂျောင်ကုထိုလက်လေးအားဖမ်းဆုပ်ထားကာ
"ဟင် ဖြေလေ အချစ် "
မျက်နှာလေးရဲကာ အခုထိသူ့ကိုမကြည့်ရဲတဲ့ အကောင်ပေါက်လေးကြောင့် ဂျောင်ကုအသည်ယားစွာ ဆုပ်ကိုင်ထားသော လက်ဖမိုးလေးအားနမ်းမိတော့ အတင်းရုန်းထွက်ကာ
"မင်း မင်းနော် ဘာ မောင်လည်း ငါ.. "
"မချစ်ဘူးလို့ငြင်းမလို့လား အချစ် ချစ်နေရဲ့သားနဲ့ကွာ ဘာလို့ငြင်းနေရတာလည်း အချစ်ရဲ့ "
"ငါ မျက်နှာသစ်တော့မလို့ "
ပြောပြီး လုံးလုံးလုံးလုံးနဲ့ ရေချိုးခန်းထဲပြေးသွားသော အဆိုးလေးကြောင့် ဂျောင်ကု ရယ်မောလိုက်ရင်း
"အချစ်က ပတ်ဝန်းကျင်ကိုရင်မဆိုင်ရဲရင် မောင်လုပ်ပေးရမှာပေါ့ "
"အားး "
ရေချိုးခန်းထဲမှ ထယ်ယောင်းအော်သံကြောင့် ဂျောင်ကုမှာ အပြေးအလွှား
"အချစ် ဘာဖြစ်လို့လည်း "
အကျီအား လည်ပင်းထိဖြဲကြည့်ကာ ည ကသူပေးထားသော Love bite တွေအားလက်ညိုးထိုးပြရင်း
"ဂျွန်ဂျောင်ကု မင်း ဘာလို့ ဒီလောက်အထိလုပ်ထားတာလည်းငါ့ကိုဟင် "
ဂျောင်ကု စပ်ဖြီးဖြီးနဲ့ အချစ်အား မျက်နှာချိုသွေးကာ ကြည့်လိုက်ရင်း
"ဟီး အချစ်ကလည်း အချစ်ပဲညက တအင့်အင့်နဲ့ ...ငြိမ်..."
"အားး ဆက်မပြောနဲ့တော့နော် ဘာပဲဖြစ်ဖြစ် အဲ့လောက်ကြမ်းတမ်းရလား ယုန်စုတ်ရဲ့ ချီးပဲ "
"အချစ်နော် ဘာလည်း အခုထိပြနေတာ ထပ်လုပ်ခံချင်နေပြီလား "
ထယ်ယောင်းဂျောင်ကု ဗိုက်အားလိမ်ဆွဲလိုက်တော့သည်
"အ အား နာတယ်လို့ အချစ် "
"ပြောလေ ထပ်ပြောစမ်း "
"လွှတ်နော် အချစ် အ့.."
"မလွှတ်ဘူး ပြတ်ထွက်သွားပါစေ လူကိုလည်းအချစ်အချစ်နဲ့ အသားယူတဲ့ဟာကြီး "
"အချစ်လက်ထဲကလွတ်ရင် အချစ်မောင့်လက်ထဲကနေပြေးလွတ်မယ်ထင်နေလား တစ်ကိုယ်လုံးအမှတ်လုပ်ပစ်မယ် "
ဂျောင်ကု စကားအဆုံးပိုလို့ပင် လိမ်ဆွဲလိုက်သောထယ်ယောင်း
"အားး အချစ် ... နာတယ်လို့ "
ရေချိုးခန်းထဲကဂျောင်ကုမှာ အသံပြဲကြီးနဲ့ သာယာတဲ့မနက်ခင်းအား အစပြုလိုက်လေရဲ့ ...
..................
ဂျီမင်းတို့ အကလေ့ကျင့်နေရင်း သီချင်းဆုံးတော့ ၇ ယောက်လုံးကြမ်းပြင်ပေါ် အတုံးအရုံးပစ်လှဲကာ အနားယူနေကြသည်..
ဂျီမင်း သူ့ဘေးကလှဲနေသော ထယ်ယောင်းအားကြည့်မိတော့ ရှပ်အကျီကျယ်သီးအပေါ်ဆုံးအလုံးကပြုတ်နေကာ မပေါ်တပေါ်လည်ပင်းဖြူဖြူလေးမှာ နီညိုရောငအကွက်တွေအထင်းသား...
ထယ်ယောင်းအကျီအား မြန်မြန်ဆွဲချကာ ကြည့်မိတော့ ကတန်းကမန်းပြန်ဖုံးလိုက်တဲ့ထယ်ယောင်း
"ဂျီမင်း ဘာ ဘာလို့ "
"ထယ် ... မင်း ဒါဘာဖြစ်လာတာလည်းပြောစမ်း "
ဂျီမင်းရဲ့ဟိန်းနေသောအသံကြောင့် နမ်ဂျွန်းတို့ ဂျင်တို့ အားလုံးမှာလည်း သူနဲ့ထယ့်ကိုကြည့်လာကာ
"ယောင်းငယ် ဘာဖြစ်လို့လည်း "
"ကျစ် "
ဂျောင်ကုစုတ်တစ်ချက်သတ်ကာ ထယ်ယောင်းအကျီကော်လံမှဆွဲထားသော ဂျီမင်းလက်အားပုတ်ထုတ်လိုက်လေသည်..
ဂျီမင်းဂျောင်ကုအား ဂရုမစိုက်နိုင် ထယ်ယောင်းကိုသာ အသည်းအသန်ကြည့်၍
"ဖြေလေ ထယ် "
ထယ်ယောင်း အလွန်ပင်လန့်လာကာ မျက်နှာလေးပင်ပျက်နေတော့သည်...ဘယ်လိုဖြေရမှာလည်း အားလုံးရှေ့မှာ ဂျောင်ကုပေးတဲ့အမှတ်တွေလို့လား...
ဂျီမင်း အသံလုံးဝထွက်မလာဘဲ မျက်နှာလေးပျက်နေသော ချစ်ရသူအားစိတ်မရှည်စွာ ပုခုံးသားတို့မှဆုပ်ကိုင်လှုပ်ယမ်းလိုက်ရင်း
"ထယ်...."
"သိ.. သိရဲ့သားနဲ့ ဂျီမင်းရယ် မင်း ငါအရှက်ကွဲမှ ကျေနပ်မှာလား "
"ဟာကွာ ... တောက် "
"ဝုန်း..ခလွမ်း "
ဂျီမင်းမျက်စိထဲမြင်နေရတဲ့ အရာမှန်သမျှ နံရံကိုပစ်ပေါက်ကာ ပေါက်ကွဲနေတော့သည်.. ထယ်ယောင်းမှာ ပြေးထွက်သွားတော့သည်...
ဂျောင်ကုလည်း ချက်ချင်းပင် ထယ်ယောင်းနောက်လိုက်သွားတော့သည်..
"ဂျီမင်း စိတ်ထိန်းစမ်း ... "
နမ်ဂျွန်းက ဝင်ဟန့်တော့ ဂျီမင်း ကြမ်းပြင်ပေါ်ထိုင်ချကာ
"အီး အဟီး သွားပြီ သွားပြီဗျာ ...ကျွန်တော့်ထယ် ကျွန်တော့်အပေါ်လုပ်ရပ်တယ် "
ဟျောင်းတွေမှာလည်း မျက်နှာလုံးဝမကောင်းကြတော့ပေ.. အစက ဂျောင်ကုပဲထယ်ယောင်းကို ချစ်သူလိုချစ်တယ်ပဲထင်ခဲ့တာ... အခုဂျီမင်းကပါ ....
အားလုံးတိတ်ဆိတ်ကာ အတွေးကိုယ်စီနဲ့ ယွန်းဂီလည်း ဂျီမင်းငိုနေတာကြောင့် ပြတင်းပေါက်ဘက်မျက်နှာလှည့်ကာ မကြည့်ရက်စွာပင်..
.................
ထယ်ယောင်း ဒီတိုင်းပြေးထွက်လာကာ Ent အနီးရှိ ပန်းခြံက ခုံတန်းလေးပေါ်ငိုနေမိသည်.. ဒါဘယ်လောက်ရှက်စရာကောင်းလိုက်တဲ့အဖြစ်လည်း...
ဂျီမင်းနဲ့အရက်အတူသောက်တဲ့ညက ဂျီမင်းကို ဂျောင်ကုထိုးလိုက်ကတည်းက သူအမူးပြေချင်ချင်ဖြစ်နေကာ အားလုံးကိုသိနေခဲ့သည်.. ဂျီမင်းသူ့ကို သူငယ်ချင်းထက်ပိုနေတာရော.. နမ်းဖို့ကြိုးစားခဲ့တာရော...
ဒါပေမယ့် အခုဘယ်လိုလုပ်မလဲ ဟျောင်းတို့ကို အားနာလှသည် သူ့ကြောင့် အားလုံးရှုပ်ထွေးနေတာမလား
"ဟီး အဟင့် "
ရုတ်တရက်ဆွဲဖက်ခံလိုက်ရသောကြောင့် အလန့်တကြားကြည့်မိတော့ ဂျောင်ကု
"ဖယ် လွှတ် မင်းကြောင့် ... မင်းလုပ်လို့ အဟင့် .."
ဂျောင်ကု အနောက်ကလိုက်လာတာကိုပင်မသိဘဲ ပန်းခြံကခုံတန်းလေးပေါ်ထိုင်ကာ ငိုချလိုက်သော အဆိုးလေးအား ဖက်ထားမိတော့ သူ့ရင်ဘတ်အားထုကာ တတွတ်တွတ်ရန်တွေ့နေတာလေး
"ရှူး ဟုတ်တယ် မောင့်ကြောင့် အဲ့တာကြောင့် မငိုပါနဲ့ကွာနော် "
"မင်းကို ဒီလိုတွေဟျောင်းတို့အပေါ်အားနာရတာကြောင့် မချစ်ဘူးလို့ ပြောနေတာလေအရူးကြီးရဲ့ ... သိရဲ့လား အဟင့် ဟင့် "
ထုရိုက်နေသော လက်လေးတွေအား ဆုပ်ကိုင်ကာ
"အချစ်ရယ် "
...သူ့အချစ်က သူ့ကိုချစ်ရဲ့သားနဲ့ ငြင်းနေရတာ အဖွဲ့ကိုထိခိုက်မှာကြောင့်တဲ့လေ..ချစ်နေရဲ့သားနဲ့ ...
...................................
"တောက် "
PD ရဲ့ တောက်ခေါက်သံကြောင့် အစည်းအဝေးခန်းထဲက BT7 တစ်ဖွဲ့လုံးအပြင် Staff တွေပါ တုန်ခနဲ ...
"ဒါ ဘယ်လိုရှင်းမှာလည်းဟမ်.. "
စားပွဲပေါ်က သတင်းစာကိုလက်ညိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီးမေးနေသော PD အားဘယ်သူမှပြန်မဖြေရဲ..
သတင်းစာမျက်နှာဖုံးမှာ ပန်းခြံထဲတွင် ပွေ့ဖက်နေသော ဂျောင်ကုနဲ့ထယ်ယောင်းပုံအပြင် ခေါင်းစဉ်က
"Taekook is Real "
တစ်မနက်လုံး Media တွေအပြင် တစ်ကမ္ဘာလုံးကသတင်းဌာနတွေမှာ ပွက်ကြောရိုက်လျက်
"LA Concert နီးမှ ဒီသတင်းထွက်ရတဲ့အထိ မင်းတို့ ဘယ်လောက်တောင် အနေအထိုင်မတတ်သလည်း ပြောစမ်း ဘယ်လိုရှင်းရမှန်းတောင်မသိတော့ဘူးကွ "
"ဒါဆိုလည်း မရှင်းနဲ့လေ "
ဂျောင်ကု အသံကြောင့် အားလုံးက ဂျောင်ကုအားအလန့်တကြားကြည့်ကာ
ဂျင်က
"ငယ်လေး "
"အော် အချစ်သူရဲကောင်းကြီးပဲ ပြောပါဦး ဘယ်လိုရှင်းမလဲလို့ "
PD စကားအဆုံး
"Real ပဲလေ Taekook Real ဆိုတဲ့သတင်းက ရှင်းစရာလိုလား သိသိသာသာလည်း ဘာမှထိခိုက်တာမဟုတ်ပဲနဲ့ "
"ဘာပြောတယ် မင်းသိလား အခု Ent ထဲ Share ဝင်ထားတဲ့ အကြီးဆုံး Share ရှင် ယွန်း ဥက္ကဌ က မင်းတို့အဖွဲ့ကိုဆက်ပြီး လက်မတွဲနိုင်တော့ပါဘူးဆိုပြီး နှုတ်ထွက်သွားတယ် "
ဂျောင်ကု တစ်ချက်မဲ့ပြုံးပြုံးလိုက်ကာ
... ယွန်းဘိုရာ မင်းလက်ချက်ပဲမလား...
"ကျွန်တော် ဝင်မယ် အဲ့ Share ရှင်အစား "
ဟျောင်းတွေအားလုံးအလန့်တကြားကြည့်လာကာ ထယ်ယောင်းကခုံအောက်ကနေ ခြေထောက်နဲ့ပိတ်ကန်သည်...
"ဂျောင်ကု မင်းအတော် သတ္တိကောင်းနေတယ်ဟုတ်လား ... မင်းမမေ့နဲ့နော် ငါဘာလည်းဆိုတာ ကျန်တဲ့ကလေးတွေကိုအနှောင့်အယှက်မဖြစ်စေချင်လို့သာ ငြိမ်နေတာ မင်းကငါနဲ့အဆုံးထိသွားချင်ရင် ငါသွားပေးရမလား "
"သွားလိုက်လေ အနည်းဆုံးတော့ ...."
"ငယ်လေး "
ယွန်းဂီထအော်တာကြောင့် ဂျောင်ကု ဆက်ပြောမယ့်စကားလည်ချောင်းထဲပင်ပျောက်သွားလျက်..
"အခု ဒီသတင်းကမဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်မယ် ပြီးရင် ထယ်ယောင်းနဲ့ ဂျောင်ကု လုံးဝခွာနေပါ ထယ်ယောင်းနောက်ကနေ လူ ၆ ယောက်ထည့်ပေးထားမယ် ဂျောင်ကုနဲ့ LA Concert ပွဲမပြီးမချင်း မတွေ့ရဘူး ဒါပဲ "
စကားအဆုံးထွက်သွားသော PD အားကြည့်ကာ ဂျောင်ကု ဒေါသတို့အလိပ်လိုက် ... ဒါသက်သက်မဲ့ လုပ်တာ...
.................................