"ဟင်... အင်း... ကုကီလား "
"ငိုအောင်... မလုပ်နဲ့ "
"မနမ်းနဲ့ "
"လူလိမ်...သွား.. သွား ဖယ်"
"အဲ့တာဆို ငါသွားမယ် "
"အာ မရတော့ဘူး "
"ဘာ မရတာလည်း "
"အ.."
"အ...ဟင့် .. "
...............
"ရားး ပတ်ဂျီမင်း "
.................
Unicode....
ဂျောင်ကု အဆိုးလေးအား ၂၃ လွှာကတိုက်ခန်းထိ ကုန်းပိုးလာခဲ့ရသည်.. ဓာတ်လှေကားနဲ့တက်လို့သာနည်းနည်းသက်သာခြင်းဖြစ်သည်..အခန်းထဲရောက်တော့ ကုတင်ပေါ်ချပေးလိုက်ရင်း မျက်နှာလေးအား အုပ်ကိုင်ကာခေါ်နေမိသည်
"အချစ် ထစမ်း... ဘာလို့ မသောက်နိုင်ဘဲ မူးအောင်သောက်ရတာလည်းဟင် "
မျက်ဝန်းလှလှလေးတွေမှာ မပွင့်တပွင့်နဲ့
"အချစ်လို့... ခေါ်နေတယ်လေ "
"ဟင်... အင်း... ကုကီလား "
ပလုံးပထွေးနဲ့ထူးလာသော ချစ်ရသူလေးကြောင့် ဂျောင်ကုထွက်နေသောဒေါသတို့မှာ မီးခဲကိုရေနဲ့ငြိမ်းသလို ရှဲခနဲ..
"ဟုတ်တယ် အချစ်ရဲ့ကောင်လေး "
ဂျောင်ကုမျက်နှာအား လက်လေးတွေနဲ့စမ်းကာ
"အီး... ဟီးး ကုကီ ငါ့ကို ရက်စက်တဲ့ ကု..ကီ.. ယုန်စုတ်ကြီး ..."
ထယ်ယောင်းစကားကြောင့် ဂျောင်ကုအပြုံးတို့မှာ ဖောဖောသီသီထွက်လာရင်း
"ဘာလို့လဲ ဘာလို့ရက်စက်တာလည်း "
"ချစ်တယ်ဆို ... ချစ်တယ်လို့ပြောပြီး ကောင်မလေးနဲ့မိတ်ဆက်ပေးတာ..လူလိမ်"
ထယ်ယောင်းမျက်နှာရဲရဲလေးအား လက်နှစ်ဖက်နဲ့ကိုင်ကာ ကြည့်မိတော့ အချစ်ကငိုနေတာတဲ့လား ..
....အဟား လူကိုအသည်းယားအောင်....
"အချစ်က ဘာလို့သောက်ရတာလည်း အချစ်မူးနေရင် အရမ်းချစ်ဖို့ကောင်းတာကွာ မသိဘူးလား "
ဂျောင်ကုလက်တွေအားပုတ်ထုတ်ကာ ရုန်းနေရင်း
"အဲ့တာ မင်းကြောင့်လေ ယုန်စုတ်ရဲ့ ဟင့်..လူကိုပစ်ထားပြီးတော့ အခုမှလာပြီး ..."
မျက်ရည်လေးတွေအား လက်ချောင်းတို့နဲ့ဖိသုတ်ပေးမိရင်း ရင်ခွင်ထဲထည့်ကာဘေးနားကဝင်လှဲလိုက်ရင်း
"မငိုပါနဲ့ကွာ အချစ်ငိုရင် ရင်ထဲကနေနာတယ် "
"ငိုအောင်... မလုပ်နဲ့ "
ရင်ခွင်ထဲကမော့ကြည့်နေသော ချစ်မဝလေးရယ်... ရဲနေသောပါးဖောင်းလေးတွေနဲ့ မျက်တောင်ထူထူရှည်ရှည်လေးတွေမှာ မျက်ရည်စက်တို့ခိုသီးနေသည်မှာ ပို၍လှပနေသလို.. အနီးကပ်မြင်နေရသော နှာတံစင်းစင်းလေးထိပ်က မှဲ့နက်လေးကြောင့် ရင်ခုန်သံတို့မှာ ပရမ်းပတာ..
ထိန်းမရတဲ့စိတ်အစဉ်ကြောင့် မှဲ့နက်လေးပေါ်နှုတ်ခမ်းနဲ့ဖွဖွထိကပ်လိုက်ရင်း နောက်တစ်ဖန် ဘီယာနံ့သင်းနေသော နှုတ်ခမ်းနားလေးအားတိုးကပ်မိတော့
....အဟက် အရက်သောက်လို့မူးနေတယ်ထင်တာ ဘီယာသောက်ပြီး မူးနေတာပဲ အဆိုးလေးက....
သဘောကျစွာပြုံးလိုက်ရင်း နမ်းရန်ပြင်လိုက်တော့ မဖက်နှာအားလာတွန်းတဲ့လက်ချောင်းလေးတွေ
"မနမ်းနဲ့ "
"အချစ်နော် လူကိုစိတ်တိုအောင်လို့ ဆိုးနေတဲ့အဆိုးလေးကို အပြစ်ပေးနေတာ ငြိမ်ငြိမ်နေနော်"
"မနမ်းနဲ့ကွာ... အခြားကောင်မလေးတွေကို နမ်းတဲ့နှုတ်ခမ်းကြီးနဲ့.."
ဂျောင်ကု ဝမ်းနည်းသွားပေမယ့်ပြုံးမိရင်း ဒါအချစ်သူ့ကို သဝန်တိုနေတယ်ဆိုတဲ့သဘောပဲမဟုတ်လား
"အချစ်ရယ် ကောင်မလေးတွေထားတာ အချစ်များသဝန်တိုပြီး ချစ်တဲ့စိတ်တွေပွင့်အံလာမလားလို့ပါ..ကျွန်တော် ဘယ်ကောင်မလေးကိုမှ မနမ်းပါဘူးဗျာ တကယ် တကယ်"
ထယ်ယောင်းမှာ မယုံသလိုလေးကြည့်ကာ
"လူလိမ်...သွား.. သွား ဖယ်"
ဂျောင်ကုပိုတိုးကာဖက်လိုက်ရင်း
"ဘယ်ကို သွားရမှာလည်း အချစ်ရယ်.. ဒါကျွန်တော့်တိုက်ခန်းလေဗျာ "
"အဲ့တာဆို ငါသွားမယ် "
ရင်ခွင်ထဲကနေ အတင်းရုန်းထွက်နေသော ကိုယ်လေးအား ပြန်ဆွဲချပြီး တစ်ပတ်လှည့်ကာ အောက်သို့ပို့လိုက်ရင်း
"အချစ်..... ကျွန်တော်စိတ်တိုလာပြီနော်"
ထယ်ယောင်း သူ့အပေါ်မှ အုပ်မိုးကာ မျက်နှာကိုတည့်တည့်စိုက်ကြည့်နေသော ဂျောင်ကုကြောင့် သိပ်မကြည်သောခေါင်းပင်ကြီးသွားရကာ
"အာ့ လေးတယ် လို့ ဖယ် လွှတ် ...လွှတ်လို့ ယုန်စုတ်ရဲ့ "
ကျောပြင်ကို ထုရိုက်နေသောလက်လေးတွေအားဆွဲကာ လက်ချောင်းလေးတွေအား ငုံလိုက်မိတော့ ရင်ခွင်ထဲကမျက်နှာလေးမှာ ရဲခနဲ
"အာ မရတော့ဘူး "
ဂျောင်ကုလုပ်ရပ်ကြောင့် လန့်ဖြတ်ကာ အလိုက်မသိစွာခုန်ပေါက်နေသော နှလုံးသားအား အသံတိတ်ကျိန်ဆဲရင်း
"ဘာ မရတာလည်း "
"အချစ်ကို နမ်းချင်လို့ "
စကားအဆုံးထိကပ်လာသော နှုတ်ခမ်းများအား ထယ်ယောင်းမရှောင်မိတော့ ..မျက်ဝန်းတို့အားမှိတ်ချလိုက်ကာ တစ်ခါတစ်လေ ဦးနှောက်ကိုဆန့်ကျင်ပြီး နှလုံးသားနောက်လိုက်ပါရစေတော့...
ဂျောင်ကု အချစ်ရဲ့ ဘီယာနံ့သင်းနေသော နှုတ်ခမ်းလေးများအား တမော့တမောနမ်းရှိုက်စုပ်ယူနေမိသည်..ခံတွင်းထဲဝင်ခွင့်တောင်းနေသော သူ့နှုတ်ခမ်းတို့အား ဖွင့်ဟမပေးသော အချစ်ကြောင့် လက်ကတစ်ပါးလုံးလုံးလေးကိုဖျစ်ညှစ်လိုက်တော့
"အ.."
အခနဲ အသံလေးနဲ့အတူ ပွင့်ဟသွားသောနှုတ်ခမ်းလေးထဲ ဂျောင်ကုလျှာဖျားတို့ အလုအယက်ဝင်ရောက်ကာ ပူနွေးနေသော လျှာရဲရဲလေးအား စုပ်ယူနေမိသည်..
....ရူးတော့မှာပဲ အချစ်ရယ်....
ထယ်ယောင်း သူ့အားလုံးဝမလွှတ်ဘဲ အကြမ်းပတမ်းနယ်ချဲ့နေသော ဂျောင်ကုလျှာဖျားတို့ကြောင့် လူတစ်ကိုယ်လုံး လွှင့်ခနဲ ... အသက်ရှူရန်လိုအပ်လာသောကြောင့် ထုရိုက်မိတော့ ခနလေးလွှတ်ပေးကာ ပြန်လည်ထိကပ်လာသော နှုတ်ခမ်းများ
"အင့် ... အွန်း လွှတ်တော့..ကု..ကုကီ "
ဂျောင်ကုစိတ်ရှိလက်ရှိသိမ်းပိုက်နေမိသော အချစ်ရဲ့နှုတ်ခမ်းလေးအား ခပ်ဖွဖွကိုက်ဆွဲကာ လွှတ်လိုက်ရင်း လည်တိုင်ဖြူဖြူလေးဆီသို့ဆင်းသွားကာ အရာတို့ထင်အောင်ပင် စုပ်ယူနေမိသည်..
"အ...ဟင့် .. "
ထယ်ယောင်းမှာ မိမိလည်တိုင်တို့အပေါ်နင့်နင့်နဲနဲစုပ်ယူနေသောဂျောင်ကု လျှာဖျားနဲ့ပူနွေးနေသောနှုတ်ခမ်းတို့ကြောင့် ရှက်စဖွယ် ညည်းညူနေမိသည်...
ဂျောင်ကု ထယ်ယောင်းရဲ့ညည်းသံလေးကြောင့် စိတ်အစဉ်မှာလွတ်ထွက်သွားကာ အချစ်ရဲ့ကိုယ်လုံးလေးအား လက်ဖြင့်နေရာအနှံ့ပွတ်သက်နေမိသည်.. လုံးဝန်းနေသော မက်မွန်သီးလေးအား ညှစ်ချေမိတော့ ရုန်းလာတဲ့ကိုယ်လေး.. နှုတ်ခမ်းများမှာလည်း အချစ်ရဲ့ ညှက်ရိုးထင်းထင်းလေးတွေအား အမှတ်အသားပြုရင်း ....
"ရူးတော့မှာပဲ အချစ်ရယ်"
ထယ်ယောင်း တင်ပါးတို့ကို ညှစ်ချေနေသော လက်ချောင်းများက ခါးမှ ခါးပတ်ကိုဖြုတ်နေသောကြောင့်လန့်ဖြန့်ကာ ထိုလက်တွေကိုဆုပ်ကိုင်မိရင်း
"ဟင့်အင်း ကြောက်တယ်..မလုပ်ပါနဲ့ အဲ့လို ... မလုပ်ချင်ဘူး "
ဂျောင်ကု အဆိုးလေးဆီက ငြင်းဆန်လာတဲ့အသံလေးကြောင့်လွတ်ထွက်နေသောစိတ်တို့မှာ အသိပြန်ဝင်လာရင်း အရာအားလုံးရပ်တန့်ကာ ရင်ခွင်ထဲမှ မျက်နှာလေးအား ကြည့်မိတော့... မျက်ဝန်းဝိုင်းလေးမှာ မျက်ရည်ဥလေးတွေတွဲခိုနေကာ နှာခေါင်းထိပ်လေးပင်နီရဲနေတော့သည်...
...ကျစ် အချစ်ငိုအောင်လုပ်မိပြန်ပြီ ....
နှဖူးလေးအား နမ်းရှိုက်ကာ
"တောင်းပန်ပါတယ်အချစ်ရယ်... နောက်မလုပ်တော့ဘူးနော် အိပ်တော့ .."
"အင်း.. မလုပ်နဲ့ ကုကီ အဲ့လိုကြမ်းတမ်းနေရင် ကြောက်တယ် "
"ဟုတ်ပါပြီကွာ.. အချစ်ကြောက်ရင် မောင် တောင်းပန်ပါတယ် အခုစိတ်ချပြီးအိပ်တော့နော် "
ရင်ခွင်ထဲအတင်းပွေ့ဖက်ကာ ဆံနွယ်တွေထဲမျက်နှာ နှစ်ရင်းအိပ်ဖို့ပြောနေသော ကုကီကြောင့် ထယ်ယောင်းနှုတ်ခမ်းလေးမှာပြုံးလိုက်မိရင်း
.....တစ်ဆိတ် ကုကီက သူ့ကိုယ်သူ မောင်လို့ ပြောလိုက်သလားလို့ ....
တွေးရင်းကြည်နူးမိတာကြောင့် မျက်လုံးများမှိတ်ကာ ခေါင်းထဲမျက်နှာနှစ်ထားတဲ့ဂျောင်ကုရင်ခွင်ထဲပိုတိုးဝင်မိကာ
"အရမ်းချစ်နေမိပြီထင်တယ် ကုကီ "
ဂျောင်ကုမှာတော့ ရင်ခွင်ထဲကကောင်လေး နှုတ်ခမ်းလှုပ်ရုံမျှပြောသော ဝန်ခံစကားလေးအား မကြားလိုက်တော့ပေ...
...............
အိမ်ရောက်ကတည်းက တစ်ရှူးရှူးတရှားရှား ဒေါသထွက်နေသော ဂျီမင်းကြောင့် အကုန်အိပ်နေပေမယ့် ယွန်းဂီမှာ မအိပ်သေး... အခု ဧည့်ခန်းထဲမှာ သူနဲ့ဂျီမင်းနှစ်ယောက်တည်း..
"ဘာဖြစ်လာတာလည်း ဂျီမင်း "
"ဟျောင်း သိဖို့မလိုတဲ့ကိစ္စပါ "
"အဲ့ဒီ ကိစ္စကို ဟျောင်းမသိချင်ဘူး ဒါပေမယ့် မင်းမျက်နှာကိုတော့ ဆေးထည့်ပေးပါရစေ "
ယွန်းဂီ ဆေးသေတ္တာအားယူလိုက်ပြီး ခေါင်းငိုက်စိုက်ကျကာ ထိုင်နေသော ဂျီမင်းဘေးဝင်ထိုင်လိုက်တော့
"မလိုပါဘူးဆို ဟျောင်းကလည်းဗျာ "
"ရားး ပတ်ဂျီမင်း "
ယွန်းဂီအော်သံကြောင့် ဂျီမင်းမှာ ယွန်းဂီဘက်လှည့်ပြီး မျက်နှာမော့ပေးပြီးသား ...ယွန်းဂီစိတ်တိုရင် သူတို့အကုန်လုံးကြောက်ရသည်မဟုတ်လား ...
ဂျီမင်းအပြုအမူလေးကြောင့် ကျိတ်ပြုံးမိရင်း ပေါက်နေသောနှုတ်ခမ်းထောင့်လေးအား ဆေးထည့်ပေးမိသည်..
အ ခနဲအသံလေးကြောင့် ရင်ထဲဆစ်ခနဲ
....ကျေးဇူးပြုပြီး ထိခိုက်အောင်မနေပါနဲ့ ကလေးရယ် ...
.................