Nirvana in Fire (မီးလျှံကြားမ...

By Dancing_Breeze

17.3K 1.3K 104

Author(s) : Hai Yan(海宴) Associated Names : Lang Gia bảng Lang Ya Bang The Rankings of Lang Ya 琅琊榜 Type : Web... More

အကျဉ်းချုပ်
၁။ Modified Version
၂။ Modified Version
၃။ Modified Version
၄။ Modified Version
၅။ Modified Version
၆။ Modified Version
၇။ Modified Version
၈။ Modified Version
၉။ Modified Version
၁၀။ Modified Version
၁၁။ Modified Version
၁၂။ Modified Version
၁၃။ Modified Version
၁၅။ ထင်းရှန်း
၁၆။ မင်းသားကျင်း
၁၇။ သခင်ရွေးခြင်း
၁၈။ မိတ်ဆွေဟောင်း
၁၉။ ဝိုးတဝါးအတိတ်
၂၀။ ပိုင်လီချီ
၂၁။ မုအိမ်တော်၏သံတမန်
၂၂။ လျန်မင်းကြီး (Book-2)

၁၄။ Modified Version

277 41 1
By Dancing_Breeze

Unicode

၁၄။
______________________

လူရွယ်လေးက လူတိုင်းရဲ့မျက်စိရှေ့ကနေ ဖျတ်ကနဲပျောက်သွားသည်။ အိမ်ရှေ့စံမင်းသားကတော့ ကြောင်အကာရပ်နေပြီး သူ့မျက်နှာကမည်းမှောင်လို့လာသည်။ တစ်ဖက်မှာတော့ မင်းသားယွီခမျာ ရယ်ချင်စိတ်ကိုချိုးနှိမ်နေရသဖြင့် ဗိုက်များပင်အောင့်လာရ၏။

ကျောက်စိမ်းတံဆိပ်ပြားမှာ မင်းကြီးရဲ့တော်ဝင်တံဆိပ်ခတ်နှိပ်ထားသည်။ ထိုတံဆိပ်ပြားကို အိမ်ရှေ့စံမင်းသားမှလွဲပြီး အခြားမင်းသားများကိုမပေးချေ။ ထိုအရာသည်ကား ရာထူးအဆင့်အတန်းတစ်ခု၏ပြယုဂ်ပင်ဖြစ်သည်။ တံဆိပ်ပြားကိုကိုင်ဆောင်ထားသူက ဘယ်ကိုပဲသွားသည်ဖြစ်စေ အရာရှိအားလုံး၏ရိုကျိုးစွာဆက်ဆံခြင်းကိုခံရသည်။ သို့တိုင် မိန်ချန်စုကတော့ ထိုကဲ့သို့တန်ဖိုးကြီးလှသောလက်ဆောင်ကို သူ့သက်တော်စောင့်ကစားဖို့ပေးလိုက်ချေသည်။ သူက အဲ့ဒါရဲ့တန်ဖိုးကို မမြင်နိုင်တာလား ဒါမှမဟုတ် ရိုင်းပျတာလား?

"တကယ်တော့ ရှုခင်းတွေကြည့်တာက ခန္ဓာကိုယ်ကို ပင်ပန်းစေတယ်။"

မင်းသားယွီက သူ့သိက္ခာကိုဆယ်ဖို့ စလာပြန်၏။

"ဆရာစုက သူ့ကျန်းမာရေးကို အရင်ဂရုစိုက်သင့်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုယ်တော် နှစ်ထောင်ချီသက်တမ်းရှိတဲ့ ရှားပါးမဟာကာကြံဆစ်ပင်တစ်ပင်ကို ရထားတယ်။ အဲ့ဒါက အရမ်းကောင်းတဲ့ဖြည့်စွက်ဆေးပင်ပဲ။ ပြီးတော့ လင်းတောင်မှာရှိတဲ့နန်းဆောင်မှာ ဆေးရေပူစမ်းတစ်ခုရှိတယ်။ အဲ့ရေပူစမ်းမှာရေချိုးရင် အားအင်ပြည့်ဝပြီးလန်းဆန်းစေတယ်။ ခမည်းတော်တောင် ခဏခဏချီးကျူးတာ။ ကိုယ်တော်က ဆရာစုကို ဘာလို့ အဲ့ဒီမှာခဏလောက်နေဖို့မဖိတ်ရမှာလဲ? ကိုယ်တော်လည်း ဆရာစုနဲ့အတူ ကဗျာစာပေတွေအကြောင်း ဆွေးနွေးလို့ရတာပေါ့။ ထိပ်ဆုံးအဆင့်ပညာရှိရဲ့ အတွေးအကြံတွေနဲ့ နေထိုင်ပုံတွေကို ကိုယ်တော် နည်းနည်းလောက်သင်ယူခွင့်ရချင်ပါတယ်။"

ရှောင်ကျင်းရွေ့သည်ပင် မင်းသားယွီရဲ့အကြံပြုစကားကြောင့် စိတ်လှုပ်ရှားသွားရသည်။ သူတို့လာခဲ့ရတဲ့ခရီးကိုပြန်တွေးကြည့်ရလျှင် မိန်ချန်စုရဲ့အသားအရေက ဖျော့တော့နေတတ်ကာ နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ အသက်ရှူနှုန်းတွေမြန်လာတတ်သည်။ ညပိုင်းဆိုရင်လည်း ညသန်းခေါင်ယံလောက်အထိ ချောင်းဆိုးနေတတ်ပြန်သေး၏။ နှစ်ထောင်ချီသက်တမ်းရှိတဲ့မဟာကာကြံဆစ်ဆေးပင်နဲ့ ဆေးရေပူစမ်းက ငြင်းပယ်ဖို့ခက်ခဲလွန်းလှသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

"မင်း အခုတလော အလုပ်ရှုပ်နေတာမဟုတ်ဘူးလား? ခမည်းတော်က မင်းက အရမ်းအရည်အချင်းရှိတယ်လို့ပြောနေတော့ မင်းကို တာဝန်တွေအများကြီးပေးထားမှာပဲ။"

အိမ်ရှေ့စံမင်းသားက သရော်သည်။

"မင်းမှာ ဆရာစုနဲ့အတူ လင်းတောင်ပေါ်ကနန်းဆောင်ဆီသွားဖို့ ဘယ်လိုလုပ်အချိန်ရှိနေရသေးတာလဲ?"

"စိတ်ပူဖို့မလိုပါဘူး အစ်ကိုတော်။ စစ်တပ်ရေးရာကိစ္စတွေကိုစစ်ဆေးတာနဲ့ ချီစီရင်စုအကြောင်းစုံစမ်းစစ်ဆေးဖို့တာဝန်တွေကို ကျွန်တော်လုပ်ပြီးပါပြီ။ မနေ့ကပဲ ခမည်းတော်ဆီကိုတင်ပြခဲ့တာ။ ဒီနေ့ အစ်ကိုတော့်ကိုတင်ပြမလို့ပဲ။ ချင်မြို့စားမင်းရဲ့ကိစ္စအတွက်ကတော့ တော်ဝင်အထောက်တော်ပြန်မလာသေးလို့ အခုချက်ချင်းအမှုစစ်လို့မရသေးဘူး။ ရက်နည်းနည်းလောက်တော့ အားလပ်နေဦးမှာပါ။ အစ်ကိုတော့်ညီလေးကို ခဏလောက်ပေးနားသင့်တယ်မဟုတ်ဘူးလား?"

မင်းသားယွီက ပြုံးကာဆို၏။ သူ့ဟန်ပန်က အလွန်တရာမှလေးစားရိုကျိုးနေပုံပေါ်သော်လည်း အိမ်ရှေ့စံမင်းသားသည်တော့ မကျေမချမ်းဖြစ်လျက်ရှိသည်။ မင်းသားယွီက အရိုက်ခံချင်နေတာပဲ။ ဒီနားမှာ ဘယ်သူမှမရှိဖို့ သူဆုတောင်းမိသည်။ ဒါမှသာ သူ့စိတ်ပြေလျော့ဖို့အတွက် မင်းသားယွီကို သူကိုယ်တိုင် တစ်ချက်နှစ်ချက်လောက်ရိုက်နိုင်မည်လေ။

"မင်းသားရဲ့ကြင်နာမှုကို ကျွန်တော်မျိုး ဝမ်းမြောက်ဝမ်းသာလက်ခံပါ့မယ်။"

မိန်ချန်စုက ဆိုသည်။ သူက ထိုညီအစ်ကိုနှစ်ယောက်ကိုတစ်ချက်ကြည့်လိုက်၏။ သူတို့နှစ်ယောက်လုံးက တစ်ယောက်နှင့်တစ်ယောက် ရိုသေလေးစားသည့်ပုံပေါ်သော်လည်း အမှန်မှာတော့ တစ်ယောက်ကိုတစ်ယောက် အရိုးထဲထိမုန်းတီးနေကြပေ၏။ သူက အရိုအသေပေးဦးညွှတ်ကာစကားဆက်သည်။

"ဒါပေမယ့် ကျွန်တော်မျိုးက သမားတော်ရွှမ် ကျွန်တော်မျိုးအတွက် အထူးပြင်ဆင်ဖော်စပ်ပေးထားတဲ့ဆေးကိုသောက်နေရပါတယ်။ သူမသောက်ခိုင်းတဲ့ဖြည့်စွက်ဆေးဝါးတွေကို ကျွန်တော်မျိုးသောက်လို့မရပါဘူး။ နှစ်ထောင်ချီသက်တမ်းရှိတဲ့ မဟာကာကြံဆစ်ပင်က ရှားပါးရတနာပါ၊ အလကားမဖြုန်းတီးလိုက်ပါနဲ့။ လင်းတောင်ပေါ်က ဆေးရေပူစမ်းအတွက်ကတော့ ကျွန်တော်မျိုးအနေနဲ့ သမားတော်ရွှမ်ဆီ အရင်ဆုံးစာရေးဖို့လိုပါတယ်။ သူက ကျွန်တော်မျိုးကို အဲ့ဒီမှာရေစိမ်ခွင့်ပြုရင် ကျွန်တော်မျိုး မင်းသားကိုအနှောင့်အယှက်ပေးရပါလိမ့်မယ်။"

မိန်ချန်စုက မင်းသားယွီကိုလည်း ငြင်းပယ်လိုက်သည်ကိုမြင်သောာခါ၌ အိမ်ရှေ့စံမင်းသားမှာ အတော်လေးစိတ်သက်သာရာရသွားရှာ၏။ သူက လျင်မြန်စွာပင်ဖြတ်ပြောလာသည်။

"ဒါမှန်တယ်။ ဖျားနာနေတာကို ကုသတဲ့နေရာမှာ အရမ်းကြီးဂရုစိုက်ဖို့မလိုပါဘူး။ တွေ့သမျှဈေးကြီးတဲ့ဆေးတိုင်းကိုသောက်ရမယ်၊ မြင်သမျှရေထဲကိုခုန်ဆင်းနေရမယ်ဆိုတဲ့သတ်မှတ်ချက်မရှိဘူးလေ။ မင်းမှာ သမားတော်ရွှမ်ထက် ပိုကောင်းတဲ့သမားတော်မရှိရင် ဆရာစုကို ပေါက်ကရအကြံတွေမပေးသင့်ဘူး။"

မိန်ချန်စုက သူ ဘယ်သူ့ဘက်ကိုလိုက်မယ်ဆိုတာကို အိမ်ရှေ့စံမင်းသားနဲ့သူ့ရှေ့မှာ ဘယ်တော့မှဖော်ပြမှာမဟုတ်ကြောင်း မင်းသားယွီနားလည်သွားသည်။ ဒီတွေ့ဆုံခြင်းက လူတိုင်းအတွက် တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းနားလည်လာအောင် လေ့လာရသည့်အခွင့်အလမ်းတစ်ခုသာဖြစ်၏။ တကယ့်တိုက်ပွဲက နောက်မှဖြစ်လာလိမ့်မယ်။ သူ ကိစ္စတွေကို အလျင်စလိုမလုပ်သင့်ဘူး။ သူက သဘောထားကြီးသည့်ဟန်ဖြင့် ရယ်မောကာဆို၏။

"ကိုယ်တော် ဂရုမစိုက်မိတာပါ။ အရက်မရှိတာ နှမြောစရာပဲ။ မဟုတ်ရင် ကိုယ်တော့်အမှားအတွက် အရက်သုံးခွက်သောက်ပြီးတောင်းပန်မိမှာ။"

အိမ်ရှေ့စံမင်းသားက ထရပ်သည်။

"ကျင်းဟွမ်၊ ဆရာစုက ဒီနေ့ ဒီကိုပြိုင်ပွဲကြည့်ဖို့လာတာ။ သူ့ကို ထပ်မနှောင့်ယှက်ဘဲနေရအောင်။ ငါတို့ သွားကြတော့မလား?"

မင်းသားယွီက ခဏမျှစဉ်းစားနေ၏။ အိမ်ရှေ့စံမင်းသားရဲ့ ကျောက်စိမ်းတံဆိပ်ပြားက မိန်ချန်စုရဲ့သက်တော်စောင့်ဆီပေးခြင်းခံလိုက်ရသော်ငြား အခြေခံအားဖြင့်တော့ လက်ဆောင်ကို လက်ခံလိုက်သည့်သဘောသက်ရောက်သည်။ သူ ဘယ်လိုလုပ် နောက်ချန်နေခဲ့နိုင်မှာလဲ? သူက ရှဲ့ပိကို တစ်ချက်ကြည့်လိုက်သည်။

"ဟုတ်သားပဲ၊ အစ်ကိုစု။"

ရှဲ့ပိက ချက်ချင်းနားလည်သွားကာ ခေါ်လိုက်သည်။

"အစ်ကို လူကြီးမင်းလီချုံရဲ့ ကျန်ရစ်တဲ့သြဝါဒတွေကို မလေ့လာချင်ဘူးလား? မင်းသားယွီမှာ သူ့လက်ရေးမူတစ်ချို့ရှိတယ်..."

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုယ်တော့်အိမ်တော်မှာ။"

မင်းသားယွီက စကားစကို ချက်ချင်းဆက်၏။

"ကိုယ်တော် ကြီးမြတ်တဲ့ပညာရှိလီကို လေးစားလို့ သူ့လက်ရေးမူတစ်ချို့ကို စုဆောင်းခဲ့တယ်။ ဆရာစုရော...?"

"လူကြီးမင်းလီမှာ အဆင့်အတန်းအမျိုးစုံရှိတဲ့တပည့်တွေရှိတယ်။ အစ်ကိုစုလည်း သူသင်ပြတာတွေကို နားထောင်ဖူးပါတယ်။"

ရှဲ့ပိက ဝင်ပြောသည်။

"တိုက်ဆိုင်လိုက်တာ။"

မင်းသားယွီက ပြုံးရယ်ကာ လက်ခုပ်တီးရင်းပြောသည်။

"နောက်ကျရင် ကိုယ်တော်တို့မှာ ဆွေးနွေးစရာတွေ အများကြီးရှိလာတော့မှာပဲ။"

ဒါက မိန်ချန်စုရဲ့အကြိုက်ပင်။ သူ့မျက်ဝန်းတွေက တောက်ပသွားကာ သူက အေးဆေးစွာမေးလာ၏။

"ဘာလက်ရေးမူတွေလဲ? သီးခြားအကျယ်တဝင့်ဟောပြောချက်ရှိလား?"

"ရှိတယ်၊ ရှိတယ်။"

မင်းသားယွီက ပျော်ရွှင်စွာဖြေသည်။

"ကိုယ်တော့်စာကြည့်ခန်းမှာရှိတယ်။ ဆရာစုဖတ်ချင်တယ်ဆိုရင် ကိုယ်တော့်အိမ်တော်ကို အချိန်မရွေးလာလို့ရပါတယ်။ ဘယ်သူမှ ဆရာစုကိုတားရဲမှာမဟုတ်ဘူး။"

သူက လက်ရေးမူကို လက်ဆောင်ပေးမည်ဟုမပြောဘဲ မိန်ချန်စုကို သူ့အိမ်တော်ကိုလာဖတ်ရန်သာဖိတ်ကြား၏။ သူက လက်ရေးမူကိုအသုံးချကာ မကြာမကြာတွေ့နိုင်ရန်ဖန်တီးနေခြင်းမှာ သိသာလှ၏။ အိမ်ရှေ့စံမင်းသားမှာ ထိုသို့ဖြစ်နေသည်ကို သဘောမကျနိုင်ဘဲ စိုးရိမ်လာသည်။ သူက အလျင်စလိုပင်ကြားဖြတ်ပြောလေ၏။

"ကျင်းဟွမ်၊ မင်းက အရမ်းသဘောထားသေးလွန်းနေတာမဟုတ်ဘူးလား? လက်ရေးမူလေးနည်းနည်းပဲကို။ ဆရာစုသဘောကျရင် လက်ဆောင်ပေးလိုက်လေ။ အဲ့ဒါတွေကိုဖတ်ဖို့ မင်းအိမ်တော်ကိုလာရအောင် သူ့ကိုဒုက္ခမပေးနဲ့လေ...မင်း အရမ်းကပ်စေးနည်းနေရင်လည်း ဈေးသာပြော။ ငါ ဆရာစုအတွက် လက်ဆောင်အနေနဲ့ဝယ်ပေးမယ်။"

ထိုကဲ့သို့သောရန်စမှုမျိုးကို လက်ခံလိုက်ရချိန်မှာတော့ မင်းသားယွီမှာ ရွေးစရာမရှိတော့ဘဲပြောရလေတော့၏။

"ဆရာစုက လက်ရေးမူတွေကို လက်မခံမှာပဲ ကျွန်တော်စိုးရိမ်တာ။ ဆရာစုသာလိုချင်ရင် ကျွန်တော် အဲ့ဒါတွေကို ချက်ချင်းပို့ပေးလိုက်မှာ။"

မိန်ချန်စုက ပေါ့ပါးစွာဖြေသည်။

"မင်းသားယွီက ဒီလက်ရေးမူတွေကို အရမ်းတန်ဖိုးထားတော့ ကျွန်တော်မျိုး မယူဝံ့ပါဘူး။"

"အိုး၊ ဆရာစု ဘာပြောလိုက်တာလဲ? ဆရာစုက အရည်အချင်းရှိပြီး ဗဟုသုတနဲ့ပြည့်စုံတဲ့သူတစ်ယောက်ပါ။ လူကြီးမင်းလီသာအသက်ရှင်နေသေးရင် သူက ဆရာစုကို သူ့ရဲ့ထိပ်တန်းတပည့်လို့သေချာပေါက်သတ်မှတ်မှာ။ ဒီလက်ရေးမူတွေက ဆရာစုရဲ့လက်ထဲမှာရှိနေသင့်တာပေါ့။"

မင်းသားယွီက ရက်ရောချင်ယောင်ဆောင်လိုက်သည်။ သူက အိမ်ရှေ့စံမင်းသားရဲ့တိုက်ခိုက်မှုကိုလည်း သည်းခံမနေဘဲ သူ့ကိုပြောလာ၏။

"အစ်ကိုတော့်ကို အတင့်ရဲပြီးဝေဖန်ရမယ်ဆိုရင်တော့ အစ်ကိုတော်ပြောလိုက်တဲ့စကားမှာ ပြဿနာရှိနေတယ်လို့ ကျွန်တော်ပြောရလိမ့်မယ်။ ဒီလက်ရေးမူတွေက သာမန်လူတစ်ယောက်အတွက် ဘာမှအဖိုးမတန်ပေမယ့် လူကြီးမင်းလီကိုလေးစားတဲ့သူတွေအတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတွေပဲ။ ဈေးသတ်မှတ်ဖို့ပြောလိုက်တာက ဆရာစုကို စိတ်မကောင်းဖြစ်စေမှာ ကျွန်တော် စိုးရိမ်တယ်..."

အိမ်ရှေ့စံမင်းသားမှာ ချက်ချင်းပင် အိုးတိုးအမ်းတမ်းဖြစ်သွားသည်။  သို့သော်လည်း သူက စာဖတ်ရတာကိုမကြိုက်တာအမှန်ပဲမို့ ပညာရှိတွေရဲ့အတွေးတွေကို နားမလည်နိုင်ပါချေ။ သူက တစ်ခုခုမှားပြောမိကာ မိန်ချန်စုကို စိတ်အနှောင့်အယှက်ဖြစ်သွားစေမှာစိုးတာကြောင့် တိုက်ခိုက်လာခြင်းကို အောင့်အီးသည်းခံနေလိုက်သည်။

သူတို့နှစ်ယောက်ရဲ့စကားစစ်ထိုးပွဲမှာ အရှုံးအနိုင်က သိသာခြင်းရှိမနေပေ။ မိန်ချန်စု ပင်ပန်းနေတာကိုမြင်တဲ့အခါ သူတို့ ကြာကြာမနေသင့်တော့တာကို နှစ်ယောက်လုံးသိသွားကြသည်။ နှစ်ယောက်စလုံးက လောကဝတ်စကားအနည်းငယ်ဆိုပြီးနောက် အတူတူပြန်ထွက်သွားကြ၏။
...

မဟာကာကြံဆစ် : တရုတ်ဆေးဖက်ဝင်အပင်တစ်မျိုးပါ။ မြန်မာနဲ့တစ်ခြားနေရာတွေမှာလည်းပေါက်ပါတယ်။ Chinese knotweedဆိုတော့ နာမည်နည်းနည်းကွဲကောင်းကွဲနိုင်ပေမယ့် knotweedရဲ့မြန်မာလိုနာမည်က မဟာကာကြံဆစ်မို့ အဲ့လိုပဲရေးလိုက်ပါတယ်။

...

Zawgyi

၁၄။
______________________

လူရြယ္ေလးက လူတိုင္းရဲ့မ်က္စိေရ႔ွကေန ဖ်တ္ကနဲေပ်ာက္သြားသည္။ အိမ္ေရ႔ွစံမင္းသားကေတာ့ ေၾကာင္အကာရပ္ေနၿပီး သူ႔မ်က္ႏွာကမည္းေမွာင္လို႔လာသည္။ တစ္ဖက္မွာေတာ့ မင္းသားယြီခမ်ာ ရယ္ခ်င္စိတ္ကိုခ်ိဳးႏိွမ္ေနရသျဖင့္ ဗိုက္မ်ားပင္ေအာင့္လာရ၏။

ေက်ာက္စိမ္းတံဆိပ္ျပားမွာ မင္းႀကီးရဲ့ေတာ္ဝင္တံဆိပ္ခတ္ႏိွပ္ထားသည္။ ထိုတံဆိပ္ျပားကို အိမ္ေရ႔ွစံမင္းသားမွလြဲၿပီး အျခားမင္းသားမ်ားကိုမေပးေခ်။ ထိုအရာသည္ကား ရာထူးအဆင့္အတန္းတစ္ခု၏ျပယုဂ္ပင္ျဖစ္သည္။ တံဆိပ္ျပားကိုကိုင္ေဆာင္ထားသူက ဘယ္ကိုပဲသြားသည္ျဖစ္ေစ အရာရိွအားလံုး၏ရိုက်ိဳးစြာဆက္ဆံျခင္းကိုခံရသည္။ သို႔တိုင္ မိန္ခ်န္စုကေတာ့ ထိုကဲ့သို႔တန္ဖိုးႀကီးလွေသာလက္ေဆာင္ကို သူ႔သက္ေတာ္ေစာင့္ကစားဖို႔ေပးလိုက္ေခ်သည္။ သူက အဲ့ဒါရဲ့တန္ဖိုးကို မျမင္ႏိုင္တာလား ဒါမွမဟုတ္ ရိုင္းပ်တာလား?

"တကယ္ေတာ့ ရႈခင္းေတြၾကၫ့္တာက ခႏၶာကိုယ္ကို ပင္ပန္းေစတယ္။"

မင္းသားယြီက သူ႔သိကၡာကိုဆယ္ဖို႔ စလာျပန္၏။

"ဆရာစုက သူ႔က်န္းမာေရးကို အရင္ဂရုစိုက္သင့္တယ္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ ကိုယ္ေတာ္ ႏွစ္ေထာင္ခ်ီသက္တမ္းရိွတဲ့ ရွားပါးမဟာကာႀကံဆစ္ပင္တစ္ပင္ကို ရထားတယ္။ အဲ့ဒါက အရမ္းေကာင္းတဲ့ျဖၫ့္စြက္ေဆးပင္ပဲ။ ၿပီးေတာ့ လင္းေတာင္မွာရိွတဲ့နန္းေဆာင္မွာ ေဆးေရပူစမ္းတစ္ခုရိွတယ္။ အဲ့ေရပူစမ္းမွာေရခ်ိဳးရင္ အားအင္ျပၫ့္ဝၿပီးလန္းဆန္းေစတယ္။ ခမည္းေတာ္ေတာင္ ခဏခဏခ်ီးက်ူးတာ။ ကိုယ္ေတာ္က ဆရာစုကို ဘာလို႔ အဲ့ဒီမွာခဏေလာက္ေနဖို႔မဖိတ္ရမွာလဲ? ကိုယ္ေတာ္လည္း ဆရာစုနဲ႔အတူ ကဗ်ာစာေပေတြအေၾကာင္း ေဆြးေနြးလို႔ရတာေပါ့။ ထိပ္ဆံုးအဆင့္ပညာရိွရဲ့ အေတြးအႀကံေတြနဲ႔ ေနထိုင္ပံုေတြကို ကိုယ္ေတာ္ နည္းနည္းေလာက္သင္ယူခြင့္ရခ်င္ပါတယ္။"

ေရွာင္က်င္းေရြ့သည္ပင္ မင္းသားယြီရဲ့အႀကံျပဳစကားေၾကာင့္ စိတ္လႈပ္ရွားသြားရသည္။ သူတို႔လာခဲ့ရတဲ့ခရီးကိုျပန္ေတြးၾကၫ့္ရလ်ွင္ မိန္ခ်န္စုရဲ့အသားအေရက ေဖ်ာ့ေတာ့ေနတတ္ကာ နည္းနည္းေလးလႈပ္ရွားလိုက္တာနဲ႔ အသက္ရႉႏႈန္းေတျြမန္လာတတ္သည္။ ညပိုင္းဆိုရင္လည္း ညသန္းေခါင္ယံေလာက္အထိ ေခ်ာင္းဆိုးေနတတ္ျပန္ေသး၏။ ႏွစ္ေထာင္ခ်ီသက္တမ္းရိွတဲ့မဟာကာႀကံဆစ္ေဆးပင္နဲ႔ ေဆးေရပူစမ္းက ျငင္းပယ္ဖို႔ခက္ခဲလြန္းလွသည္မွာ သံသယျဖစ္ဖြယ္မရိွေပ။

"မင္း အခုတေလာ အလုပ္ရႈပ္ေနတာမဟုတ္ဘူးလား? ခမည္းေတာ္က မင္းက အရမ္းအရည္အခ်င္းရိွတယ္လို႔ေျပာေနေတာ့ မင္းကို တာဝန္ေတြအမ်ားႀကီးေပးထားမွာပဲ။"

အိမ္ေရ႔ွစံမင္းသားက သေရာ္သည္။

"မင္းမွာ ဆရာစုနဲ႔အတူ လင္းေတာင္ေပၚကနန္းေဆာင္ဆီသြားဖို႔ ဘယ္လိုလုပ္အခ်ိန္ရိွေနရေသးတာလဲ?"

"စိတ္ပူဖို႔မလိုပါဘူး အစ္ကိုေတာ္။ စစ္တပ္ေရးရာကိစၥေတြကိုစစ္ေဆးတာနဲ႔ ခ်ီစီရင္စုအေၾကာင္းစံုစမ္းစစ္ေဆးဖို႔တာဝန္ေတြကို ကြၽန္ေတာ္လုပ္ၿပီးပါၿပီ။ မေန့ကပဲ ခမည္းေတာ္ဆီကိုတင္ျပခဲ့တာ။ ဒီေန့ အစ္ကိုေတာ့္ကိုတင္ျပမလို႔ပဲ။ ခ်င္ၿမိဳ႔စားမင္းရဲ့ကိစၥအတြက္ကေတာ့ ေတာ္ဝင္အေထာက္ေတာ္ျပန္မလာေသးလို႔ အခုခ်က္ခ်င္းအမႈစစ္လို႔မရေသးဘူး။ ရက္နည္းနည္းေလာက္ေတာ့ အားလပ္ေနဦးမွာပါ။ အစ္ကိုေတာ့္ညီေလးကို ခဏေလာက္ေပးနားသင့္တယ္မဟုတ္ဘူးလား?"

မင္းသားယြီက ၿပံဳးကာဆို၏။ သူ႔ဟန္ပန္က အလြန္တရာမွေလးစားရိုက်ိဳးေနပံုေပၚေသာ္လည္း အိမ္ေရ႔ွစံမင္းသားသည္ေတာ့ မေက်မခ်မ္းျဖစ္လ်က္ရိွသည္။ မင္းသားယြီက အရိုက္ခံခ်င္ေနတာပဲ။ ဒီနားမွာ ဘယ္သူမွမရိွဖို႔ သူဆုေတာင္းမိသည္။ ဒါမွသာ သူ႔စိတ္ေျပေလ်ာ့ဖို႔အတြက္ မင္းသားယြီကို သူကိုယ္တိုင္ တစ္ခ်က္ႏွစ္ခ်က္ေလာက္ရိုက္ႏိုင္မည္ေလ။

"မင္းသားရဲ့ၾကင္နာမႈကို ကြၽန္ေတာ္မ်ိဳး ဝမ္းေျမာက္ဝမ္းသာလက္ခံပါ့မယ္။"

မိန္ခ်န္စုက ဆိုသည္။ သူက ထိုညီအစ္ကိုႏွစ္ေယာက္ကိုတစ္ခ်က္ၾကၫ့္လိုက္၏။ သူတို႔ႏွစ္ေယာက္လံုးက တစ္ေယာက္ႏွင့္တစ္ေယာက္ ရိုေသေလးစားသၫ့္ပံုေပၚေသာ္လည္း အမွန္မွာေတာ့ တစ္ေယာက္ကိုတစ္ေယာက္ အရိုးထဲထိမုန္းတီးေနၾကေပ၏။ သူက အရိုအေသေပးဦးၫႊတ္ကာစကားဆက္သည္။

"ဒါေပမယ့္ ကြၽန္ေတာ္မ်ိဳးက သမားေတာ္ရႊမ္ ကြၽန္ေတာ္မ်ိဳးအတြက္ အထူးျပင္ဆင္ေဖာ္စပ္ေပးထားတဲ့ေဆးကိုေသာက္ေနရပါတယ္။ သူမေသာက္ခိုင္းတဲ့ျဖၫ့္စြက္ေဆးဝါးေတြကို ကြၽန္ေတာ္မ်ိဳးေသာက္လို႔မရပါဘူး။ ႏွစ္ေထာင္ခ်ီသက္တမ္းရိွတဲ့ မဟာကာႀကံဆစ္ပင္က ရွားပါးရတနာပါ၊ အလကားမျဖဳန္းတီးလိုက္ပါနဲ႔။ လင္းေတာင္ေပၚက ေဆးေရပူစမ္းအတြက္ကေတာ့ ကြၽန္ေတာ္မ်ိဳးအေနနဲ႔ သမားေတာ္ရႊမ္ဆီ အရင္ဆံုးစာေရးဖို႔လိုပါတယ္။ သူက ကြၽန္ေတာ္မ်ိဳးကို အဲ့ဒီမွာေရစိမ္ခြင့္ျပဳရင္ ကြၽန္ေတာ္မ်ိဳး မင္းသားကိုအေနွာင့္အယွက္ေပးရပါလိမ့္မယ္။"

မိန္ခ်န္စုက မင္းသားယြီကိုလည္း ျငင္းပယ္လိုက္သည္ကိုျမင္ေသာခါ၌ အိမ္ေရ႔ွစံမင္းသားမွာ အေတာ္ေလးစိတ္သက္သာရာရသြားရွာ၏။ သူက လ်င္ျမန္စြာပင္ျဖတ္ေျပာလာသည္။

"ဒါမွန္တယ္။ ဖ်ားနာေနတာကို ကုသတဲ့ေနရာမွာ အရမ္းႀကီးဂရုစိုက္ဖို႔မလိုပါဘူး။ ေတြ့သမ်ွေဈးႀကီးတဲ့ေဆးတိုင္းကိုေသာက္ရမယ္၊ ျမင္သမ်ွေရထဲကိုခုန္ဆင္းေနရမယ္ဆိုတဲ့သတ္မွတ္ခ်က္မရိွဘူးေလ။ မင္းမွာ သမားေတာ္ရႊမ္ထက္ ပိုေကာင္းတဲ့သမားေတာ္မရိွရင္ ဆရာစုကို ေပါက္ကရအႀကံေတြမေပးသင့္ဘူး။"

မိန္ခ်န္စုက သူ ဘယ္သူ႔ဘက္ကိုလိုက္မယ္ဆိုတာကို အိမ္ေရ႔ွစံမင္းသားနဲ႔သူ႔ေရ႔ွမွာ ဘယ္ေတာ့မွေဖာ္ျပမွာမဟုတ္ေၾကာင္း မင္းသားယြီနားလည္သြားသည္။ ဒီေတြ့ဆံုျခင္းက လူတိုင္းအတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ သိကြၽမ္းနားလည္လာေအာင္ ေလ့လာရသၫ့္အခြင့္အလမ္းတစ္ခုသာျဖစ္၏။ တကယ့္တိုက္ပြဲက ေနာက္မျွဖစ္လာလိမ့္မယ္။ သူ ကိစၥေတြကို အလ်င္စလိုမလုပ္သင့္ဘူး။ သူက သေဘာထားႀကီးသၫ့္ဟန္ျဖင့္ ရယ္ေမာကာဆို၏။

"ကိုယ္ေတာ္ ဂရုမစိုက္မိတာပါ။ အရက္မရိွတာ ႏွေျမာစရာပဲ။ မဟုတ္ရင္ ကိုယ္ေတာ့္အမွားအတြက္ အရက္သံုးခြက္ေသာက္ၿပီးေတာင္းပန္မိမွာ။"

အိမ္ေရ႔ွစံမင္းသားက ထရပ္သည္။

"က်င္းဟြမ္၊ ဆရာစုက ဒီေန့ ဒီကိုၿပိဳင္ပြဲၾကၫ့္ဖို႔လာတာ။ သူ႔ကို ထပ္မေနွာင့္ယွက္ဘဲေနရေအာင္။ ငါတို႔ သြားၾကေတာ့မလား?"

မင္းသားယြီက ခဏမ်ွစဉ္းစားေန၏။ အိမ္ေရ႔ွစံမင္းသားရဲ့ ေက်ာက္စိမ္းတံဆိပ္ျပားက မိန္ခ်န္စုရဲ့သက္ေတာ္ေစာင့္ဆီေပးျခင္းခံလိုက္ရေသာ္ျငား အေျခခံအားျဖင့္ေတာ့ လက္ေဆာင္ကို လက္ခံလိုက္သၫ့္သေဘာသက္ေရာက္သည္။ သူ ဘယ္လိုလုပ္ ေနာက္ခ်န္ေနခဲ့ႏိုင္မွာလဲ? သူက ရွဲ႔ပိကို တစ္ခ်က္ၾကၫ့္လိုက္သည္။

"ဟုတ္သားပဲ၊ အစ္ကိုစု။"

ရွဲ႔ပိက ခ်က္ခ်င္းနားလည္သြားကာ ေခၚလိုက္သည္။

"အစ္ကို လူႀကီးမင္းလီခ်ံဳရဲ့ က်န္ရစ္တဲ့ၾသဝါဒေတြကို မေလ့လာခ်င္ဘူးလား? မင္းသားယြီမွာ သူ႔လက္ေရးမူတစ္ခ်ိဳ႕ရိွတယ္..."

"ဟုတ္တယ္၊ ဟုတ္တယ္၊ ကိုယ္ေတာ့္အိမ္ေတာ္မွာ။"

မင္းသားယြီက စကားစကို ခ်က္ခ်င္းဆက္၏။

"ကိုယ္ေတာ္ ႀကီးျမတ္တဲ့ပညာရိွလီကို ေလးစားလို႔ သူ႔လက္ေရးမူတစ္ခ်ိဳ႕ကို စုေဆာင္းခဲ့တယ္။ ဆရာစုေရာ...?"

"လူႀကီးမင္းလီမွာ အဆင့္အတန္းအမ်ိဳးစံုရိွတဲ့တပၫ့္ေတြရိွတယ္။ အစ္ကိုစုလည္း သူသင္ျပတာေတြကို နားေထာင္ဖူးပါတယ္။"

ရွဲ႔ပိက ဝင္ေျပာသည္။

"တိုက္ဆိုင္လိုက္တာ။"

မင္းသားယြီက ၿပံဳးရယ္ကာ လက္ခုပ္တီးရင္းေျပာသည္။

"ေနာက္က်ရင္ ကိုယ္ေတာ္တို႔မွာ ေဆြးေနြးစရာေတြ အမ်ားႀကီးရိွလာေတာ့မွာပဲ။"

ဒါက မိန္ခ်န္စုရဲ့အႀကိဳက္ပင္။ သူ႔မ်က္ဝန္းေတြက ေတာက္ပသြားကာ သူက ေအးေဆးစြာေမးလာ၏။

"ဘာလက္ေရးမူေတြလဲ? သီးျခားအက်ယ္တဝင့္ေဟာေျပာခ်က္ရိွလား?"

"ရိွတယ္၊ ရိွတယ္။"

မင္းသားယြီက ေပ်ာ္ရႊင္စြာေျဖသည္။

"ကိုယ္ေတာ့္စာၾကၫ့္ခန္းမွာရိွတယ္။ ဆရာစုဖတ္ခ်င္တယ္ဆိုရင္ ကိုယ္ေတာ့္အိမ္ေတာ္ကို အခ်ိန္မေရြးလာလို႔ရပါတယ္။ ဘယ္သူမွ ဆရာစုကိုတားရဲမွာမဟုတ္ဘူး။"

သူက လက္ေရးမူကို လက္ေဆာင္ေပးမည္ဟုမေျပာဘဲ မိန္ခ်န္စုကို သူ႔အိမ္ေတာ္ကိုလာဖတ္ရန္သာဖိတ္ၾကား၏။ သူက လက္ေရးမူကိုအသံုးခ်ကာ မၾကာမၾကာေတြ့ႏိုင္ရန္ဖန္တီးေနျခင္းမွာ သိသာလွ၏။ အိမ္ေရ႔ွစံမင္းသားမွာ ထိုသို႔ျဖစ္ေနသည္ကို သေဘာမက်ႏိုင္ဘဲ စိုးရိမ္လာသည္။ သူက အလ်င္စလိုပင္ၾကားျဖတ္ေျပာေလ၏။

"က်င္းဟြမ္၊ မင္းက အရမ္းသေဘာထားေသးလြန္းေနတာမဟုတ္ဘူးလား? လက္ေရးမူေလးနည္းနည္းပဲကို။ ဆရာစုသေဘာက်ရင္ လက္ေဆာင္ေပးလိုက္ေလ။ အဲ့ဒါေတြကိုဖတ္ဖို႔ မင္းအိမ္ေတာ္ကိုလာရေအာင္ သူ႔ကိုဒုကၡမေပးနဲ႔ေလ...မင္း အရမ္းကပ္ေစးနည္းေနရင္လည္း ေဈးသာေျပာ။ ငါ ဆရာစုအတြက္ လက္ေဆာင္အေနနဲ႔ဝယ္ေပးမယ္။"

ထိုကဲ့သို႔ေသာရန္စမႈမ်ိဳးကို လက္ခံလိုက္ရခ်ိန္မွာေတာ့ မင္းသားယြီမွာ ေရြးစရာမရိွေတာ့ဘဲေျပာရေလေတာ့၏။

"ဆရာစုက လက္ေရးမူေတြကို လက္မခံမွာပဲ ကြၽန္ေတာ္စိုးရိမ္တာ။ ဆရာစုသာလိုခ်င္ရင္ ကြၽန္ေတာ္ အဲ့ဒါေတြကို ခ်က္ခ်င္းပို႔ေပးလိုက္မွာ။"

မိန္ခ်န္စုက ေပါ့ပါးစြာေျဖသည္။

"မင္းသားယြီက ဒီလက္ေရးမူေတြကို အရမ္းတန္ဖိုးထားေတာ့ ကြၽန္ေတာ္မ်ိဳး မယူဝံ့ပါဘူး။"

"အိုး၊ ဆရာစု ဘာေျပာလိုက္တာလဲ? ဆရာစုက အရည္အခ်င္းရိွၿပီး ဗဟုသုတနဲ႔ျပၫ့္စံုတဲ့သူတစ္ေယာက္ပါ။ လူႀကီးမင္းလီသာအသက္ရွင္ေနေသးရင္ သူက ဆရာစုကို သူ႔ရဲ့ထိပ္တန္းတပၫ့္လို႔ေသခ်ာေပါက္သတ္မွတ္မွာ။ ဒီလက္ေရးမူေတြက ဆရာစုရဲ့လက္ထဲမွာရိွေနသင့္တာေပါ့။"

မင္းသားယြီက ရက္ေရာခ်င္ေယာင္ေဆာင္လိုက္သည္။ သူက အိမ္ေရ႔ွစံမင္းသားရဲ့တိုက္ခိုက္မႈကိုလည္း သည္းခံမေနဘဲ သူ႔ကိုေျပာလာ၏။

"အစ္ကိုေတာ့္ကို အတင့္ရဲၿပီးေဝဖန္ရမယ္ဆိုရင္ေတာ့ အစ္ကိုေတာ္ေျပာလိုက္တဲ့စကားမွာ ျပႆနာရိွေနတယ္လို႔ ကြၽန္ေတာ္ေျပာရလိမ့္မယ္။ ဒီလက္ေရးမူေတြက သာမန္လူတစ္ေယာက္အတြက္ ဘာမွအဖိုးမတန္ေပမယ့္ လူႀကီးမင္းလီကိုေလးစားတဲ့သူေတြအတြက္ကေတာ့ တန္ဖိုးမျဖတ္ႏိုင္တဲ့ရတနာေတြပဲ။ ေဈးသတ္မွတ္ဖို႔ေျပာလိုက္တာက ဆရာစုကို စိတ္မေကာင္းျဖစ္ေစမွာ ကြၽန္ေတာ္ စိုးရိမ္တယ္..."

အိမ္ေရ႔ွစံမင္းသားမွာ ခ်က္ခ်င္းပင္ အိုးတိုးအမ္းတမ္းျဖစ္သြားသည္။  သို႔ေသာ္လည္း သူက စာဖတ္ရတာကိုမႀကိဳက္တာအမွန္ပဲမို႔ ပညာရိွေတြရဲ့အေတြးေတြကို နားမလည္ႏိုင္ပါေခ်။ သူက တစ္ခုခုမွားေျပာမိကာ မိန္ခ်န္စုကို စိတ္အေနွာင့္အယွက္ျဖစ္သြားေစမွာစိုးတာေၾကာင့္ တိုက္ခိုက္လာျခင္းကို ေအာင့္အီးသည္းခံေနလိုက္သည္။

သူတို႔ႏွစ္ေယာက္ရဲ့စကားစစ္ထိုးပြဲမွာ အရႈံးအႏိုင္က သိသာျခင္းရိွမေနေပ။ မိန္ခ်န္စု ပင္ပန္းေနတာကိုျမင္တဲ့အခါ သူတို႔ ၾကာၾကာမေနသင့္ေတာ့တာကို ႏွစ္ေယာက္လံုးသိသြားၾကသည္။ ႏွစ္ေယာက္စလံုးက ေလာကဝတ္စကားအနည္းငယ္ဆိုၿပီးေနာက္ အတူတူျပန္ထြက္သြားၾက၏။
...

မဟာကာႀကံဆစ္ : တရုတ္ေဆးဖက္ဝင္အပင္တစ္မ်ိဳးပါ။ ျမန္မာနဲ႔တစ္ျခားေနရာေတြမွာလည္းေပါက္ပါတယ္။ Chinese knotweedဆိုေတာ့ နာမည္နည္းနည္းကြဲေကာင္းကြဲႏိုင္ေပမယ့္ knotweedရဲ့ျမန္မာလိုနာမည္က မဟာကာႀကံဆစ္မို႔ အဲ့လိုပဲေရးလိုက္ပါတယ္။

...

Continue Reading

You'll Also Like

445K 47.4K 147
Myanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September...
1.9M 337K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
570K 66.4K 186
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
210K 22K 103
ဘာသာပြန်သူ - စွဲညို့အသင်း