Unicode...
Note : အားလုံးပဲ...ကမ္ဘာ့အပြင်ဘက် သီချင်းကိုသိမယ်ထင်တယ်။ မောင်သွားရာ ဖဝါးထပ်မျှလိုက်မယ်ယုံ...အဲဒါလေးလေ။ မသိရင် ဒါလေးအရင်နားထောင်ပြီးမှ ဆက်ဖတ်ပါနော်😗
......................................................
မင်္ဂလာအချိန် ကျရောက်လာပြီဖြစ်ပါတယ်။
မင်္ဂလာသတို့သားမောင်နှံနှစ်ဦး မာမီမိုးတို့အဖွဲ့လက်ရာနဲ့ မြန်မာဆန်ဆန် မောင့်ကျက်သရေခေါင်းပေါင်းကိုဆောင်း၊ တိုက်ပုံအဖြူကိုဝတ်၊ အိတ်ထောင်မှာ ပန်းခက်ဖြူလေးကိုယ်စီထိုးလို့ တောင်ရှည်မီးခိုးရောင်၊ ဘော်ကြယ်ကပ်ကတ္တီပါဖိနပ်အမည်းရောင် စသည် စသည် ကျက်သရေမင်္ဂလာအပေါင်း ပြည့်စုံခညောင်းစွာ ရွှေလက်တွဲလျက် မင်္ဂလာခန်းမထဲ လှမ်းခဲ့ကြပါတယ်။
ပန်းကြဲတဲ့မိန်းကလေးဟာလည်း ပန်းရောင်ရင်ဖုံး ချိတ်ထဘီဝမ်းဆက်နဲ့ ဒေါက်ဖိနပ်ပန်းဆီရောင်လေးစီးလို့ မောင်နှံနှစ်ဦးကို ဦးဆောင်ပြီး ရှေ့ဆုံးကနေ ကြွကြွရွရွလျှောက်လာပါတယ်။ မင်္ဂလာမောင်နှံနှစ်ဦးနောက်မှာတော့ သတို့သားအရံများအဖြစ် ခွန်းမြတ်တာရာနဲ့ သုခအောင်တို့ကို တိုက်ပုံအဖြူ၊ တောင်ရှည်အညိုရောင်များနဲ့ မင်္ဂလာမောင်နှံနဲ့အပြိုင် တောက်ပြောင်နေတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ဒီ့နောက်မှာတော့ တေဇောရာဇရဲ့မိဘများဖြစ်သော ဦးလှဆွေနဲ့ ဒေါ်မြတ်မြတ်လှိုင်တို့ကလည်း သတို့သားရဲ့မိဘများအဖြစ် ပြိုင်စံရှားအပြင်အဆင်များနဲ့ ဂုဏ်ယူဝံ့ကြွားစွာ လိုက်ပါလျက်ရှိပါတယ်။ အဲ...သူ့မိဘတွေကိုမိတ်ဆက်တဲ့နေရာမှာ ဦးလှဆွေဆိုတော့ တေဇောဟာ အခမ်းအနားမှူးကို ဗီဒီယိုရိုက်နေတဲ့ကြားက သမင်မျက်စောင်းလှမ်းထိုးပါသေးတယ်။
မိဘများနောက်မှာတော့ ဘုန်းသော်ဇင်ရဲ့ သွေးသောက်ညီနောင်များက ပွဲရဲ့ပုံရိပ် မညှိုးနွမ်းရလေအောင် တိုက်ပုံကိုယ်စီ၊ မြို့ဂုဏ်ရောင်က ချည်ပုဆိုးကိုယ်စီနဲ့ တောက်ပြောင်လျက်ရှိကြပါတယ်။ ကြွရောက်အားပေးကြသော မိတ်သင်္ဂဟအပေါင်းကလည်း မင်္ဂလာမောင်နှံကိုတစ်လှည့်ကြည့်လိုက်၊ ရေခဲမုန့်တစ်ဇွန်းစားလိုက်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှပါပေ့။
မင်္ဂလာစင်မြင့်ထက်ရောက်တော့ ဓါတ်ပုံရိုက်ကြ၊ ဗီဒီယိုရိုက်ကြ၊ ဘိသိက်ဆရာက ရေစင်သွန်းလောင်းပေးနဲ့ အလုပ်ရှုပ်နေကြတာပေါ့။ ကိစ္စဝိစ္စတွေပြီးစီးသွားတော့ မင်္ဂလာမောင်နှံနဲ့ မိဘများက ဧည့်ခံဖို့ ဆင်းသွားကြရော။ သုခအပါအဝင် လေးယောက်သားက သူတို့အစီအစဉ်စသင့်ပြီဖြစ်ကြောင်း တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ပြကြတယ်။
ဟိုသုံးကောင်ကတော့ ဆင်တူတွေပဲ။ ခခက အရံလုပ်ရသေးတာဆိုတော့ သူတို့နဲ့ဆင်တူဝတ်စုံအပိုကို အိတ်နဲ့ထည့်ယူခဲ့တာ။ ဒီကောင်တွေကိုခဏစောင့်ခိုင်းပြီး toiletထဲအဝတ်သွားလဲတာပေါ့။ အဝတ်လဲပြီးပြန်ထွက်လာတော့ အိမ်သာရှေ့မှာ ဝုန်းဆိုတဲ့အသံကြားလိုက်ရော။ ဘာများလဲဆိုပြီး စပ်စုလိုက်တာလေ...ဒီခန်းမက ဝိတ်တာနှစ်ယောက်ထင်ပါတယ်။ ယူနီဖောင်းတွေနဲ့မို့ ထင်လိုက်တာပေါ့နော်။
တစ်ယောက်က နောက်တစ်ယောက်ကို ကော်လံကနေဆွဲပြီး အိမ်သာနံရံကို ဝုန်းခနဲတွန်းလိုက်တာပဲ။ ပြီးတော့ မျက်ထောင့်နီကြီးတွေနဲ့ နံရံကပ်နေတဲ့ကောင်လေးကို စိုက်ကြည့်နေတယ်။ အဆွဲခံရတဲ့ကောင်လေးကလည်း ကြောက်ကြောက်လန့်လန့်နဲ့မို့ထင်ပါတယ်။ အသက်ရှူသံတွေတောင်ကြားနေရတယ်။
အနားမှာက လူတွေလည်းမရှိဘူး။ ဒီနှစ်ကောင်သတ်ကြတော့မယ်လို့ စိတ်ကအလိုလိုထင်နေတယ်။ သူတို့ကတော့ ခခကိုမမြင်ဘူးထင်တာပဲ။ ခခလည်း ရန်ဖြစ်တော့မယ်ထင်လို့ ပြေးဖို့ပြင်တော့ အွန်းဆိုတဲ့အသံကြီးထပ်ကြားလိုက်ရရော။ စပ်စုလိုစိတ်က ထိန်းမရတော့ နောက်တစ်ခါလှည့်ကြည့်မိတော့...
ဟယ်...ဒီကောင်တွေက လက်စသတ်တော့ အချစ်စမ်းနေကြတာပဲ။ ခခကိုမပြောနဲ့ ခွေးဖြတ်သွားတောင်မြင်ကြမယ်မထင်ဘူး။ မိုးမမြင် လေမမြင် တအွန်းအွန်းနဲ့ နမ်းနေလိုက်ကြတာများ။ ခခမှာတော့ ထွက်ပြေးရမလို ရပ်ပဲကြည့်ရမလိုဖြစ်နေရော။ သူများမင်္ဂလာဆောင်မှာ သင်းတို့က လုပ်စရာရှိတာမလုပ်ဘဲ လုပ်ချင်ရာတွေလုပ်နေကြတယ်။
နင်တို့နှစ်ကောင်ကို သေသေချာချာကိုမှတ်ထားလိုက်ပြီ။ နင်တို့နှစ်ကောင်လာချပေးတဲ့ ရေခဲမုန့်နဲ့ကိတ်မုန့်ကို ယောင်လို့တောင်မစားဘူး ဟွန်း။
"သုခ ကြာတာကွာ...မိတ်ကပ်တွေများ လိမ်းနေသေးတာလား"
"မဟုတ်ပါဘူးအေ...အကုသိုလ်တွေ မြင်လာရလို့"
"လာတော့ လာတော့"
ဒီလိုနဲ့ ပွဲစပြီးတစ်နာရီခွဲအကြာမှာပဲ သူတို့လေးယောက်ရဲ့အစီအစဉ်တွေကို စတာပေါ့။
"ဟေ့ကောင် မြတ်သူ...မင်းသီချင်းကျက်တာလည်း မတွေ့ရဘူး...ရတာသေချာလား"
"သေချာပါတယ်ဆို...ငါမရတာ ဟိုနှစ်နေရာပဲကွာ...အဲနေရာတွေကို မရမှန်းသိလို့ ဗီနိုင်းထဲမှာ စာလုံးသေးသေးလေးတွေနဲ့ မသိမသာလေး ရေးခိုင်းထားတယ် စိတ်ချ ဟဲဟဲ"
အစီအစဉ်အတိုင်း စင်ပေါ်တက်ပြီးတော့ ငထွန်းနဲ့ဝဏ္ဏက တစ်ယောက်တစ်ဖက် ဗီနိုင်းအကြီးကြီးကို ဖြန့်ထည့်လိုက်တယ်။ သုခနဲ့ မြတ်သူက မိုက်ကိုယ်စီနဲ့ ဘေးကနေ ခေါင်းမော့ရင်ကော့ပြီး တက်လာကြတယ်။ ဗီနိုင်းကြီးကိုကြည့်ပြီး အောက်ကပရိတ်သတ်တွေက တခွိခွိနဲ့။ လက်ကာပြီးတစ်ယောက်နဲ့တစ်ယောက် ပြောကြသေးတာ။
မင်္ဂလာမောင်နှံလည်း ဧည့်ခံနေရာက စင်ပေါ်ကိုကြည့်မိတော့ တေဇောက သော်ကြီးပခုံးကိုရိုက်ပြီး တစ်ဖြဲနှစ်ဖြဲကိုရယ်တာ။
ဘာရယ်စရာပါလို့လဲဟ....
"ဟေ့ကောင် သော်ကြီး...မင်းစနပ်လား"
"မဟုတ်ဘူးကွ...ငါတောင်မသိဘူး...ဒီကောင်တွေ ဘာလုပ်ကြမလို့လဲ မသိပါဘူး"
ခခနဲ့ မြတ်သူတို့ မဆိုသေးဘဲ အခြေအနေကိုအကဲခတ်ကြည့်မိတယ်။ ဘာရယ်စရာပါလဲလေ။ ဗီနိုင်းက 'ချစ်သူငယ်ချင်းသော်ကြီးနှင့် သူ၏မီးတောက်ကလေး တေဇောတို့အတွက် အပေါင်းအပါများ၏ ဖျော်ဖြေမှု' ဒီလိုလေးပါ။
ခခ အကဲခတ်နေတုန်းမှာ သီချင်းသံစဉ်က စလာရော။ မြတ်သူအလှည့်intro...
"🎶ဟူ ဟူး ဟူ....သွားကြမယ် အချစ်ကမ္ဘာဘုံ...
လိုက်မလားကွယ်...သီးသန့်တဲ့ မေတ္တာဘုံ...
သီတာရေမြေ ခြားနေပါတယ်...ထူးခြားတဲ့ သစ္စာဘုံ...
ယူဇနာတစ်ရာဝေးကွာရာကွယ်...ဆန်းပြားတဲ့ ဗိမာန်ဘုံ🎶"
သုခအလှည့်intro...
"🎶ဟူ ဟူး ဟူ...လိုက်ခဲ့မကွဲ့ သဲညှာယုံ...
မောင်သွားရာ...ဖဝါးထပ်မျှ လိုက်မယ်ယုံ...
အန္တရာယ် ရန်စွယ် မမှုပါကွယ်...
မောင့်တစ်ယောက်အတွက် အသက်ကိုပုံ...
အချိန်နာရီတွေ မရွေးပါရှင်ရယ်...မောင့်နောက်က လိုက်မယ်ယုံ🎶"
မြတ်သူ >> "🎶မောင်သွားမှာ ဆန်းပြားတဲ့အရပ်ကိုပါ🎶"
သုခ >> "🎶ဘယ်ကိုလဲကွယ်...ပြောစမ်းကွဲ့ မောင့်နေရာ...🎶"
** သုခအလှည့်ပြီးတော့ သုံးယောက်သား မြတ်သူကိုဝိုင်းကြည့်ကြတယ်။ သူမရတဲ့ နေရာရောက်ပြီလေ။ မြတ်သူလည်း အစီအစဉ်အတိုင်း အနောက်က ဗီနိုင်းကို မသိမသာခိုးကြည့်ပြီး ဆက်ဆိုလေတယ်။ **
"🎶အချဉ်ပေါင်း သရက်ပေါင်း မာလကာသီးလည်း မကျန်ပါ🎶"
** သုခလည်း ကြောင်တောင်တောင်နဲ့ ဆက်ဆိုရတော့တယ်။ **
"🎶အိုး....ဆန်းဆန်းပြားပြား🎶"
"🎶နာနတ်သီး ကြောင်လျှာသီး ဪ ဂွေးသီးလည်းပါတာ🎶"
"🎶အိုး....ဆန်းဆန်းပြားပြား🎶"
** အောက်က တေဇောရော သော်ကြီးရော ပရိတ်သတ်တွေလည်းမကျန် အော်ရယ်လေတယ်။ သုခတစ်ယောက် အခြေအနေကိုသဘောပေါက်ပြီး အနောက်ကဗီနိုင်းကိုလှည့်ကြည့်တော့ မျက်နှာတစ်ခုလုံး နေဝင်သွားရတယ်။ မြတ်သူလည်း နေကာမျက်မှန်ကြီးထုတ်တပ်ပြီး ပရိတ်သတ်ကိုကျောပေးထားလိုက်တယ်။ ကျန်နှစ်ကောင်လည်း ဗီနိုင်းကိုသတိထားမိတော့ လွှတ်ချလေတယ်။ ဗီနိုင်းပေါ်မှာရေးထားတာကတော့...
'သီးစုံချဉ်ပေါင်း ရပြီ...
သရက်သီး၊ မာလကာသီး၊ ကြောင်လျှာသီး၊ နာနတ်သီး၊ ဂွေးသီး၊ သင်္ဘောသီး၊ ဩဇာသီး....
ရုတ်သမ်း သီးစုံချဉ်ပေါင်း' **
သုခက မိုက်ကိုင်လျက်သား...
"အမလေးလေး...သီစုံချဉ်ပေါင်းဗီနိုင်းက ဘာလို့ဒီမှာရှိနေရတာတုံး...မင်းတို့ကောင်တွေ အလုပ်ကိုသေချာမလုပ်ကြနဲ့"
"ဗီနိုင်းဆိုင်ကဟာတွေ သေချာမပေးလိုက်ဘူး တောက်"
"မပေးလည်း မင်းတို့ကဖွင့်ကြည့်ရမှာလေ"
"ဟ...ဆေးပျက်မှာစိုးလို့လေ"
** လေးယောက်သားခေါင်းချင်းဆိုင်ဆွေးနွေးနေတုန်း ငထွန်းက တီးဝိုင်းအဖွဲ့ကို ရပ်ပေးဖို့ လက်ပြတယ်။ တီးဝိုင်းအဖွဲ့လည်း သဘောပေါက်သွားတဲ့ဟန် ခေါင်းညိတ်ပြပြီး သီချင်းကိုရပ်တန့်ပေးတယ်။ ဒီ့နောက် ချက်ချင်းဆိုသလို နောက်ထပ်တစ်ပုဒ်ထပ်ဖွင့်လေတယ်။**
🎶....Music intro....🎶
ဟယ်...ဒီတစ်ပုဒ်က ပြီးခါနီးကျမှလေ။ အနောက်တိုင်းဝတ်စုံတွေလဲပြီး ဟိုနှစ်ကောင်ရှေ့မှာပဲ ကပြဖို့စီစဉ်ထားတာလေ။ အခု ပုဆိုးတွေနဲ့ စင်ပေါ်မှာမှမဟုတ်တာ။ မတတ်နိုင်ဘူး။ ဖွင့်ပြီးမှတော့ ရေလိုက်ငါးလိုက်ပေါ့။ ကျန်တဲ့ကောင်တွေကို မျက်စပစ်ပြလိုက်တော့ အိတ်ထဲက နေကာမျက်မှန်တွေထုတ်တတ်ပြီး သီချင်းနဲ့အလိုက်အထိုက်ကရတော့တာပေါ့။
🎶I I I I'mma...I I I I I'mma....Mother Father Gentleman🎶
** တိုက်ပုံ ပုဆိုးတွေနဲ့ နေကာမျက်မှန်ကိုယ်စီတပ်လို့ တစ်ဖက်ကလက်ပိုက် တစ်ဖက်ကမေးထောက်၊ ခြေထောက်နှစ်ချောင်းကားပြီး ဟိုဘက်ယမ်း ဒီဘက်ယမ်းနဲ့ Gentleman ကကွက်တွေထုတ်ပြရတော့တယ်။ **
"သော်ကြီးရာ...ဒီကောင်တွေလုပ်တာ သေးထွက်တော့မယ်"
"ငါရောပဲ...သေတော့မယ်"
နှစ်ကောင်သား ဗိုက်နှိပ်ရယ်ကြတာ သော်ကြီးက ခေါင်းပေါင်းပါ ပြုတ်ကျတယ်။ ဧည့်ပရိတ်သတ်တွေများ သူတို့ကြောင့် စားသောက်ပြီးတာတောင် မပြန်သေးဘဲ ထိုင်ကြည့်နေကြလို့ နောက်လာတဲ့ဧည့်သည်တွေ နေရာတောင်မရတော့ဘူးဖြစ်သွားတာ။ ဗီဒီယိုသမားကလည်း ကျွန်တော်တို့နှစ်ယောက်ကိုရော၊ ဧည့်သည်တွေကိုရော ဂရုမစိုက်တော့ဘူး။ သူတို့ဆီပဲ cameraကို ထောက်တိုင်ကြီးပေါ်တင်ချိန်ပြီး ခွီးနေလေရဲ့။ အမေကလည်းပြောသေးတယ်။ ဒီကောင်လေးတွေ ဟာသဉာဏ်ရွှင်သားတဲ့။ ဟာသလုပ်တာမဟုတ်ဘူးအမေရေ။ အတည်လုပ်တာပဲ လွဲသွားကြတာ။
Gentlemanသီချင်းနဲ့ကပြီးကြတော့ လေးကောင်သား အနောက်ဖက်ကိုခေါင်းလေးတွေစောင်းပြီး စင်ပေါ်ကနေဆင်းသွားကြရော။
ခန်းမအနောက်ဘက်က ခုံပေါ်မှာ မြတ်သူဆွဲလာတဲ့ဗီနိုင်းအမှန်က ပြန့်ပြန့်ကြီး။
"ဟဲ့ အကောင်...ဗီနိုင်းဆိုင်ကမမှားဘူး...မင်းတို့မှားတာ ဒီမှာကြည့်...ဗီနိုင်းအမှန်က ဒီမှာ"
တကယ်တော့ ဗီနိုင်းဆိုင်က လိပ်လိုက်ရင် ဆေးပျက်မှာစိုးလို့ အပေါ်ကနေ ဗီနိုင်းအဟောင်းတစ်ခုခံပြီး လိပ်ပေးလိုက်တာ။ အဲဒါကို ဒီအကောင်တွေက သေချာမကြည့်ဘဲ အပေါ်က ဗီနိုင်းကို ဆွဲယူလာခဲ့တာနေမှာပေါ့။
အဲအချိန် ဦးတာရယ် မီးလေးရယ်ဝင်လာပြီး ခခဆီပြေးလာကြတယ်။ မီးလေးက သူ့ဖုန်းကြီးကို မျက်နှာရှေ့ထိုးပြပြီး ရယ်နေတော့တာ။
"ဖျူးချားဖေဖေတို့အဖွဲ့က လုံးဝ ပါဖက်...အမိုက်စားပဲ...ကြိုက်လွန်းလို့ ဖေ့ဘုတ်ပေါ်တင်မယ်နော်"
ဟဲ့...ဪ....သူများအရှက်တကွဲအကျိုးနည်းဖြစ်တာကို ဒီကလေးမက ဖေ့ဘုတ်ပေါ်တင်မတဲ့လား။ သူ့ဖုန်းကိုဝိုင်းလုပြီး တားရသေးတာ။ ဦးကလည်း သူ့သမီးကိုမတားဘဲ ဗိုက်ကြီးကိုဖိဖိပြီး ရယ်နေတာ။ ခခတို့က ပိစိလေးလွဲသွားတာပါ။ အဲလောက်ရယ်စရာလိုလားလေ။
အရှေ့ဘက် ဧည့်ခံပွဲမှာ~~~
"သားရယ်...သားတို့သူငယ်ချင်းတွေကို လာမဲ့ဘုရားပွဲမှာ လူရွှင်တော်လုပ်ခိုင်းလို့မရဘူးလား"
"အယ်...မဟုတ်တာ သူတို့ကအပျော်သဘောလုပ်တာရယ်...အဲလို ပြက်လုံးတွေမပြက်တတ်ဘူးရယ်"
"စတာပါကွယ်...ရယ်ရလွန်းလို့ မုန့်တောင်မစားနိုင်တော့ဘူးရယ်"
"အန်တီတို့ကလည်း စားပါစားပါ"
လူတိုင်းကိုလည်း ကျွန်တော်တို့အကြောင်းထက် သူတို့လေးကောင်အကြောင်းပဲ လှည့်ပြောနေရတယ်။ ဧည့်သည်တွေ ကျဲသွားတော့ သော်ကြီးကအနောက်ထဲ ခဏဝင်သွားတယ်။
ခန်းမအနောက်ဘက်~~~
"ဟေ့ကောင်တွေ...gentlemanသီချင်းနဲ့ ထပ်ကရအောင်လေ"
"တော်စမ်းပါ သော်သော်ရယ်...သောက်ရှက်တွေလည်း ကွဲလာပြီးပါပြီ...တော်ပါတော့"
"မကွဲပါဘူးကွ...လူတိုင်းသဘောကျနေကြတာ"
ကျွန်တော့်စကားကြောင့် လေးကောင်သား မကြည်ကြည့်နဲ့လာကြည့်ကြတယ်။
နောက်ဆုံးမှာတော့~~~
🎶I I I I'mma....I I I I'mma🎶
ကျွန်တော်လည်း အမေတို့နဲ့စကားပြောရင်း သီချင်းသံကြားတော့ စင်ပေါ်လှည့်ကြည့်လိုက်တာ။ ဟိုကောင်တွေရယ်....သော်ကြီးရယ်။ ဟင်...ဘယ်တုန်းက sneakerတွေလဲလိုက်ကြတာတုံး။ သော်ကြီးက ရှေ့ဆုံးကနေ နေကာမျက်မှန်ကြီးနဲ့ မောင့်ကျက်သရေခေါင်းပေါင်းကြီးနဲ့ လှုပ်ခါနေတာပဲ။ မျက်နှာကြီးကို တည်ထားသေးတာ။
ဦးလှဆွေကို လက်ယက်ခေါ်လိုက်သေးတယ်။ ဟိုဘိုးတော်ကလည်း သိပ်မကချင်ရှာဘူး။ ဦးစိန်တင့်အပါအဝင် သူ့အပေါင်းအပါတွေခေါ်ပြီး စင်ပေါ်တက်သွားကြရော။ ပုဆိုးကြီးတွေနဲ့ ခြေကားယား လက်ကားယားတွေ ကြည့်ကောင်းပါပြီ။ မကြာပါဘူး။ ဦးတာလည်းပဲ ခခအခေါ်တော်ရှိတာကြောင့် နေကာမျက်မှန်ထုတ်တပ် သူ့သမီးလက်ဆွဲပြီး စင်ပေါ်တက်သွားပြန်ရော။
နောက်တော့ သော်ကြီးက မိုက်ကိုင်ပြီး ကျွန်တော့်ကိုအော်ခေါ်တယ်။
"အချစ်ကလေး...ကိုယ့်ကိုချစ်ရင် စင်ပေါ်တက်ခဲ့"
အမေကလည်း လက်ခုပ်တီးပြီး ကျွန်တော့်ကိုရှေ့တွန်းလွှတ်တယ်။ ကျွန်တော်လည်း ဟန်မဆောင်တော့ပါဘူး။ ခုန်ပျံကျော်လွှားပြီး သူ့ဘေးရောက်သွားတာပဲ။
အဲဒီနောက်တော့.....
🎶Mother Father Gentleman🎶
သီချင်းအဆုံးမှာ မင်္ဂလာပွဲကြီးဟာလည်း အောင်မြင်စွာ ပြီးဆုံးသွားပါတော့တယ်။
Note : ဒါလေးfacebookကတွေ့တာ။ တကယ့်wedding shootလေး။ ကိုယ့်ကောင်တွေနဲ့ကွက်တိပဲမို့ ဆေ့လာတာ😁
~~~~~~~~~~~~~~~~~~~~~
Zawgyi...
Note : အားလုံးပဲ...ကမာၻ႔အျပင္ဘက္ သီခ်င္းကိုသိမယ္ထင္တယ္။ ေမာင္သြားရာ ဖဝါးထပ္မွ်လိုက္မယ္ယုံ...အဲဒါေလးေလ။ မသိရင္ ဒါေလးအရင္နားေထာင္ၿပီးမွ ဆက္ဖတ္ပါေနာ္😗
.............................
မဂၤလာအခ်ိန္ က်ေရာက္လာၿပီျဖစ္ပါတယ္။
မဂၤလာသတို႔သားေမာင္ႏွံႏွစ္ဦး မာမီမိုးတို႔အဖြဲ႕လက္ရာနဲ႕ ျမန္မာဆန္ဆန္ ေမာင့္က်က္သေရေခါင္းေပါင္းကိုေဆာင္း၊ တိုက္ပုံအျဖဴကိုဝတ္၊ အိတ္ေထာင္မွာ ပန္းခက္ျဖဴေလးကိုယ္စီထိုးလို႔ ေတာင္ရွည္မီးခိုးေရာင္၊ ေဘာ္ၾကယ္ကပ္ကတၱီပါဖိနပ္အမည္းေရာင္ စသည္ စသည္ က်က္သေရမဂၤလာအေပါင္း ျပည့္စုံခေညာင္းစြာ ေ႐ႊလက္တြဲလ်က္ မဂၤလာခန္းမထဲ လွမ္းခဲ့ၾကပါတယ္။
ပန္းႀကဲတဲ့မိန္းကေလးဟာလည္း ပန္းေရာင္ရင္ဖုံး ခ်ိတ္ထဘီဝမ္းဆက္နဲ႕ ေဒါက္ဖိနပ္ပန္းဆီေရာင္ေလးစီးလို႔ ေမာင္ႏွံႏွစ္ဦးကို ဦးေဆာင္ၿပီး ေရွ႕ဆုံးကေန ႂကြႂကြ႐ြ႐ြေလွ်ာက္လာပါတယ္။ မဂၤလာေမာင္ႏွံႏွစ္ဦးေနာက္မွာေတာ့ သတို႔သားအရံမ်ားအျဖစ္ ခြန္းျမတ္တာရာနဲ႕ သုခေအာင္တို႔ကို တိုက္ပုံအျဖဴ၊ ေတာင္ရွည္အညိုေရာင္မ်ားနဲ႕ မဂၤလာေမာင္ႏွံနဲ႕အၿပိဳင္ ေတာက္ေျပာင္ေနတာကို ေတြ႕ျမင္ၾကရမွာျဖစ္ပါတယ္။
ဒီ့ေနာက္မွာေတာ့ ေတေဇာရာဇရဲ႕မိဘမ်ားျဖစ္ေသာ ဦးလွေဆြနဲ႕ ေဒၚျမတ္ျမတ္လွိုင္တို႔ကလည္း သတို႔သားရဲ႕မိဘမ်ားအျဖစ္ ၿပိဳင္စံရွားအျပင္အဆင္မ်ားနဲ႕ ဂုဏ္ယူဝံ့ႂကြားစြာ လိုက္ပါလ်က္ရွိပါတယ္။ အဲ...သူ႕မိဘေတြကိုမိတ္ဆက္တဲ့ေနရာမွာ ဦးလွေဆြဆိုေတာ့ ေတေဇာဟာ အခမ္းအနားမႉးကို ဗီဒီယိုရိုက္ေနတဲ့ၾကားက သမင္မ်က္ေစာင္းလွမ္းထိုးပါေသးတယ္။
မိဘမ်ားေနာက္မွာေတာ့ ဘုန္းေသာ္ဇင္ရဲ႕ ေသြးေသာက္ညီေနာင္မ်ားက ပြဲရဲ႕ပုံရိပ္ မညွိုးႏြမ္းရေလေအာင္ တိုက္ပုံကိုယ္စီ၊ ၿမိဳ႕ဂုဏ္ေရာင္က ခ်ည္ပုဆိုးကိုယ္စီနဲ႕ ေတာက္ေျပာင္လ်က္ရွိၾကပါတယ္။ ႂကြေရာက္အားေပးၾကေသာ မိတ္သဂၤဟအေပါင္းကလည္း မဂၤလာေမာင္ႏွံကိုတစ္လွည့္ၾကည့္လိုက္၊ ေရခဲမုန့္တစ္ဇြန္းစားလိုက္နဲ႕ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ရွိလွပါေပ့။
မဂၤလာစင္ျမင့္ထက္ေရာက္ေတာ့ ဓါတ္ပုံရိုက္ၾက၊ ဗီဒီယိုရိုက္ၾက၊ ဘိသိက္ဆရာက ေရစင္သြန္းေလာင္းေပးနဲ႕ အလုပ္ရႈပ္ေနၾကတာေပါ့။ ကိစၥဝိစၥေတြၿပီးစီးသြားေတာ့ မဂၤလာေမာင္ႏွံနဲ႕ မိဘမ်ားက ဧည့္ခံဖို႔ ဆင္းသြားၾကေရာ။ သုခအပါအဝင္ ေလးေယာက္သားက သူတို႔အစီအစဥ္စသင့္ၿပီျဖစ္ေၾကာင္း တစ္ေယာက္ကိုတစ္ေယာက္ မ်က္စပစ္ျပၾကတယ္။
ဟိုသုံးေကာင္ကေတာ့ ဆင္တူေတြပဲ။ ခခက အရံလုပ္ရေသးတာဆိုေတာ့ သူတို႔နဲ႕ဆင္တူဝတ္စုံအပိုကို အိတ္နဲ႕ထည့္ယူခဲ့တာ။ ဒီေကာင္ေတြကိုခဏေစာင့္ခိုင္းၿပီး toiletထဲအဝတ္သြားလဲတာေပါ့။ အဝတ္လဲၿပီးျပန္ထြက္လာေတာ့ အိမ္သာေရွ႕မွာ ဝုန္းဆိုတဲ့အသံၾကားလိုက္ေရာ။ ဘာမ်ားလဲဆိုၿပီး စပ္စုလိုက္တာေလ...ဒီခန္းမက ဝိတ္တာႏွစ္ေယာက္ထင္ပါတယ္။ ယူနီေဖာင္းေတြနဲ႕မို႔ ထင္လိုက္တာေပါ့ေနာ္။
တစ္ေယာက္က ေနာက္တစ္ေယာက္ကို ေကာ္လံကေနဆြဲၿပီး အိမ္သာနံရံကို ဝုန္းခနဲတြန္းလိုက္တာပဲ။ ၿပီးေတာ့ မ်က္ေထာင့္နီႀကီးေတြနဲ႕ နံရံကပ္ေနတဲ့ေကာင္ေလးကို စိုက္ၾကည့္ေနတယ္။ အဆြဲခံရတဲ့ေကာင္ေလးကလည္း ေၾကာက္ေၾကာက္လန့္လန့္နဲ႕မို႔ထင္ပါတယ္။ အသက္ရႉသံေတြေတာင္ၾကားေနရတယ္။
အနားမွာက လူေတြလည္းမရွိဘူး။ ဒီႏွစ္ေကာင္သတ္ၾကေတာ့မယ္လို႔ စိတ္ကအလိုလိုထင္ေနတယ္။ သူတို႔ကေတာ့ ခခကိုမျမင္ဘူးထင္တာပဲ။ ခခလည္း ရန္ျဖစ္ေတာ့မယ္ထင္လို႔ ေျပးဖို႔ျပင္ေတာ့ အြန္းဆိုတဲ့အသံႀကီးထပ္ၾကားလိုက္ရေရာ။ စပ္စုလိုစိတ္က ထိန္းမရေတာ့ ေနာက္တစ္ခါလွည့္ၾကည့္မိေတာ့...
ဟယ္...ဒီေကာင္ေတြက လက္စသတ္ေတာ့ အခ်စ္စမ္းေနၾကတာပဲ။ ခခကိုမေျပာနဲ႕ ေခြးျဖတ္သြားေတာင္ျမင္ၾကမယ္မထင္ဘူး။ မိုးမျမင္ ေလမျမင္ တအြန္းအြန္းနဲ႕ နမ္းေနလိုက္ၾကတာမ်ား။ ခခမွာေတာ့ ထြက္ေျပးရမလို ရပ္ပဲၾကည့္ရမလိုျဖစ္ေနေရာ။ သူမ်ားမဂၤလာေဆာင္မွာ သင္းတို႔က လုပ္စရာရွိတာမလုပ္ဘဲ လုပ္ခ်င္ရာေတြလုပ္ေနၾကတယ္။
နင္တို႔ႏွစ္ေကာင္ကို ေသေသခ်ာခ်ာကိုမွတ္ထားလိုက္ၿပီ။ နင္တို႔ႏွစ္ေကာင္လာခ်ေပးတဲ့ ေရခဲမုန့္နဲ႕ကိတ္မုန့္ကို ေယာင္လို႔ေတာင္မစားဘူး ဟြန္း။
"သုခ ၾကာတာကြာ...မိတ္ကပ္ေတြမ်ား လိမ္းေနေသးတာလား"
"မဟုတ္ပါဘူးေအ...အကုသိုလ္ေတြ ျမင္လာရလို႔"
"လာေတာ့ လာေတာ့"
ဒီလိုနဲ႕ ပြဲစၿပီးတစ္နာရီခြဲအၾကာမွာပဲ သူတို႔ေလးေယာက္ရဲ႕အစီအစဥ္ေတြကို စတာေပါ့။
"ေဟ့ေကာင္ ျမတ္သူ...မင္းသီခ်င္းက်က္တာလည္း မေတြ႕ရဘူး...ရတာေသခ်ာလား"
"ေသခ်ာပါတယ္ဆို...ငါမရတာ ဟိုႏွစ္ေနရာပဲကြာ...အဲေနရာေတြကို မရမွန္းသိလို႔ ဗီနိုင္းထဲမွာ စာလုံးေသးေသးေလးေတြနဲ႕ မသိမသာေလး ေရးခိုင္းထားတယ္ စိတ္ခ် ဟဲဟဲ"
အစီအစဥ္အတိုင္း စင္ေပၚတက္ၿပီးေတာ့ ငထြန္းနဲ႕ဝဏၰက တစ္ေယာက္တစ္ဖက္ ဗီနိုင္းအႀကီးႀကီးကို ျဖန့္ထည့္လိုက္တယ္။ သုခနဲ႕ ျမတ္သူက မိုက္ကိုယ္စီနဲ႕ ေဘးကေန ေခါင္းေမာ့ရင္ေကာ့ၿပီး တက္လာၾကတယ္။ ဗီနိုင္းႀကီးကိုၾကည့္ၿပီး ေအာက္ကပရိတ္သတ္ေတြက တခြိခြိနဲ႕။ လက္ကာၿပီးတစ္ေယာက္နဲ႕တစ္ေယာက္ ေျပာၾကေသးတာ။
မဂၤလာေမာင္ႏွံလည္း ဧည့္ခံေနရာက စင္ေပၚကိုၾကည့္မိေတာ့ ေတေဇာက ေသာ္ႀကီးပခုံးကိုရိုက္ၿပီး တစ္ၿဖဲႏွစ္ၿဖဲကိုရယ္တာ။
ဘာရယ္စရာပါလို႔လဲဟ....
"ေဟ့ေကာင္ ေသာ္ႀကီး...မင္းစနပ္လား"
"မဟုတ္ဘူးကြ...ငါေတာင္မသိဘူး...ဒီေကာင္ေတြ ဘာလုပ္ၾကမလို႔လဲ မသိပါဘူး"
ခခနဲ႕ ျမတ္သူတို႔ မဆိုေသးဘဲ အေျခအေနကိုအကဲခတ္ၾကည့္မိတယ္။ ဘာရယ္စရာပါလဲေလ။ ဗီနိုင္းက 'ခ်စ္သူငယ္ခ်င္းေသာ္ႀကီးႏွင့္ သူ၏မီးေတာက္ကေလး ေတေဇာတို႔အတြက္ အေပါင္းအပါမ်ား၏ ေဖ်ာ္ေျဖမႈ' ဒီလိုေလးပါ။
ခခ အကဲခတ္ေနတုန္းမွာ သီခ်င္းသံစဥ္က စလာေရာ။ ျမတ္သူအလွည့္intro...
"🎶ဟူ ဟူး ဟူ....သြားၾကမယ္ အခ်စ္ကမာၻဘုံ...
လိုက္မလားကြယ္...သီးသန့္တဲ့ ေမတၱာဘုံ...
သီတာေရေျမ ျခားေနပါတယ္...ထူးျခားတဲ့ သစၥာဘုံ...
ယူဇနာတစ္ရာေဝးကြာရာကြယ္...ဆန္းျပားတဲ့ ဗိမာန္ဘုံ🎶"
သုခအလွည့္intro...
"🎶ဟူ ဟူး ဟူ...လိုက္ခဲ့မကြဲ႕ သဲညွာယုံ...
ေမာင္သြားရာ...ဖဝါးထပ္မွ် လိုက္မယ္ယုံ...
အႏၲရာယ္ ရန္စြယ္ မမႈပါကြယ္...
ေမာင့္တစ္ေယာက္အတြက္ အသက္ကိုပုံ...
အခ်ိန္နာရီေတြ မေ႐ြးပါရွင္ရယ္...ေမာင့္ေနာက္က လိုက္မယ္ယုံ🎶"
ျမတ္သူ >> "🎶ေမာင္သြားမွာ ဆန္းျပားတဲ့အရပ္ကိုပါ🎶"
သုခ >> "🎶ဘယ္ကိုလဲကြယ္...ေျပာစမ္းကြဲ႕ ေမာင့္ေနရာ...🎶"
** သုခအလွည့္ၿပီးေတာ့ သုံးေယာက္သား ျမတ္သူကိုဝိုင္းၾကည့္ၾကတယ္။ သူမရတဲ့ ေနရာေရာက္ၿပီေလ။ ျမတ္သူလည္း အစီအစဥ္အတိုင္း အေနာက္က ဗီနိုင္းကို မသိမသာခိုးၾကည့္ၿပီး ဆက္ဆိုေလတယ္။ **
"🎶အခ်ဥ္ေပါင္း သရက္ေပါင္း မာလကာသီးလည္း မက်န္ပါ🎶"
** သုခလည္း ေၾကာင္ေတာင္ေတာင္နဲ႕ ဆက္ဆိုရေတာ့တယ္။ **
"🎶အိုး....ဆန္းဆန္းျပားျပား🎶"
"🎶နာနတ္သီး ေၾကာင္လွ်ာသီး ဪ ေဂြးသီးလည္းပါတာ🎶"
"🎶အိုး....ဆန္းဆန္းျပားျပား🎶"
** ေအာက္က ေတေဇာေရာ ေသာ္ႀကီးေရာ ပရိတ္သတ္ေတြလည္းမက်န္ ေအာ္ရယ္ေလတယ္။ သုခတစ္ေယာက္ အေျခအေနကိုသေဘာေပါက္ၿပီး အေနာက္ကဗီနိုင္းကိုလွည့္ၾကည့္ေတာ့ မ်က္ႏွာတစ္ခုလုံး ေနဝင္သြားရတယ္။ ျမတ္သူလည္း ေနကာမ်က္မွန္ႀကီးထုတ္တပ္ၿပီး ပရိတ္သတ္ကိုေက်ာေပးထားလိုက္တယ္။ က်န္ႏွစ္ေကာင္လည္း ဗီနိုင္းကိုသတိထားမိေတာ့ လႊတ္ခ်ေလတယ္။ ဗီနိုင္းေပၚမွာေရးထားတာကေတာ့...
'သီးစုံခ်ဥ္ေပါင္း ရၿပီ...
သရက္သီး၊ မာလကာသီး၊ ေၾကာင္လွ်ာသီး၊ နာနတ္သီး၊ ေဂြးသီး၊ သေဘၤာသီး၊ ဩဇာသီး....
႐ုတ္သမ္း သီးစုံခ်ဥ္ေပါင္း' **
သုခက မိုက္ကိုင္လ်က္သား...
"အမေလးေလး...သီစုံခ်ဥ္ေပါင္းဗီနိုင္းက ဘာလို႔ဒီမွာရွိေနရတာတုံး...မင္းတို႔ေကာင္ေတြ အလုပ္ကိုေသခ်ာမလုပ္ၾကနဲ႕"
"ဗီနိုင္းဆိုင္ကဟာေတြ ေသခ်ာမေပးလိုက္ဘူး ေတာက္"
"မေပးလည္း မင္းတို႔ကဖြင့္ၾကည့္ရမွာေလ"
"ဟ...ေဆးပ်က္မွာစိုးလို႔ေလ"
** ေလးေယာက္သားေခါင္းခ်င္းဆိုင္ေဆြးေႏြးေနတုန္း ငထြန္းက တီးဝိုင္းအဖြဲ႕ကို ရပ္ေပးဖို႔ လက္ျပတယ္။ တီးဝိုင္းအဖြဲ႕လည္း သေဘာေပါက္သြားတဲ့ဟန္ ေခါင္းညိတ္ျပၿပီး သီခ်င္းကိုရပ္တန့္ေပးတယ္။ ဒီ့ေနာက္ ခ်က္ခ်င္းဆိုသလို ေနာက္ထပ္တစ္ပုဒ္ထပ္ဖြင့္ေလတယ္။**
🎶....Music intro....🎶
ဟယ္...ဒီတစ္ပုဒ္က ၿပီးခါနီးက်မွေလ။ အေနာက္တိုင္းဝတ္စုံေတြလဲၿပီး ဟိုႏွစ္ေကာင္ေရွ႕မွာပဲ ကျပဖို႔စီစဥ္ထားတာေလ။ အခု ပုဆိုးေတြနဲ႕ စင္ေပၚမွာမွမဟုတ္တာ။ မတတ္နိုင္ဘူး။ ဖြင့္ၿပီးမွေတာ့ ေရလိုက္ငါးလိုက္ေပါ့။ က်န္တဲ့ေကာင္ေတြကို မ်က္စပစ္ျပလိုက္ေတာ့ အိတ္ထဲက ေနကာမ်က္မွန္ေတြထုတ္တတ္ၿပီး သီခ်င္းနဲ႕အလိုက္အထိုက္ကရေတာ့တာေပါ့။
🎶I I I I'mma...I I I I I'mma....Mother Father Gentleman🎶
** တိုက္ပုံ ပုဆိုးေတြနဲ႕ ေနကာမ်က္မွန္ကိုယ္စီတပ္လို႔ တစ္ဖက္ကလက္ပိုက္ တစ္ဖက္ကေမးေထာက္၊ ေျခေထာက္ႏွစ္ေခ်ာင္းကားၿပီး ဟိုဘက္ယမ္း ဒီဘက္ယမ္းနဲ႕ Gentleman ကကြက္ေတြထုတ္ျပရေတာ့တယ္။ **
"ေသာ္ႀကီးရာ...ဒီေကာင္ေတြလုပ္တာ ေသးထြက္ေတာ့မယ္"
"ငါေရာပဲ...ေသေတာ့မယ္"
ႏွစ္ေကာင္သား ဗိုက္ႏွိပ္ရယ္ၾကတာ ေသာ္ႀကီးက ေခါင္းေပါင္းပါ ျပဳတ္က်တယ္။ ဧည့္ပရိတ္သတ္ေတြမ်ား သူတို႔ေၾကာင့္ စားေသာက္ၿပီးတာေတာင္ မျပန္ေသးဘဲ ထိုင္ၾကည့္ေနၾကလို႔ ေနာက္လာတဲ့ဧည့္သည္ေတြ ေနရာေတာင္မရေတာ့ဘူးျဖစ္သြားတာ။ ဗီဒီယိုသမားကလည္း ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကိုေရာ၊ ဧည့္သည္ေတြကိုေရာ ဂ႐ုမစိုက္ေတာ့ဘူး။ သူတို႔ဆီပဲ cameraကို ေထာက္တိုင္ႀကီးေပၚတင္ခ်ိန္ၿပီး ခြီးေနေလရဲ႕။ အေမကလည္းေျပာေသးတယ္။ ဒီေကာင္ေလးေတြ ဟာသဉာဏ္႐ႊင္သားတဲ့။ ဟာသလုပ္တာမဟုတ္ဘူးအေမေရ။ အတည္လုပ္တာပဲ လြဲသြားၾကတာ။
Gentlemanသီခ်င္းနဲ႕ကၿပီးၾကေတာ့ ေလးေကာင္သား အေနာက္ဖက္ကိုေခါင္းေလးေတြေစာင္းၿပီး စင္ေပၚကေနဆင္းသြားၾကေရာ။
ခန္းမအေနာက္ဘက္က ခုံေပၚမွာ ျမတ္သူဆြဲလာတဲ့ဗီနိုင္းအမွန္က ျပန့္ျပန့္ႀကီး။
"ဟဲ့ အေကာင္...ဗီနိုင္းဆိုင္ကမမွားဘူး...မင္းတို႔မွားတာ ဒီမွာၾကည့္...ဗီနိုင္းအမွန္က ဒီမွာ"
တကယ္ေတာ့ ဗီနိုင္းဆိုင္က လိပ္လိုက္ရင္ ေဆးပ်က္မွာစိုးလို႔ အေပၚကေန ဗီနိုင္းအေဟာင္းတစ္ခုခံၿပီး လိပ္ေပးလိုက္တာ။ အဲဒါကို ဒီအေကာင္ေတြက ေသခ်ာမၾကည့္ဘဲ အေပၚက ဗီနိုင္းကို ဆြဲယူလာခဲ့တာေနမွာေပါ့။
အဲအခ်ိန္ ဦးတာရယ္ မီးေလးရယ္ဝင္လာၿပီး ခခဆီေျပးလာၾကတယ္။ မီးေလးက သူ႕ဖုန္းႀကီးကို မ်က္ႏွာေရွ႕ထိုးျပၿပီး ရယ္ေနေတာ့တာ။
"ဖ်ဴးခ်ားေဖေဖတို႔အဖြဲ႕က လုံးဝ ပါဖက္...အမိုက္စားပဲ...ႀကိဳက္လြန္းလို႔ ေဖ့ဘုတ္ေပၚတင္မယ္ေနာ္"
ဟဲ့...ဪ....သူမ်ားအရွက္တကြဲအက်ိဳးနည္းျဖစ္တာကို ဒီကေလးမက ေဖ့ဘုတ္ေပၚတင္မတဲ့လား။ သူ႕ဖုန္းကိုဝိုင္းလုၿပီး တားရေသးတာ။ ဦးကလည္း သူ႕သမီးကိုမတားဘဲ ဗိုက္ႀကီးကိုဖိဖိၿပီး ရယ္ေနတာ။ ခခတို႔က ပိစိေလးလြဲသြားတာပါ။ အဲေလာက္ရယ္စရာလိုလားေလ။
အေရွ႕ဘက္ ဧည့္ခံပြဲမွာ~~~
"သားရယ္...သားတို႔သူငယ္ခ်င္းေတြကို လာမဲ့ဘုရားပြဲမွာ လူ႐ႊင္ေတာ္လုပ္ခိုင္းလို႔မရဘူးလား"
"အယ္...မဟုတ္တာ သူတို႔ကအေပ်ာ္သေဘာလုပ္တာရယ္...အဲလို ျပက္လုံးေတြမျပက္တတ္ဘူးရယ္"
"စတာပါကြယ္...ရယ္ရလြန္းလို႔ မုန့္ေတာင္မစားနိုင္ေတာ့ဘူးရယ္"
"အန္တီတို႔ကလည္း စားပါစားပါ"
လူတိုင္းကိုလည္း ကြၽန္ေတာ္တို႔အေၾကာင္းထက္ သူတို႔ေလးေကာင္အေၾကာင္းပဲ လွည့္ေျပာေနရတယ္။ ဧည့္သည္ေတြ က်ဲသြားေတာ့ ေသာ္ႀကီးကအေနာက္ထဲ ခဏဝင္သြားတယ္။
ခန္းမအေနာက္ဘက္~~~
"ေဟ့ေကာင္ေတြ...gentlemanသီခ်င္းနဲ႕ ထပ္ကရေအာင္ေလ"
"ေတာ္စမ္းပါ ေသာ္ေသာ္ရယ္...ေသာက္ရွက္ေတြလည္း ကြဲလာၿပီးပါၿပီ...ေတာ္ပါေတာ့"
"မကြဲပါဘူးကြ...လူတိုင္းသေဘာက်ေနၾကတာ"
ကြၽန္ေတာ့္စကားေၾကာင့္ ေလးေကာင္သား မၾကည္ၾကည့္နဲ႕လာၾကည့္ၾကတယ္။
ေနာက္ဆုံးမွာေတာ့~~~
🎶I I I I'mma....I I I I'mma🎶
ကြၽန္ေတာ္လည္း အေမတို႔နဲ႕စကားေျပာရင္း သီခ်င္းသံၾကားေတာ့ စင္ေပၚလွည့္ၾကည့္လိုက္တာ။ ဟိုေကာင္ေတြရယ္....ေသာ္ႀကီးရယ္။ ဟင္...ဘယ္တုန္းက sneakerေတြလဲလိုက္ၾကတာတုံး။ ေသာ္ႀကီးက ေရွ႕ဆုံးကေန ေနကာမ်က္မွန္ႀကီးနဲ႕ ေမာင့္က်က္သေရေခါင္းေပါင္းႀကီးနဲ႕ လႈပ္ခါေနတာပဲ။ မ်က္ႏွာႀကီးကို တည္ထားေသးတာ။
ဦးလွေဆြကို လက္ယက္ေခၚလိုက္ေသးတယ္။ ဟိုဘိုးေတာ္ကလည္း သိပ္မကခ်င္ရွာဘူး။ ဦးစိန္တင့္အပါအဝင္ သူ႕အေပါင္းအပါေတြေခၚၿပီး စင္ေပၚတက္သြားၾကေရာ။ ပုဆိုးႀကီးေတြနဲ႕ ေျခကားယား လက္ကားယားေတြ ၾကည့္ေကာင္းပါၿပီ။ မၾကာပါဘူး။ ဦးတာလည္းပဲ ခခအေခၚေတာ္ရွိတာေၾကာင့္ ေနကာမ်က္မွန္ထုတ္တပ္ သူ႕သမီးလက္ဆြဲၿပီး စင္ေပၚတက္သြားျပန္ေရာ။
ေနာက္ေတာ့ ေသာ္ႀကီးက မိုက္ကိုင္ၿပီး ကြၽန္ေတာ့္ကိုေအာ္ေခၚတယ္။
"အခ်စ္ကေလး...ကိုယ့္ကိုခ်စ္ရင္ စင္ေပၚတက္ခဲ့"
အေမကလည္း လက္ခုပ္တီးၿပီး ကြၽန္ေတာ့္ကိုေရွ႕တြန္းလႊတ္တယ္။ ကြၽန္ေတာ္လည္း ဟန္မေဆာင္ေတာ့ပါဘူး။ ခုန္ပ်ံေက်ာ္လႊားၿပီး သူ႕ေဘးေရာက္သြားတာပဲ။
အဲဒီေနာက္ေတာ့.....
🎶Mother Father Gentleman🎶
သီခ်င္းအဆုံးမွာ မဂၤလာပြဲႀကီးဟာလည္း ေအာင္ျမင္စြာ ၿပီးဆုံးသြားပါေတာ့တယ္။
Note : ဒါေလးfacebookကေတြ႕တာ။ တကယ့္wedding shootေလး။ ကိုယ့္ေကာင္ေတြနဲ႕ကြက္တိပဲမို႔ ေဆ့လာတာ😁
~~~~~~~~~~~~~~~~~~~~